Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 21, 2016

မိုးဇာတ်လမ်း

 Ha Shing

မိုးဇာတ်လမ်း
။။။။။။။။။။။။။။။။
ငယ်ငယ်တုန်းက
ကျောင်းဆင်းချိန်မှာ
ရွံ့လုံးကလေးတွေနဲ့ ပေါက်ခဲ့မိသမျှ
အခုချိန်ထိ ငါ့ရင်ဘတ်ကို လာ လာမှန်တယ် မြရွက်ဝါ။

ဖားဥစွဲနေတဲ့ ရင်ဖုံးကျောင်းဖြူကလေးမှာ
ကျောင်းတက်ရက်တွေဟာ နာကျင်ရှက်ရွံ့လို့
ဘယ်သူမှမသိအောင် အိမ်ပြန်ခဲ့ရတာတွေဟာ
ငါ့ချစ်ခြင်းပါ မြရွက်ဝါ
ကြည်ပြာရောင် ခေါက်ထီးကလေး
မြင်ကွင်းရှေ့က ပျောက်သွားတဲ့အထိ
မိုးစက်တွေဟာ ငါ့အလိုဆန္ဒကို မတားဆီးနိုင်ခဲ့
အမေ့ ကရုဏာ ဒေါသ စကားသံဟာ ငါ့နားထဲမဝင်တစ်ချက် ဝင်တစ်ချက်
ငါစိုးရိမ်နေတာ နင့်လွယ်အိတ်ထဲက
ငါ့ကဗျာ နင့်အစ်မတွေ နဲ့ နင့်အမေ အရင်တွေ့သွားမှာကိုပဲ မြရွက်ဝါ

ဖြူစင်တဲ့ ရင်ခုန်သံတွေဟာ ဖြူစင်စွာအရောင်ပြောင်းခဲ့တာပါ မြရွက်ဝါ
အတန်းထဲမှာ အာရုံစူးစိုက်မှုအရှိဆုံးကျောင်းသားဟာ ငါပါ
ခိုး ခိုးကြည့်ရတာ အားမရလို့ ပြောင်တင်းတင်းကြည့်မိတဲ့အခါ
စတိတ်ခုံဆိုတာလည်း ငါနဲ့ ရင်းနှီးနေပါပြီမြရွက်ဝါ။
အပေါင်းအသင်းတွေကြား
စနေ တနင်္ဂနွေ ကျောင်းတက်ချင်တဲ့ ကျောင်းသားဟာ
လူထူးလူဆန်း တစ်ယောက်ပေါ့
လှောင်ပြောင် နေတဲ့ မျက်နှာရင်းတွေကြား
အရှက်တရားဆိုတာ နင်နဲ့တွေ့တဲ့နောက် ဖြတ်ချစရာမလိုဘဲ ပြတ်ချခဲ့သူပါ
မုန်းစကို တိုစေ
ချစ်စကိုရှည်စေတဲ့
ငါ........
