Zawgyi ျဖင့္ဖတ္္ရန္
႐ုပ္ရွင္ခ်စ္ ပရိသတ္ တစ္ဦးဆိုရင္ေတာ့ နာမည္ေက်ာ္ အေမရိကန္႐ုပ္ရွင္ထုတ္လုပ္ေရး တစ္ခုျဖစ္တဲ့ ကိုလံဘီယာပစ္ခ်ာ (Columbia Picture) နဲ႔ ရင္းႏွီးၿပီးသားျဖစ္ေနမွာ မလြဲပါဘူး။ ႐ုပ္ရွင္ ဇာတ္လမ္းမစမီမွာ မီးရွုးတိုင္ ကိုင္ထားတဲ့ အမ်ိဳးသမီး တစ္ဦးရဲ့ လိုဂိုဟာ ကိုလံဘီယာ ပဲျဖစ္ပါတယ္။
ကိုလံဘီယာ လိုဂို ရဲ့ အေၾကာင္းကို ေျပာမယ္ဆိုရင္ ဟိုးအစကေန ျပန္ေျပာရမွာျဖစ္ပါတယ္။
ကုမၸဏီကို ၁၉၁၈ ခုႏွစ္ ဇြန္လ ၁၉ ရက္ေန႔မွာ ညီအစ္ကို သုံးေယာက္ က စတင္တည္ေထာင္ခဲ့ပါတယ္။ တည္ေထာင္ကာစမွာ နာမည္က Columbia မဟုတ္ပါဘူး C.B.C Film Sales လို႔ ေခၚပါတယ္။ C.B.C ဆိုတာကေတာ့ သူတို႔ညီအစ္ကို သုံးေယာက္ ရဲ့ ေနာက္ဆုံး နာမည္ ထိပ္စေတြ ျဖစ္တဲ့ Henry Cohn, Jack Cohn နဲ႔ Joe Brandt ကေန ယူထားတာပါ။
၁၉၂၄ ခုႏွစ္မွာ ကုမၸဏီ နာမည္ ကို Columbia လို႔ ေျပာင္းလိုက္ၿပီး လိုဂို ကိုလည္း ရိုမန္ အမ်ိဳးသမီးစစ္သည္ေတာ္ အျဖစ္ေျပာင္းလဲခဲ့ပါတယ္။
၁၉၂၈ ခုႏွစ္မွာ အမ်ိဳးသမီး စစ္သည္ပုံ အစား ေခါင္းဝတ္တန္ဆာဆင္ထားၿပီး အေမရိကန္ အလံကို ကိုယ္႐ုံအျဖစ္လႊမ္းကာ မီးရွုးတိုင္ကိုင္ထားတဲ့ အမ်ိဳးသမီး ပုံအျဖစ္ ေျပာင္းလဲကာ ကိုလံဘီယာ စာတန္းေကြး ေနာက္ခံနဲ႔ ေျပာင္းလဲခဲ့ပါတယ္။
၁၉၃၆ မွာေတာ့ အမ်ိဳးသမီးရဲ့ ဦးေခါင္းတန္ဆာ ေတြကို ျဖဳတ္ခဲ့ၿပီး ကိုလံဘီယာ စာတန္း ကိုလည္း အတည့္ေနာက္ခံပုံေျပာင္းခဲ့ပါတယ္။
၁၉၄၃ ခုႏွစ္မွာေတာ့ ေဆးေရာင္စုံျဖစ္လာၿပီး ထိုအခ်ိန္က အေမရိကန္ အလံ ကို အဝတ္အစား အျဖစ္ အသုံးမျပဳရဆိုတဲ့ ဥပေဒ ေၾကာင့္ အေမရိကန္အလံေနရာမွာ သာမန္ အဝတ္ထည္ အျဖစ္ေျပာင္းလဲခဲ့ပါတယ္။
၁၉၇၆ ကေန ၁၉၈၁ ထိ ကုမၸဏီ က ေဖာ္ျပပါ လိုဂိုႏွစ္ခုကို တစ္လွည့္စီ သုံးေနခဲ့ပါတယ္။
ယခုလက္ရွိထိ တစ္သတ္မတ္ထဲ သုံးစြဲေနတဲ့ လိုဂို ကေတာ့ ၁၉၉၂ က အသစ္ေရးဆြဲခဲ့တဲ့ လိုဂိုပဲျဖစ္ပါတယ္။ အဆိုပါလိုဂို ဆီေဆးပန္းခ်ီကို ပန္းခ်ီဆရာ Michael J. Deas ကေရးဆြဲခဲ့ၿပီး အဲဒီအခ်ိန္တုန္းက အသက္ ၂၂ အရြယ္ Jennifer Joseph ဆိုသူ မိန္းကေလးက ေမာ္ဒယ္ထိုင္ေပးခဲ့တာျဖစ္ပါတယ္။
Jennifer Joseph ရဲ့ အဆိုအရ အဲဒီပုံဟာ သူမရဲ့ပထမဆုံးနဲ႔ ေနာက္ဆုံး ေမာ္ဒယ္ ထိုင္ေပးခဲ့တာလို႔ သိရပါတယ္။ Jennifer Joseph ဟာ ဂရပ္ဖစ္အႏုပညာရွင္ျဖစ္ၿပီး ပန္းခ်ီဆ ရာ Michael J. Deas နဲ႔အတူ သတင္းစာတစ္ေစာင္မွာ အတူတူအလုပ္ၾကတာျဖစ္ပါတယ္။
