Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, March 5, 2013

ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံ ..."

Shwe Khae shared 'ဌေး' သာမဏေကျော်'s photo.
... ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံ ..."
-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလုပ်နေပါတယ် ဒီလိုလုပ်နေပါတယ် ဆိုတဲ့ ပို့စ်တွေ တွေ့ရလို့ ဒီစတေးတပ်စ်ကို ရေးလိုက်တာပါ။

အခုပုံကတော့ တိဘက်က ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခုဖြစ်တဲ့ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံပါ။ မြတ်ဗုဒ္ဓရဲ့ပုံတော် အစစ်မဟုတ်တဲ့ အတွက် ရုပ်ပွါးတော်လို့ ခေါ်လို့မရပါဘူး။ ပုံကတော့ သူတို့ရဲ့ ယောဂကျင့်စဉ်တွေထဲက ကာမဂုဏ်ခံစားတဲ့ ကျင့်စဉ်တစ်ခုကို ပုံဖော်ထားတဲ့ ကာမမုဒြာ ပုံပါ။

တိဘက်ထုံးစံ အရ ဇနီးမောင်နှံ နှစ်ဦးစလုံး အတွက် အသုံးဝင်တဲ့ ကျင့်စဉ်လို့ ဆိုပါတယ်။ အမျိုးသားနဲ့အမျိုးသမီး ပူးတွဲလေ့ကျင့်လို့ ရသလို တစ်ဦးထဲလည်း လေ့ကျင့်လို့ရပါတယ်တဲ့။

ဝဇီရာယန ဆိုတာ လက်ရှိ ဒလိုင်းလားမား ယုံကြည်လက်ခံ ကျင့်သုံးနေတဲ့ ဝါဒလည်းဖြစ်ပါတယ်။ သူကိုယ်တိုင် တန်ထရာယောဂကို ကျင့်ကြံလား ဆိုတာတော့ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ မြန်မာပြည်မှာ အသံထွက်လာတဲ့ ကာမကို အလှူခံလို့ရတယ် ဆိုတဲ့ ဝါဒနဲ့တော့ မသက်ဆိုင်ဘူးထင်ပါတယ်။

ကျွန်တော်တို့ရဲ့ ထေရဝါဒနဲ့ မဟာယန မတူသလို ထေရဝါဒနဲ့ ဝဇီရာယန ဟာလည်း လားလားမှ မဆိုင်ပါဘူး။ တင်တဲ့သူတွေကတော့ ဘာရည်ရွယ်ချက်နဲ့ တင်ကြလည်းမသိပါ။ ဒီကျင့်စဉ်တွေဟာ မနေ့တနေ့ကမှ ပေါ်လာတာမဟုတ်ဘဲ နှစ်ပေါင်းရာပေါင်း များစွာကတည်းက တစ်ခြားအယူဝါဒ ကျင့်စဉ်တွေနဲ့ ရောပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့ကျင့်သုံးတဲ့ ထေရဝါဒ (မဟာယနတွေအခေါ် ဟိနယန ) ပိဋကတ်တော်တွေကို ရှေးမူအတိုင်း မပျောက်မပျက် စင်ကြယ် အောင် သံဃာယနာ ၆ ကြိမ်တိုင်တင်ခဲ့ရတာ ဝိနယတော်တွေကို အစဉ်အဆက် ထိန်းသိမ်းလာခဲ့ ကြရတာ ဖြစ်ပါတယ်။

ဝဇီရာယနနဲ့ တန်ထရာယောဂ အကြောင်း အသေးစိတ်သိလို သူများ အောက်ပါလင့်ခ်များမှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

http://en.wikipedia.org/wiki/Tantra_techniques_(Vajrayana)

http://en.wikipedia.org/wiki/Karmamudrā

http://tantrismuskritik.blogspot.com.au/2011/01/true-face-of-dalai-lama-playing-around_21.html

