ဟားဟား၊ ဘဲဥမလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်။
စာဖတ်ပရိသတ်များ သိပြီးဖြစ်တဲ့အတိုင်း ၂၀၀၅၊ အောက်တိုဘာထုတ် သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းမှာ
'မူပိုင်ခွင့်များဖောက်ဖျက်
ရေးသားထားသည်။ ကျွန်တော့်ဝတ္ထုတွေထဲမှာ သူ့ကို ဇာတ်ကောင်လုပ်ပြီး ပေါက်ကရလျှောက်နောက်ထားတာကိ
မကျေနပ်လို့ပြန်ပြီး နှိပ်ကွပ်ဖို့ကြိုးစားတာလေ။
တစားဖတ်ကြည့်သည်။ တော်တော်တော့ ကြိုးစားပြီးရန်တွေ့ထားတာပါ
ဖတ်ရင်းက စိတ်မဆိုးနိုင်တဲ့အပြင် သူ့ကိုသနားတောင် သနားလာမိပါသည်။
တချို့နေရာများမှာ ငါသာဆို ပိုထိအောင် ဒီလိုရေးလိုက်မှာပဲဟု ကိုယ့်ပေါင်ကိုယ်လှန်ထောင်း
ထွက်လာလိုက်သေးသည်။ တကယ်လို့ သူသာ ကျွန်တော်နှင့်တိုင်ပင်ပြီး
ပတ်သက်ပြီး ထိရောက်သော အကြံဉာဏ်တွေတောင် ပေးလို့ရပါသေးသည်။ ခုတော့ ခင်မြဇင်ရေးပုံက ပျော့စိစိ
နိုင်လွန်းလှသည်။ ' ငါကသာသူများကိုဆော်မယ် နှက်မယ်။ ငါ့ကိုတော့ နည်းနည်းလေးမှ ပြန်ကျောဖို့ စိတ်မကူးနဲ့'
ဆိုတဲ့ လူမျိုးဆိုလျှင်တော့ နာကောင်းနာမည်။ ကျွန်တော့်လို မျက်နှာပြောင်တဲ့လူအဖို့တော
ဝဲစွဲနေတဲ့လူကို ခြင်ကိုက်ခံရသလောက်သာရှိလေသ
တကယ်တော့ ခင်မြဇင်သည် ရန်စွယ်ငေါငေါ လုပ်တတ်သူမျိုးမဟုတ်။ ဒေါသမဖြစ်တတ်တဲ့သူ၊ လောဘမရှိသူ၊
မာန်မာနကင်းစင်သူ၊ အညာကနေ တက္ကသိုလ်လာတက်တဲ့ တောသူရိုးရိုးအအလေးတစ်ယောက်
သိကျွမ်းခင်မင်ခဲ့ရသည်။ ကဗျာတွေလည်းရေးသဖြင့် ပေါင်းမိကြခြင်းဖြစ်၏။ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင
ကျွန်တော်က ပေါက်တတ်ကရတွေ လျှောက်ရေးနေတဲ့အချိန်မှာ သူ့ကဗျာတွေက အဆင့်မီသလောက်ဖြစ်နေပြီ။
ကဗျာတွေကောင်းသော်လည်း လူက အူတူတူ အတတဆိုတော့ အမြဲနှပ်ချတာခံရတတ်သည်။ တက္ကသိုလ်မှာ
လက်ရေးကဗျာစာအုပ်ကလေးတွေ စုပြီးထုတ်မယ်စီစဉ်ကြတော့-
"ခင်ဗျား ငါးဆယ်ပဲထည့်၊ ကျန်တာ ကျွန်တော်တို့ အကုန်စိုက်မယ်"
