Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, March 30, 2013

အကြမ်းဖက်အထိကရုန်း လက်သယ် ဘယ်သူလဲ ? ဖေါ်လိုက်ပြီ

 

အပိုင်း (၄)

သြဂုတ်လ ၃ ရက်ကနေ လက်ပံတောင်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာလေတော့ ဦးရွှေမန်း က ပုဒ်မ (၁၈) နှင့် ပုဒ်မ (၅၀၅) ခ ကို လွှတ်တော် မှာ ထပ်ပြီး သိသာမြင်သာဖို့ ထပ်မံအဆိုတင်သွင်းပြီး ပိုခိုင်မာအောင်လုပ်ခဲ့ကြသည်။

ဦးအောင်မင်းတို့ လက်ပံတောင်းသို့ ရောက်သွားသော ကာလ မတိုင်ခင်တွင် စီမံကိန်း သို့မဟုတ် နိုင်ငံတော်ပိုင်မြေအဖြစ်သိမ်းယူထားသော အရာများအား ဆန့်ကျင်ဘက်လုပ်သူ ပါဝင်သူ ဦးဆောင်သူတွေအ...ားလုံးအား ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးကာ တရားရုံးတွင် အနဲဆုံး ဒဏ်ငွေ ၁၀ သိန်းမှ သိန်း ၅၀ အထိ ချမှတ်ရန် သက်ဆိုင်ရာတရားရုံးများသို့ လျှို့ဝှက်ညွန်ကြားခိုင်းပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား မွဲပြာကျသွားအောင် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ် ကိုကိုအား လွှတ်တော် ဥက္က ဦးရွှေမန်းနှင့် ငြိမ်းပွဲစားကြီး ဦးအောင်မင်းတို့ သြဂုတ်လ ၁၀ ရက်နေ့တွင် ဦးအောင်မင်း ၏ အချိန်းချက်နှင့် နေပြည်တော်၏ (…) ရိပ်သာတွင် ည ၉ နာရီမှ ည ၁၁း ၃၀ ထိ အသေးစိတ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြ၏။

ထိုကြောင့် လက်ပံတောင်း ပွဲနှင့် ပတ်သက်သော ကိုအောင်စိုး ဒေါ်နော်အုံးလှတို့ မည်မျှ အာမခံကြေးပေးဆောင်ရသည်ကို မေးမြန်းလျှင် အဖြေပိုရှင်းသွားပေလိမ့်မည်
မြစ်ဆုံးကိစ္စသည် သမ္မတ ဦးသိန်းစိန်၏ ရိုးရှင်းပြတ်သားသော ဆုံးဖြတ်ချက်မဟုတ်ပဲ ကစားကွက်တခုသာ ဖြစ်ကြောင်းနှင့် အနောက်အုပ်စုများ၏ သဘောကျမှုကို ပထမဆုံးရယူရန်လုပ်ခဲ့ကြောင်း ကမ္ဘာ့ဆိုရှယ်လစ် နေစဉ်သတင်း ၀က်ဆိုက်က အောက်ပါအတိုင်းတင်ပြခဲ့သည်။ သို့သော လက်ပံတောင်းကတော့ ငယ်ထိပ်မြွေပေါက်ခံရမည်ကို စိုးသောကြောင့် နိုင်ငံတော်က ပါဝင်ပတ်သက်ပြီး အကြမ်းဖက်မှု (State of Terrorism) အား ပြုလုပ်ခဲ့ကြောင်း ထင်း၇ှားပြီး ဒေါ်အောင်ဆန်းစုကြည်အား အကာကွယ်ယူ ရှောင်ထွက်ခဲ့ကြသည်မှာ ငြင်းချက်ထုတ်စရာ လိုလောက်မည်ဟု မထင်မိပါ။

The grievances of people involved in the Letpadaung protest are similar to those raised against the massive Chinese-funded Myitsone Dam hydro-electric project. The government suspended the dam in September 2011, not primarily to appease angry locals, but to send a signal to the US and its allies that it was looking to move away from China and toward the West. The Obama administration, which been encouraging such a shift, responded with a series of official visits, culminating in last month’s trip by the US president.( http://www.wsw/en/artical/2012/12/03/bur-d03 နှင့်
Weak democracy hurts Myanmar business
Global Times | 2012-11-29 1:20:04
By Global Times
http://www.globaltimes.cn/content/747170.shtml

တို့အားပြန်လည်ဖတ်၇ှု့ပါကအဖြေ ရှင်းသွားလိမ့်ည်။
ဒီဇင်ဘာလ ရ ရက် နေ့စွဲဖြင့် ရှေ့တန်းစခန်းနှင့် ကချင်ဒေသ တပ်ရင်းတပ်ဖွဲ့များသို့ မြန်မာ့ကာကွယ်ရေးရုံးချုပ်မှအစီစဉ်ကြီးတခုအခိုင်မာချမှတ်လိုက်သော အစီစဉ်ကြီးတခု ကြောက်ခမန်းလိလိထွက်လာသည်။

အကြောင်းမှာ ကချင်ဒေသ စစ်ဆင်ရေးသည် ၁၉ လကျော်ရောက်လာပြီး မည်သည့်နယ်မြေတခုမှ အမိအရ သိမ်းယူနိုင်မှု မရှိပဲ ဖြစ်ရကာ လက်ပံတောင်းဖြိုခွင်းမှုတွင် ပါ အရှက်ဟက်တက်ကွဲရသောကြောင့် ဒီဇင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၃၀ အတွင်း ကချင်ဒေသ စစ်ပွဲများ အပြီးသတ် ဆင်နွဲပြီး ဇန်နာဝရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အား ကချင်ပြည်နယ် လှိုင်ဇာမြို့ တွင် ကျင်းပမည်ဟု ဖေါ်ပြပါရှိသည်။

ထိုကြောင့် ၈၈ ကျောင်းသားများ အဖွဲ့ မှ လှိုင်ဇာတွင် ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် တွေ့ဆုံအပြီး ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ခြေလျှင်တပ်၊ အမြောက်တပ်နှင့် ဝေဟင် စစ်ဆင်ရေးတို့အား ပုံအောအသုံးပြုတိုက်ခိုက်စေပြီး ကချင်ဒေသ အမိရ ဆုပ်ကိုင်မိအောင် ကြိုးစာသော်ငြား မင်းအောင်လှိုင်တို့အဖို့ အချဉ်းနှီးဖြစ်ရပြီး နောက်ဆုံး နိုင်ငံတကာမှ ကျယ်လောင်သော စစ်ပွဲရပ်တန့်ရေး သတင်းများသာလွှမ်းမိုးသွားခဲ့ရသည်။

နောက်ဆုံး စစ်ပွဲသတင်းများအား ကာကွယ်ရေ ၀န်ကြီးဌာနမှချပေးသလောက်ကိုသာ ပြောခွင့်ရသော သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ မှူးဇော် အား ( ပြည်တွင်းစစ်တွင် တိုက်လေယဉ်သုံးခွင်ပ မရှိကြောင်း သတင်းဌာန AFP)သို့ ပြောဆိုမိရာမှ၊ ပြောရေးဆိုခွင့် ရာထူးမှ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဌ်၏ တောက်တိုမယ်ရ အကူအဖြစ်သို့ ပြောင်းရွှေလိုက်သည်။

သို့သော် ကကချုပ်ရုံးမှ ၁၉ လကျော်ကြာ စစ်ပွဲအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၅ သန်းအား အသုံးပြုပြီးကြောင်း ပြေစာရှင်းတမ်းအား သမ္မတရုံးသို့ တင်သွင်းပေးလိုက်သည်။ အကြောင်းမှာ ငြိမ်းချမ်းရေး ဆရာကြီး ဦးအောင်မင်းအား ထိုငွေအားပြန်လည်ရှာပေးရန် ဒီဇင်ဘာ ၃၀ တွင် ရာဇသံတခု ဖြစ်ခဲ့ရသည်။ (နောင်တွင် ဗဟုအဖွဲနှင့် ဦးအောင်မင်းတို့ နော်ဝေ၊ သြစတေးလျှ နှင့် ဂျပန်၊အီးယူမှပေးသော ငြိမ်းချမ်းရေးအထောက်ပံ့ အမေရိကန်ဒေါ်လာ သန်း ၃၀၀အကြောင်း ကျနော် တင်ပြပါမည်။)

၂၀၁၃ ဇန်နာဝရီလ ၄ ရက်တွင် မြစ်ကြီးနားမြို့တွင် တပ်မတော်မှ စီစဉ်ပေးသော လွတ်လပ်ရေးနေ့အား အကျဉ်းရုံး စီစဉ်ပြီးနောက် ဇန်နာဝရီလ (၆) ရက်နေ့မှ လက်ဂျားယန်ဒေသသို့ အကြီးအကျယ်ဗုံးကျဲစစ်ဆင်ရေးစတော့သည်။
ဒေါ်အောင်ဆန်းစုကြည်မှ သူမအနေဖြင့် ဖိတ်ခေါ်ခံရလျှင် ငြိမ်းချမ်းရေးအတွက် ပါဝင်ပတ်သက်ဆောင်ရွက်မည်ဟု ဇန်နာဝရီလ ၁၀ ၇က်နေ့တွင် ထုတ်ဖေါ်ပြောကြားခဲ့သောကြောင့် စာရေးသူမှ ကေအိုင်ကေသို့ ဆက်သွယ်ခဲ့ရာ ကေအိုင်အေမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် တောင်းခံစာပေါင်း ၂၂ ခုအား ၂၀၁၂ ဇန်နာဝရီလမှစပြီး ၂၀၁၃ ဇန်နာဝရီလ (၂) ရက်နေ့အထိ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အခိုင်မာဆိုခဲ့သည်။

ထို့နောက် နောက်ဆုံး စစ်ရာဇသံတခု ထပ်မံထွက်လာသည် ၊ ဇန်နာဝရီလ ၁၂ ၇က်နေ့ဖြစ်ပြီး၊ ၄င်း စစ်ရာဇသံသည် ဖေဖေါ်ဝါရီလ ၁၂ ၇က်နေ့မတိုင်ခင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင့် လှိုင်ဇာ အပြီးပြတ်သိမ်းရန် ဆိုထားသည်။ ပြည်ထောင်စုနေ့အား တောင်တန်းဒေသအတွက် လှိုင်ဇာတွင် ကျင်းပမည့်အကြောင်း ထည့်သွင်းထားခဲ့၏။