ကိုလံဘီယာ ရဲ့ လက္ရွိ လိုဂို ေရးဆြဲျဖစ္ပုံ ကလည္း ထမင္းစားနားေနခ်ိန္မွာ အမွတ္မထင္ေရးဆြဲခဲ့တာျဖစ္ၿပီး Jennifer က အနီးနားက အဝတ္စတစ္စ ေကာက္ပတ္ၿပီး စာပြဲတင္ မီးအိမ္တုံးကို ေျမာက္ကာ ေမာ္ဒယ္လုပ္ေပးခဲ့တာလို႔ သူတို႔နဲ႔ အင္တာဗ်ဴးမွာ ေျပာၾကားခဲ့ပါတယ္။
အမွတ္မထင္ေရးဆြဲခဲ့တဲ့ အႏုပညာ ေလးတစ္ခုက အႏွစ္ ၂၀ ေက်ာ္တိုင္ တည္တံ့ေနၿပီး မူရင္းပန္းခ်ီကားဟာလည္း ယေန႔ထက္ထိတိုင္ ျပတိုက္ မွာ ျပသထားျခင္းခံရပါတယ္။
Credit : popolay
Unicode ဖြင့်ဖတ်ရန်
၁၉၂၄ ခုနှစ်မှာ ကုမ္ပဏီနာမည်ကို Columbia လို့ ပြောင်းလိုက်ပြီး လိုဂိုကိုလည်း ရိုမန်အမျိုးသမီးစစ်သည်တော် အဖြစ်ပြောင်းလဲခဲ့ပါတယ်။
၁၉၂၈ ခုနှစ်မှာ အမျိုးသမီးစစ်သည်ပုံအစား ခေါင်းဝတ်တန်ဆာဆင်ထားပြီး အမေရိကန်အလံကို ကိုယ်ရုံအဖြစ်လွှမ်းကာ မီးရှုးတိုင်ကိုင်ထားတဲ့ အမျိုးသမီးပုံအဖြစ် ပြောင်းလဲကာ ကိုလံဘီယာစာတန်းကွေး နောက်ခံနဲ့ ပြောင်းလဲခဲ့ပါတယ်။
၁၉၃၆ မှာတော့ အမျိုးသမီးရဲ့ ဦးခေါင်းတန်ဆာတွေကို ဖြုတ်ခဲ့ပြီး ကိုလံဘီယာစာတန်းကိုလည်း အတည့်နောက်ခံပုံပြောင်းခဲ့ပါတယ်။
၁၉၄၃ ခုနှစ်မှာတော့ ဆေးရောင်စုံဖြစ်လာပြီး ထိုအချိန်က အမေရိကန်အလံကို အဝတ်အစားအဖြစ် အသုံးမပြုရဆိုတဲ့ ဥပဒေကြောင့် အမေရိကန်အလံနေရာမှာ သာမန်အဝတ်ထည်အဖြစ်ပြောင်းလဲခဲ့ပါတယ်။
၁၉၇၆ ကနေ ၁၉၈၁ ထိ ကုမ္ပဏီက ဖော်ပြပါ လိုဂိုနှစ်ခုကို တစ်လှည့်စီ သုံးနေခဲ့ပါတယ်။
ယခုလက်ရှိထိ တစ်သတ်မတ်ထဲ သုံးစွဲနေတဲ့ လိုဂိုကတော့ ၁၉၉၂ က အသစ်ရေးဆွဲခဲ့တဲ့ လိုဂိုပဲဖြစ်ပါတယ်။ အဆိုပါလိုဂို ဆီဆေးပန်းချီကို ပန်းချီဆရာ Michael J. Deas ကရေးဆွဲခဲ့ပြီး အဲဒီအချိန်တုန်းက အသက် ၂၂ အရွယ် Jennifer Joseph ဆိုသူ မိန်းကလေးက မော်ဒယ်ထိုင်ပေးခဲ့တာဖြစ်ပါတယ်။
Jennifer Joseph ရဲ့ အဆိုအရ အဲဒီပုံဟာ သူမရဲ့ပထမဆုံးနဲ့ နောက်ဆုံးမော်ဒယ်ထိုင်ပေးခဲ့တာလို့ သိရပါတယ်။ Jennifer Joseph ဟာ ဂရပ်ဖစ်အနုပညာရှင်ဖြစ်ပြီး ပန်းချီဆရာ Michael J. Deas နဲ့အတူ သတင်းစာတစ်စောင်မှာ အတူတူအလုပ်ကြတာဖြစ်ပါတယ်။
ကိုလံဘီယာရဲ့ လက်ရှိလိုဂို ရေးဆွဲဖြစ်ပုံကလည်း ထမင်းစားနားနေချိန်မှာ အမှတ်မထင်ရေးဆွဲခဲ့တာဖြစ်ပြီး Jennifer က အနီးနားက အဝတ်စတစ်စ ကောက်ပတ်ပြီး စာပွဲတင်မီးအိမ်တုံးကို မြောက်ကာ မော်ဒယ်လုပ်ပေးခဲ့တာလို့ သူတို့နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
အမှတ်မထင်ရေးဆွဲခဲ့တဲ့ အနုပညာလေးတစ်ခုက အနှစ် ၂၀ ကျော်တိုင် တည်တံ့နေပြီး မူရင်းပန်းချီကားဟာလည်း ယနေ့ထက်ထိတိုင် ပြတိုက်မှာ ပြသထားခြင်းခံရပါတယ်။
Credit : popolay
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။