ရာဇာဓိရာဇာမှ ကူးပါသည်။_____________________________________________

ကာမမုဒြာအကြောင်း သိကောင်းစရာ (Aung Kyaw Moe)
+++++++++++++++++++++++++++++++++++
ကာမမုဒြာ က နာရောပ ရဲ့ ယောဂဓမ္မ ၆ ပါး ထဲ က ကုဏ္ဍလိနီယောဂ(တမ်မို) ကို ပေါက်ရောက်ပြီးသူ မှ သာ ကျင့် ကြံနိုင်တယ်။

တွဲဖက် ကျင့်ကြံသူ ယောဂိနီ ဟာ လဲ သာမန်အမျိုးသမီးမျှ မဟုတ် ပဲ ဓမ္မအကျင့်လမ်းစဉ် အဆင့် တစ်ခုထိ ပေါက်မြောက်ပြီးသူ ဖြစ် ရ ပါတယ်။

တမ်မို ကို အောင်မြင် သူယောဂီဟာ မိမိ ရဲ့ ပရာဏခန္ဓာ မှာ ရှိတဲ့ နဒီတွေ ချက္ကရတွေ ကို စေစားနိုင်သူ ဖြစ်တယ်။

ကာမမုဒြာ မှာ အဓိက အကျဆုံး အချက် က သုက်မလွှတ်ဖို့ ပဲ ဖြစ်တယ်။ သုက်လွှတ်ခြင်း ဟာ သာမန်အကြမ်းစား မေထုန် ဖြစ်သွားစေတယ်။ ကျင့်သူ ဟာ လဲ ၀ဇိရငရဲ မှာ ကျက် ရ မှာ ဖြစ်လို့ အလွန် အန္တရာယ် ကြီးသော လမ်း မတ်စောက်သော လမ်း လို့ ဆို ကြတယ်။

ဝဂျရောလိမုဒြာ လို အကျင့်တွေနဲ့ သုက်မလွှတ်အောင် ထိန်းချုပ်နိုင်ရင် ကာမမုဒြာ ရဲ့ အခြေခံ ကို အောင်မြင်ပြီလို့ ဆိုနိုင်တယ်။ရှေ့ မှာ မဟာသုခ လို့ ခေါ် တဲ့ သာမန်လူသားတွေ မကြုံ နိုင်တဲ့ အတွေ့ အကြုံတွေ ရှိတယ်။

တမ်မို အောင်မြင်ပြီးသူ ယောဂီ ဟာ ကုဏ္ဍလိနီ စွမ်းအင် ကို ဗဟိုနဒီ တစ်လျှောက် အထက်သို့ ဆန်တက်စေတယ်။ တကိုယ်လုံး က ပရာဏတွေ ကို ဗဟိုနဒီ ထဲ မှာစုစည်း နိုင်ရင် အလွန်ကြီးမားတဲ့ သမာဓိ ကို ရတယ်။ တိဗက် ဗုဒ္ဓဘာသာ မှာ တော့ Clear Light Mind လို့ ခေါ် ပါတယ်။

ဒါက လောကုတ္တရာဥာဏ် အတွက် တံခါး တစ်ချပ် ဖြစ်ပါတယ်။

ကုဏ္ဍလိနီစွမ်းအင် ဟာ သာမန် ကာမဂုဏ်ချမ်းသာ လောက်နဲ့ ဖေါ်ဆောင် တတ်သလို ကျင့်ထားတဲ့ ယောဂီ အတွက် ဗုဒ္ဓအဖြစ် ကို ရသည် အထိ အကျိုးကြီးတဲ့ စွမ်းအင် ဖြစ်တယ် လို့ တန္တရဗုဒ္ဓဓမ္မ က ဆို ပါတယ်။

ဂိလာဂ်ပ ရဟန်းတွေ ဟာ ၀ိနည်း နဲ့ အညီ နေထိုင် ကြသူတွေ ဖြစ်တော့ ကာမမုဒြာ မရှိ နိုင် ပါ။ပထမ ပါရာဇိကဏ် ကို ထိန်း ရ လို့ ပါပဲ။