ရှေ့တန်းမှ ရဲဘော်နှင့် အရာ၇ှိများက ကကရုံးအား ဖေစုံမောင်စုံ တိုင်းထွာ ဆဲဆိုကြသည်ဟု ပေါ်တာအဖြစ် လိုက်ပါရသော ဗန်မော်မြို့သားတဦးမှ နောက်ပိုင်းတွင် သတင်းပေးပို့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဇန်နာ)ရီလ၂၄ ရက်တွင် ရန်ကုန်မှ ဟာဝိုင်ယီ (အမေ၇ိကန်ပြည်ထောင်စု) အား ထပ်မံခရီးစတင်သော နေ့သည် ကချင်တို့၏ ခါရာတောင်တန်းအား ဗုံးမိုး အကြီးမားဆုံး ရွာသွန်းဖြိုးခဲ့သောနေ့ ဖြစ်သည့်အပြင် ခါရာတောင်တန်း ဗုံး ဟောင်ဝေဇာ အမြောက်လှိုင်းအောင်တွင် ဇန်နာဝရီ ၂၇ ရက်နေ့တွင် ကျဆုံးသွားခဲ့သည်။

မြန်မာစစ်တပ်ဘက်မှ ၃၆၈ ယောက်သေဆုံးပြီး ၁၂၁၄ ယောက် ဒဏ်ရာရသော အဖြေထွက်ခဲ့ပြီး ကချင်ဘက်မှ ၄၆ ယောက်ကျဆုံးကာ ၂၃၃ ယောက် လှိုင်ဇာ ဆေးရုံရောက်သွားခဲ့၏။
ဖေဖေါ်ဝါ၇ီလ ၁ ရက် ၂၀၁၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီမှ ရန်ကုန်သို့ ပြန်ရောက်ပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ကကကြီးနှင့် နောက်ချန် လက်ပံတောင်းကော်မရှင်တို့ ရေးသားထားပြီးသော အစီရင်ခံစာအား ဒေါ်အောင်ဆန်းစုကြည်ထံပြသခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ အစီရင်ခံစားအား အသေခြာပင်မဖတ်တော့ပဲ သဘောတူလက်ခံခဲ့သည်ဟု ကော်မရှင် အတွင်းရေးမှုး မှ ပြောသည်။ သို့သေည် မတ်လ ၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ လက်ပံတောင်း အစီရင် ခံစားအား ပြန်လည်ဖတ်ရှု့ခဲ့ပြီး အချို့သော အချက်များအား ပြင်ဆင်လိုသော်လည်း သူမ လက်ခံပြီးသားမို့ ဆက်လက် ရှေ့မတိုးတော့ပဲ ထုတ်ပြန်ရန်ဆုံးဖြတ်ခဲ့၏။

သို့သော်အစီရင်ခံစားထုတ်ပြန်ရန်အတွက် အကြီးအကျယ် စဉ်းစားရသော အခြေနေမှာ အစီရင်ခံစာပါအကြောင်းရာများ မဟုတ်ရပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံအတွက် လုံခြုံရေး တည်ငြိမ်ရေးနှင့် အထမြောက် အေးချမ်းစွာ ဆောင်ရွက်နိုင်ရေးတို့အား ဦးစားပေး စဉ်းစားခဲ့ကြပြီး ဒီချုပ်ညီလာခံ ပြီးမှသာလျှင် လက်ပံတောင်း အစီရင်ခံစားအား ထုတ်ပြန်ရန် နေပြည်တော်နှင့် တိုင်ပင် ဆုံးဖြတ်ခဲ့သည်ကို ဒီချုပ်မှ ငြင်းဆိုလျှင် ငြင်းဆိုသော သမိုင်းတရပ် ကျန်ရစ်ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ပံတောင်းကော်မရှင်မှ အစီရင်ခံစာထုတ်ပြန်ရန် လုံခြုံရေး ထောက်လှမ်းရေးအစီစဉ်များအား ရဲချုပ်မှ တင်သွင်းသော မတ်လ ၈ ရက် ၂၁၀၃ တွင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ပြီး မတ်လ ၁၂ ရက်တွင် ဂျာနယ်များသို့ပေးပိုပြီး ကော်မရှင် ဥက္ကဌမှ မတ်လ ၁၃ ရက် ကိုဖုန်းမော်ကျဆုံးသောနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်ရေးနေ့ဟု အတိုက်ခံတို့ဘက်မှ တောင်းဆိုထားသော နေ့တနေ့အား ပြက်ပြယ်ရန် ဦးအောင်မင်းနှင့် ဦးရွှေမန်း၊ ရဲချုပ် ကိုကိုအပြင် ဦးခင်ရီပါသော အစည်းဝေး မတ်လ ၃ ၇က်နေ့တွင် အကျင်းရုံးနေပြည်နော်ဝယ် ပြုလုပ်ကာ တမင်သကာ ချမှတ်ပြီး အကွက်ဆင်၍ လုပ်ခဲ့ကြ၏။

မှတ်ချက် အပိုင်း(၅) နိဂုံးပိုင်းတွင် မိတ္ထီလာ အကြောင်း အဖြစ်မှန်နှင့် အကြံစည်များအား တင်ပြပေးပါမည်။

ဂိုလ်ရှယ်လေး

စာဖတ်မိတ်တွေများအား အထူးကျေးဇူးတင်ပါသည်


အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ ? ဖေါ်လိုက်ပြီ
အပိုင်း(၁) ၊ (၂) ၊ (၃) ၊ (၄)
Posted by Minmaha Bagan on March 26,2013

------------------------------------------------------------

အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ ? ဖေါ်လိုက်ပြီ
အပိုင်း(၁)
26 March 2013
Posted by Minmaha Bagan on Tuesday, March 26,2013 at 6:52 PM

ဆဲချင်သလိုဆဲ မတတ်နိုင်တော့ပြီ အမှန်ကိုတော့ ရေးတော့မည်။
...
ဗိုလ်သန်းရွှေ ဗိုလ်မောင်အေးတို့မဆင်းခင်လေး ရှုပ်ထား ယုတ်ထားသမျှ ကျနော့ဆီ အရောက်ပေးပို့လာကြသော တပ်မတော် အရာရှိကလေးများကိုတော့ အားနာသည်။ သို့သော် အမှန်တရားအတွက် ကျနော်ဖေါ်ကောင်လုပ်ပေးတော့မည်။

ပြသနာအစက အမေရိကန် အထက်လွှတ်တော် အမတ် ဂျင်ဝက် မြန်မာပြည်သွားသော ကာလတွင် ဗိုလ်သန်းရွှေနှင့် တရုတ်တို့ ချေခြင်းလိမ်တော့သည်။

ဗိုလ်သန်းရွှေတို့ တပ်မတော်က အကြွေးအလွန် ထူနေသောကြောင့်ထွက်ပေါက် ရှာရေးမဟာ ဗျူဟာခင်းခဲ့ကြသည်။

ဂျင်ဝက် ၏ ချီးကျူးထောပနာပြုမှုအတွက် အမြတ်ထွက်အောင် ဘဘကြီး ဗိုလ်ရွှေ ကိုယ်တိုင်တွေ့ ဆုံပြီး ရှေးမြန်မာအနာဂတ်အတွက် အကြေလည်ရှင်းပြပြီး ၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်း ဂျင်ဝက်နှင့် နိုင်ငံတကာသို့ လက်ဆောင်ပါးလိုက်သည်။

ရွေးကောက်ပွဲကျင်းပရန် ၂ လခွဲတင်းတင်းလောက်လိုသော ၂ဝ၁ဝ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ဂျင်ဝက်အား ဗိုလ်သန်းရွေက ၂ နာရီကြာမျှတွေ့ဆုံပြီး အသေးစိတ်ချပြကာ ၄င်းလိုချင်သော အခြေနေအား နားချသည်။ တဖက်မှလဲတရုတ်ပြည်နှင့် နားလည်မှုရအောင် Lion Share ဟုခေါ်သော စီမံကိန်းကြီးများဖြင့် မက်လုံးပေးထားသည်။ သို့သော် နိုင်ငံတကာ ကြွေးမြည်အား တရုတ်မှ ဆပ်ပေးမည်မဟုတ်သကဲ့သို့ ပိတ်ဆို့မှုများဖြင့် တင်းကြပ်နေသော မြန်မာ စစ်အစိုးရက ဂျင်ဝက်ဆိုသော အမေရိကန်ဆီးနိတ်အမတ်အား ငါးစာလုပ်ပြီး နိုင်ငံတကာ ငါးပွက်အိုင်ကြီးထဲသို့ ပစ်ချခဲ့သည်။

ဗိုလ်ချုပ်မှုးကြီး အရူးကြီးသန်းရွှေနှင့် တွေ့ခဲ့ပြီးသော ဂျင်ဝက်က တက္ကသိုလ်ရိပ်သာလမ်း မှ နိုင်ငံ
တော် အချုပ်အိမ်စံ တပင်တိုင် အတိုက်ခံ သမားကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သွားတွေ့ သည်။
ဒေါ်အောင်ဆန်းစုကြည်အား ဒေါသလျော့ဖို့နှင့် ဥာဏ်ကျယ်ကျယ်ဖြင့်စဉ်းစားဖို့ ဂျင်ဝက်က တိုက် တွန်းသည်။ ဒေါ်အောင်ဆန်းစုကြည်အား ဥပဒေဘောင်အတွင်းထဲမှ နိုင်ငံရေးနှင့် မိမိယုံကြည်ချက် ကို လုပ်ကိုင်ရန် ဂျင်ဝက်က မေတ္တာရပ်ခံသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျင်ဝက်တို့ ဆွေးနွေးပွဲ အခြေတော်တော်မလှပဲ ရုတ်သိမ်းခဲ့ရသည်။

(အမေရိကန်သံရုံးမှ၎င်းနိုင်ငံခြားရေးဌာနသို့ ပေးပို့သော သတင်းအား ဝီကီလိ က ဖေါက်သယ် ပြန် ချခဲ့သည်)။

ဂျင်ဝက် ပြန်သွားသောအခါ တရုတ်သံရုံးမှ နိုင်ငံတော် အေးချမ်းသာယာရေးကောင်စီသို့ တရုတ်ပြည် မှ သံစာ တစောင် ပေးပို့သည်။ ၄င်းစာပါအရ ဗိုလ်သန်းရွှေနှင့် အခြားသော စစ်အရာ ရှိများ ဂျင်ဝက်နှင့် ဆွေးနွေးထားသောကိစ္စများအား အင်္ဂလိပ်သို့ ဘာသာပြန်အဖြစ် တရုတ် က တောင်းခံခဲ့သည်။

ထိုအချိန်တွင် ဗိုလ်သန်းရွှေလုပ်သမျှ ဘောလိုက်မနေသော မင်းအောင်လှိုင်(ယခု ကာချုပ်) မှ အားလုံး တရုတ်ပြည်ဆိုင်ရာ ကိစ္စများအတွက် လိုလေသေးမရှိလုပ်ပေးသည်။ ထိုအချိန်က ဗိုလ်ချုပ်မြင့်အောင် (ယခု ထောင်ဒဏ် ၁၅နှစ် သာယာဝတီ အကျဉ်းထောင်) က တရုတ်အား မိမိတို့၏ နိုင်ငံတကာ သံတမန်ကိစ္စများ အသိပေးတင်ပြရမည်မှာ အဓိပ္ပါယ် မရှိကြောင်း ပြောဆိုခဲ့ မှုကြောင့် ဗိုလ်သန်းရွှေမှ မျက်မုန်းကျိုးသွားခဲ့သည်။

