ဘ၀ကို အကြောတင်းတင်းဖြတ်သန်းကြမယ်
😎😎😤😤😎😎
__________________________ __
ဘော်ဒါတို့ရေ တစ်ခါတစ်ရံ ကိုယ့်ဘ၀ကိုကိုယ် အဆုံးအရှုံးတွေနဲ့သာပြည့်နှ က်နေပြီး
လုပ်သမျှအကုန်တလွဲ ၊ မျှော်လင့်သမျှ အဆိုးတွေသာ ဖြစ်လာတယ်လို့
ခံစားနေရပါသလား ။ အိုကေပါ အောက်ကအချက်လေးတွေကို ဖတ်ကြည့်ပြီး
ပြန်လည်အားတင်းလိုက်ကြရအောင်
❎ အနည်းဆုံးတော့ အသက်ရှင်နေသေးတယ်
ဘယ်လိုအဆိုးတွေဖြစ်နေပါစေ အသက်ရှင်သန်နေသေးတဲ့အတွက် ဘ၀ဟာ Game Over မဖြစ်သေးပါဘူး။ နောက်တစ်မနက် မိုးလင်းသွားတဲ့အခါ ဒီနေ့ရဲ့ အမှားတွေ၊ အလွဲတွေပြီးဆုံးသွားတဲ့ နေ့သစ်တစ်ခုကို သင်လည်းပိုင်ဆိုင်ဖို့ အခွင့်အရေးရှိပါတယ်။
❎ ကံဆိုးတယ် အဲ့တော့ ဘာဖြစ်လဲ
သင်ကိုယ့်သင် ကံဆိုးနေတယ်လို့ ခံစားနေရတယ် “ဟုတ်ပြီ အဲ့တော့ဘာဖြစ်လဲ ”ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အကောင်းဆုံးတွေကို ကြိုးစားခဲ့ပေမယ့် ကံမကောင်းလို့ အကြောင်းမလှတဲ့အခါ ဘ၀ကို အကြောတင်းတင်းပဲ ဖြတ်သန်းလိုက်ပါ။ သင် လုပ်ယူလို့မရတဲ့ ကံတရားကို ၀မ်းနည်းစွာနဲ့ အပြစ်တင်မနေပါနဲ့ ၊ အရှိတရားကို လက်ခံလိုက်ပါ။
❎ ဒါသင်ခန်းစာပဲလေ
လုပ်သမျှတလွဲဖြစ်ပြီး အကုန်ဆုံးရှံးသွားပြီလို့ ထင်နေလား ၊ အနည်းဆုံးတော့ သင့်လက်ထဲမှာ သင်ခန်းစာတွေ တပွေ့တပိုက်ကျန်ရစ်ခဲ့သေးတယ် ဆိုတာမမေ့ပါနဲ့ ။ အမှားတွေ လုပ်ဖို့မတွန့်ဆုတ်ပါနဲ့ ၊ အမှားတွေများတဲ့လူတွေကသာ အားလုံးထက် ပိုမိုပြင်ဆင်ခွင့်ရရှိပြီး ဘ၀ကိုသမားရိုးကျ ဖြတ်သန်းသူတွေထက် ရှေ့ဝေးဝေးကို ရောက်မှာပါ။
❎ တစ်ကြိမ်မှတောင် မမှားဖူးသူးတွေရှိရင်ခေါ်လြာ ပစမ်းပါ
သင့်ရဲ့ အဆုံးအရှုံးတွေ ၊ အမှားတွေအတွက် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း အားလုံးက ၀ိုင်းပြီးလက်ညှိုးထိုး အပြစ်တင်နေပြီလား ။ “ဘ၀မှာ တစ်ကြိမ်ဆို တစ်ကြိမ်မှမမှားဖူးသူရှိရင်
ခေါ်လာပြပါ” လို့ တစ်ခွန်းထဲပဲ ပြန်ပြောလိုက်ပါ ။ အမှားတွေဆိုတာ
လူသားတွေအတွက် သဘာဝဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ဒါကြောင့် မှားပါစေ ဒါဟာ
သာမန်ပါပဲ။
❎ အနိုင်ရှိရင် အရှုံးရှိတာ မဆန်းပါ