လိမ္မာတဲ့ ကျောင်းသားပါ
နင်လည်း လိမ္မာတဲ့ ကျောင်းသူ ဖြစ်ပါတော့ မြရွက်ဝါ။
အမေဆူငေါက်နေတဲ့ ကြားက
မိုးရေစက်လက်ထဲ ထီးမပါတဲ့အကောင်ပါ။
ဘယ်တော့များ ကြည်ပြာရောင် ထီးအရိပ်လေးအောက်ခိုဝင်ခွင့်ရပါ့မလဲ
အတွေးတွေနဲ့ နာဖျားနေခဲ့ရသူပါ
ကျောင်းသွားကျောင်းပြန် နင်မသိတဲ့ နင့်ရဲ့ကိုယ်ရံတော်ဘဝ
ဇွန်ပန်းပွင့်ကလေးတွေ ခုံစောင်းထဲမွှေးနေရတဲ့ ခဏ
အမြတ်တနိုး တိတ်တခိုးအချစ်ပါ မြရွက်ဝါ။
တုန်ရီ ပြာနှမ်းနေတဲ့ နှုတ်ခမ်းသားတွေက
တောင်ပေါ်ဒေသ မိုးရာသီရဲ့ အမှတ်အသားဆိုရင်
တည်ကြည်စွာ ရိုးရှင်းစွာ ထက်မြက်လှပသူရဲ့ လက်နက်ဟာ
မာနတံတိုင်းကြီးဆိုရင်
အငမ်းမရ ဖြစ်လွန်းတဲ့ငါက
အမြင်ကပ်မုန်းတီစရာလို့ မြင်ခဲ့ရင်
ငါဝန်ခံပါတယ်
ငါက ကြိုက်မရှက် ကျောင်းသားငယ်လေးပါ
သနပ်ခါးပါးကွက်ကြားလေးကို မိုးစိုသွားမှာ
သေမတတ်ကြောက်ခဲ့သူပါ မြရွက်ဝါ
နင့်စာအုပ်နောက်ဆုံးစာမျက်နှာကို မဆုတ်ဖြဲပစ်လိုက်ပါနဲ့ မြရွက်ဝါ
နင်ကျောင်းမလာတဲ့နေ့ကပေါ့ မြရွက်ဝါ
အတန်းထဲမှာ ရှင်လျက်သေနေတဲ့ လူတစ်ယောက်အကြောင်း
မစဲတော့မယ့် မိုးစက်တွေက ပြောတယ်
ကွက်လပ်ဖြစ်နေတဲ့ ထိုင်ခုံလေးအပေါ်
လူလစ်လစ် မလစ်လစ် စလစ်ဘတ်မခေါ်စတမ်း ဝင်ထိုင်ဖြစ်တဲ့အကောင်ပါ
နောက်နေ့ နင့်သူငယ်ချင်းတွေ ပြန်ပြောပြတယ်မဟုတ်လား
မသိသလို သိသလို ဝင့်ကြည့်လိုက်တဲ့ အကြည့်မှာ
ဘုရားစူးရစေရဲ့
ငါဆိုတာ နေစရာမရှိအောင် ပျော်ခဲ့ဖူးရဲ့
နင်ကျောင်း မလာတဲ့နေ့ကပေါ့ မြရွက်ဝါ
တစ်ယောက်တည်း ယောက်ယက် ပျာယာခတ်နေတဲ့ငါ
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ ကျောင်းတော်
နောက်ကျသွားတဲ့ တစ်နေ့စာ သင်ခန်းစာတွေ
နင့်စာအုပ်ထဲ ငါ့လက်ရေးလေးတွေ
ကျေးဇူးစကားထက် အသိအမှတ်ပြုတဲ့မျက်ဝန်းအစုံကိုပို တပ်မက် မက်မောသူပါ။
မပြေလည်တဲ့ မိသားစုထဲက အကြီးဆုံးသားတစ်ယောက်ရဲ့
ကျောင်းစာစီစာကုံးထဲ က ပျော်စရာ အကောင်းဆုံးနေ့ဟာ
နင့်အဖေ အရက်ဆိုင် မီးလောင်တဲ့အကြောင်း