ထိုကြောင့် ၂ဝ၁၁ ခုနှစ်ဖေဖေါ်ဝါရီလတွင် ဗိုလ်ချုပ်မြင်အောင်အား ၄င်း၏ အောက်လက် အရာရှိ
ဖြစ်သူ ယခု အာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၏ ညွန်ကြားမှုအောက် တွင် တာဝန်ထမ်းဆောင်ရန် ဗိုလ်သန်းရွှေ မှ ညွန်ကြားမှုအား လက်မခံနိုင်ဖြစ်ပြီး ဆင်ခြေပေး
ထောက်ပြမိရာမှ ထောင်နန်းစံသူအဖြစ်သို့ပို့ဆောင်ခံခဲ့ရ၏ ။ အကြောင်းမှာ ဗိုလ်ချုပ်မြင့်အောင် သည် တရုတ်ပြည်အား မြန်မာ အစိုရမှ အလုံးစုံကြောက်ရွံ့ မှီခိုအားထားနေမှုအား တပ်မှူးများ၏ အစည်းဝေးအချို့တွင် မကြာခဏ ထောက်ပြလေ့ရှိသောကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

တရုတ်ပြည်မှ ပိုပြီးယုံကြည်မှုရစေရန်နှင့် မိမိအား အကာကွယ်ပေးရန် ဗိုလ်သန်းရွှေအပါဝင် စစ် ဝန်ကြီးများနှင့် တကွ စီးပွါးရေးလုပ်ငန်းရှင် ခရိုနီများဖြင့် စက်တင်ဘာလ (ရ)ရက်နေခင်း ၁ဝ နာရီ တွင် စိတ်ကောက်တော်မူနေသော တရုတ်သမ္မတ ဟူချင်တောင်းနှင်ပ တွေ့ဆုံပြီး ၄င်းပြုလုပ် ထားသော ဗျူဟာ များအား အသေးစိတ် တင်သွင်းခဲ့သည်။ သို့သော် သတင်းဌာနများနှင့် သံတမန် ရပ်ကွက်များတွင် ကုန်သွယ်ရေးနှင်ပ ရွေးကောက်ပွဲများအကြောင်းကို သာ ကူညီဆောင်ရွက် လက်တွဲဖို့ရှိကြောင်း တင်ပြထားခဲ့သည်။ (China lauds 'friendly' Myanmar as junta leader arrives By Dan Martin (AFP) – Sep 7, 2010) ဆောင်းပါးကို ပြန်လည် ဖတ်ရှု့နိုင်သည်။

တရုတ်နိုင်ငံ သံတမန်များမှတဆင့် နိုင်ငံတကာသို့ သံချောင်းခေါက်ကာ ဗိုလ်သန်းရွှေ တို့ ၏ ရွှေးကောက်ပွဲအတွက် စည်းရုံးပေးခဲ့ကြသည်။ ဗိုလ်သန်းရွှေတို့ကလည်း တရုတ်တို့ဘက်သို့ Lion Share အားလုံးအားပေးသည့် အနေဖြင့် မြစ်ဆုံရေကာတာနှင့် လက်ပံတောင်းစီမံကိန်း အပါဝင် စီမံကိန်းအကြီးစားပေါင်း ၁၂၄ ခု ပေးခဲ့သည်။ ထို့အပြင် မြစ်ဆုံဒေသ လုံခြုံရေးအတွက် တိုင်းရင်းသားလက်နက်ကိုဖြစ်သော ကချင်တိုင်းရင်းသားများအား အမြစ်လှန်ဖယ်ရှားရေးကိုပါ ဝန်ခံကတိပြုခဲ့သည်ကို သက်သေအထောက်ထားတိကျစွာ စာရေးသူထံတွင် လက်ဝယ်ရှိပါသည်။

ထို့အပြင် ၂ဝဝ၉ ခုနှစ်ကပင် တရုတ်တို့နှင့် သဘောတူခဲ့သော နှစ် ၅ဝ ကြာ စာချုပ်ဖြင့် ရခိုင် ကမ်းလွန်ဒေသမှ ရှည်လျားကွေးကောက်သော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေးသည် အလွန် အရေး ပါသော အခြေနေသို့ ရောက်ရှိခဲ့ပြီး ၂ဝ၁ဝ ရွှေးကောက်ပွဲ ပြီးဆုံးသွားသည့်နောက် တရုတ် စီးပွားရေး ရင်းနှီးမြုပ်နှံမှုအား ထိကပါးရိကပါး အခြေနေ သို့ ရောက်ရှိလာ မည်ဖြစ်သော မြစ် ဆုံရေကာတာ ဖြစ်သော အမြင့်ပေ ၄၅၈ ရှိပြီး အလျားပေ ၄၂၉၇ပေးခွဲရှိသည့် ရေ ကာတာကြီး အား မြန်မာပြည်သူတရပ်လုံးမှ ကန့်ကွက် ဆန္ဒပြကြရာမှ သမ္မတ ဦးသိန်းစိန်အနေဖြင့် လူထု ယုံကြည်မှုအား ၄င်းမှ တည်ဆောက်ပြရန်အလို့ဌာ ခေတ္တရပ်ဆိုင်းရန် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ လ နေခင်း ၁၁ နာရီ တွင် ကြေငြာချုက်ထုတ်ခဲ့သည်ကို တရုတ်ပြည်အစိုးရ အထင်မမှားစေ ရန် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် အား တရုတ်ပြည်သို့ အောက်တိုဘာလ တွင်စေ လွှတ်တောင်းပန်ခိုင်းကာ နှစ်သိမ့်မှုလုပ်ခဲ့ရ၏။

ထိုနောက် ရခိုင်ဒေသ မှ သွယ်တန်းမည်ဆောက်လုပ်နေသော ဂစ်ပိုက်လိုင်းကြီး၏ လုံခြုံရေး အတွက် အောက်လမ်းနည်းဖြင့် မသမာသော အစီမံများလုပ်ဆောင်ရန် အသေးစိတ်အစီစဉ်များ အား တရုတ်သို့ တင်ပြခဲ့ပြီး၊ ရခိုင်ဒေသအတွင်း မတည်ငြိမ်မှုများအား စတင်အကောင် ထည်ဖေါ်
ဆောင် ရွက်ရန် ဝန်ကြီး ဦးအောင်သောင်းတို့ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်မည့် အစီစဉ်များ စတင် ခဲ့သည်။

အပိုင်း(၂)အား မနက်ဖြန် မတ်လ ၂၇ ရက်တွင် ဆက်လက်ဖေါ်ပြပါမည်။
ကျေးဇူးတင်ပါသည်။

ဂိုလ်ရှယ်လေး

-----------------------------------------------

အကြမ်းဖက်အထိကရုံန်း လက်သယ် ဘယ်သူလဲ? ဖေါ်လိုက်ပြီ
အပိုင်း (၂)
Posted by Minmaha Bagan on Thursday, March 28,2013 at 5:55 AM

ဦးအောင်သောင်းတို့ ကချင်ပြည်နယ်ဘက်သို့ ငြိမ်းချမ်းရေးတမန်တော်ကြီးအဖြင့် ၂ဝ၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် မြန်မာ စစ်ဘက်မှ ကေအိုင်ကေတို့ နေရာယူထားသော တာပိန် ရေအား လျှပ်စစ်ဓါတ်အားစက်ရုံတည်ရှိရာသို့ သွားသော လမ်းကြောင်းမှ ဖယ်ရှားရန် တရုတ်ပြည်အစိုးရ အား ကတိပေးထားသည့်အတိုင်း ကေအိုင်အေနှင်ရ ၁၇ နှစ်ကြာချုပ်ဆိုထားသော စာချုပ်အား စစ်ပွဲဖြင့် စတင်ပျက်ပြယ်စေခဲ့သော ပြည်တွင်းစစ်အား ပြန်လည်ငြိမ်းအေးရန် ကြံ့ဖွတ်နဲ့ ဦးအောင်သောင်း တို့ လုပ်လာကြသည်။ ထိုတာပိန်ရေအားလျှပ်စစ်စက်ရုံသည် တရုတ်ပြည်မှ အင်ဂျင်နီယာ ၉ဝ ရာနုံန်းဖြင့် ဝင်ရောက်လုပ်ကိုင်ပြီး ယူနန်ပြည်နယ် မီးလင်းရေးကို ဦးတည် ထားသော စက်ရုံဖြစ်သည့်အတွက် တရုတ်အစိုးရ၏ အထောက်ပံများ မြန်မာ စစ်ဘက်ဆိုင်ရာ
နောက်တွင် ရှိနေကြောင်း နယူးယောက်တိုင်းသတင်းစာမှ သြဂုတ်လ ၇ ရက်နေ့တွင် အတိလင်း
သေားထောက်ပြထားသည်။

ဒီဇင်ဘာ ၁၂ ၇က် ၂ဝ၁၁ ခုနှစ်တွင် စစ်ပွဲကြောင့် ဒုက္ခသယ်အရေး နိုင်ငံတကာသို့ ပုံပွလာသော အခါ ဦးအောင်သောင်း နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း ဦးသိန်းဇော်နှင့် ယခု ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးလုပ်ဆောင်၇န် ရွှေလီတွင် ကေအိုင်ကေ အကြီးကဲများနှင့် တွေ့ ဆုံဆွေးနွေးကြောင်းကို နိုင်ငံတကာသို့ လော်ဘီလုပ် ခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက် ၂ဝ၁၁ ခုနှစ်နေ့ရက် တွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနမှအမိန့်ဖြင့် ကချင်ဒေသ သက်ဆိုင်ရာ နယ်မြေ အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များအား စစ်ရေးလှုပ်ရှားမှုများအား ရပ်တန့်ထားကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြပြီး နိုင်ငံတကာ စစ်ရေး အကဲခတ်များအား ဗြောင်လိမ်ခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ဖားကန့်ဒေသတွင် တိုက်ပွဲများ အပြင်းထန် ဖြစ်နေသောကြောင့် ဆိုနိုင်သည်။

ကချင်ငြိမ်းချမ်းရေးလုပ်မည်ဟု လေလုံးထွားခဲ့သော ဝန်ကြီးများ အရှက်ကွပြီး မြားဦး လှည့်လာ သည် မှာ ရခိုင်ဒေသ ဖြစ်လာခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းပြသနာ စတင်ရန် ၀န်ကြီးလက်သယ်အချို့ အာရုံစိုက်ခဲ့ရသော အကြောင်း ရင်းခံတခု အခိုင်မာ တင်ပြရသော် ရခိုင်ပြည်နယ်သားများ၏ အခွင့်ရေးအရ ခံစားပိုင်ခွင့်အား ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်အမတ် (ကျောက်ဖြူမြို့နယ်) ဒေါက်တာအေးမောင် (ရခိုင် အမျိုး သား တိုးတက်ရေး ပါတီဥက္ကဌ) နှင့် ဦးဘရှင်တို့ မှ ဇန်နဝါရီလ ၁ ရက်နေ့ တွင် ကျောက်ဖြူမြို့  နယ် နာစင်ရှိရာနေရာသို့ လူထုအစည်းဝေးခေါ်ယူကာ ရခိုင်ပြည်သူများအား ရခိုင်ပြည်မှ ထွက် ရှိသော သံယံဇာတများအတွက် ခံစားခွင့်ရှိကြောင်းကို ၂ဝဝ၈ ဖွဲ့စည်းပုံတွင် မည်သို့ ပြဌာန်း ထားကြောင်းကို စုရုံးခွင့် ရရှိသော လူထု ၅ဝဝ အား ပြောကြားခဲ့သည်က စလာသည်ဟု ဆိုနိုင် သည်။

Aye Maung said the main aim of holding the public conference is to mobilize the local Arakanese people as well as their brethren of other ethnic nationalities for their wider participation in making demands on the gas project for the development of Arakan State.