သမထ ကို ပေါက်မြောက်အောင် အားထုတ်ပြီး စိတ်ဖန်ရုပ်သွင်တွေ နဲ့ ပဲ လေ့ကျင့် ရပါတယ်။ သေတဲ့ အချိန် ကို ပဲ စောင့်ကြပါတယ်။

သေတဲ့ အခိုက် မှာ လဲ ဟဒယချက္ကရ အရပ်မှာ ပရာဏဓါတ်တွေ စုဝေးလို့ ဗဟိုနဒီထဲ ကို ၀င်တဲ့အခါ Clear Light Mind ကို မျက်မှောက်ပြု ရပါတယ်။ ဒီခဏ အခိုက် လေး ကို ဖမ်းနိုင်ဖို့ တစ်ဘ၀လုံး စောင့်စား နေ ပါတယ်။

Clear Light Mind ကို ထေရ၀ါဒ စာပေ တွေ မှာတော့ ပဘဿရစိတ္တ အပ္ပဋ္ဌိတ၀ိညာဏ စတဲ့ အရာတွေ နဲ့ နီးစပ်မယ် ထင်မိပါတယ်။

အခု အနောက်တိုင်း မှာ ဘာသာရေးခုတုံးလုပ် ပြီး လိင် အမြတ်ထုတ်မှု တွေ ရှိတာ တွေ လဲ ကြားသိရ ပါတယ်။
____________________________________________