စာနာ နားလည်တဲ့မျက်ဝန်းထက်
ငါ့အဖေ အရက်စဖြတ်ဖြစ်တဲ့အကြောင်း
ငါ့စိတ်ကို နင်စပြီး သိနားလည်တဲ့ အတွက်
ကျေးဇူးမက ကျေးဇူးပါ ရွက်ဝါ။
ဒီလ ကျောင်းနံရံကပ်စာစောင်မှာ
တရားဝင် ရည်းစားစကားပြောဖြစ်မယ့်အကြောင်း
မျက်ခုံးလေးပင့် လက်နဲ့ကာထားတဲ့အပြုံးနောက်မှာ
နင့်ရင်ခုန်သံကို နားစွင့်ခွင့်ပေးပါ မြရွက်ဝါ
အမှတ်စဉ် ၇
ခေါင်ခွီးပန်းအထက်တန်းကျောင်း
ကျောင်းနံရံကပ်စာစောင်တဲ့ ရွက်ဝါ။
ငါပြောချင်တဲ့ နှလုံးသား
ငါ့စာမျက်နှာကို ဖတ်တတ်ပါစေ မြရွက်ဝါ။
အုံ့ပုန်း
_______
ရင်မှပေါက်ဖွား
မေတ္တာများကို
သနားညှာတာလှည့်ကြည့်ပါဟု
ကိုယ့်မှာ ဆိုခွင့်မရှိပေ။
သစ်လွင်ဦး
မလွမ်းချင် မဆွေးချင်ဘူး မြရွက်ဝါ
အဆင့်အတန်းဆိုတာ ငွေကြေးနဲ့တိုင်းတာနေကြတဲ့ခေတ်ကိုပဲ
နာစရာမရှိ နာလိုက်ရတယ်
ဘာသာပြန်ဆိုထားတဲ့ ချစ်မေတ္တာဟာ
နားလည်မှု အက္ခရာ။
မပြောလည်းသိနေတဲ့ ပုံပြင်မှာ
ဘာကိုထပ်တောင်းဆိုရမလဲ ရွက်ဝါ။
အတူတူသွားတဲ့ ကျောင်းလမ်းမှာ
စိန်ပန်းပြာတွေ ခင်းကျင်းထား
ဖြတ်သွားတဲ့ တိမ်တစ်အုပ်အပြီးမှာ
ကောင်းကင်ဟာ အပြုံးရောင်သန်းလို့
စာကြည့်စားပွဲရှေ့ ပြန်ရောက်ခဲ့ပြီ
စာမျက်နှာတွေမှာ နင့်ကိုငါ ပုံတူဆွဲထားတယ်။
ရှက်ပြုံးရောင်သန်းနေတဲ့
ဝင်းမွတ်နေတဲ့ပါးပြင်ဆီက အပြုံးမှာ
လျှပ်ရောင်ဝင်းနေတဲ့ မိုးထဲလေထဲ
ကလေးမဟုတ်သူငယ်မဟုတ် လွတ်လပ်စွာ ပြေးထွက်သွားသူ
မနက်ဖြန်ကစ ငါ့စိတ်နဲ့ငါ ဖျားတော့မယ် မြရွက်ဝါ
ရွက်ဝါ ရွက်ဝါ မြရွက်ဝါရေ
အဝေးဆုံးအရပ်ကနေ အရင်းနှီးဆုံးခေါ်လိုက်တဲ့ အသံပါ
ကြယ်တစ်စင်းကြွေသွားတယ်။
ငါကျောင်းမလာတဲ့နေ့က
နင်ငါ့ထိုင်ခုံဆီ ခိုး ခိုးကြည့်ဖြစ်တဲ့အကြောင်း
တကယ်တော့ ကျောင်းလမ်းထိပ်က ထင်းရှူးတောထဲမှာငါရှိပါတယ်
ရူးမိုက်တဲ့ အသက်အရွယ်မှာ
မိန်းကလေးတစ်ယောက်ကိုအကြောင်းပြတဲ့ ရန်ပွဲတွေ နည်းမှမနည်းခဲ့ဘဲ
အဲဒီကောင် ငါအရမ်းမုန်းတာပဲ
ငါနဲ့ပါတ်သက်ပြီး ပထမဆုံးမှတ်ချက်မှာ
ငါဘာလို့ ကြည်နူးမိသွားတာပါလိမ့်။