“We will make demands just for what we should get from our union and we hope all Arakanese people and our ethnic brothers with their kind hearts will support our move to strive for our regional development and hope the responsible authorities in all levels will do their best to meet our demands,” he said.

He also said his party would be able to make known to the central government what local people are expecting from the Shwe Gas Project after holding public conferences in the region, although lawmakers from his party had not received any positive answers from the union ministers when they raised questions about the project last September, with the aim of softening the stance of the central government over the region’s natural resources.

“No matter how the regional natural resources are being centralized in the 2008 constitution, we hope the government will consider the fact that every region or division needs to use its own resources for its development,” he said.

The regional election commission granted permission on 27 December for the RNDP to hold the public conference, which is scheduled from 5 pm to 11 pm on 1 January at the clock-tower grounds in Kyaukpru. It was learned that only 500 people are allowed to take part in the conference, and six senior leaders of the party, including Dr. Aye Maung and U Ba Shin, the legislator from People’s Parliament in Kyaukpru, will speak at the conference.

http://www.narinjara.com/main/index.php/colonial-era-explotation-should-be-avoid-dr-. တွင် ပြန်လည်ဖတ်ရှု့နိုင်ပါသည်။

ဒေါ်အောင်ဆန်း စုကြည်လွတ်ခါနီ အချိန်လေးမှာပင် အမေရိကန်အစိုးရမှ နိုင်ငံခြားရေးဆိုင်ရာ သံတမန်ကြီး ၂ ကြိမ်နှင့် အာရှရေးဆိုင်ရာ သံတမန်ကြီး တို့ ၁ကြိမ် သွားရောက်တွေ့ဆုံခွင့် ရသော အခြေနေအား ဗိုလ်သန်းရွှေတို့မှ ဖန်တီးကာ မက်လုံးပေးခဲ့သည်။ ဒေါ်စုလွတ်လာသောအခါဝယ် လက်ရှိ ၂ဝဝ၈ ဥပဒေလမ်းကြောင်းမှပင် လျောက်လှမ်းစေရန် သံတမန်ကြီးများကလဲ ပထမဦးဆုံး သံခင်းစတင်ရေးသယ်ယူလာသော ဂျင်ဝက်ကဲ့သို့ပင် အခင်းကျင်းအထောက်ပံ့ များ ပြု လုပ်နိုင်
အောင် ဆောင်ရွက်ပေးကြသည်ကို နေပြည်တော်မှ သဘောတော်ကျနေခဲ့ကြ၏။

ထိုကာလတွင် နိုင်ငံရေးနှင့် ဒီမိုကရေစီအရေးတက်ကြွသော အသွင်များသာ ရှေ့တန်းရောက် ရှိနေပြီး တိုင်းပြည်တခုလုံး အလွန်သာယာသော အခင်းကျင်း ကြီးသဖွယ် တွေ့မြင်နိုင်သည်။

သိပ်မကြာ ရွေးကောက်ပွဲ ၂ဝ၁၂ တွင် ကြားဖြတ် ရွေးကောက်ပွဲ ဧပြီလ ၁ရက်နေ့ပြီးနောက်ပိုင်း
မေလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင်း ကျမ်းကျိန်ဆိုပြီးနောက် ၃ ပတ်အကြာ မေလ၂၈ ရက်နေ့မှစကာ ပြသနာတက်တော့၏။

ကျောက်နီမှော်ကျေးရွာသူ မသီတာထွေး အား ရိုဟင်ဂျာ အစ္စလမ်ဘာသာဝင် အမျိုးသား၃ ဦး မှ အဓမ္မပြုကျင့်သည်ကို ရွာသားများ သိသိခြင်းပင် သက်ဆိုင်ရာသို့ မေလ ၂၈ ရက်နေ့ညတွင်းမှာပင် တိုင်ကြားခဲ့ကြောင်း အားလုံးသိသည်။

ကျောက်နီမှော်ရွာသားများမှ ပြသနာတစုံတရာ ပြုလုပ်ခြင်းမရှိပဲ သက်ဆိုင်ရာ၏ အရေးယူဆောင် ရွက်မှုကိုသာ မျှော်လင့်နေခဲ့သည်။ ၂၉ ရက်နေ့ မေလတွင် မသီတာထွေးအား မုဒိန်းကျင့် သတ်ဖြတ်သူများဟူ ယူဆရသူ ၃ဦးအား မောင်းတော ရဲစခန်း၏ ညွန်ကြားချက်ဖြင့် လာရောက် စစ်ဆေးကြောင်း သတင်လွင့်ပြီး ကျောက်နီမှော် ရယက ရုံးတွင်ပင် အကျဉ်းရုံးစစ်ဆေးပြီး ပြန် လွှတ်ပေး လိုက်ပြီး ၄င်းနေရာတွင် စောင့်ကြည့်နေကြသော ရခိုင်အမျိုးသား အမျိုး သမီး ဒေါသ အိုးကို ပိုပြီး ပေါက်ကွဲလာအောင် ဒုရဲမှူး လှအေးမောင်က ဖန်တီးပြခဲ့၏ ။

မေလ ၃ဝ ရက်တွင် ရခိုင် အမျိုးသားများ မကြေနပ်သံကျယ်လောင်ပြီး အုံးထနေသောကြောင့်
ကျောက်နီမှော် ရယက မှ ရဲသို့ အကြောင်းကြားကာ အဆိုပါတရာခံ ၃ ဦးအား လာရောက်ခေါ်
ဆောင် သွားစေခဲ့ပြီး ရမ်းဗြဲရဲစခန်းသို့ ပို့ဆောင်ခဲ့သည်မှာ သမာရိုးကျ လုပ်ရိုးလုပ်စဉ် မဟုတ်
ကြောင်း ကောက်ချက်ချနိုင်သည်။

ထိုအကွက်သည် ဝန်ကြီးအောင်သောင်းတို့ ၏ အကွက်ထဲသို့ ရောက်သွား၏ ၊ ရခိုင်ပြည်နယ် ဝန်ကြီး ဦးလှမောင်တင် သည် ဦးအောင်သောင်း ၏ ပေးတာယူ ကြွေးတာစားသော အခြွေ ရံဖြစ်နေခဲ့၏ ။ ဇွန်လ ၃ ရက်နေ့တွင် မူဆလင် ဘာသာဝင် ၁ဝ ဦးအား မူဆလင်များ ၏ ရှေ့ 
မှောက်မှာပင် တောင်ဂုတ် ကားဂိတ်တွင် အုံးအုံးကြွက်ကြွက် သတ်ဖြတ်ပြခဲ့သည်။

ဖြစ်ပွားပုံမှာ သံသယကင်းဖွယ် အစိုးရ လက်သယ်များ ပါဝင်ပတ်သက်နေ၏ ။ တောင်ကုတ် ကားဂိတ်တွင် နဆက အရာရှိ ၃ ဦးမှ ကားပေါ်တက်ကာ မှတ်ပုံတင်စစ်ဆေးခြင်းများပြုလုပ်ရန် ကားပေါ်မှ အားလုံးဆင်းပေးရသည်။

ထိုနောက် မှတ်ပုံတင်များတဦးခြင်းစစ်ဆေးပြီး အဆိုပါ မူဆလင် ၁ဝ ဦးနှင့် အခြားရခိုင် တိုင်းရင်း သား ၄ ဦးကိုသာ ကာပေါ်ပြန်တက်ခွင့်ပြုပြီး ကားထွက်ခွင့်ပြု လိုက် သည်။ တောကုတ် ကားဂိတ် တွင် မြန်မာ အမျိုးသား ၆ ဦးနှင့် ရခိုင်းအမျိုးသမီး ၅ ဦးကျန်နေရစ်သည်။ မူဆလင်၁ဝ ဦးတွင် ပါ လာသော လက်ကိုင်ဖုန်း ၃လုံး အား ဖုန်းကိုင်ဆောင်ထားမှု အထောက်ထား မခိုင်လုံဟု ဆိုကာ နဆကမှ သိမ်းယူထားလိုက်သည်။

တောင်ဂုတ် ကားဂိတ်မှ ကားစထွက်ပြီး ကိုက် ၃ဝဝ လောက်မှာပင် ဆိုင်ကယ်စီးလူတအုပ်က ၄င်းကားအား တားဆီးပြီး ကားပေါ်တက်ကာ သတ်ဖြတ်နေသည်ကို လက်နက် ကိုင်ဆောင် ထားသော မောင်းတော ကားဂိတ်မှ လှမ်းမြင်နေကြသော နဆက နှင့် ရဲဝန်ထမ်းများ တုပ်တုပ်မျှ မလှုပ်လှမ်းကြည့်နေခဲ့ကြသည်ဟု မောင်းတောကားဂိတ်တွင် ဆင်းကျန်ရစ်ခြင်းခံရသော ခရီးသည် က ဖေါက်သယ်ချပါသည်။

၎င်းအမှုခင်းဖြစ်ပွားလာသည်နှင့် ပိုပြီး မီးတောက်ကြီးမားလာအောင်နေ့စဉ် ထုတ် အစိုးရ
မြန်မာ့အလင်း သတင်းစာ ဇွန်လ ၄ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်းတောအရေးခင်းအား အသေးစိတ်ရေးသားဖေါ်ပြထားပေးပြီး မီးလောင်ရာ လေပင့်ပေးသည့်အနေဖြင် ထပ်ပြီး ကြီး ထွားအောင် သတင်းစာ တွင် စကားလုံး အသုံးနုံန်းများအား ခက်ခက်ထန်ထန်လုပ်ပေးလိုက်ကြ၏။

