Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 27, 2017

မေမေတွေ သိချင်ကြတဲ့ ဦးနှောက်ညာဘက်ခြမ်း အကြောင်း

 
 
မေမေတွေ သိချင်ကြတဲ့ ဦးနှောက်ညာဘက်ခြမ်း အကြောင်း
----------------------------------------------------------------
writer :
Pan Yeik Phyu (ခေတ်ဘုန်းသစ်)

👶 လူတစ်ယောက်နဲ့ လူတစ်ယောက် မတူဘူး ၊ ညဏ်ရေ ကွာခြားတယ် ၊ အမူအကျင့်တွေ ကွာခြားတယ် ဆိုတာဟာ တကယ်တော့ မွေးစကနေ သုံးနှစ်အတွင်း ကာလမှာ ကလေးတို့ ဘယ်လိုတွေ နေထိုင်ကျင့်ကြံ ခဲ့ရသလဲ၊ကလေးအနားမှာနေတဲ့လူကြီးတွေက ကလေးတို့ကို ဘယ်လို ပြုစုစောင့်ရှောက်ပေးခဲ့သလဲ ဆိုတာ ပေါ်မူတည်ပြီးတော့ ကွဲပြားသွားတာပါ။

👶 ​မွေးစ အရွယ်မှာ ကလေးတို့ရဲ့ ဦးနှောက် ဆဲလ်တွေ ဟာ ၁၀၀ ဘီလီလျံ ကျော်အထိ ပါပါတယ်။ ဒီဆဲလ်တွေ ဟာ ကလေးမွေးပြီ (လူ့လောက ထဲကို ရောက်ပြီဆိုတာနဲ့ တစ်ပြိုင်နက်ထဲ) အရေးကြီးတဲ့ ကိုယ် ခနာအတွက် လိုအပ်တဲ့ အလုပ်တွေ ဖြစ်တဲ့ အသက်ရှူတာ၊ နှလုံးခုန်တာ စတာတွေကို ဆက်သွယ် လုပ်ဆောင် ပါတယ်။

👶 ဒီမွေးရာပါ ပါလာတဲ့ ဦးနှောက်ဆဲလ်တွေကို မသေဆုံးသွားဖို့ အတွက် ကျွန်မတို့ ဟာ ဆက်သွယ်မှု လမ်းကြောင်း ဖောက်ပေးဖို့လိုပါတယ်။ ဘယ်လို ဆက်သွယ်မှု လမ်းကြောင်းဖောက်ပေး ရမလဲ ဆိုတော့ ကလေးတို့ကို အကြား၊ အမြင်၊ အထိ၊အတွေ့ များများရအောင်လို့ လုပ်ပေးခြင်းပါပဲ။ ဥပမာ အားဖြင့် နားလည်အောင် ပြောရမယ်ဆိုရင်ဖြင့် ရေမလောင်းတဲ့ အပင်လေးတွေဟာ သေဆုံး ညှိုးချောက် သွားသလိုပဲ ဆက်သွယ်မှု များများလုပ်ခွင့် မရတဲ့ ဦးနှောက်ဆဲလ် များဟာလည်း ကလေး အသက် သုံးနှစ် လောက် ရောက်လာပြီ ဆိုရင် အလိုလို သေဆုံး ကုန်ပါတော့တယ်။

👶 ကလေးတို့ဟာ မွေးစကတည်းကို က သင်ယူနိုင်ပါတယ်။ အထိအတွေ့၊ အကြား၊ အမြင်၊ အနံ့ ၊ အရသာ ဆိုတဲ့ အာရုံ ငါးပါး နဲ့ သင်ယူကြတာပါ။

👶 နူးညံတာကို ထိရင် သဘောကျ သွားတဲ့ စိတ်၊ ကြမ်းကြမ်း ကြီးကို ထိမိရင် မကြိုက်တဲ့ စိတ် ဒါတွေကို ဖြတ်ခနဲ ဖြတ်ခနဲ ခံစား သွားရတဲ့ အလုပ်ကို ဘယ်သူ က လုပ် သလဲ ဆိုရင် ကျွန်မတို့ရဲ့ ဦးနှောက် ညာဘက်ခြမ်းက လုပ်တာပါ။

