အိပ်မက်မှသည် ထက်အာကာဆီသို့
ကျနော်တို့မြန်မာလူငယ်လေးတွေ အိပ်မက်ကြီးကြီးမက်ကြဖို့ ကျနော့်သူငယ်ချင်းကြီး ဗန်းမော်သိန်းဖေ က သူ့ရဲ့ Inspirational books တွေထဲမှာတိုက်တွန်းထားတာတွေ တွေ့ရပါတယ်...
ပြီးတော့ အဲဒီ အိပ်မက်တွေကနေပြီး ပြင်းပြတဲ့ဆန္ဒတွေ Burning desires
ထားရှိကြဖို့ကိုလဲ တိုက်တွန်းထားပါသေးတယ်... ဒါဟာ လူငယ်တွေအတွက်
စိတ်ဓါတ်တက်ကျွစေရန် တွန်းအားပေးတဲ့ မှန်ကန်တဲ့ တိုက်တွန်းချက်တွေပါ..
အိပ်မက်တွေချည်းမက်ပြီး ဖြစ်ချင်တဲ့စိတ်တွေသိပ်ပြင်းပြနေပြီး၊ လက်တွေ့မှာဘာမှမလုပ်ဖြစ်ခဲ့ ဘူးဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ စိတ်ကူးယဉ်သမားသက်သက်သာဖြစ် သွားပါလိမ့်မယ်။ ဒီတော့ အိပ်မက်တွေရှိပြီးပြီ၊ ပြင်းပြတဲ့ဆန္ဒတွေလဲရှိပြီြး ပီဆိုရင်.... ဘာတွေဆက်လုပ်ကြရပါမလဲ...လုပ်ကြရမဲ့ လုပ်ငန်းစဉ်လေးတွေ ချကြည့်ကြရအောင်...
၁။ အိပ်မက်ကြီးကြီးမက်ကြပါ၊ (Dream big)
၂။ အဲဒီအိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ရာ ပြင်းပြတဲ့ဆန္ဒတွေရှိကြပါ။ (Burning desire)
၃။ အိပ်မက်တွေကို ပတ်ဝန်းကျင်ကိုပြောပြပါ။ (Talk loud)
၎။ ဓါးသွေးလိုက်ပါ။ (Sharpening your brain)
၅။ ပြောတဲ့အတိုင်းလက်တွေ့လုပ်ပါ။ (Walk the talk)
၆။ ကျရှုံးမှာကိုမကြောက်ပါနဲ့။ (Learn from the failures)
၇။ လမ်းဆုံးကိုရောက်အောင်သွားပါ။ (Stand firm with perseverance)
၈။ လောကဒါဏ်ကို ကြံ့ကြံ့ခံနှိုင်အောင်ကြိုးစားပါ။ (Strength of will and endurance)
၉။ ပညာလို အိုသည်မရှိ။(Life Long learning)
၁၀။ နယ်ပယ်ချဲ့ထွင်ပါ။ (Widen your network)
ဒီလုပ်ငန်းစဉ်အဆင့်ဆင့်မှာ၊ အဆင့် ၁ ကနေ ၃ အထိက စိတ်ကူးယဉ်တဲ့အဆင့်ဘဲရှိပါေ သးတယ်။ မိမိကိုယ်မိမိ စိတ်ဓါတ်အင်အားမြှင့်တင်ပေး ခြင်းနဲ့ မိမိဘဝသစ်ပုံစံရွေးချယ်ပြဋ္ဌာ န်းခြင်းဘဲဖြစ်ပါတယ်။ စီမံခန့်ခွဲရေး (Management) ဘာသာရပ်စကားနဲ့ပြောကြရရင်တော့ လုပ်ငန်းစီမံချက် (Planning) ပေါ့လေ။ တနည်းအားဖြင့်ပြောရရင်တော့ Missions & Vission ဆိုတာတွေပေါ့လေ။
အဆင့် ၄ အနေ ၆ အထိက ကိုယ့်အိပ်မက်ကိုကိုယ် အကောင်အထည်ဖေါ် ဆောင်ရွက်ရမဲ့အဆင့်တွေပါဘဲ။ စီမံခန့်ခွဲရေးဘာသာရပ်စကားနဲ့ပြောကြရင်၊ အကောင်အထည်ဖေါ်ခြင်း (Implementation) ပေါ့။
အဆင့် ၆ ဟာ မိမိလုပ်ဆောင်ချက်များကိုလေ့ လာသုံးသပ်ပြီး၊
အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း၊ လမ်းကြောင်းမှသွေဖီခြင်း၊ စသည်တို့ကို