စိတ်ချပါ မြရွက်ဝါ
နင့်ကိုချစ်တဲ့ စိတ်နဲ့ ငါ့ကိုငါ အကောင်းဆုံး နေထိုင်သွားပါမယ့်အကြောင်း
ခြံထဲကစံပါယ်ပင်တွေ ဖွေးဖွေးလှုပ်လို့။
ဒီလ လပါတ်စာမေးပွဲမှာ အဆင့်တွေအများကြီးတက်လာတာ
စာမေးပွဲတုန်းက နှစ်ယောက်တွဲထိုင်ရတာနဲ့ မဆိုင်ပါဘူး
အရမ်းအံ့သြသွားလား
မာနဆိုတာ လူတိုင်းနဲ့ တည့်ပါတယ် မြရွက်ဝါ
ငါ့စာအုပ်ကြားထဲမှာ
ကမ္ဘာမြေရဲ့ အခမ်းနားဆုံး
ကမ္ဘာဦးဆီကနေ ကောင်းချီးပေးထားတဲ့စာလွှာ
အပြင်စာတွေ ကဗျာတွေချည်း လုပ်မနေနဲ့
ကျောင်းစာလည်း ဂရုတစိုက်လုပ်ဦး
ရွက်ဝါ
ဘယ်လို တောက်ပပျော်ရွှင်မှုမျိုးပါလိမ့်
စိတ်ဟာ အတောင်ပံတွေမပေါက်ရပါပဲ
တိမ်တွေဆီလွင့်နေ။
မရွယ်စူးခဲ့ရတဲ့နေ့
ရန်သူမျိုးငါးပါးထဲ အချစ်ကို ဖယ်ထားလိုက်မိတဲ့အမှားပါ။
ဟုတ်မှာပါလေ
အချစ်ဆိုတာ ချစ်နေခြင်းပဲလို့ ယုံကြည်ထားသူအတွက်။
ဒါပေမယ့်
အချစ်ဆိုတာ
ကစားပွဲမှမဟုတ်ဘဲ မြရွက်ဝါ
အတန်းထဲက အတော်ဆုံးကျောင်းသားဆိုတဲ့အကောင်ဟာ
ငါ့လောက် လောကအကြောင်းသိလို့လား
ဖတ်ခဲ့ဖူးတဲ့ကဗျာကိုသတိရတယ်
နင့်ကောင် ငါ့လိုကဗျာရေးတတ်ရင်ခက်မယ်
အေးခက်မယ်...တဲ့။
မမျှော်လင့်ထားတဲ့ နေ့ဟာ
ကမ္ဘာကို ရုတ်ချည်းအကျည်းတန်စေခဲ့ပါပြီ။
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့မျှော်လင့်ချက်မှာ
သောက မိုးတွေ ကွက်ကြားရွာသွန်းလို့။
အဝေးကကြည်ပြာရောင်ခေါက်ထီးကလေးအောက်မှာ
ငါ့နေ့တွေ ငါ့ညတွေ စိုရွှဲနေတာ
ကျောင်းထိပ်က စံကားပင်ဟာ အချိန်အခါမဟုတ် ပွင့် ကြွေ
ရွှေချထားတဲ့အိပ်မက်ကို မခြွေရက်ဘဲ ခြွေလိုက်ခဲ့ရပါပြီ မြရွက်ဝါ။
နာကျင်အဆိပ်တက်နေတဲ့ အချစ်ရောဂါဟာ
ဘဝနဲ့ယှဉ်ရင် အမှုန်အမွှား လေထဲက စိတ်ကူးတွေ။
တည်ငြိမ်ရင့်ကျက်မှုမှာ
မခံချင်စိတ်တွေဟာ
ငါ့ကိုရှေ့ဆုံးခုံနံပါတ် ရောက်စေခဲ့တဲ့တွန်းအားပေါ့
ကျေးဇူးအထူးပါ မြရွက်ဝါ။
အတန်းထဲမှာ
ဘယ်ဘက်မျက်စောင်းထိုးရာအရပ်ကို မကြည့်ဖြစ်တာ ကြာခဲ့ပါပေါ့
ကြည်ပြာရောင်ခေါက်ထီးတစ်လက်ကို