ဇွန်လ ၈ ရက်နေ့ နေ့ခင်း ၁၂ နာရီ တွင် ရွှေဇာ ဗလီသို့ ဝတ်ပြုရန်သွားရောက်ကြသော မူဆလင် လူငယ်များအားလုံးနီးပါ ဒုတ် ဓါး လက်နက်များ ကိုင်ဆောင်ကာ ၄င်းဗလီကြီးအား စုရုံးသွားနေကြ သည်ကို လုံခြုံရေးတာဝန်ရှိသူနှင့် နဆက ဝန်ထမ်းများမှ ခွင့်ပြုခဲ့၏ ၊ အဆိုပါ နေခင်း ဗလီ ဝတ်ပြု
ပြီးသော နေခင်း ၁ နာရီ တွင် ဘန်ဂါလီမူဆလင်များသည် ၄င်းတိုပ ရွှေဇာ ဗလီမှ ထွက်လာ သည်နှင့် မောင်းတောမြို့ရှိ ဗုဒ္ဒဘာသာ ဘုန်းကြီးကျောင်းနှင့် ဘာသာဝင်များအား မီးကုန်ယမ်းကုန် တိုက်ခိုက်နေသည်ကို ညနေ ၄ နာရီအထိ လုံခြုံရေးများ ရပ်ကြည့်နေခဲ့သည်။

မောင်းတောမြို့၏ အချက်ခြာကျသော အဆောက်ဦးများ စားသောက်ဆိုင်များ နေအိမ်များ အပြင် ကမ္ဘောဇ ဘန်တို့ ကိုပါ အားရပါးရ ဖျက်ဆီးခွင့်ပြုခဲ့သည်ကို arakanland.com တွင် တင်ပြ ထားသော ဗွီဒီယိုဖိုင် များနှင့် Eleven Media Group တို့မှ ရိုက်ကူးထားသော ဓါတ်ပုံအထောက် ထား များက သက်သေ ခံဖြစ်နေခဲ့သည်။

ထိုဖြစ်ရပ်ုကြောင့် ရခိုင်ပြည်နယ်ရှိမြို့များတွင် ကြီးမားသော ရန်ပွဲများဆထက်တံပိုးကြီးမားခဲ့  ရပြီး နောက်ဆုံး ဇွန်လ ၈ ရက်နှေ့ညမှ စတင်ကာ စစ်တပ်အုပ်ချုပ်ရေး ပုဒ်မ ၁၄၄ အား တမြို့ပြီး တမြို့ ထုတ်ပြကာ လက်နက်ကိုင် စစ်တပ်များအား ရခိုင်ပြည်နယ်သို့ ပထမဆုံး ထိုးသွင်းခဲ့၏။

ရည်ရွယ်ချက်မှာ ဗိုလ်သန်းရွှေ့တို့ တရုတ်ပြည်အား ဂတိပြုထားသည့်အတိုင်း တာဝန်ယူထားသော ရခိုင်ပြည်မှ သွယ်တန်းထားသည့် ဂစ်ပိုက်လိုင်းလုံခြုံရေးနှင့် ဂစ်ပိုက်လိုင်းဖြတ်သန်းရာဒေသ ဝန်းကျင်းအတွင် အဓမ္မ လယ်မြေသိမ်းမှုများအတွက် အမှောင်ချနိုင်ရန် စစ်တပ်ဖြင့် ထိန်းကွပ်ကာ အားလုံးနေရာယူသွားနိုင်အောင် အကွက်ကျကျ စီစဉ်သည်မှာ ထင်ရှားသိသာလွန်းသည်။

ရခိုင်ပြည်နယ်အတွင်းအရေးခင်းမြင့်မားလာသောအခါ ရခိုင်တွင် ပွနေသော ဖရိုဖရဲ ဘဝများ အားနိုင်ငံတကာမှ ဝေဖန်မှုများကြီးမားလာသောအခါ နေပြည်တော်မှ သမ္မတ အပါဝင် ဝန်ကြီးများ မှ အကူညီပေးရေးအား ၂ဝ၁၂ ဇူလိုင်လ ၂၂ တွင် အိုအိုင်စီအား ပြည်တော်သွင်းရန်း သဘောတူ ခဲ့ကြပြီး အိုအိုင်စီနှင့် စာချွန်လွှာ လက်မှတ်များရေးထိုးပြကာ ဗုဒ္ဓဘာသာဝင် တိုင်းပြည် အနှံ ဒေါသူ ပုန်ထအောင် စနက်တံ မီးတို့ပေးလိုက်ကြသည်။

ထိုနောက် မလေး၇ှားမှပေးပို့သော ရခိုင်ပြည်မှ ဒုက္ခသယ်များအတွက် ပေးပို့သော ပစ္စည်းထုတ်များ တွင် ရိုဟင်ဂျာ ဒုက္ခသယ်များ၏ ဓါတ်ပုံးများ ဖေါ်ပြထားသည် စတေကာများအား ရန်ကုန် ဆိပ် ကမ်း တွင် ၂ဝ၁၂ ခု စက်တင်ဘာလ ၁၄ ရက်နေ့တွင် အကောက်ခွန်ဌာနမှ အောက်ခံ ကပ် သွင်းပေးပြီး၊ ရခိုင်ပြည်ဘက်သို့ ပို့ကာ ထိုအထုတ်ပိုးများတွင် ရိုဟင်ဂျာ ဒုက္ခသယ်ပုံရိပ်များကပ် ထားကြောင်း စက်တင်ဘာ ၂၉ ရက်နေ့တွင် လုံခြုံရေးဝန်ထမ်းများမှ စတင် ဖေါ်ထုတ်ပြ သ
သော သွေး ထိုးလှုံ့ဆော်သည့် ပုံရိပ်အား ငပွလုပ်ခဲ့ကြ၏ ။ (သတင်း အရင်းမြစ်သည် အကောက် ခွန်ဝန်ထမ်းမှ)

The aid has been loaded into 40 containers and will be send on board a vessel from Port Klang.

“We will be transporting it by a commercial vessel as requested by the Myanmar government, and the vessel is expected to leave next Wednesday.

“It will take four days to reach Yangon Port, and from there, it will take us two days by truck to reach Rakhine state,” he said.

He hoped that Prime Minister Datuk Seri Najib Razak and former prime minister Tun Dr Mahathir Mohamad would be able to send off the vessel.

Abdul Azeez thanked the Myanmar government for its support and cooperation in helping the club to undertake the humanitarian mission.

Read more: Humanitarian aid to people in Rakhine, Myanmar - Latest - New Straits Times http://www.nst.com.my/latest/humanitarian-aid-to-people-in-rakhine-myanmar-1.145809#ixzz2Omi4UNae

အစ္စလမ်ဘာသာဝင်များအထဲတွင် အတွေးခေါ် အားနည်းသော ၊ ဘာသာတရားအား တရားဟော ဆရာ မော်လီဆပ်များမှ ပြောသောစကားများကိုသာယုံကြည်သော မြို့ပေါ်မှ မူဆလင်အချို့ များ နှင့် မြန်မာပြည်အားနည်းပေါင်းစုံဖြင့် ဘင်္ဂလားဒေ့ခ်ျမှ ခိုးဝင် အချေချ လာသော ယခုခေါ် ဆိုနေကြသော ရိုဟင်ဂျာများအဖို့ မြန်မာ့ ယဉ်ကျေးမှုနှင့် မြန်မာပြည်မအတွင်း အများစုကိုးကွယ် ကြသော ဗုဒ္ဒဘာသာအား လိုက်လျောညီထွေစွာ ဆက်ဆံပြုမူနေထိုင်မှု မရှိကြသောကြောင့် အဆိုပါ ဘာသာနှစ်ခုအကြားတွင် ကသိကအောင့်လေးလုပ်ပေးလိုက်သည်နှင့် ယမ်းပုံမီးကျ ပေါက် ကွဲတတ်ကြောင်း ကြံ့ဖွတ်အမတ်များက သိကြလေသည်။

ဆက်လက်တင်ပြပါဦးမည်

အပိုင်း ၃ အား မတ်လ ၂၈ ရက်နေ့တွင် ထပ်မံ တင်ပြပေးပါမည်။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
-------------------------------------------------------------------

အကြမ်းဖက်အထိကရုန်း လက်သယ် ဘယ်သူလဲ ? ဖေါ်လိုက်ပြီ
Posted by Minmaha Bagan on Thursday, March 2013 at 8:29 PM
အပိုင်း(၃)

ဦးသိန်းစိန် (သမ္မတ) မှ တက်တက်လာခြင်း အပြောကောင်းကောင်း နွဲ့နွဲ့ကလေးဖြင့် ပြောချ လာ လိုက်သည်မှာ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရစကားလုံးမိန့်ခွန်းများအတွက် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ရှေ့နေကြီး ဦးသိန်းညွန့်မှ မေးခွန်းထုတ်ခဲ့သော ၂ဝ၁၂ ခုနှစ် မတ်လသည် နေပြည်တော်တွင်း အတွင်းကြိတ်ပုံး တိုက်ပွဲ ဖြစ်ပွါးနေသာ အခြေနေ သို့ရောက်ရှိခဲ့သည်။

သမ္မတ ဦးသိန်းစိန်မှ ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၃ဝ တွင် မြစ်ဆုံစီမံကိန်းရပ် ဆိုင်းကြောင်း
ကြေငြာပြီး ကာလ မှပင် ဖြစ်ပွားလာသော ကိစ္စဖြစ်ခဲ့သည်။ ဒုသမ္မတ ဦးတင်အောင်မြစ်ဦးသည် ၄င်း အတွင်းရေးမှုး(၁) နအဖတွင် လုပ်ခဲ့သောကာလတွင် မြစ်ဆုံတည်ဆောက်ရေးအတွက် တရုတ်ပြည်မှ အမေရိကန်ဒေါ်လာ ၃ဒသမ ၆ ဘီလီယန် တန်ဘိုး ရင်းနှီးလုပ်ကိုင်နိုင်ရန် ကြားပွဲစားကြီးလုပ်ခဲ့သော အမေရိကန်ဒေါ်လာ သန်း ၃ဝဝ အား မြက်မြက်ကလေး အိပ်ထဲ ထည့်လိုက်သည့်အပြင် စာချုပ်စတင်ချုပ်ဆိုသော အချိန်တွင် ဧည့်သယ်ဝန်ဆောင်မှုစရိတ် အမေရိကန်ဒေါ်လာ သန်း ၅ဝ အား တရုတ်ပြည်တွင် ကောင်စစ်ဝန်အဖြစ် တာဝန်ယူနေသော ဗိုလ်ချုပ်မှူးကြီး သားမက် ကို ပေးခဲ့သည့် အတွက် ပြန်လည် လျော်ပေးရမည့်အခြေနေသို့ ဆိုက်ရောက်လာ၏ ။