အနိုင်ဆိုတာ ရှိနေရင် သဘာဝတရားအရ အရှုံးဆိုတာလည်း ရှိနေမှာပဲ။ လောကကြီးမှာအောင်မြင်ကျော်ြ ကားနေပါတယ်
ဆိုသူတွေအားလုံးရဲ့ သမိုင်းကို ကြည့်လိုက်ရင် သူတို့ တွေ ဘယ်နှစ်ကြိမ်
ရှုံးနိမ့်လဲကျခဲ့လဲဆိုတာ သိရမှာပါ။ ဒါပေမယ့် လဲနေရာမှာပဲ ထိုင်နေရင်တော့
လမ်းဆုံးသွားမှာပေါ့။ ဒါပေမယ့် သူတို့ထိုင်မနေခဲ့ဘူး၊ 10ကြိမ်လဲရင်
10ကြိမ်ပြန်ထတယ် ၊ အကြိမ်100လဲရင် အကြိမ်100 ပြန်ထတယ် ။ ဒါကြောင့် သင်လည်း
ရှုံးနိမ့်တာမဟုတ်ပါဘူး ပြန်ထဖို့ပဲ လိုအပ်တာပါ။
Credit to #upupmm
__________________________
ဘော်ဒါတို့ရေ တစ်ခါတစ်ရံ ကိုယ့်ဘ၀ကိုကိုယ် အဆုံးအရှုံးတွေနဲ့သာပြည့်နှ
❎ အနည်းဆုံးတော့ အသက်ရှင်နေသေးတယ်
ဘယ်လိုအဆိုးတွေဖြစ်နေပါစေ အသက်ရှင်သန်နေသေးတဲ့အတွက် ဘ၀ဟာ Game Over မဖြစ်သေးပါဘူး။ နောက်တစ်မနက် မိုးလင်းသွားတဲ့အခါ ဒီနေ့ရဲ့ အမှားတွေ၊ အလွဲတွေပြီးဆုံးသွားတဲ့ နေ့သစ်တစ်ခုကို သင်လည်းပိုင်ဆိုင်ဖို့ အခွင့်အရေးရှိပါတယ်။
❎ ကံဆိုးတယ် အဲ့တော့ ဘာဖြစ်လဲ
သင်ကိုယ့်သင် ကံဆိုးနေတယ်လို့ ခံစားနေရတယ် “ဟုတ်ပြီ အဲ့တော့ဘာဖြစ်လဲ ”ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးပါ။ အကောင်းဆုံးတွေကို ကြိုးစားခဲ့ပေမယ့် ကံမကောင်းလို့ အကြောင်းမလှတဲ့အခါ ဘ၀ကို အကြောတင်းတင်းပဲ ဖြတ်သန်းလိုက်ပါ။ သင် လုပ်ယူလို့မရတဲ့ ကံတရားကို ၀မ်းနည်းစွာနဲ့ အပြစ်တင်မနေပါနဲ့ ၊ အရှိတရားကို လက်ခံလိုက်ပါ။
❎ ဒါသင်ခန်းစာပဲလေ
လုပ်သမျှတလွဲဖြစ်ပြီး အကုန်ဆုံးရှံးသွားပြီလို့ ထင်နေလား ၊ အနည်းဆုံးတော့ သင့်လက်ထဲမှာ သင်ခန်းစာတွေ တပွေ့တပိုက်ကျန်ရစ်ခဲ့သေးတယ
❎ တစ်ကြိမ်မှတောင် မမှားဖူးသူးတွေရှိရင်ခေါ်လြာ
သင့်ရဲ့ အဆုံးအရှုံးတွေ ၊ အမှားတွေအတွက် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း အားလုံးက ၀ိုင်းပြီးလက်ညှိုးထိုး အပြစ်တင်နေပြီလား ။ “ဘ၀မှာ တစ်ကြိမ်ဆို တစ်ကြိမ်မှမမှားဖူးသူရှိရင်
❎ အနိုင်ရှိရင် အရှုံးရှိတာ မဆန်းပါ
အနိုင်ဆိုတာ ရှိနေရင် သဘာဝတရားအရ အရှုံးဆိုတာလည်း ရှိနေမှာပဲ။ လောကကြီးမှာအောင်မြင်ကျော်ြ
Credit to #upupmm
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။