စိတ်ဓါတ်တွေကိုမြှင့်ပေးပါ
=================
လူတွေရဲ့ morale "စိတ်ဓါတ်" လို့ပြောလိုက်ရင် သူတို့တွေ အလုပ်တွေအပေါ်မှာထားကြတဲ့ enthusiasm လို့ခေါ်တဲ့ စိတ်အားထက်သန်မှုရယ်၊ commitment လို့ခေါ်တဲ့ ဂတိပေးလုပ်ဆောင်တာဟာ ခေါင်းထဲကိုဝင်လာပါတယ်။
ဒါတွေဟာ သူတို့ရဲ့ အလုပ်အပေါ်မှာရှိတဲ့ motovation ဆိုတဲ့ အရာအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ motivation ကောင်းတိုင် morale မြှင့်တယ်လို့ပြောလို့မရပေမ ယ့် morale ကောင်းတာနဲ့ motivation က တက်လာပါတယ်။
လုပ်ငန်းခွင်တိုင်းမှာ လူတွေဟာ တဦးနဲ့တဦး အကြားရှိတဲ့ ဆက်ဆံရေးဆိုတဲ့ relationship က trust ဆိုတဲ့ ယုံကြည်မှုအပေါ် အရမ်းမူတည်နေပါတယ်။ Morale စိတ်ဓါတ်မြင့်တဲ့ လုပ်ငန်းခွင်ကို trust ဆိုတဲ့ယုံကြည်မှုရယ်၊ integrity ဆိုတဲ့ ရိုးဖြောင့်မှုတွေနဲ့တည်ဆောက်ရပါတယ်။
ဒါပေမယ့် ကိုယ်ကကြီး သူတို့အပေါ်ယုံကြည်နေရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ကလည်း ကိုယ့်အပေါ် ယုံကြည်မှုရှိနေရမှာဖြစ်ပါတယ်။ သူတို့အတွက် လူကြီးက စဉ်းစားပေးကြတဲ့အခါမှာ သူတို့တွေကလည်း အပြန်အလှန်သဘောအရ လူကြီးနဲ့ လုပ်ငန်းအပေါ် ပြန်စဉ်းစားပေးလာတတ်ကြပါတယ် ။
🔹 ဒီနေရာမှာ လူကြီးတစ်ယောက်ဟာ ကိုယ်လုပ်မယ်လို့ပြောထားတဲ့ အရာကို လက်တွေ့မှာလုပ်ဖို့လိုပါတယ် ။ အပြောတခြား အလုပ်တခြားဆိုရင် ယုံကြည်မှုကို ရရှိနိုင်မှာမဟုတ်ပါဘူး၊ ရထားပြီးတဲ့ ယုံကြည်မှုတွေတောင် ပျက်စီးသွားပါလိမ့်မယ်။
🔹 ရိုးဖြောင့်မှုဆိုတဲ့အရာကို လုပ်ငန်းခွင်တစ်ခုရဲ့ အမြင့်ဆုံး ဆင်ခြင်တုံတရားအနေနဲ့ ရှိစေရပါမယ်။ ကိုယ့်မှာရှိတဲ့ အရာတွေအားလုံးကို ဆွဲဖယ်ပစ်လိုက်ရင်တောင် နောက်ဆုံးကိုယ့်မှာ ကျန်နေရမယ့်အရာဟာ integrity ဆိုတဲ့ ရိုးသားဖြောင့်မတ်ခြင်းပဲဖြ စ်ပါတယ်။
🔹 အရှိအရှိအတိုင်း လူသားဆန်စွာ နေထိုင်ပါ။ ဟန်ဆောင်မှုတွေဟာ ကွာကျသွားတဲ့အခါတိုင်းမှာ အကျည်းတန်ပါတယ်။ ကိုယ်ဟောပြောတဲ့တရားကို ကိုယ်တိုင်ကျင့်ကြံပါ။ လူဆိုတာအမှားနဲ့ မကင်းပါဘူး။ အမှားလုပ်မိတဲ့ အခါတွေမှာ ရိုးသားစွာ ဝန်ခံပြီး အမှန်ကိုပြင်ဖို့ကြိုးစားပါ ။