Wai Lu။ ။ဝဇိရယာနဂိုဏ်းအကြောင်းအကျဉ်းလေးပါ
++++++++++++++++++++++++++
ဝဇိရယာန…၀ဇိရမှာ စိန်ဟု ဆိုလို၏။ မေကြပြတ်နိုင်သော သေဘာရှိသည်။ စိန်သည် အရာရာတိုင်းကို ဖောက်ထွင်းနိုင်၏။ စိန်သည်ကြည်လင်တောက်ပ၏။ မာကြော၏။ တစ်နည်းအားဖြင့် မိုးကြိုးလက်နက်ကို ၀ဇိရဟုခေါ်၏။ ထက်မြတ်ပြင်းထန်၏။ မိုးကြိုးဒဏ်ကို မည်သည့်အရာမျှ မခံနိုင်။ ထို့ကြောင့်နိဗ္ဗာန်ကို စိန်နှင့်ဥပမာပြု၍ မေကြပြတ်အောင်ပြုလုပ်ပေးသော လမ်းစဉ်ကို ၀ဇိရာယာနဟု ခေါ်၏။ ခန္ဓာကိုယ်ကို နတ်ပြည်သို့ ပို့ပေးမည့် ယာဉ်ကြီးဖြစ်စေ၏ ၀ဇိရာယာနကို(သာသနာ၁၁၄၄-၁၁၉၄) ဒုတိယနာဂ အဇ္ဇုနက တီထွင်၏။
___________________________________________________
အိန္ဒိယ အေရှ့ပိုင်းဒေသများဘေင်္ဂါနယ် အာသံ တောတင်န်းနှင့်အိန္ဒိယအေနာက်ပိုင်း ပ်ရကှဝါတို့၌ ဤ၀ါဒ ထွန်းကာဝဇိရာယာနဂိုင်းသည် မ-သုံးလုံးကျင့်ဝတ်ကို လိုက်နာကြ၏။
၁။ မ= မဇ္ဇ- သေရည်အရက် မူးယစ်ဆေးဝါး;
၂။မ= မံသ -အသား အမဲ သားငါး;
၃= မ= မေထုန် မှီဝဲမှု; တန္တရအနွယ်ဖြစ်သော ၀ဇိရယာန ရဟန်းများသည် အယုတ်အညံ့ဆုံးအလုပ်များကို ကျူးလွန်ကြ၍ မွန်မြတ်သော လုပ်ငန်းဖြစ်အောင် ကျမ်းဂန်များရေးသားကြေလ၏။
ဝဇိရာယာနကျမ်းများမှာ-
၁။သိရီသမဇ္ဇခေါ် ဂုယှ သမဇ္ဇ (နာဂ အဇ္ဇုန);
၂။ သာဓန မာလာ;
၃။ ဉာဏသိဒ္ဓိ;
၎။ ပေညာပါယ ၀ိနိစ္ဆယ သိဒ္ဓိကျမ်း (အနင်္ဂ၀ဇိရ)စေသာကြမ်းများဖြစ်၏။
ဤ ကျမ်းများအားလုံးသည် မသုံးလုံး ကျင့်စဉ်ကိုထောက်ခံချီးကျူးထား၏။ ဂှယှ သမဇ္ဇကျမ်း၌ လူသတ်မှုခိုးမှု လိမ်လည်မှု သူတပါးသားမယား ကြာခိုမှုများကို ထောက်ခံ အားပေးထား၏။ ဗုဒ္ဓ၀ါဒနှင့် ဖြောင့်ဖြောင့် ကြီးဆန့်ကျင်ဘက်ဖြစ်လေ၏။ တန္တရ၀ါဒ၌ လက်ယာ အထက်လမ်းလက်ဝဲအောက်လမ်းခွဲထား၏။ လက်ယာခေါ် အထက်လမ်းများက အကျင့်သီလ ထိန်းသိမ်းကြ၏။ သိကြား ဗြမာ စေသာ အထက်နတ်များကို ပူဇော်ကြ၏။ ဂုဏ်တော်များ ပရိ တ်များ; မန္တန်များကို ရွတ်ဖတ်ပွားများကြ၏။ လက်ဝဲလမ်းခေါ်အောက်လမ်းများက ကာမဂုဏ်အချစ်;မိမိကိုယ်ကို ချစ်ခြင်း; မယားချစ်; ဥစ္စာချစ် တို့သည် မေတ္တာအစစ်ဖြစ်စေရန် လမ်းစဖြစ်သည်။
အချစ်စိတ်ကို မဖိနှိပ်; အားပေးအားမြောက်ပြု၍ မေတ္တာအစစ်ဖြစ်အောင် ပြောင်းလဲယူရမည်။ ကာမဂုဏ်သည် လွတ်မြောက်မှု၏ ပန်းတိုင်ဖြစ်၏ ဟု ဆိုကြလေ၏။ ဤသည်တို့ကားဝဇိရယာန; တန္တရ ၀ါဒတို့၏ အယူတစ်စိတ်တပိုင်းဖြစ်လေသည်။
_________________________________________________________

ဤသို့တတိယ သင်္ဂါယနာ ခေတ်မှစ၍ ဂိုင်းကွဲပေါင်း ၃၀ ကျော်တို့အယူဝါများသည် မှားယွင်းသော မိစ္ဆာဝါဒများ ဖြစ်ကြေလသည်။ တန္တရယာန; မန္တရယာနေခါ် ပန်းဦးလွှတ်ဝါဒနှင့် အရည်းကြီး သာသနာများမှာ ထိုဂိုဏ်းကွဲများ၏ အဆက်အနွယ်များဖြစ်ကြ၏။ ယေန့လ်ရကှိ မြောက်ပိုင်းသာသနာ ၌ အဆင့်ပေါင်းများစွာ; အကြိမ်ပေါင်းများစွာ ပြုပြင်ဖြည့်စွက်ခဲ့ကြ လေသည်။ သို့ပါလျှက် ထေရ၀ါဒနှင့် မဟာယနကို တန်းတူယူစေနသူများသည် ဗုဒ္ဓမြတ်စွာဘုရားနှင့်တကွ ရဟန္တာအရှင်မြတ်ကြီးများ၏ မျက်နှာကို မေထာက်ပဲ အရှက်ကင်းမဲ့စွာ ရက်စက်လွန်းရာကျပေသည်ဟု မောင်အံ့၏ သာသနာ၂၅၀၀စာအုပ်မှ ကောက်နှုတ်တင်ပြလိုက်ပါသည်။