၂ဝ၁၂ ခုနှစ် ဧပြီလ သင်္ကြန်ပြီးသွားသော ကာလ အစိုးရရုံးများပြန်လည်ဖွင့်လှစ်သောကာလတွင် ဒုသမ္မတ ၄င်၏ ဒုသမ္မတ အစိုးရရုံးဆိုင်ရာ ရုံးခန်းသို့ မလာတော့ပဲ မေလဆန်း တွင် နုတ်ထွက် စာ ပေးပို့ခဲ့၏ ။ ဗိုလ်ချုပ်မှူးကြီးမှ သင်္ကြန်အတက်နေ့တွင် ဦးသိန်းစိန်အား ခေါ်ယူကာ သြဝဝါဒပေးပြီး တရုတ်နှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများ ရှေ့တွင် အနှောက်ယှက် မရှိအောင် သယ်ဆောင်သွားရန်နှင့် လက်ရှိ တင်ရှိနေသော နိုင်ငံတကာအကြွေးများအား အကြေ လည် အပြီးပြတ် ဖြေရှင်းနိုင်ရမည်ဟု တာဝန် အပြီးပြတ်ယူခိုင်းသည်မှာ ဦးသိန်းစိန် ငြင်းချက် ထုတ်နိုင်ပါမည်လော။

ဦးသိန်းစိန်မှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသန်းရွှေ သင်္ကြန်အတက်နေ့ အမိန့်အား ရင်ဝယ်ပိုက်ခဲ့၏။ သို့သော် မေလ ၅ ရက်တွင် ရေးသားသော The Guardian က အတိကျ ဦးတင်အောင်မြစ်ဦး နုတ် ထွက်ကြောင်း ဖေါ်ပြထားခဲ့သော်ငြား သမ္မတရုံးမှ စင်္ကာပူတွင် ဆေးသွားကုနေသယောင် တရားဝင်မဟုတ်ပဲ ဖေ့စ်ဘွတ်မှာ ပျံလွင့်ခဲ့သည်။ နောက်ပိုင်းမှ အတည်ပြုပေးခဲ့၏။

ဦးအောင်သောင်းတို့ စီစဉ်သော ရခိုင်အရေးခင်းကြီး ပွက်ပွက်ဆူနေသော ကာလတွင် ဦးသိန်းစိန် ငွေရှာရေးအတွက် အိုအိုင်စီ ဟုခေါ်သော အဖွဲ့ဝင် ၅၇ နိုင်ငံ အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အား ရုံးစိုက်ခွင့် ပေးရန် သဘောတူလက်မှတ်ရေးထိုးရေးအား စိုင်းပြင်းနေကြပြီး အိုအိုင်စီမှ ပထမ ထောက်ပံငွေ အမေ၇ိကန် ဒေါ်လာ သန်း ၅ဝ အတွက် လုံးပမ်းခဲ့ကြ၏။

၂ဝ၁၂ ဂျူလိုင်လ ၁၈ ရက်နေ့တွင် Network Myanmar ၀က်ဆိုက်တွင် ဦးအောင်သောင်းတို့၏ ဂိုဏ်းအဖွဲ့ဝင် ဦးအောင်သိန်းလင်း မှ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ဝေဖန်ထားသော အင်တာဗျူးတခုအား တရုတ် သတင်းထောက်နှစ်ဦးဖြစ်သည့် zhang zhe and Ye Weimin ဇောင်ဇီ နှင့် ယီဝေမင် တို့က အချိန်ကိုက် ဖွင့်ချပေးခဲ့သည် ။ ဂျူလိုင် ၂၄ ရက်နေ့တွင် ဦးသိန်းစိန်သည် တပ်ချုပ်ဟောင်းကြီး နှင့် နောက်တကြိမ်သွားတွေ့ရပြန်၏ ။ တပ်ချုပ်ကြီးမှ “မင်းတို့ ရွှေ့ တာ အလွန်နှေးလွန်းလို့ အားလုံး သဘောထား ကွဲလွဲမယ့်ပုံမျိုးဖြစ်နေတာ” ဟု နောက်ဆုံး မိန့်ကြားခဲ့သည်။

ဦးသိန်းစိန်မှာ တပ်ချုပ်ဟောင်းကြီးဆီမှ ပြန်လာပြီး သြဂုတ်လ ၁ဝ ရက်နေ့တွင် တွင် အိုအိုင်စီ အဖွဲ့နှင် အလုပ်သမားဝန်ကြီး ဦးအောင်ကြည်တို့ အပါဝင် တွေ့ဆုံပြီး ရန်ကုန်တွင် အိုအိုင်စီ ရုံးခွဲဖွင့်လှစ်ပေးရန် သဘောတူကြောင်း ပြောဆိုကာ ပထမအရစ် ထောက်ပံကြေးငွေ အမေရိကန်ဒေါ်လာ ၁၈ သန်းအား ရယူလိုက်ကြသည်။ သို့သော် ထိုသတင်းအား မန္တလေး သံဃာထုအတွင်းသို့ ချက်ခြင်း ပို့လွတ်ခဲ့၏ ။ တဖက်မှလဲ ယူအန်မှ ပီချေးနံဘီးယားနှင့် ကင်တာနား တို့ နှစ်ဦးစလုံးအား မြန်မာပြည်တွင်းသို့ ဝင်ခွင့်ပြုထားပြီး ယူအန်၏ အထောက်ပံ့များကိုလဲ ယူထား ခဲ့သည်။ (RFA August 10, 2012) (နောက်ပိုင်းတွင် အိုအိုင်စီလက်သယ်လုပ်ပြီး အကြမ်းဖက် မှု များအား သီးသန့်တင်ပြပေးပါမည်)။

သြဂုတ်လ ၂၇ ရက် ၂ဝ၁၂ ခုနှစ်တွင် ဝန်ကြီးဌာန အပြောင်းလဲနှင့် အသစ်ခန့်အပ်မှုများဖြင့် ရခိုင်ဒေသအထိကရုံန်းအား သတင်းထုတ်ပြန်ရာတွင် အတော်မှားယွင်းပြီး တလွဲဗြောင် လိမ် နေသော ပြန်ကြားရေး ဌာနအတွက် နိုင်ငံတကာအားထပ်မံလှည့်စားပြပြီး ပြန်ကြားရေး ဦးကျော်ဆန်း အား နေရာရွှေ့ ကာ ဝန်ကြီးဌာနပြောင်းပေးပြီး ဆက်ကစားခဲ့သည်။

စက်တင်ဘာလ၂ဝ၁၂ခုနှစ်သည် ဦးသိန်းစိန် အစိုးရအဖွဲ့တခုလုံး နိုင်ငံတကာသို့ ခြေဆန့်သော ကာလဟုဆိုနိုင်ပြီး ဗိုလ်သန်းရွှေအားပေးထားသောဂတိအတိုင်း နိုင်ငံတကာ အကြွေးပေါင်းစုံ ပယ်ပျက်ရေး အသဲသန် အားထုတ်ကြသော ကာလကြီး ဖြစ်နေခဲ့ပြီး ဘင်္ဂလားဒေ့ခ်ျ ရခိုင်နယ်စပ် တွင် အစ္စလမ်ဘာသာဝင်များမှ ဗုဒ္ဓဘာသာဝင်များအား အကြီးကျယ်တိုက်ခိုက်ဖျက်ဆီးနေသော ကာလဲဖြစ်၏ ။ ၁၈ ရက် ၂ဝ၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်မှလဲ အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီတွင် စီးပွားရေးပိတ်ဆို့မှုအား ပယ်ဖျက်ပေးရန် နိုင်ငံခြားရေး ဝန်ကြီး ဟယ်လာရီ ကလင်တန် အား တောင်းဆိုနေခဲ့ပြီး New York Time နှင့် Washington Post သတင်းစာ၏ ၁၉ ရက် စက်တင်ဘာလ ၂ဝ၁၂ ခုနှစ်တွင် အကြီးကျယ်ရေးသားတင်ထားသည်။ ထိုနောက် ဦးသိန်းစိန် တို့ ကြွေးမြီ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် လျော်ပစ်ရေးအတွက် လမ်းကြောင်း တည့် သွားကြပြီး ၄င်းငွေအားလုံး ပြန်ဆပ်စရာမလိုတော့ပဲ ယနေ့ ဦးပိုင်အိတ်ထဲသို့ လျောကနဲ့ ဝင်ရောက် လာခဲ့ရသည်။

By STEVEN LEE MYERS
Published: September 18, 2012
WASHINGTON — Myanmar’s opposition leader, Daw Aung San Suu Kyi, called for the lifting of American sanctions against her country on Tuesday, beginning an emotional visit to the United States that punctuated the remarkable shift in relations with Myanmar over the past year.

စက်တင်ဘာ ၂၈ ရက်နေ့တွင် ဦးအောင်သောင်း နှင့် အကျိုးတူ အစုရှယ်ယာပါဝင်ထားသော လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏ သားတို့ လက်ဝါးကြီးအုပ်ထားသည့် ဧရာရွှေဝါ ကုမ္မဏီ၊ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခဲကြီး ကျေးရွာတွင် အင်းအလုပ်မားများ ဆန္ဒပြမှုများတွင် ကျုံပျော်အခြေစိုက် ခလရ ၃၆ လက်နက်ကိုင်တပ်ရင်းမှ ဝိုင်းရံပေးပြီး အထောင်ရဲစခန်းမှ ရဲများက ပစ်ခတ်ကာ အရပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး သေနတ်ဒဏ်ရာရရှိကြောင်းဖြင့် ၄င်းတို့ အာဏာပိုင် ဆိုင်မှုသည် တရားဥပဒေအထက်တွင် ရှိကြောင်း အောင်သောင်းနှင့် အောင်သက်မန်း တို့မှ ထုတ်ပြ ခဲ့သည်။

Sep 28, 2012 | Posted by: roboblogger
Two Killed as Police Fire on Crowd in Pathein
Full story: The Irrawaddy Newsmagazine
Two people were killed while two others were seriously injured when police opened fire into a crowd in Shar Khae Gyi Village, Kyonepyaw Township, Pathain District, Irrawaddy Division, on Thursday evening.