ဟု ကျွန်တော်တို့က ပြောသောအခါ ခင်မြဇင်က ဘာမှမသိရှာဘဲ မရှိမဲ့ ရှိမဲ့ထဲက ငွေငါးဆယ်ထုတ်ပေးရှာပါသည်။
အမှန်က ဖယောင်းစက္ကူပေါ်မှာ လက်နဲ့ရေး၊ စာကူးစက်နှင့်လှည့်ထုတ်ရသော
အားလုံးပေါင်းမှ လေးဆယ့်ငါးကျပ်လောက်သာကျသည်
ပိုထွက်လာသေးသည်။စာအုပ်တွေက
သူ့ပိုက်ဆံတွေ ပြန်ပေးတာမဟုတ်။ လက်ဖက်ရည်ဆိုင် ထိုင်ချင်ထိုင်၊ သံလမ်းမှာ သွားမော့ချင်မော့နဲ့ ကုန်တာပဲ။
ဒီအခါမှာ သူကပြစ်တင်ကြိမ်းမောင်းပြီး
"အင်း- ဒုက္ခပါပဲ၊ ပိုက်ဆံက သိပ်မရှိရတဲ့ကြားထဲမှာ အဆောင်ကြေးသွင်းဖို့ ဖယ်ထားတဲ့ထဲက ပေးလိုက်ရတာ၊
အဆောင်က ထမင်းဖြတ်တာ ခံရတော့မှာပဲ" ဟု သနားစဖွယ် ညည်းညူခြင်းကိုသာ ပြုရှာသည်။
အနုပညာအသင်း ပန်းချီသင်တန်းက ကောင်တွေကလည်း သူ့ဆီက ပိုက်ဆံမကြာခဏ ချေးတတ်ပြီး ဘယ်တော့မှ
ပြန်မပေးကြ။ (မောင်မောင်စနေဟာ အဆိုးဆုံးပေါ့။ သူ့ကောင်မလေး ဖက်တီးပုတ် ခင်စောဦးကို ဖားချင်တာနဲ့ပဲ
ကြားက ခင်မြဇင်ခမျာ ပိုက်ဆံထုတ်ချေးရသည်။ ခင်စောဦးကလည်း နှစ်ပွဲလောက်စားရမှ ကျေနပ်တာ။)
ခင်မြဇင်ကတော့ ခံဘက်ကချည်းပဲ။ သူ့ကိုဆိုလျှင် အနိုင်ကျင့်ချင်တဲ့လူက များသည်။ ဒီလိုအခါမျိုးမှာလည်း
ထမိန်စွန်တောင်ဆွဲပြီး တုံ့ပြန်တိုက်ခိုက်ဖို့ စိတ်မကူး။ 'ဒုက္ခပါပဲ' ဟူ၍ ညည်းညူရုံသာ တတ်စွမ်းရှာသည်။
ဒါကြောင့်လည်း သူ့ကို 'ခိုမြဇင်'လို့ခေါ်ကြတာပေါ့။
'ခို'သံပါနေလေသည်။
ခင်မြဇင်ဟာ
လင်မရခင်အခါ
ဆင်မ...အဲ...
ဆင်မယဉ်သာကလေးပါ။
သူသည် သူငယ်ချင်းတွေကြားမှာ အမြဲတမ်းအနိုင်ကျင့်ခံရပြီး
မားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေးမည့် သူရဲကောင်းကိုရှာသောခါ ဆရာကိုသန်းအုံးကို တွေ့ခြင်းဖြစ်၏။ သို့ရာတွင်
'သူရာပုလင်း'ကို 'စူပါမင်း' လို့မှတ်ပြီး 'ယမကာအိုး' ကို 'အာနိုး'ထင်မိတာ ခင်မြဇင်ရဲ့ အမှားပါပဲလေ။ သူ့လူကြီးက
ဘယ်လောက်အားကိုးရသလဲဆိုတော့
အားပေးအားမြှောက်မလုပ်တဲ့အြ
တကယ်ရေးတဲ့အခါကျတော့လည်း ဟိုစကားလုံးက ကြမ်းပါတယ်။ ဒီဟာတော့ ပြင်းထန်လွန်းတယ်ဆိုပြီး
လိုက်တားမြစ်နေသေးသည်ဆို၏။
ဒီသတင်းကြားတော့-