စီစစ်သုံးသပ်ပြီး၊ မိမိလုပ်ဆောင်ချက်များကို ပြုပြင်သင့်တာကိုပြုပြင်ခြင်း၊ ပြောင်းလဲသင့်တာကို ပြောင်းလဲခြင်း၊ စွန့်လွှတ်သင့်တာကိုစွန့်လွှတ်ပြီးလမ်းကြောင်းအသစ်ရှာသင့် တာကိုရှာပြီး ဆက်လက်ဆောင်ရွက်ကြရပေမည်ဖြစ်ပါတယ်။ ဒါကတော့ စီမံခန့်ခွဲရေးဘာသာစကားမှာေ တာ့ တဲ့မတ်ပေးခြင်းနှင့်ထိမ်းသိ မ်းခြင်း (Alignment & Control) ဘဲဖြစ်ပါတယ်။
ကျန်တဲ့အဆင့် ၇ ကနေ ၁၀ အထိကတော့ အောင်မြင်မှုပန်းတိုင်ကို အားသွန်ခွန်စိုက် ကြိုးစားပန်းစား တက်လှမ်းဆွတ်ခူးနေချိန်မှာ၊ မိမိကိုယ်မိမိပြင်ဆင်ထားရမဲ့  မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အရင်းအမြစ်များပင် ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ကိုယ်ရည်ကိုယ်သွေးမြှင့်တင် ခြင်း (Personal Development) ပေါ့။
အိပ်မက်ကြီးကြီးမက်ပါ ဆိုတဲ့ (Dream big) ဆိုတာဟာ စီမံခန့်ခွဲရေးဘာသာစကားနဲ့ေ ပြာရရင်
(Ends & Means) က Ends ဆိုတဲ့ရည်ရွယ်ချက်၊ ဦးတည်ချက်ဘဲပေါ့။ Means
ဆိုတာကတော့ Ends ကိုရောက်အောင်သွားဖို့ လိုအပ်တဲ့
အရင်းအမြစ်များကိုဆိုလိုတာပါ။ အဆင့် ၆ ကနေ ၁၀ အထိကတော့ Means တွေထဲက အခြေခံကျတဲ့ မိမိအတွက်လိုအပ်တဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အရင်းအမြစ်များပင် ဖြစ်ကြပါတယ်။
ဒါတွေဟာ၊ ကျနော်အမြဲပြောပြောနေတဲ့၊ ကျနော်တို့ မြတ်ဗုဒ္ဓရဲ့ ပဋ္ဌာန်းတရားတော်မှာ လုပ်ငန်းကိစ္စ အဝဝကိုဆောင်ရွက်ရာမှာ၊ လိုက်နာကျင့်ကြံကြရမဲ့ အချက်တွေ ဟောပြခဲ့ပါတယ်။ အဲဒါတွေကတော့ -
၁။ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ။
၂။ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ။
၃။ စိတ္တဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ။
၎။ ပညာဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ... တဲ့။
ဆန္ဒဝတော....... ပြင်းပြသော အလိုဆန္ဒ ရှိသောသူသည်၊ အမှုကိစ္စ မှန်သမျှ အမှန် ဧကန်ပြီစီး အောင်မြင်ရမည်သာတည်း။ (Big dream & Burning desire)
ဝီရိယဝတော.......လုံ့လဝီရိယ ရှိသောသူသည်၊ အမှုကိစ္စ မှန်သမျှ အမှန် ဧကန်ပြီစီး အောင်မြင်ရမည်သာတည်း။ (လုံ့လ = Afford, ဝီရိယ = Initiative)
စိတ္တဝတော....... ထက်သန်သော ဇွဲစိတ် ရှိသူသည်၊ အမှုကိစ္စ မှန်သမျှ အမှန် ဧကန်ပြီစီး အောင်မြင်ရမည်သာတည်း။ (Perseverance & Endurance)
ပညဝတော....... ထက်မြက်သော ပညာ ရှိသူသည်၊ အမှုကိစ္စ မှန်သမျှ အမှန် ဧကန်ပြီစီး အောင်မြင်ရမည်သာတည်း။ (Knowledge & Intelligence)
ကျနော်တို့ဘာသာရေးကလဲ လူငယ်တို့ တိုးတက်ရာတိုးတက်ကြောင်း ဆုံးမ လမ်းညွှန် ပြသပေးခြင်းများရှိနေကြပါတယ်။ လူငယ်တွေ ခံယူတတ်ဖို့နဲ့ လိုက်နာကျင့်သုံးတတ်ကြဖို့ဘဲ လိုပါတယ်။