စက်တင်ဘာ ၃ဝ ရက် ၂ဝ၁၂ ခုနှစ်တွင် တပ်ချုပ်ဟောင်းကြီးဘရွှေ၏ သမီးနှင့် မြေးများမှ ရန်ကုန်မြို့ ဆိပ်ကမ်းသာ လမ်းတွင် ရှိသော ဗုဒ္ဒ ဝိဟာရ မှန်ကျောင်းတော် ၏ ရွှေသင်္ဃန်း ကပ် ရေ စက် ချ ပွဲတွင် ၄င်းတို့၏ ဖခင် ကျမ်းမာစွာ ရှိပါကြောင်းအား သတင်းဌာနများသို့ တမင်တကာ ထုတ်ဖေါ်ပြောကြားသွားခဲ့သည်။ ဆိုလိုသည်မှာ ဆက်လက် ကြိုးကိုင်နေပါကြောင်း အား ဖေါ်ပြ
ခြင်းတမျိုးဟု သတင်းလောကသားတို့ ကောက်ချက်ချခဲ့ကြသည်။

တဖက်မှလဲ ကာချုပ် မင်းအောင်လှိုင်တို့ အဖွဲ့သည် ကေအိုင်အေအား အပြီးပြတ်တိုက်ရန် ဝပြည်သွေးစီးညီညွတ်ရေး မိုးဂုံန်းသို့ အောက်တိုဘာလ ၉ ရက်တွင် သွားရောက်ပြီး နိုင်ငံတကာသို့ မူးယစ်ဆေးဝါး ပပြောက်ရေးဆွေးနွေးသယောင် သတင်းလွှင့်ခဲ့ပြီး လက်တွေ့ဆွေးနွေးမှု များ တွင် ကေအိုင်အေအား အထောက်ပံ့ပေးခြင်း လမ်းကြောင်းဖွင့်ပေးခြင်းများ မပြုလုပ်ရန်ညှိနိုင်း ခဲ့သော်လဲ ဝဒေသခေါင်းဆောင်းများမှ မသေခြာမရေသော အဖြေသာရရှိပြီး အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ပေးမည်ဟု ကတိပြုကာ လက်ဗလာဖြင့် ပြန်ခဲ့ရ၏။

အောက်တိုဘာလတွင် အိုအင်စီမှ မြန်မာပြည်ထဲဝင်ရန် အပြင်ဆင်များလုပ်လာသောအခါ ရန်ကုန်၊ မန္တလေး မှ ရခိုင်ပြည်ဒေ သ၏ မကြေမချမ်းဖြစ်သံများအား နိုင်ငံတွင်းပြင် သတင်းသမားများ အ တွင်း လွတ်လပ်စွာ ရိုက်နှိပ်ဖေါ်ပြခွင့်ပေးပြီး အိုအိုင်စီ ကန့်ကွက်ရေးအား စိုင်းပြင်းခွင့်ပြု ကာ အောက်တိုဘာလ ၁၄၊ ၁၅ ရက် ၂ဝ၁၂ ခုနှစ် အကြီးကျယ် အိုအိုင်စီ ဝင်ရောက်မှုအား ကန့်ကွက် ဆန္ဒပြနေသောပုံရိပ်များ နှင့် အနေထားအားထောက်ပြကာ အိုအိုင်စီအား ပြန်ဖယ် ထုတ်ပြသော ကစားကွက်ကို ခင်းခဲ့ကြ၏။

YANGON, Myanmar (AP) — Myanmar's government will not allow the Organization of Islamic Cooperation to open a liaison office after thousands of Buddhist monks and laypeople marched to protest. .The anti-OIC protests were held in four Myanmar cities, including Yangon, the country's largest city, where about 5,000 people participated. Some said they were marching to safeguard Buddhism.he plan.

သို့သော် အောက်တိုဘာ ၂၁ ရက်နေ့တွင် ဘင်္ဂဂါလီများမှ စစ်တပ်ကျောထောက်နောက်ခံဖြင့် မင်းဗြား မြို့နယ်တွင် ရခိုင်လူမျိုးတို့၏ နေအိမ်များအား မီးတင်ရှို့မှုပြုလုပ်ခဲ့ရာ ရခိုင်အမျိုးသားတို့မှ ကာကွယ်ရေးအစီစဉ်များပြုလုပ်ခဲ့ကြရာ စစ်တပ်မှ ပစ်ခတ်သတ်ဖြတ်ရာ ၆ ဦးသေဆုံပြီး ၃၄ ယောက် စစ်တွေဆေးရုံသို့ ပိုခဲ့ရပြီး ရခိုင်ပြည်နယ်မှ ရဟန်းပျိုများက ဆန္ဒဖေါ်ထုတ်ကန့်ကွက် ရန် လမ်းပေါ်တက်လာကြသောအခါ အောက်တိုဘာ ၂၇ တွင် ဘင်္ဂလီများနေ ထိုင်သော ကျောက်ဖြူ ကမ်း နားရပ်ကွက်များအား စစ်တပ်ကပင် မီးတင်ရှို့ပေးပြီး ရခိုင်လူမျိုးများ သွားရောက်မီးရှို့ကြောင်း ဂျာနယ်အချို့တွင် ရေးသားခွင့်ပြုခဲ့၏။

ထိုသို့ဖြင့် ဘင်္ဂလီဘက်လှည့်လိုက် ရခိုင်ဘက်လှည့်လိုက် ဧရာဝတီတိုင်း ဘက် ပြဿနာ လုပ် လိုက်နှင့် နောက်ဆုံး ကချင်ဒေသ စခန်းသိမ်းပွဲများ ဆင်နွဲရန်ဦးအောင်မင်းတို့ ကာချုပ်နှင့် လက်ဝါးခြင်းရိုက်ကာ ဆုံးဖြတ်ပြီးနောက် နိုဝင်ဘာ ၂၉ တွင် လက်ပံတောင် မီးလောင် ဗုံး ဖေါက် ခွဲ ဖြိုခွင်း နှိမ်နှင်းပွဲကြီး ပြုလုပ်ပြပြီး သတင်းမီဒီယာအားလုံး လက်ပံတောင်း သို့ အားလုံး ဦးလှည့် သွား ချိန်တွင် ကချင်ဒေသ ရွာလုံးကျွတ် မီးရှို့ပွဲကြီးနှင့် စစ်ပွဲကြီးအား အကြီးကျယ် လွတ်လွတ် လပ်လပ်ကျင်းပနေတော့သည်။

အပိုင်း (၄)အား ဆက်လက်ဖေါ်ပြပါဦးမည်။

ဂိုလ်ရှယ်လေး
ကျေးဇူးတင်ပါသည်
-----------------------------------------------------

အကြမ်းဖက်အထိကရုန်း လက်သယ် ဘယ်သူလဲ ? ဖေါ်လိုက်ပြီ
အပိုင်း (၄)
Posted by Minmaha Bagan on Saturday, March 2013 at 9:48 AM

သြဂုတ်လ ၃ ရက်ကနေ လက်ပံတောင်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မြင့်လာလေတော့ ဦးရွှေမန်း က ပုဒ်မ (၁၈) နှင့် ပုဒ်မ (၅ဝ၅) ခ ကို လွှတ်တော် မှာ ထပ်ပြီး သိသာမြင်သာဖို့ ထပ်မံ အဆိုတင်သွင်းပြီး ပိုခိုင်မာအောင်လုပ်ခဲ့ကြသည်။

ဦးအောင်မင်းတို့ လက်ပံတောင်းသို့ ရောက်သွားသော ကာလ မတိုင်ခင်တွင် စီမံကိန်း သို့မဟုတ် နိုင်ငံတော်ပိုင်မြေအဖြစ်သိမ်းယူထားသော အရာများအား ဆန့်ကျင်ဘက်လုပ်သူ ပါဝင်သူ ဦးဆောင်သူတွေအားလုံးအား ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးကာ တရားရုံးတွင် အနဲဆုံး ဒဏ်ငွေ ၁ဝ သိန်းမှ သိန်း ၅ဝ အထိ ချမှတ်ရန် သက်ဆိုင်ရာတရားရုံးများသို့ လျှို့ဝှက်ညွန်ကြား ခိုင်းပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား မွဲပြာကျသွားအောင် ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ် ကိုကို အား လွှတ်တော် ဥက္က ဦးရွှေမန်းနှင့် ငြိမ်းပွဲစားကြီး ဦးအောင်မင်းတို့ သြဂုတ်လ ၁ဝ ရက်နေ့ တွင် ဦးအောင်မင်း ၏ အချိန်းချက်နှင့် နေပြည်တော်၏ (…) ရိပ်သာတွင် ည ၉ နာရီမှ ည ၁၁း ၃ဝ နာရီ ထိ အသေးစိတ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြ၏။

ထိုကြောင့် လက်ပံတောင်း ပွဲနှင့် ပတ်သက်သော ကိုအောင်စိုး ဒေါ်နော်အုံးလှတို့ မည်မျှ အာမခံကြေးပေးဆောင်ရသည်ကို မေးမြန်းလျှင် အဖြေပိုရှင်းသွားပေလိမ့်မည်။
မြစ်ဆုံ ကိစ္စ သည် သမ္မတ ဦးသိန်းစိန်၏ ရိုးရှင်းပြတ်သားသော ဆုံးဖြတ်ချက်မဟုတ်ပဲ ကစား ကွက်တခုသာ ဖြစ်ကြောင်းနှင့် အနောက်အုပ်စုများ၏ သဘောကျမှုကို ပထမဆုံး ရယူရန် လုပ် ခဲ့ကြောင်း ကမ္ဘာ့ဆိုရှယ်လစ် နေစဉ်သတင်း ဝက်ဆိုက်က အောက်ပါအတိုင်းတင်ပြခဲ့သည်။ သို့သော် လက်ပံတောင်းကတော့ ငယ်ထိပ်မြွေပေါက်ခံရမည်ကို စိုးသောကြောင့် နိုင်ငံတော်က ပါဝင်ပတ်သက်ပြီး အကြမ်းဖက်မှု (State of Terrorism) အား ပြုလုပ်ခဲ့ကြောင်း ထင်ရှားပြီး
ဒေါ်အောင်ဆန်းစုကြည်အား အကာကွယ် ယူ ရှောင်ထွက် ခဲ့ကြသည် မှာ ငြင်းချက် ထုတ်စရာ လိုလောက်မည်ဟု မထင်မိပါ။

The grievances of people involved in the Letpadaung protest are similar to those raised against the massive Chinese-funded Myitsone Dam hydro-electric project. The government suspended the dam in September 2011, not primarily to appease angry locals, but to send a signal to the US and its allies that it was looking to move away from China and toward the West. The Obama administration, which been encouraging such a shift, responded with a series of official visits, culminating in last month’s trip by the US president.( http://www.wsw/en/artical/2012/12/03/bur-d03 နှင့်
Weak democracy hurts Myanmar business
Global Times | 2012-11-29 1:20:04
By Global Times
http://www.globaltimes.cn/content/747170.shtml

တို့အားပြန်လည်ဖတ်ရှုပါကအဖြေ ရှင်းသွားလိမ့်ည်။
ဒီဇင်ဘာလ ရ ရက် နေ့စွဲဖြင့် ရှေ့တန်းစခန်းနှင့် ကချင်ဒေသ တပ်ရင်းတပ်ဖွဲ့များ သို့ မြန်မာ့ ကာကွယ်ရေး ရုံးချုပ်မှအစီစဉ်ကြီးတခုအခိုင်မာချမှတ်လိုက်သော အစီစဉ်ကြီးတခု ကြောက်ခမန်း လိလိထွက်လာသည်။