အိန္ဒိယကဆင်းသက်လာသော (Ashin Nipaka )
+++++++++++++++++++++++++++++++++
ဗုဒ္ဓဘာသာမှာ ထေရ၀ါဒနဲ့ မဟာယာနရယ်လို့ အဓိကဂိုဏ်းကြီးနှစ်ခုရှိပါတယ်။ မဟာယာနကနေ ဂိုဏ်းခွဲထွက်လာတဲ့ ဒီကနေ့ ကမ္ဘာမှာသာသနာပြုအအောင်မြင်ဆုံးလို့ယူဆရတဲ့ ဗုဒ္ဓဘာသာဂိုဏ်းခွဲ တိဘက်တန်ဗုဒ္ဓဘာသာမှာ အယူဆတစ်ခုရှိတယ်။ ပညာနဲ့ ကရုဏာ၊ ပညာပဲတတ်ပြီး ကရုဏာနည်းရင် လောကလူသားတွေရဲ့အကျိုးကို ပြည့်ပြည့်၀၀ဆောင်ရွက်နိုင်မှာမဟုတ်ဘူး။ ထို့အတူပဲ ကရုဏာသာရှိပြီး ပညာနည်းရင်လဲ လောကအကျိုးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှာမဟုတ်ဘူး၊ အဲဒါကြောင့် ဘုရားလောင်းအကျင့်ကိုကျင့်လိုတဲ့သူတွေ ပညာကရုဏာ နှစ်ခုလုံးပြည့်စုံဖို့လိုတယ်။ အဲဒီဂိုဏ်းခွဲမှာ ပညာနဲ့ပရုဏာဟာ အရေးကြီးဆုံး အဓိကကျင့်စဉ်တစ်ခုပဲ။ ပညာကို ယောက်ျားပုံသဏ္ဍာန်နဲ့ တင်စားဖ်ာပြပြီး၊ ကရုဏာကို မိန်းမပုံသဏ္ဍာန်နဲ့ ဖော်ပြတတ်ကြတယ်။ ဒါဟာလဲ ယောက်ျား မိန်းမတို့ရဲ့ ယနေ့ထိအောင် မပြောင်းလဲဖြစ်တည်နေမှုသဘောသဘာဝနဲ့ဆိုင်မယ်ထင်တယ်။ အမျိုးသားတွေက ပညာအရာမှာသာကောင်းသာမယ်။ သနားညာတာတတ်မှုကရုဏာအရာမှာတော့ အမျိုးသမီးတွေကပိုသာတတ်ကြတယ်။ ဆိုလိုသည်က ပညာနဲ့ကရုဏာပေါင်းစပ်လိုက်တဲ့အခါ အမြင့်ဆုံးသောပညာအဆင့် ဘုရားအဖြစ်ကိုရတယ်လို့ဖော်ပြချင်တာဖြစ်တယ်လို့ ယူဆရပါတယ်။ သူတို့အလိုအားဖြင့် ပညာအရာမှာ ပြီးပြည့်စုံပြီး လောကသားအားလုံးအတွက် ကရုဏာကြီးတော်မူတဲ့ ဗုဒ္ဓရှင်တော်ကို ယောက်ျားမိန်းမပုံသဏ္ဍာန်နှစ်ခုတွဲဖက်အနေနဲ့ ဖော်ပြတာဟာ သင်္ကေတအနေနဲ့သာဖော်ပြတာ၊ တကယ့်မိန်းမ ယောက်ျားတွေကို ဆိုလိုတာမဟုတ်ပါဘူး။ ပြီးတော့ ပညာနဲ့ထိန်းကျောင်းထားတဲ့ကရုဏာက ပိုအရေးကြီးတယ်လို့ ပြချင်တဲ့အတွက် ယောက်ျားကမိန်းမကို