ငါကိုယ်တိုင် ဆောင်ထားတတ်ခဲ့ပါပြီ မြရွက်ဝါ။
အဆင်မပြေတဲ့ နင်တို့ချစ်ခြင်းရဲ့ သတင်းဆိုးတွေမှာ
ငါဝမ်းနည်းနေကြောင်း ငါဟန်ဆောင်တတ်ခဲ့ပါပြီ
လူငယ်တစ်ယောက်ရဲ့
မိုးရာသီကျောင်းတက်ရက်တွေမှာ
တစ်စုံတစ်ယောက်ရဲ့ စကားကို ဂရုတစိုက်လိုက်နာခဲ့တာမသိချင်ပါနဲ့တော့ ရွက်ဝါရေ။
မိုး လေ ကင်းလွတ်
သီတင်းကျွတ်တော့မယ် မြရွက်ဝါရေ။
ဟန်ဆောင် သိုဝှက်ထားတဲ့ ငါ့စိတ်တွေ
ရွက်လွှင့်ပေးလိုက်တော့မယ်။
ကြည်ပြာရောင် အလွမ်းတွေ
ပန်းနုရောင်အခန်းဆက် အိပ်မက်ရှည်တွေ
မြင်နေရုံလေး ခိုးငေးနေရရုံလေးနဲ့ပဲ
ကျောင်းတက်ရက်တွေကို လိပ်ပြာသန့်သန့်ဖြတ်သန်းခဲ့ရ။
ပြတ်အောင်ဖြတ်ကြည့်တယ်
ဘယ်လိုခိုင်ခံ့မှုမျိုးနဲ့သံယောဇဉ်ကြိုးပါလဲ မြရွက်ဝါ။
တည်ကြည်နေတတ်တဲ့မျက်နှာ
အခုမှိုင်းရီဝေ ညို့တဲ့ မိုးတိမ်လို
ချစ်တတ်သူချင်းပဲ
စာနာ သနားမိပါပေါ့
အကြွေပန်းလည်းမွှေးပါတယ် မြရွက်ဝါ
မဝံ့ရဲရဲ နှလုံးသားတံခါး စေ့ထားရုံပဲလေ။
လူ့စိတ်ဟာ ခေတ်အတိုင်းပဲ
အစိုးမရ။
အနာဟောင်းဟာ တိတ်တဆိတ် ထိလွယ်ရှလွယ်
ရေနစ်သူ ဝါးကူထိုးမိတာ မဟုတ်ရပါ မြရွက်ဝါ
အတန်းထဲ လူလစ်တုန်း ခိုးနမ်းမိတဲ့အဖြစ်
ငါတို့ကမ္ဘာပျက်သွားပြီလား။
နင့်စာအုပ်ထဲ နင့်နာမည်နဲ့ ကဗျာအရေးခိုင်းတော့မှ
ငါ့လိပ်ပြာဟာ နင့်အိပ်မက်အထိ ငါ့အိပ်မက်အထိ ရင်ခုန်ရင်း ဝဲ
အချစ်ဟာ ဝဲ နာ ကျသလိုမျိုး ကုတ်လေယားလေ ယားလေကုတ်လေ။
အခု
မိုးလရာသီ အသင်းပေါင်းစုံ အားကစားပြိုင်ပွဲ
အနီအသင်းဆိုတဲ့ အောင်ဇေယျအလံမှာ
စာပေ ပြိုင်ပွဲမပါတာ ငါ့အတွက်ပွဲမဝင်ခင် အပြင်ကရှုံးနှင့်ပြီလား။
နင့်အဆက်ဟောင်းက
မြို့နယ်လက်ရွေးစင် ဘောလုံးသမား။
အဲဒီနေ့က ငါသူရဲကောင်းဆန်ခဲ့ပါတယ်
လူငယ်တစ်ယောက်ရဲ့စိတ်ထက်မှာ
အောင်ဇေယျသွေးစီးခဲ့လေသလား
ကိုယ့်ဂိုးကို သွင်းမိတဲ့ငါ
ပထမပိုင်း နှစ်ဂိုးပြတ်ရှုံးနေတဲ့အသင်း
စိတ်ဓာတ်နဲ့ပဲ အောင်ပွဲကိုယူခဲ့ကြရတာပါ
ကစားဖော်တွေနဲ့ အောင်ဇေယျပရိတ်သတ်တွေအတွက်
ပြီးတော့....