အထက်ကပြောခဲ့တဲ့လုပ်ငန်းစဉ် အဆင့်ဆင့်ကို တခုချင်းစီ ရှေ့ဒီ ဖေ့စဘွတ်စာမျက်နှာများပေါ်မှာ အသေးစိပ်ရှင်းသွားပါမယ်။
ကျနော်တို့မြန်မာလူငယ်လေးတေ
အိပ်မက်တွေချည်းမက်ပြီး ဖြစ်ချင်တဲ့စိတ်တွေသိပ်ပြင်
၁။ အိပ်မက်ကြီးကြီးမက်ကြပါ၊ (Dream big)
၂။ အဲဒီအိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ရာ ပြင်းပြတဲ့ဆန္ဒတွေရှိကြပါ။ (Burning desire)
၃။ အိပ်မက်တွေကို ပတ်ဝန်းကျင်ကိုပြောပြပါ။ (Talk loud)
၎။ ဓါးသွေးလိုက်ပါ။ (Sharpening your brain)
၅။ ပြောတဲ့အတိုင်းလက်တွေ့လုပ်ပ
၆။ ကျရှုံးမှာကိုမကြောက်ပါနဲ့။ (Learn from the failures)
၇။ လမ်းဆုံးကိုရောက်အောင်သွားပ
၈။ လောကဒါဏ်ကို ကြံ့ကြံ့ခံနှိုင်အောင်ကြိုးစ
၉။ ပညာလို အိုသည်မရှိ။(Life Long learning)
၁၀။ နယ်ပယ်ချဲ့ထွင်ပါ။ (Widen your network)
ဒီလုပ်ငန်းစဉ်အဆင့်ဆင့်မှာ၊
အဆင့် ၄ အနေ ၆ အထိက ကိုယ့်အိပ်မက်ကိုကိုယ် အကောင်အထည်ဖေါ် ဆောင်ရွက်ရမဲ့အဆင့်တွေပါဘဲ။
အဆင့် ၆ ဟာ မိမိလုပ်ဆောင်ချက်များကိုလေ
ကျန်တဲ့အဆင့် ၇ ကနေ ၁၀ အထိကတော့ အောင်မြင်မှုပန်းတိုင်ကို အားသွန်ခွန်စိုက် ကြိုးစားပန်းစား တက်လှမ်းဆွတ်ခူးနေချိန်မှာ၊
အိပ်မက်ကြီးကြီးမက်ပါ ဆိုတဲ့ (Dream big) ဆိုတာဟာ စီမံခန့်ခွဲရေးဘာသာစကားနဲ့ေ
ဒါတွေဟာ၊ ကျနော်အမြဲပြောပြောနေတဲ့၊ ကျနော်တို့ မြတ်ဗုဒ္ဓရဲ့ ပဋ္ဌာန်းတရားတော်မှာ လုပ်ငန်းကိစ္စ အဝဝကိုဆောင်ရွက်ရာမှာ၊ လိုက်နာကျင့်ကြံကြရမဲ့ အချက်တွေ ဟောပြခဲ့ပါတယ်။ အဲဒါတွေကတော့ -
၁။ ဆန္ဒဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ။
၂။ ဝီရိယဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ။
၃။ စိတ္တဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ။
၎။ ပညာဝတော ကိံနာမ ကမ္မံ န သိဇ္ဈတိ... တဲ့။
ဆန္ဒဝတော....... ပြင်းပြသော အလိုဆန္ဒ ရှိသောသူသည်၊ အမှုကိစ္စ မှန်သမျှ အမှန် ဧကန်ပြီစီး အောင်မြင်ရမည်သာတည်း။ (Big dream & Burning desire)
ဝီရိယဝတော.......လုံ့လဝီရိယ
စိတ္တဝတော....... ထက်သန်သော ဇွဲစိတ် ရှိသူသည်၊ အမှုကိစ္စ မှန်သမျှ အမှန် ဧကန်ပြီစီး အောင်မြင်ရမည်သာတည်း။ (Perseverance & Endurance)
ပညဝတော....... ထက်မြက်သော ပညာ ရှိသူသည်၊ အမှုကိစ္စ မှန်သမျှ အမှန် ဧကန်ပြီစီး အောင်မြင်ရမည်သာတည်း။ (Knowledge & Intelligence)
ကျနော်တို့ဘာသာရေးကလဲ လူငယ်တို့ တိုးတက်ရာတိုးတက်ကြောင်း ဆုံးမ လမ်းညွှန် ပြသပေးခြင်းများရှိနေကြပါတယ
အထက်ကပြောခဲ့တဲ့လုပ်ငန်းစဉ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။