ဖတ်ထားဟန်ဖော်ပြကြတယ်လို့ယူဆရပါတယ်။ ထင်မိတာတော့ ကိုးကွယ်ဖို့ထက် သိစေချင်မှုကို ပိုဦးစားပေးမယ်ထင်တယ်။ ကျောင်းသင်္ခန်းစာတစ်ခုမှာ အတန်းဖော်ဦးဇင်းတစ်ပါးက မိန်းမဘုရား (Female-Buddha) လားလို့ ပါမောက္ခဆရာမကို မေးမိသေးတယ်။ ဆရာမကပြောပြတာကတော့ အဲလိုမဟုတ်ဘူး ကိုယ်စားပြုဖော်ပြတာတဲ့ အရမ်းအဆင့်မြင့်တဲ့အရာ သာမန်လူတွေမသိနိုင်တဲ့အရာတဲ့။ သူပြောပုံဆိုရင် တစ်ခုခုတော့ လွဲနေပြီ သူ့အမြင်သူ့အလိုလို့ပဲမှတ်လိုက်ပါတယ်။ အဲလိုကိုယ်စားပြုဖော်ပြတာတွေသာမကပဲ အဲဒီဂိုဏ်းစာပေထဲမှာ ပါတဲ့တချို့စာတွေကို သာမန်လူတွေက အဓိပ္ပါယ်မဖော်နိုင်ဘူး။ တကယ့်ဂရုကြီးတွေမှ အဓိပ္ပါယ်ဖော်နိုင်သိနိုင်တာတဲ့။ အဲဒီဂိုဏ်းအဆက်တွေဖြစ်တဲ့ ယနေ့တိဘက်၊ ဘူတန်နဲ့ အခြားသော မွန်ဂိုရီးယား၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဗီယက်နမ်၊ အလယ်အာရှနဲ့ ရုရှနိုင်ငံက ဗုဒ္ဓဘာသာတွေမှာ အဲဒီလိုမျိုးရုပ်တုတွေအတော်များများ ရှိကြတယ်။ အတန်းတူတတ်နေတဲ့ ဘူတန်ကျောင်းသားကတော့ သူတို့ဆီမှာ အဲဒီလို ရုပ်တုပေါင်းများစွာရှိတယ်လို့ပြောပါတယ်။ အဲဒီဖော်ပြမှုမျိုးဟာ အိန္ဒိယကနေပဲ ဆင်းသက်လာတာလို့ ပြောပါတယ်။ တစ်ခါတစ်လေ ယောက်ျားသဏ္ဍာန်ပုံပေါင်ပေါ်မှာ တစ်ခါတစ်လေ ယောက်ျားသဏ္ဍာန်ပုံရဲ့ပခုံးပေါ်မှာတွဲလျက် မိန်းမသဏ္ဍာန်ပုံကို ဖော်ပြသရုပ်ဖော်ကြတယ်လို့ပြောပါတယ်။ တိဘက်တန်နဲ့ ဘူတန်ဗုဒ္ဓဘာသာကျမ်းဂန်တွေမှာ ဖော်ပြချက်တွေကို လေ့လာရင် ထိုထက်ပိုပြီး ပြည့်စုံမယ်ထင်ပါတယ်။ ထေရ၀ါဒအမြင်နဲ့ တော်တော်အမြင်ဆိုးပေမဲ့ သူတို့အယူဆ အမြင်အားဖြင့် ယုံကြည်ပူဇော်နေကြတယ်လို့ ထင်ပါတယ်။ အခြားအမြင် ယူဆချက် သိထားတာလေးများရှိရင်လဲ မျှဝေပေးဖို့ ဆန္ဒပြုရင်း . . . . နိပက