ခုန်ပေါက်နေ တဲ့
ကလေးတစ်ယောက်အမူအရာနဲ့ မြရွက်ဝါ ပုံရိပ်မှာ
နောက်ထပ်တစ်ကြိမ် ပျော်ရွှင်စွာ ဒူးထောက်မိပြန်တော့
မနက်ဖြန်မှာ ကံကောင်းခြင်းလက်ဆောင်တွေ အိမ်အထိ
အဲဒီညက အမေဂုဏ်ပြုတဲ့ ရိုးရာခေါင်ရည်မှာ ငါမယစ်မူးခဲ့
မိုးသောက်ယံအထိ ငါမူးနေခဲ့တာ မင်းပုံရိပ်ပါ မြရွက်ဝါ
မိုးတိတ်သွားပြီး အရောင်စုံတဲ့ညနေဟာ ကဗျာတစ်ပုဒ်။
အိမ်ရှေ့လမ်းမထက်မှာ
လျှောက်ပြန်သံပေးနေတဲ့ ငါ့ကိုမြင်လား
မင်းပြူတင်းတံခါးတွေဖွင့်ထားပါ
ချစ်သူ့ဆီ ရည်စူးတဲ့ အချစ်သီချင်းတွေဟာ
ရပ်တန့်မရနိုင် ကုန်ခန်းမသွားနိုင်။
သေချာရဲ့မဟုတ်လား
မိုးလင်းစအချိန် အမေနဲ့ စံပါယ်ပန်းလုကောက်တော့
အမေက ဘုရားပန်းကပ်ဖို့
ကျနော်က ချစ်သူ့ ဆံဝယ်ထက် ကပ်ဖို့
ကုသိုလ်ရတာချင်းမတူရင်တောင်
ကြည်နူးတာခြင်း တူပါလိမ့်မယ် မြရွက်ဝါ။
မနက်စောစော အိပ်ရာထ ပျင်းခဲ့သူဟာ
အခုတော့ ဝီရိယတွေကောင်းလို့
ကျောင်းသွားဖော် ချစ်သူရေ
တစ်ယောက်ရင်ထဲက အကြောင်းအရာကို တစ်ယောက်က သိနားလည်နေတာမျိုး။
၈-တန်းကျောင်းသူ ကျောင်းသားအရွယ်ဟာ
သစ်ရွက်လှုပ်တာမြင်ရင် ရယ်ချင်သတဲ့လား
စာဖတ်နာတဲ့သူအတွက်တော့လို့ မြရွက်ဝါ စကားကို
သိပ်လေးစားခဲ့ရပါပေါ့။
ရွက်ဝါတို့အိမ် ရောက်ဖူးမှ
အား....ပါးပါး........