"အစ်ကိုရာ ရေးချင်တာရေးပါစေ၊ လွှတ်ပေးလိုက်ပါ။ သူစိတ်ချမ်းသာရင်ပြီးတာပါပဲ
ဟုခံရမယ့် ကျွန်တော်ကိုယ်တိုင်ကတောင် ဝင်ပြီး ကူပြောပေးခဲ့ရသေးသည်။
အမှန်တော့ ဆရာကိုသန်းအုံးသည် နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်။ ကျွန်တော်တို့ စာရေးဆရာ ပေါက်စဘဝက အနားတောင်
မသီရဲလောက်အောင် သြဇာအရှိန်အဝါ ကြီးမားသောမိုးဝေမဂ္ဂဇင်းကြီ
ဆက်နေခဲ့လျှင် ဆရာတစ်ဆူအဖြစ်တလေးတစား ရှိနေပေလိမ့်မည်။ ခုတော့ သူက ကျွန်တော်တို့ငယ်နိုင်ငယ်သူ
ခင်မြဇင်နဲ့ လက်ထပ်လိုက်တော့ သူ့ကိုပါ သူငယ်ချင်းအရာသွင်းပြီး အရိုသေတန်ကုန်ကြတာပေါ့။ သူ့လူကြီးကို မျက်စိမှုန်တယ်
ပြောလို့ဆိုပြီး ခင်မြဇင်က မကျေမနပ် ဖြစ်ချင်သေးသည်။ ဒီကိစ္စနဲ့ပက်သက်ပြီး ကျွန်တော့်မှာ မငြင်းနိုင်တဲ့ သက်သေ
အထောက်အထားရှိ၏။ ဆရာကိုသန်းအုံးအနေဖြင့် ခင်မြဇင်ကို ကြိုက်မိတယ်ဆိုတာကိုက မျက်စိမှုန်နေလို့ပဲ မဟုတ်လား။
ဒီနေရာမှာ 'စာကြုံ'တုန်း တင်ပြစရာလေးတစ်ခု ရှိပါသေးသည်။ ခင်မြဇင်လိုပဲ ကျွန်တော့်ကို တုံ့ပြန်တိုက်ခိုက်ရေးသားဖိ
ကြိုးစားနေသူတစ်ယောက် ရှိနေတဲ့အကြောင်းပင်ဖြစ်၏။ ထိုသူကတော့ နာရေးဆရာမ (အဲ... ဆောရီး) စာရေးဆရာမ
သန်းမြင့်အောင်ပင်ဖြစ်၏။ သူကခင်မြဇင်ထက်စာလျှင် မဆိုစလောက်ကလေးတော့ ပိုပြီးလည်လည်ဝယ်ဝယ်ရှိတယ်ဆ
သူတစ်ယောက်တည်းဆိုလျှင် ကျွန်တော့်ကို မနိုင်မှာစိုးသဖြင့် တပ်ပေါင်းစုဖွဲ့ပြီး ရင်ဆိုင်ဖို့ကြံစည်သည်။ သူ့စိတ်ကူးက ကျွန်တော်၏
ကလောင်ဖြင့် နှိပ်စက်သောဒဏ်ခံခဲ့ရသော စာပေသမားများကို လိုက်ပြီး အင်တာဗျူးမည်။ ထိုသူများ၏ အကြံဉာဏ်ကိုပါရယူပြီး
ဝိုင်းဝန်းထိုးနှက် တိုက်ခိုက်မည်။
သူကတော့ သူ့ဘာသာ လုံလှပြီထင်နေတာ။ သူတို့အထဲမှာ သစ္စာဖောက်တစ်ယောက်က ရှိနေသည်။ ရန်ကုန်မြို့ရေကျော်လမ်းနေ
(ဆရာကြီး တက္ကသိုလ်ဘုန်းနိုင်၊ ဒေါ်နီနီခင်တို့၏ ချွေးမ၊ ကိုကျော်ဇင်ခေါ် ဘုန်းတင့်ကျော်၏ဇနီး၊ ပြည့်ပြည့်နှင့် ပုလုကွေးတို့၏