အကြောင်းမှာ ကချင်ဒေသ စစ်ဆင်ရေးသည် ၁၉ လကျော်ရောက်လာပြီး မည်သည့်နယ်မြေတခုမှ အမိအရ သိမ်းယူနိုင်မှု မရှိပဲ ဖြစ်ရကာ လက်ပံတောင်းဖြိုခွင်းမှုတွင် ပါ အရှက်ဟက်တက်ကွဲ ရသောကြောင့် ဒီဇင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၃ဝ အတွင်း ကချင်ဒေသ စစ်ပွဲများ အပြီးသတ် ဆင်နွဲပြီး ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့အား ကချင်ပြည်နယ် လှိုင်ဇာမြို့ တွင် ကျင်းပ မည်ဟု ဖေါ်ပြပါရှိသည်။

ထိုကြောင့် ၈၈ ကျောင်းသားများ အဖွဲ့ မှ လှိုင်ဇာတွင် ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်
နှင့် တွေ့ဆုံအပြီး ဒီဇင်ဘာ ၁၈ ရက်မှ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ခြေလျှင်တပ်၊ အမြောက် တပ်နှင့်
ဝေဟင် စစ်ဆင်ရေးတို့အား ပုံအောအသုံးပြုတိုက်ခိုက်စေပြီး ကချင်ဒေသ အမိရ ဆုပ်ကိုင်မိအောင် ကြိုးစာသော်ငြား မင်းအောင်လှိုင်တို့အဖို့ အချဉ်းနှီးဖြစ်ရပြီး နောက်ဆုံး နိုင်ငံတကာမှ ကျယ်လောင်
သော စစ်ပွဲရပ်တန့်ရေး သတင်းများသာလွှမ်းမိုးသွားခဲ့ရသည်။

နောက်ဆုံး စစ်ပွဲသတင်းများအား ကာကွယ်ရေ ဝန်ကြီးဌာနမှချပေးသလောက် ကိုသာ ပြောခွင် ရသော သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ မှူးဇော် အား ( ပြည်တွင်းစစ်တွင် တိုက်လေယဉ်သုံးခွင့် မရှိကြောင်း သတင်းဌာန AFP) သို့ ပြောဆိုမိရာမှ၊ ပြောရေးဆိုခွင့် ရာထူးမှ ပြန်ကြားရေးဌာန ဒုဝန်ကြီး ဦးရဲထွဋ် ၏ တောက်တိုမယ်ရ အကူအဖြစ်သို့ ပြောင်းရွှေလိုက်သည်။

သို့သော် ကကချုပ်ရုံးမှ ၁၉ လကျော်ကြာ စစ်ပွဲအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၅ သန်းအား အသုံးပြုပြီးကြောင်း ပြေစာရှင်းတမ်းအား သမ္မတရုံးသို့ တင်သွင်းပေးလိုက်သည်။ အကြောင်းမှာ ငြိမ်းချမ်းရေး ဆရာကြီး ဦးအောင်မင်းအား ထိုငွေအားပြန်လည်ရှာပေးရန် ဒီဇင်ဘာ ၃ဝ တွင် ရာဇသံတခု ဖြစ်ခဲ့ရသည်။ (နောင်တွင် ဗဟုအဖွဲနှင့် ဦးအောင်မင်းတို့ နော်ဝေ ၊ သြစတေးလျှ နှင့် ဂျပန်၊အီးယူ မှပေးသော ငြိမ်းချမ်းရေးအထောက်ပံ့ အမေရိကန်ဒေါ်လာ သန်း ၃ဝဝ အကြောင်း ကျနော် တင်ပြပါမည်။)

၂ဝ၁၃ ဇန်နာဝါရီလ ၄ ရက်တွင် မြစ်ကြီးနားမြို့တွင် တပ်မတော်မှ စီစဉ်ပေးသော လွတ်လပ်ရေးနေ့  အား အကျဉ်းရုံး စီစဉ်ပြီးနောက် ဇန်နဝါရီလ (၆) ရက်နေ့မှ လက်ဂျားယန်ဒေသသို့ အကြီး အ ကျယ် ဗုံးကျဲစစ်ဆင်ရေးစတော့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ သူမအနေဖြင့် ဖိတ်ခေါ်ခံရလျှင် ငြိမ်းချမ်းရေးအတွက် ပါဝင်ပတ် သက်ဆောင် ရွက်မည်ဟု ဇန်နဝါရီလ ၁ဝ ၇က်နေ့တွင် ထုတ်ဖေါ်ပြောကြားခဲ့သောကြောင့် စာရေးသူမှ ကေအိုင်ကေသို့ ဆက်သွယ်ခဲ့ရာ ကေအိုင်အေမှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် တောင်းခံစာပေါင်း ၂၂ ခုအား ၂ဝ၁၂ ဇန်နဝါရီလမှစပြီး ၂ဝ၁၃ ဇန်နဝါရီလ (၂) ရက်နေ့အထိ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း အခိုင်မာဆိုခဲ့သည်။

ထို့နောက် နောက်ဆုံး စစ်ရာဇသံတခု ထပ်မံထွက်လာသည် ၊ ဇန်နဝါရီလ ၁၂ ရက်နေ့ဖြစ်ပြီး၊ ၄င်း စစ်ရာဇသံသည် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မတိုင်ခင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင် လိုင်ဇာ အပြီးပြတ်သိမ်းရန် ဆိုထားသည်။ ပြည်ထောင်စုနေ့အား တောင်တန်းဒေသအတွက် လိုင်ဇာတွင် ကျင်းပမည့်အကြောင်း ထည့်သွင်းထားခဲ့၏။

ရှေ့တန်းမှ ရဲဘော်နှင့် အရာရှိများက ကကရုံး အား ဖေစုံမောင်စုံ တိုင်းထွာ ဆဲဆိုကြသည် ဟု ပေါ်တာအဖြစ် လိုက်ပါရသော ဗန်မော်မြို့သားတစ်ဦးမှ နောက်ပိုင်းတွင် သတင်းပေးပို့ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလ၂၄ ရက်တွင် ရန်ကုန်မှ ဟာဝိုင်ယီ (အမေရိကန်ပြည်ထောင်စု) အား ထပ်မံခရီးစတင်သော နေ့သည် ကချင်တို့၏ ခါရာတောင်တန်းအား ဗုံးမိုး အကြီးမားဆုံး ရွာ သွန်းဖြိုးခဲ့သောနေ့ ဖြစ်သည့်အပြင် ခါရာတောင်တန်း ဗုံး ဟောင်ဝေဇာ အမြောက်လှိုင်းအောင်တွင် ဇန်နဝါရီ ၂၇ ရက်နေ့တွင် ကျဆုံးသွားခဲ့သည်။

မြန်မာစစ်တပ်ဘက်မှ ၃၆၈ ယောက်သေဆုံးပြီး ၁၂၁၄ ယောက် ဒဏ်ရာရသော အဖြေထွက်ခဲ့ပြီး ကချင်ဘက်မှ ၄၆ ယောက်ကျဆုံးကာ ၂၃၃ ယောက် လိုင်ဇာ ဆေးရုံရောက်သွားခဲ့၏။
ဖေဖေါ်ဝါရီလ ၁ ရက် ၂ဝ၁၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ဟာဝိုင်ယီမှ ရန်ကုန်သို့ ပြန်ရောက်
ပြီး ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ကကကြီးနှင့် နောက်ချန် လက်ပံတောင်းကော်မရှင် တို့ ရေးသား ထားပြီးသော အစီရင်ခံစာအား ဒေါ်အောင်ဆန်းစုကြည်ထံပြသခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ အစီရင်ခံစားအား အသေခြာပင်မဖတ်တော့ပဲ သဘောတူလက်ခံခဲ့ သည် ဟု ကော်မရှင် အတွင်းရေးမှူး မှ ပြောသည်။ သို့သော် မတ်လ ၉ ရက်နေ့ တွင် ဒေါ်အောင်ဆန်း စုကြည် မှ လက်ပံတောင်း အစီရင် ခံစားအား ပြန်လည်ဖတ်ရှု့ခဲ့ပြီး အချို့သော အချက်များ အား ပြင် ဆင်လိုသော်လည်း သူမ လက်ခံပြီးသားမို့ ဆက်လက် ရှေ့မတိုးတော့ပဲ ထုတ်ပြန် ရန် ဆုံးဖြတ်ခဲ့၏။

သို့သော်အစီရင်ခံစားထုတ်ပြန်ရန်အတွက် အကြီးအကျယ် စဉ်းစားရသော အခြေနေမှာ အစီရင်ခံ စာပါအကြောင်းရာများ မဟုတ်ရပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ညီလာခံအတွက် လုံခြုံရေး တည်ငြိမ်ရေးနှင့် အထမြောက် အေးချမ်းစွာ ဆောင်ရွက်နိုင်ရေးတို့အား ဦးစားပေး စဉ်းစားခဲ့ကြပြီး ဒီချုပ်ညီလာခံ ပြီးမှသာလျှင် လက်ပံတောင်း အစီရင်ခံစားအား ထုတ်ပြန်ရန် နေပြည်တော်နှင့် တိုင်ပင် ဆုံးဖြတ်ခဲ့သည်ကို ဒီချုပ်မှ ငြင်းဆိုလျှင် ငြင်းဆိုသော သမိုင်းတရပ် ကျန်ရစ်ပေလိမ့်မည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ပံတောင်းကော်မရှင်မှ အစီရင်ခံစာထုတ်ပြန်ရန် လုံခြုံရေး ထောက်လှမ်းရေးအစီစဉ်များအား ရဲချုပ်မှ တင်သွင်းသော မတ်လ ၈ ရက် ၂ဝ၁၃ တွင် ဒေါ်အောင်ဆန်းစုကြည် က လက်ခံခဲ့ပြီး မတ်လ ၁၂ ရက်တွင် ဂျာနယ်များသို့ပေး ပို့ ပြီး ကော်မရှင် ဥက္ကဌ မှ မတ်လ ၁၃ ရက် ကိုဖုန်းမော်ကျဆုံးသောနေ့ မြန်မာနိုင်ငံလုံးဆိုင်ရာ လူ့အခွင့်ရေးနေ့ဟု အတိုက်ခံတို့ဘက်မှ တောင်းဆိုထားသော နေ့တနေ့အား ပြက်ပြယ်ရန် ဦးအောင်မင်းနှင့် ဦးရွှေမန်း၊ ရဲချုပ် ကိုကို အပြင် ဦးခင်ရီပါသော အစည်းဝေး မတ်လ ၃ ရက်နေ့ တွင် အကျဉ်းရုံးနေပြည်တော် ဝယ် ပြုလုပ်ကာ တမင်သကာ ချမှတ်ပြီး အကွက်ဆင်၍ လုပ်ခဲ့ကြ၏။

မှတ်ချက် အပိုင်း(၅) နိဂုံးပိုင်းတွင် မိတ္ထီလာ အကြောင်း အဖြစ်မှန်နှင့် အကြံစည်များအား တင်ပြပေး ပါမည်။

ဂိုလ်ရှယ်လေး

စာဖတ်မိတ်တွေများအား အထူးကျေးဇူးတင်ပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။