ရွှေတုံးနဲ့ မြေကြီးပုံ
----------------
ဆရာတော် “ ဒကာကြီး၊ ရွှေတုံးနဲ့ မြေကြီးပုံ ဘယ်ဟာ ပိုတန်ဖိုးရှိသလဲ”
ဒကာ “ ရွှေတုံးပါဘုရား”
ဆရာတော် “ တကယ်လို့ ဒကာကြီးက “မျိုးစေ့ တစ်စေ့” ဖြစ်ခဲ့ရင်ကော”
ဒကာ “ ……… …….”
အကြွင်းမဲ့ အမှန်တရားမရှိပါ။ မိမိနင့် သင့်တော်သည့်အရာ အကောင်းဆုံးဖြစ်သည်။
“ဆန်” ဟာ “ဆန်”ပါ။
--------------------
ဒကားကြီးတစ်ဦးက ဆရာတော်ကို လျှောက်တင်ပါတယ်။
“ အရှင်ဘုရား၊ အချို့ လူတွေက တပည့်တော်ကို ပါရမီရှင် ဆိုပြီးချီးမွမ်းကြတယ်။
အချို့ ကျပြန်တော့လည်း “ သောက်အ ” ဆိုပြီး ပြစ်တင်ကြတယ်။
အရှင်ဘုရားကော ဘယ်လိုမြင်ပါသလဲ”
ဆရာတော် “ ဒကာကြီးကော ကိုယ့်ကိုယ်ကို ဘယ်လိုမြင်သလဲ”
ဒကာ “ …………”
ဆရာတော် “ ဆန်တစ်ပြည်ဆိုပါဆို့၊ မူန့်ဆရာရဲ့ မျက်စိထဲမှာ မူန့်လို့ပဲ မြင်မိသလို
အရက်ချက်သူရဲ့ မျက်စိထဲမှာ အရက်လို့ပဲ မြင်မိမှာပါ။
အဲ..သူတောင်းစားတစ်ဦးရဲ့ မျက်စိထဲမှာ အသက်ကိုကယ်နိုင်တဲ့
ထမင်းလို့ မြင်မိပြန်တယ်။ ဒကာကြီး ဘယ်လိုမြင်ပါသလဲ
“ ဆန်ဟာ ဆန်ပါပဲ ဘုရား”
ဒကာကြီး စိတ်ရွှက်လန်းသွားပါတယ်။ မိမိကိုယ်မိမိ မြင်သည့်ပုံစံသည်သာ
မိမိ၏ တန်ဖိုးဖြစ်ပါတယ်။
တရားခံ
----------
ဒကာ “ အရှင်ဘုရား၊ တပည့်တော် အလွန်စိတ်ဆင်းရဲနေပါတယ် ဘုရား၊
တပည့်တော် စိတ်ချမ်းသာချင်ပါတယ် ဘုရား”
ဆရာတော် “ ဟေ..ဟုတ်လား၊ အဲဒီ ဒကာကြီးကို စိတ်ဆင်းရဲစေတဲ့ တရားခံ
ဘုန်းဘုန်းကို ထုတ်ပြစမ်း”
ဒကာ “ တပည့်တော် ရှာကြည့်ပါတယ် ဘုရား၊ မတွေ့ ပါဘူး ဘုရား”
ဆရာတော် “ ဒါဆိုရင် ဒကာကြီး စိတ်ချမ်းသာသင့်ပြီ။ ”
မိမိ စိတ်ကို ဆင်းရဲစေသည့် တရားခံသည် မိမိကိုယ်မိမိ ပင်ဖြစ်သည်။
-------------------------- ---------------------
လောကကြီးမှာ အမြဲဆုံးတရားဟာ မမြဲခြင်းပါတဲ့။
ကျွန်တော် တရားအကြောင်းကောင်းကောင်းမသိပါ။
အနိစ္စတရားကို တစ်ခါတစ်ခါမှာ နားလည်သလိုလိုရှိပါတယ်။
တစ်ရက်ရက်ကျရင် ပျက်ရမယ်၊ သေရမယ်ဆိုတာလည်း ကောင်းကောင်းသိပါတယ်။