အမေ) ကံ့ကော်ဝတ်ရည်စာပေတိုက်ပိုင
လေသည်။ (စာနယ်ဇင်းကျင့်ဝတ်အရ သတင်းပေးသူ၏ အမည်ကိုတော့ ဖော်ပြခြင်းမပြုဘဲ လျှို့ဝှက်ထားပါသည်။) သူကလည်း
စေတနာနဲ့ လာသတိပေးတာတော့ မဟုတ်။ ခုလိုလာပြီး လက်ထောက်ချသဖြင့် သူ့စာအုပ်တိုက်အတွက် ဝတ္ထုစာအုပ်များ
ရေးပေးမလားဆိုသော မျှော်လင့်ချက်ကြောင့်သာဖြစ
ကျွန်တော်ကလည်း သူပြောတဲ့အတိုင်း ဟုတ်သလားလို့ အစ်မကြီး သန်းမြင့်အောင်ကို သွားမေးတော့-
"အေး... ဟုတ်တယ်။ နင့်ကို လက်စားချေချင်နေတဲ့လူတွေကတေ
ထိထိမိမိ ရှိမယ့်အချက်အလက်တွေ ရှာရခက်နေကြတယ်"
" ဒါမျိုးက အရူးလက်မှတ်ရှိတဲ့လူမှ ရေးနိုင်တာဗျ။ ဒီလိုလုပ်လေ။ တစ်ရက်လောက် ကျွန်တော့်အိမ်ကို လာခဲ့။ အစ်မကြီးတို့မသိသေးတဲ့
ငယ်ကျိုးငယ်နာလေးတွေကို ကျွန်တော့် ဘာသာပဲဖော်ကောင်လုပ်ပြီး ဖြောင့်ချက်ပေးပါ့မယ် "
"အေးဟယ်- ကျေးဇူးပါပဲ"
ကဲ- ဘယ်လောက် အူတူတူနိုင်တဲ့ ဆရာမလဲလို့။ သဖန်းသီးမှည့်ကို မျောက်ရဲ့အသည်းနှလုံးပါလို့
ပါပဲလား။ အမှန်အားဖြင့် ဆရာမသန်းမြင့်အောင်သည် ပရဟိတလုပ်ငန်းတွေကို အားကြိုးမာန်တက် ဆောင်ရွက်နေသော
စေတနာရှင်တစ်ဦးသာဖြစ်၏။ လူမှုရေးလုပ်ငန်းတွေ ဆိုရာမှာလည်း အပျံစားဝတ်စားပြင်ဆင်၊ စိန်ထည်တွေ ပြိုးပြိုးပြက်ပြက်
ဆင်ယင်လို့ရသော နေရာမျိုးမဟုတ်၊ ရေဝေးတို့ ထိန်ပင်တို့လို သုဿာန်တွေမှာ ဘယ်လိုလုပ် ဟန်ရေးပြမလဲ။ သူလုပ်နေတာ
တွေက နာရေးကူညီမှုအသင်း၊ အနာကြီးဝေဒနာသည်တွေ၊ အေအိုင်ဒီအက်စ်ဝေဒနာရှင်တွေ
ကလေးငယ်လေးတွေအတွက် ထောက်ပံ့ကူညီရသော လုပ်ငန်းများဖြစ်၏။
ဒါတွေဆောင်ရွက်နိုင်ဖို့အတွ
ပစ်ထားလို့ ဝယ်သူလာတဲ့အခါ အမြင်မတော်သော ဘေးဆိုင်တွေက ဝင်ကူရောင်းပေးထားရသတဲ့။ ခုလို ကုသိုလ်ရေးတွေကို
အိုးပစ်အိမ်ပစ်လုပ်နေတဲ့အတွ
လျှော်ဖွတ်ရေးကအစ အိမ်မှုကိစ္စတွေ တာဝန်ယူပေးထားရသည်ဟု ကြားဖူးသည်။ သူ့လို လူမျိုးကို ' မာသာသန်းမြင့်အောင်'
လို့တောင် ခေါ်ဖို့ကောင်းပါသည်။ တကယ်တော့ အစ်မကြီးသန်းမြင့်အောင်တို့