မောင်အံ့(မဟာဝိဇ္ဇာ ဘုံဘေ)ရဲ့ ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီးဆိုတဲ့ စာအုပ် စာမျက်နှာ ၁၅၃ မှာလည်း အသေးစိတ် လေ့လာဖတ်ရှု နိုင်ပါကြောင်း...
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ပညာပါရမိတာ နတ်သမီး(Thein Loikaw)
____________________________
မေတ္တာမပါသော ပညာသည် ဖျက်ဆီးမှုသို့ဦးတည်၏ ပညာမပါသော မေတ္တာသည် မျက်ကန်အချစ်ဖြစ်၍ အန္တရယ်များ၏ . ထို့ကြောင့် မေတ္တာတရား(အချစ်) ကို ယောင်္ကျား(ပုလ္လိင်) အဖြစ်တင်စား၍ ပညာကို မိန်းမ(ကုတ္ထိလိင်) အဖြစ်တင်စားလိုက်၏။ မေတ္တာနှင့် တွဲစပ်ထားသော ပညာသည် အမြင့်မြတ်ဆုံး ဥာဏ် ဖြစ်၏။ ဤအဓိပ္ပါယ်ကို သရုပ်ဖော်ရန် မေတ္တာဓာတ် အမြင့်မားဆုံးအချိန် ဖို-မ နှစ်ဦး စပ်ယှက် နေဟန်ကို ဖော်ပြကြသည်။ ဤစုံတွဲပုံကို မဟာမုဒြာဟု ဗုဒ္ဓတန္တရ ၌ ခေါ်၏။ ကမ္မဌာန်း ထိုင်ရာ တွင် ဤ အစုံလိုက်ဖြစ်သော ပုံကို ကြည့်၍ မေတ္တာနှင့် တွဲစပ်ထားသော ပညာ ကို အာရုံနိမိတ်ယူကြရ၏
ဗုဒ္ဓ(ဖိုဓါတ်) သည် ပညာ(မဓါတ်)နှင့် ပေါင်းစပ်လိုက်သောအခါ တစ်ခုတည်း ဖြစ်လာ၏။ လင်နှင့်မယားသည် ထိုအချိန်၌ တစ်စိတ်တစ်ဝမ်းတည်း ပေါင်းစပ်သွားသကဲ့သို့မေတ္တာကို ကိုယ်စားပြုသော ဗောဓိသတ္တ ရုပ်တုသည် ပညာနတ်သမီးရုပ်ကို ပွေ့ဖတ်ထားသည့်ပုံကို ထုလုပ်ကြ၏။ ပညာပါရမိတာ ကျမ်းကိုပင် နတ်သမီးအဖြစ် တင်းစား၍ ဗောဓိသတ္တ၏ ရင်ခွင်၌ ရှိသော နတ်သမီးကို ပညာပါရမိတာ နတ်သမီးဟု လည်း ခေါ်ကြ၏။ ထိုစုံတွဲ ပွေ့ဖက်နေပုံကို တိဘက်ပြည်၌များစွာ ထုလုပ်ကိုးကွယ်ကြ၍ တိဘက်ဘာသာဖြင့် Yabyum ဟုခေါ်ကြ၏။

‎ ဝဇီရာယနဂိုဏ်းရဲ့ တန်ထရာဗုဒ္ဓ ရုပ်ပုံ ..."
-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-
အလုပ်များနေလို့ မနက်ပိုင်းက ဖဘပေါ် မရောက်ဖြစ်ခဲ့ပါ။ အခု ဝင်ကြည့်တဲ့ အခါ ဓာတ်ပုံမှ...ာမြင်ရတဲ့ အတိုင်း ဗုဒ္ဓဘုရားပုံကို ဟိုလိုလုပ်နေပါတယ် ဒီလိုလုပ်နေပါတယ် ဆိုတဲ့ ပို့စ်တွေ တွေ့ရလို့ ဒီစတေးတပ်စ်ကို ရေးလိုက်တာပါ။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။