ကြီးလိုက်တဲ့ စာအုပ်စင်
ငါမဖတ်ဖူးတဲ့ စာအုပ်တွေ။
ရွက်ဝါအဖေရဲ့ မေးခွန်းတွေအောက်မှာ
ကိုယ်ဟာ ဖရိုဖလဲ မရှုမလှ။
အမျိုးဘာသာကို မသိတဲ့သူဟာ
အစွန်းရောက်တတ်သတဲ့
ချင်းတောင်ချင်းမောင်စာအုပ် ထုတ်ပြ
ဆရာ မြ၊ ဆရာအောင်သင်း ၊ ဆရာ တက်တိုး
ဆရာနတ်နွယ် အစရှိသဖြင့်
ရွက်ဝါအဖေပေးလိုက်တဲ့ စာအုပ်ဘုတ်ထူကြီးတွေနောက်မှာ
ခေတ်ကို မြင်ရ သိခဲ့ရပါပေါ့လား။
ဒါကြောင့်ဖြစ်မယ်
အလယ်တန်းကျောင်းသူ တစ်ယောက်ရဲ့
တည်ငြိမ်မှုမျိုးမှာ
စာရူးပေရူး တစ်ယောက် ရူးသွပ်ခဲ့ရ။
နောက်နေ့
မြရွက်ဝါ အပြုံးတွေဟာ
ကိုယ်ဖတ်နေကျ သိုင်းဝတ္ထုထဲကလို
လျှို့ဝှက်ချက်တွေအပြည့်။
ကျောင်းသွားဖော်ရေ
အဖြူရောင် ကြိုးမျှင်ကလေးတွေ သွယ်တန်း
အဝါရောင် ပူ စူးနေတဲ့ ချယ်ရီပိုးကလေးတွေ
နင့် အကြောက်ဆုံး ပိုးကောင်ကလေးတွေ ပြီးရင်
မင်းအကြိုက်ဆုံး ချယ်ရီတွေ ဝေတော့မယ်။
ဖြူစွတ်နေတဲ့ အပွင့်လား
နီညိုရောင် စတော်ဘယ်ရီအရောင်လား
ချယ်ရီဆိုတာ ချယ်ရီပဲလို့ အဓိပ္ပါယ်ဖွင့်ပြီးတဲ့နောက်
မိုးရာသီကို နင် မေ့သွားမှာပဲ စိုးရွံ့မိသူပါ မြရွက်ဝါ။
မိုးရာသီပြီးတော့ ဆောင်းရာသီ
အလွမ်းနဲ့မဆုံးပါရစေနဲ့လား။
တောင်ပေါ်ဒေသဆိုတာ
မီးခိုးမဆုံး မိုးမဆုံး ရာသီမဟုတ်လား။
ချယ်ရီတွေကို ပျော်ပျော်ပါးပါး ကြိုဆိုလိုက်ကြ
အေးခဲတဲ့ နှင်း ဆောင်းဟေမာန်မှာ
အနွေးထွေးဆုံး ရင်ငွေ့။
ရဲရင့်တဲ့တောင်ဇလပ်တွေ
မြရွက်ဝါ ရင်ထဲအထိ ပွင့်ပါစေ။
ပြက္ခဒိန်� ရက်စွဲတွေအရတော့
နွေ။
တောင်ပေါ် ဒေသမှာ
နှင်းမကွဲသေး မိုးမစဲသေး။
ချယ်ရီတွေ လှနေဆဲ
တောင်ဇလပ်တွေဝေနေဆဲ။
ငါ
တွေဝေ နေတုန်းပါပဲ
တောင်ပေါ်သားတစ်ယောက်ရဲ့ မေတ္တာ
အညာပြန်ရောက်တဲ့အခါ အရည်ပျော်သွားမှာလား မြရွက်ဝါ။
မြရွက်ဝါရေ
အညာက ပိတောက်ဝါဝါအကြောင်း
ကြွေလည်းမွှေး ဝေလည်းမွှေးတဲ့ ပန်းခရေအကြောင်း
စိန်ပန်းနီနီတွေအကြောင်း
ချမ်းအေးတဲ့ တောင်ပေါ်နွေရာသီ
ကျောင်းလမ်းထိပ်က ချယ်ရီပင်အောက်
ထင်�းရှူးနံ့သင်းနေတဲ့ ခုံတန်းရှည်လေးထက်မှာ