တွေပါ။ သူတို့ရေးတဲ့ စာတွေကလည်း ဘဝသရုပ်မှန် အကျိုးပြုစာပေတွေပဲ။ ဒီလိုလူတွေက ကျွန်တော့်လိုကောင်မျိုးနဲ့
အံတုယှဉ်ပြိုင်ဖို့ ကြိုးစားတာဟာ ဖဲလိမ်ရိုက်တတ်တဲ့လူနဲ့ တစ်ဝိုင်းထဲထိုင်မိတဲ့ ကျောင်းတကာလိုဖြစ်နေတော့မှာ
သူများကို မကောင်းကြံစည်ဖို့ဆိုတာ ထင်သလောက်မလွယ်လှကြောင်း သူတို့သိဖို့ကောင်းပါသည်။ ဒီလိုကိစ္စမျိုးမှာ ပါရမီ
ဓာတ်ခံကလည်း လိုသေးသည်။ ဥပမာ သူခိုးလုပ်မယ့်လူဟာ သူခိုးအင်္ဂါရပ်နဲ့တော့ ညီညွှတ်ဖို့လိုပါသည်။ ကိုယ်ခန္ဓာ တည်ဆောက်ပုံ
ကအစ ဒါရိုက်တာအောင်မင်းသိမ်းတို
သူခိုးလုပ်လို့ အကောင်းဆုံးပေါ့။ တော်ရုံ အပေါက်လောက်ဆိုလျှောခနဲ ဝင်နိုင်ထွက်နိုင်သည်။ တကောင်းစာပေက နေမျိုးသူရတို့၊
နွမ်ဂျာသိုင်းတို့လို ဘုတ်ထိုင်းကြီးတွေက သူခိုးလုပ်လို့ ဘယ်ရပါ့မလဲ။ ဓားပြလုပ်လျှင်တော့ အောင်မြင်နိုင်သည်။
ပြီးတော့ ခါးပိုက်နှိုက်ဆိုလျှင်လည်း ပန်းချီမြင့်မောင်ကျော်တို့
သိမ်းစိုးတို့၊ ဆရာလေး ဒေါက်တာတင်စံဦးတို့လို၊ ငေးငေးငိုင်ငိုင် လေးတိလေးကန်လူမျိုးတွေဆိုလှ
မိမှာပဲ။ ဒီသဘောမျိုးပေါ့။ သူများကို ပေါက်ကရ လုပ်ကြံဖန်တီးထားတဲ့စာမျိုး
လူမျိုးတွေသာ ရေးနိုင်တာ။ ကျွန်တော့်အနေဖြင့်လည်း စာပေလောကသားတွေကို ဇာတ်ကောင်လုပ်ပြီး မဟုတ်ကဟုတ်ကတွေ
ရေးရတာ လွယ်တယ်များမှတ်နေသလား။ ခေါင်းထဲက လျောလျောရှူရှူ ထွက်လာခြင်းမဟုတ်။ တချို့ဝတ္ထုတွေဆို နှစ်နဲ့ချီပြီး
ကြာတဲ့အထိ အောင်းထားရသည်။ ဒီကြားထဲမှာ အချက်အလက်တွေ စုရသည်။ ဇာတ်ကောင်တွေ နေရာချရတာကိုက တော်တော်
ဦးနှောက်စားသည်။ တကယ်ချရေးတဲ့ အခါကျတော့လည်း ဝတ္ထုတိုတစ်ပုဒ်ကို တစ်လလောက်ကြာအောင် ပင်ပင်ပန်းပန်း
ရေးရတာနော်။ (ဒီစာကိုရေးနေတာတောင် ဆယ်ရက်လောက်ရှိပြီ။)
လောကကြီးမှာ တစ်ခါတစ်ရံကျတော့လည်း မကောင်းကြံစည်ရတာက ကုသိုလ်လုပ်ရတာထက် ပိုခက်ချင် ခက်နေတတ်သည်။
အလှူခံပုံးထဲကို ပိုက်ဆံထည့်ရတာ လွယ်သလောက် ပုံးထဲကပြန်ပြီး နှိုက်ထုတ်ခိုးယူဖို့ကျတော့ အလွန်ခဲယဉ်းတယ်မဟုတ်လား။