👶 ဦးနှောက်ညာဘက်ခြမ်း ဟာ (လွယ်လွယ်ရှင်းရှင်း ပြောရရင်)ခံစားတယ် ဆိုတဲ့ ခံစားမှုဆိုတဲ့ အလုပ်ကို လုပ်နေတာပါ။ ကလေးဟာ အထိတွေ့ ကို သိလိုက်တယ်။ ဒါပေမယ့် ကြမ်းတယ်တို့၊ ပျော့တယ် တို့ ၊ မာတယ်တို့ စတဲ့ နာမည် တပ် တဲ့ အလုပ်ကို တော့ မသိသေးဘူး(မလုပ်တတ်သေးဘူး)။

👶 ဘာကြောင့်လဲ ဆိုတော့ နာမည် တပ် တဲ့ အလုပ်ကို ဦးနှောက် ဘယ်ဘက် ခြမ်းက လုပ်တာမို့လို့ပါ။

👶 မွေးစ ကနေ သုံးနှစ်တာ ကာလမှာ ဦးနှောက်ဘယ်ဘက် ခြမ်းနဲ့ ညာဘက်ခြမ်းကို ဆက်သွယ်ပေးတဲ့ ဆက်သွယ်မှုကို ကောင်းကောင်း မလုပ်နိုင်သေးပါဘူး။

ဦးနှောက်ညာဘက်ခြမ်းဖွံ့ဖြိုးအောင် ဘာကြောင့်လုပ်ဖို့ လိုသလဲ


👶 ဦးနှောက်ညာဘက် ခြမ်းကို ဖွံ့ဖြိုးအောင် လုပ်တယ် ဆိုတာဟာ တကယ်တော့(တစ်ချို့ မိဘများထင်နေသလို) ဦးနှောက်ညာဘက် ခြမ်းကြီးက ပိုကောင်းနေလို့ လုပ်နေတာမဟုတ်ပါဘူး။

👶 လူတစ်ယောက် ညဏ်ရည် ဖွံ့ဖြိုးတိုးတတ်ဖို့အတွက် ဦးနှောက် တစ်ခုလုံး( The whole Brain) ဖွံ့ဖြိုးအောင် လုပ်ဖို့လိုပါတယ်။

👶​ ​မွေးစကနေ သုံးနှစ်အတွင်းမှာ (Right Brain အတွက် လေ့ကျင့်ခန်း တွေလုပ်ဖို့ လိုတယ် လို့ ဆိုခြင်းဟာ ဒီ ကာလအတွင်းမှာ ကလေးတို့ ရဲ့ ဦးနှောက်ညာဘက် ခြမ်း က ပဲ ကောင်းကောင်း အလုပ်လုပ်နေသေးတာမို့လို့ အလုပ်လုပ်နေတဲ့ ဦးနှောက်ညာဘက်ခြမ်း မှာ ရှိတဲ့ နူရွန် လမ်းကြောင်း တွေ မဆုံးရှူံးရအောင်လို့ များများလေ့ကျင့်ပေး ဖို့လိုတယ် လို့ ဆိုလိုတာပါပဲ။

👶 ဦးနှောက်ညာဘက်ခြမ်းဟာ ၀မ်းသာတာ၊ ၀မ်းနည်းတာပျော်တာစတာတွေကို ခံစားတတ်ပါတယ်။ ကျွန်မတို့ဟာ ကလေးတွေကို လေ့ကျင့်ပေးတဲ့အချိန်မှာ အကြား၊အမြင်၊ အထိအတွေ့၊အနံ့ ၊ အရသာ ဆိုတဲ့ အာရုံ ငါးပါး ကို အခြေခံပြီးတော့လေ့ကျင့်ပေးရမယ်။

👶 ဒီအခါမှာ အရေးကြီးတကာ့ အရေးကြီးဆုံး အရာ ကတော့ ကလေးပျော်ဖို့ပါ။ ကလေးတို့ရဲ့ ညဏ်ရေဖွံ့ဖြိုးဖို့နဲ့ လူ့ ဘ၀ကို အကောင်းမြင်ဖို့၊ Self-Esteem အားကောင်းဖို့ အတွက် အခြေခံအကျ ဆုံးအရာကတော့ ကလေးပျော်ဖို့ပါ။ ကလေး ဟာ ပျော်ဖို့ အရေး ကြီးပါတယ်။ ဘာကို ပဲ လုပ်လုပ် ကလေးပျော်ရမယ်။ ကလေးစိတ်ဝင်စားရပါမယ်။ ကလေး မပျော်တာကို တတ်ချင်ဇော နဲ့ အတင်း စွတ်လုပ်မယ် ဆိုရင်ဖြင့် ကလေးရဲ့ ဖွံ့ဖြိုးမှု (စိတ်၊ ကိုယ်) နဲ့ ညဏ်ရေကို ပါ ထိခိုက်စေနိုင်ပါတယ်။