ဒီလိုတွေ ကိုယ့်ဖက်က လူကြီးတစ်ယောက်အနေနဲ့ လုပ်ဆောင်လာတဲ့အခါမှာ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာရှိတဲ့ သူတွေရဲ့ morale လို့ခေါ်တဲ့ စိတ်ဓါတ်ရေးရာကို မြင့်တင်ပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဒီအခါမှာ စိတ်အားထက်သန်မှု၊ ဂတိထားလုပ်ဆောင်မှုတွေများလာ ပြီး လူတွေရဲ့ motivation ကို တက်လာစေမှာဖြစ်ပါတယ်ဆိုတာ ဝေငှလိုက်ပါတယ်။
KC
27.10.2017
=================
လူတွေရဲ့ morale "စိတ်ဓါတ်" လို့ပြောလိုက်ရင် သူတို့တွေ အလုပ်တွေအပေါ်မှာထားကြတဲ့ enthusiasm လို့ခေါ်တဲ့ စိတ်အားထက်သန်မှုရယ်၊ commitment လို့ခေါ်တဲ့ ဂတိပေးလုပ်ဆောင်တာဟာ ခေါင်းထဲကိုဝင်လာပါတယ်။
ဒါတွေဟာ သူတို့ရဲ့ အလုပ်အပေါ်မှာရှိတဲ့ motovation ဆိုတဲ့ အရာအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ motivation ကောင်းတိုင် morale မြှင့်တယ်လို့ပြောလို့မရပေမ
လုပ်ငန်းခွင်တိုင်းမှာ လူတွေဟာ တဦးနဲ့တဦး အကြားရှိတဲ့ ဆက်ဆံရေးဆိုတဲ့ relationship က trust ဆိုတဲ့ ယုံကြည်မှုအပေါ် အရမ်းမူတည်နေပါတယ်။ Morale စိတ်ဓါတ်မြင့်တဲ့ လုပ်ငန်းခွင်ကို trust ဆိုတဲ့ယုံကြည်မှုရယ်၊ integrity ဆိုတဲ့ ရိုးဖြောင့်မှုတွေနဲ့တည်ဆောက
ဒါပေမယ့် ကိုယ်ကကြီး သူတို့အပေါ်ယုံကြည်နေရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ကလည်း ကိုယ့်အပေါ် ယုံကြည်မှုရှိနေရမှာဖြစ်ပါတယ
🔹 ဒီနေရာမှာ လူကြီးတစ်ယောက်ဟာ ကိုယ်လုပ်မယ်လို့ပြောထားတဲ့
🔹 ရိုးဖြောင့်မှုဆိုတဲ့အရာကို လုပ်ငန်းခွင်တစ်ခုရဲ့ အမြင့်ဆုံး ဆင်ခြင်တုံတရားအနေနဲ့ ရှိစေရပါမယ်။ ကိုယ့်မှာရှိတဲ့ အရာတွေအားလုံးကို ဆွဲဖယ်ပစ်လိုက်ရင်တောင် နောက်ဆုံးကိုယ့်မှာ ကျန်နေရမယ့်အရာဟာ integrity ဆိုတဲ့ ရိုးသားဖြောင့်မတ်ခြင်းပဲဖြ
🔹 အရှိအရှိအတိုင်း လူသားဆန်စွာ နေထိုင်ပါ။ ဟန်ဆောင်မှုတွေဟာ ကွာကျသွားတဲ့အခါတိုင်းမှာ အကျည်းတန်ပါတယ်။ ကိုယ်ဟောပြောတဲ့တရားကို ကိုယ်တိုင်ကျင့်ကြံပါ။ လူဆိုတာအမှားနဲ့ မကင်းပါဘူး။ အမှားလုပ်မိတဲ့ အခါတွေမှာ ရိုးသားစွာ ဝန်ခံပြီး အမှန်ကိုပြင်ဖို့ကြိုးစားပါ
ဒီလိုတွေ ကိုယ့်ဖက်က လူကြီးတစ်ယောက်အနေနဲ့ လုပ်ဆောင်လာတဲ့အခါမှာ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာရှိတဲ့ သူတွေရဲ့ morale လို့ခေါ်တဲ့ စိတ်ဓါတ်ရေးရာကို မြင့်တင်ပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဒီအခါမှာ စိတ်အားထက်သန်မှု၊ ဂတိထားလုပ်ဆောင်မှုတွေများလာ
KC
27.10.2017
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။