ဒီသဘောအတိုင်းပါပဲ။ ဆရာမသန်းမြင့်အောင်တို့ ခင်မြဇင်တို့က ကျွန်တော့်ကို တုံ့ပြန်နှိပ်ကွပ်ဖို့ ကြိုးစားတဲ့အတွက် 'မျောက်တုလို့
ဝက်ခုန်ရင် ရွှံ့စင်ရုံသာ ရှိတော့မပေါ့'လို့သာ ဆိုရတော့မှာပဲ။ ဒီအကြောင်းတွေ စဉ်းစားရင်းက သူတို့အဖြစ်နှင့်ဆင်သော ကြားဖူး
ဖတ်ဖူးသည့် မြန်မာ့ရိုးရာ ဟာသပုံပြင်လေးတစ်ပုဒ်ကို သွားသတိရမိ၏။
တစ်ခါက ဘုန်းကြီးလူထွက်တစ်ယောက်သည်
လူထွက်ဆိုတော့လည်း ထုံးစံအတိုင်း အပျိုကြီးနဲ့ပဲ ရတာပေါ့။ သူ့စိတ်ကူးထဲမှာတုံးကတော့ မိန်းမရရင် အပြုအစု အယုအယခံပြီး
ဇိမ်နဲ့နေရလိမ့်မယ်ထင်ခဲ့တာ
မကိုင်တတ်။ ထမင်းဟင်းတောင် ဖြောင့်အောင်မချက်တတ်သဖြင့်
ကလည်း ရဟန်းဘဝကလာတာဆိုတော့ တတ်နိုင်သမျှ သည်းခံပြီးနေနေရသည်။ တစ်ရက်မှာတော့ ထမင်းက အရမ်းဆာနေတဲ့
အချိန်မှာ ချက်လို့ ပြုတ်လို့က မပြီးသေး။ စောင့်ရင်းက အချိန်တွေကြာလာတော့ စိတ်တိုစပြုလာပြီ။ တော်တော်ကြီးကြာမှ
ကျက်ပြီဆိုပြီး ခူးခပ်ကျွေးသည်။ ထမင်းကပျော့ပြဲနေသည်။ ဟင်းတွေက တူးခြစ်နေသည်။ ဟင်းချိုက ငန်ကျွတ်နေ၏။ ဒီမှာ
ဒေါသက ပေါက်ကွဲတော့သည်။ သို့ရာတွင် ဘုန်းကြီး လူထွက်ဆိုတော့ ဌာန်ကရိုဏ်းကျအောင်လည်း မဆဲတတ်။ စာသံ၊
ပေသံနဲ့ ဟောတာပြောတာကလည်း အကျင့်ကြီးပါနေတော့-
"နင့်အမေကလွှားကြလေကုန်တော့သ
လို့ ထအော်ဆဲလိုက်ပါသတဲ့။
ခုလည်း မျက်စောင်းတောင် အချိုးကျအောင် မထိုးတတ်ရှာကြတဲ့ အစ်မကြီး သန်းမြင့်အောင်တို့၊ သူငယ်ချင်းခင်မြဇင်တို့က
ကျွန်တော့်ကို ရန်တွေ့ဖို့ကြိုးစားကြတာဟာ သီလရှင်လူထွက်က ကျိန်ဆဲသလို-
'သေနာကောင်များရှင်...'
ဆိုသော လေသံမျိုးသာ ဖြစ်ရရှာလေကုန်တော့သတည်း။
(ကျွန်တော့်ရဲ့ စာပေဇာတ်ဆောင် စာရေးဆရာများအနေနဲ့ တုံ့ပြန်ပြီး
ကလူကျီစယ်လိုတယ်ဆိုရင် အားမနာတမ်း ရေးကြပါ။ စိတ်မဆိုးပါဘူး။
ပျော်စရာတောင် ကောင်းသေးဗျာ)
မင်းလူ
--------------------
(ရယ်စရာမဂ္ဂဇင်း အမှတ်-၁၊
ဒီဇင်ဘာ၊ ၂၀၀၅)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။