ပြသနာက ခဏခဏ မေ့နေတဲ့ အကျင့်ပဲ။
တစ်နစ်တစ်နစ် ကုန်ဆုံးသွားတိုင်း မြန်လှချည်လား လို့
တစ်ခါတစ်ခါ လန့်သွားတတ်ပေမဲ့ သေဆုံးခြင်းနဲ့ အဝေးကြီးလိုပဲ။
ကိုယ်နဲ့ မဆိုင်သလို ခံစားနေရတတ်တယ်။
ဒုက္ခဆိုတာလည်း သိသလိုလိုပဲ။ ဒုက္ခကို ကြောက်ပါတယ်။ ငရဲကိုလည်းကြောက်ပါတယ်။
ပြသနာက ဒုက္ခကို ဖြစ်ပေါ် စေတဲ့ အကြောင်းရင်းတွေ
အားလုံးကို နှစ်သက်နေသလိုပဲ။ စားကောင်းသောက်ဖွယ်၊ ကြည့်ကောင်းရူ့ ဖွယ်၊
ဂုဏ်တု ဂုဏ်ပြိုင်၊ အာရုံငါးပါးစလုံး တစ်ခုမှမလွတ်သလိုပဲ။
အနတ္တ အကြောင်းကိုတော့ မပြောချင်တော့ပါ။
အတ္တကြီးလိုက်ပုံက face book မှာ post တင်တိုင်း
like နဲ့ share ကို မသိမသာဖြစ်ဖြစ်၊ သိသိသာသာ ဖြစ်ဖြစ်၊ ပြန်စစ်ကြည့်တတ်တယ်။
အနတ္တ အကြောင်းနားလည်ဖို့ အလွန့်အလွန်ဝေးပါသေးတယ်။
Ref: we chat

--------------------------
လောကကြီးမှာ အမြဲဆုံးတရားဟာ မမြဲခြင်းပါတဲ့။
ကျွန်တော် တရားအကြောင်းကောင်းကောင်းမသ
အနိစ္စတရားကို တစ်ခါတစ်ခါမှာ နားလည်သလိုလိုရှိပါတယ်။
တစ်ရက်ရက်ကျရင် ပျက်ရမယ်၊ သေရမယ်ဆိုတာလည်း ကောင်းကောင်းသိပါတယ်။
ပြသနာက ခဏခဏ မေ့နေတဲ့ အကျင့်ပဲ။
တစ်နစ်တစ်နစ် ကုန်ဆုံးသွားတိုင်း မြန်လှချည်လား လို့
တစ်ခါတစ်ခါ လန့်သွားတတ်ပေမဲ့ သေဆုံးခြင်းနဲ့ အဝေးကြီးလိုပဲ။
ကိုယ်နဲ့ မဆိုင်သလို ခံစားနေရတတ်တယ်။
ဒုက္ခဆိုတာလည်း သိသလိုလိုပဲ။ ဒုက္ခကို ကြောက်ပါတယ်။ ငရဲကိုလည်းကြောက်ပါတယ်။
ပြသနာက ဒုက္ခကို ဖြစ်ပေါ် စေတဲ့ အကြောင်းရင်းတွေ
အားလုံးကို နှစ်သက်နေသလိုပဲ။ စားကောင်းသောက်ဖွယ်၊ ကြည့်ကောင်းရူ့ ဖွယ်၊
ဂုဏ်တု ဂုဏ်ပြိုင်၊ အာရုံငါးပါးစလုံး တစ်ခုမှမလွတ်သလိုပဲ။
အနတ္တ အကြောင်းကိုတော့ မပြောချင်တော့ပါ။
အတ္တကြီးလိုက်ပုံက face book မှာ post တင်တိုင်း
like နဲ့ share ကို မသိမသာဖြစ်ဖြစ်၊ သိသိသာသာ ဖြစ်ဖြစ်၊ ပြန်စစ်ကြည့်တတ်တယ်။
အနတ္တ အကြောင်းနားလည်ဖို့ အလွန့်အလွန်ဝေးပါသေးတယ်။
Ref: we chat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။