👶 အထိအတွေ့မှာ အထိတွေ့မျိုးမျိုးကို (ညာဘက်ဦးနှောက်လေ့ကျင့်မှုနဲ့ ) ထိတွေ့ခံစားဖူးတဲ့ ကလေးဟာ ဘယ်ဘက် ဦးနှောက်နဲ့ ဆက်သွယ်ချိန်မှာ နာမည် တပ်တဲ့ အချိန်မှာ လွယ်ကူပါတယ်။

👶 အဲလိုပဲ အသံအမျိုးမျိုး၊ အရောင်အမျိုးအမျိုး၊ အနံ့ အမျိုးမျိုး၊ အရသာအမျိုးမျိုးကိုလည်း ထိတွေ့ခံစား ဖူးဖို့ အရေးကြီးပါတယ်။ အသေးစိတ်လေ့ကျင့်ခန်းများကိုတော့ ကျွန်မရဲ့ ညဏ်ကြီးရှင် မဂဇင်း ထွက်တဲ့ အချိန်မှာ ရေးသား ဖော်ပြသွားပါ့မယ်။

👶 တကယ်တော့ ကလေးတို့ရဲ့ ဦးနှောက်ညာဘက် ခြမ်းကို လေ့ကျင့်တယ် ဆိုတာဟာ အင်္ဂလိပ် စာ တော်ဖို့၊ သချာင်္တော်ဖို့ ၊ စာကျက်ရင် ခဏလေး နဲ့ ရဖို့ လေ့ကျင့်တာမဟုတ်ပါဘူး။ ဥပမာ အားဖြင့် ပြောရရင် မြေကြီးကို ညက်နေအောင် ထွန်ထားရင် ဘာပင် စိုက်စိုက် အလွယ်တကူ ပေါက် သလိုပဲ ကျွန်မတို့ဟာ ကလေးတို့ရဲ့ ဦးနှောက်မှာ ရှိတဲ့ နျူရွန်လမ်းကြောင်းတွေကိုအဆုံး ရှုံးမခံဘဲနဲ့ ဆက်သွယ်မှု များနိုင်သမျှ များအောင် လေ့ကျင့်ပေးထားမယ် ဆိုရင်ဖြင့် ကျွန်မတို့ကလေးတွေကို လိမ်မာ ယဉ်ကျေးအောင်၊ ထူးချွန်ထက်မြက်အောင် လုပ်ပေးနိုင်မှာပဲ။

👶 လူတစ်ယောက်အတွက် ( လူ့ဦးနှောက်အတွက်) Early Chilhood ဟာ သိပ်ကိုမှအရေးကြီးပါတယ်။ ဒီကာလ ဟာ ဘယ်တော့ မှ ပြန်မရနိုင်တော့ တဲ့ကာလပါ။ ကျွန်မတို့တွေ နိုင်ငံခြားသားတွေနဲ့ ညဏ်ရေခြင်းကွာတယ် ဆိုတာဟာ ဒီကာလမှာ ကလေးကို ဘယ်လိုလေ့ကျင့် ခဲ့သလဲဆိုတာ ကွာခြားလို့ပါပဲ။

👶 ဥာဏ်ကောင်းခြင်း မကောင်းခြင်း ဆိုတာဟာ မိဘမျိုးရိုးနဲ့လည်း မဆိုင်ပါဘူး။ ပြုစုပျိုးထောင်မှုနဲ့သာ ဆိုင် တာမို့လို့ ကလေးကို မှန်ကန် တည့်မတ်စွာနဲ့ ပြုစုပျိုးထောင်ဖို့လိုပါတယ်။

credit :
Pan Yeik Phyu (ခေတ်ဘုန်းသစ်)
photo google

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။