အရိုးသားဆုံးချစ် စကားတွေ
အနွေးထွေးဆုံး အပြုံးတွေအောက်မှာ
မခွဲမီက လွမ်းနှင့်ရသူပါ မြရွက်ဝါ။
စကားတွေ ဆွံ့အ
စကားလုံးတွေ သေဆုံးလို့
မမှာမဖြစ် စကားလုံးတွေနောက်မှာ
ချယ်ရီပန်းကလေးတွေကို မမေ့ပါနဲ့ မြရွက်ဝါ။
ရိုးသားတဲ့ တောင်ပေါ်သား သစ္စာ
ဗမာလို ရေရေလည်လည်မသိတတ်သေးတဲ့ အသက်အရွယ်မှာ
အညာသူ မြရွက်ဝါရေ
ရဲရင့်တဲ့ တောင်ဇလပ်ပန်းကလေးတွေကို မမေ့ပါနဲ့။
အလှတရားဆိုတာ
နေရာဒေသ ကာလ ပရောဂ မှာတည်မှီသူမို့
ရောင်စုံ သစ်ခွပန်းကလေးတွေကို လက်ဆောင်မပေးတော့ပါဘူး
မြရွက်ဝါရေ
မြရွက်ဝါရေ
မြရွက်ဝါရေ
ဟောဒီက တောင်ပေါ်သားရဲ့ သစ္စာ
ကမ္ဘာ တည်သရွေ့
ချစ်ကြည် ငြိမ်းချမ်းခြင်းအတွက်မို့
နှလုံးသားကိုသာ ကြည်ဖြူစွာ ဆောင်ယူသွားလှည့်ပါ မြရွက်ဝါရေ။
လူချင်းအတူတူ
လမ်းချင်းအတူတူ
အတူတွဲလျှောက်ခဲ့ဖူးတဲ့ ကျောင်းသွားကျောင်းပြန် ခဏတာများ
အခုတော့ အလွမ်းတွေက ထာဝရ ရထား
ချင်းတောင်ပေါ်ကနေ အော် အော်ခေါ်နေမိတဲ့ ငါ့အသံကို
မြေပြန့်သူလေး ကြားပါစေသား လေ။
ရင်ထဲမှာ ရွာတဲ့မိုး
ဘယ်တော့မှ မစဲတော့ဘူး မြရွက်ဝါ။
အချိန်တွေ ရာသီတွေ
အစိုးရမင်း တွေသာ အခါခါ ပြောင်းလဲခဲ့
ပြန်ဆုံဖို့ ရက်တွေဟာ မိုးလေဝသခန့်မှန်းချက်လိုပဲ အစိုးမရတော့ဘူး။
ဝေးလံ ခက်ခဲတဲ့ တောင်ပေါ်ဒေသမှာ
စေတနာရှင် ဆရာမလေးဖြစ်ချင်ပါတယ် ဆိုတဲ့ မြရွက်ဝါ။
မှန်းချက်နဲ့ နှမ်းထွက် အဆင်ပြေရဲ့လား
နောက်ထပ် ပြန်မဆုံဖြစ်ကြသေးတာကလွဲရင်
အပြစ်ကင်းစင်တဲ့ကလေးတွေကြားမှာ
အနီးဆုံးအရပ်က စောင့်ရင်း
အနီးဆုံးရင်ဘတ်နဲ့ မျှော်ရင်း
ငါတို့ရဲ့ ချယ်ရီမြို့ကလေးမှာ
ဆရာမအသစ်ရောက်တိုင်း
မြရွက်ဝါလေလားလို့ နားစွင့်ထားခဲ့မိသူပါ မြရွက်ဝါ။
မိုးသောက်ယံမှာ
နောက်ဆုံးလက်ကျန်အလင်းနဲ့ အတောက်ပဆုံး လစန္ဒာလိုမျိုး
ဘဝကို မျှော်လင့်ချက်တွေနဲ့ပဲ ရွက်လွှင့်ဖြစ်ခဲ့ပါတယ်
မြ
ရွက်
ဝါ။
ဟာရှိန်း(မင်းတပ်)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။