Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 28, 2016

"ယဉ်ကျေးတဲ့တိုင်းပြည်က မယဉ်ကျေးမှုများ"


Poe Phyu Thant

"ယဉ်ကျေးတဲ့တိုင်းပြည်က မယဉ်ကျေးမှုများ"
တခါက နိုင်ငံခြားသူလေးတစ်ယောက်က ပြောဖူးတယ်.. တချို့အာရှသူ၊ အာရှသားတွေက အင်္ဂလိပ်စကားမပီဘူးတဲ့.. ကိုယ်ကတော့ နင်တို့ အင်္ဂလိပ်တွေက ဘယ်လောက်တော်နေလို့ ဘာညာလည်း စကတ်စွန်တောင်စွဲ ရန်မတွေ့မိပါဘူး.. အေးအေးဆေးဆေးလေးနဲ့ ခပ်ပြုံးပြုံးလေးပဲ ပြန်မေးခဲ့တယ်..
"နင်က အင်္ဂလန်မှာမွေး၊ အင်္ဂလန်မှာ ကြီးတာကိုး.. နင် အာရှဘာသာစကားပြောရင်ကျ Native Speaker တစ်ယောက်လို ပီမယ်လို့ နင့်ကိုယ်နင် ယုံကြည်မှု ရှိသလား.. ဒါပေမယ့် နင်စကားမပီရင်တောင် အာရှသားတွေက လှောင်မှာထက် နင်ကြိုးစားပြောပုံလေးကို ချစ်မှာ.." လို့ ပြောတော့ သူ ခေါင်းငုံ့သွားတယ်..
ခဏနေတော့ "ဆောရီး ပိုး၊ ငါ ပြောတာ မှားသွားတယ်" တဲ့.. ချက်ချင်းအမှားဝန်ခံတယ်..

မြန်မာပြည်မှာ တိုင်းရင်းသားတွေ စကားဝဲတာ မလှောင်ဖို့ ပြောမိတုန်းကတော့ နင်ဘာကြောင်နေတာလဲလို့ အပြောခံရတာပဲ အဖတ်တင်ခဲ့တာပဲ.. တိုင်းရင်းသားတွေ ဗမာစကားပြောလို့ မပီတာ၊ ဗမာတွေ တိုင်းရင်းသားစကားပြောရင်လည်း ပီမှာမှ မဟုတ်တာဆိုတာကို ဘာလို့များရယ် မေ့ထားလဲ မသိပါဘူး..
တိုင်းရင်းသားတချို့ စကားမပီတာအပေါ် နောက်ကနေ လိုက်ပြော၊ ဘေးကနေ လိုက်လှောင်တဲ့ အမျိုးကောင်းသားသမီးကြီးများကိုလည်း ကိုယ်ချင်းမစာတတ်လေခြင်းရယ်လို့ အံ့သြဘနန်း ဖြစ်ရပြန်တယ်..
ဒါပေမယ့်အဲ့သလို စကားဝဲတာကို လှောင်တာထက်ဆိုးတာက ဘာလဲဆိုရင် လူတစ်ယောက်ရဲ့ Marital Status ကို ခလုတ်သွားသွားတိုက်တာပါပဲ..
အထူးသဖြင့် သီတင်းကျွတ်နားနီးရင် နင် မယူသေးဘူးလား၊ နင်တော့ဖြင့် လူပျိုကြီး/ အပျိုကြီးဘဝက ကျွတ်တော့မယ် မဟုတ်ပါဘူး ဘာညာ မထိခလုတ် ထိခလုတ် အင်မတန် ပြောကြဆိုကြပါတယ်.. တကယ်က အဆင်မပြေတဲ့အိမ်ထောင်ရေးထဲ ခုန်ချမယ့်အစား တစ်ယောက်တည်း နေတာက တခြားသူရော ကာယကံရှင်ပါ ဒုက္ခရောက် သက်သာတယ်ဆိုတာ ဘာလို့ မမြင်နိုင်လဲ မသိပါဘူး...
လူတစ်ယောက်ရဲ့ Personality ဟာ Marital Status နဲ့ ဘာမှ မဆိုင်မှန်း Single, Married, Divorcee, Widow, Single Mom ဒါတွေဟာ status တစ်ခုဖြစ်ရုံထက် မပိုမှန်းသာ လူတွေ သိထားရင် အဲ့ဒီလူ့အဖွဲ့အစည်းက ချစ်ခြင်းတရားတွေက ပိုချိုမယ် ထင်တာပါပဲ.. လူဟာ အမှားမကင်းနိုင်တဲ့ သတ္တဝါဖြစ်တဲ့တူတူ တခါတခါ မှားယွင်းတဲ့ relationship ထဲ ခုန်ဆင်းရင်လည်း ဆင်းခဲ့မိမှာပါပဲ.. ဒါပေမယ့် ဒီအမှားနဲ့တင် တစ်သက်လုံး Marital status ဟာ သူများလက်ညှိုးထိုး ကဲ့ရဲ့ခံဖြစ်စရာလိုလို့လား..
ဒါနဲ့ပဲ အဲ့သလိုပတ်ဝန်းကျင်အပြောတွေနဲ့တင် တချို့လက်ထပ်ဖို့ အဆင်သင့်မဖြစ်သေးတဲ့သူတွေခမျာ ဖုတ်ပူမီးတိုက် ယူကြရရင်း အိမ်ထောင်ရေးဟာ ကတောက်ကဆဖြစ်ကုန်ရတာ မြင်ရ တွေ့ရတိုင်း အဲ့သလို လူ့အဖွဲ့အစည်းကို ရွံမုန်းမိတာပါပဲ..
ပြောရရင် အနောက်နိုင်ငံတွေမှာ လူတွေဟာ အတူနေကြတာ များတယ်.. လက်ထပ်ခဲတယ်.. ဒါပေမယ့် လက်ထပ်ပြီးရင်လည်း မချစ်တဲ့အခါ၊ အဆင်မပြေတော့တဲ့အခါ တန်းကွာတာပါပဲ.. လူ့ဘဝလေး နောင်တကင်းအောင် တန်အောင် နေကြတယ်..
မြန်မာပြည်မှာသာဆို ငါတို့အမျိုးထဲ အဲ့ဒါမျိုး မရှိဘူးဆိုပြီး အဖြေရှာမယ့်အစား အောင့်အီးသည်းခံဆိုတဲ့ အဖြေမျိုးသာ ထွက်မှာဆိုပေမယ့် အနောက်နိုင်ငံတွေမှာတော့ အဲ့သလို ကွာလိုက်လို့လည်း သူ့ရဲ့ ပတ်ဝန်းကျင် လူမှုအဖွဲ့အစည်းက လက်ညှိုးတထိုးထိုး အတင်းတတုပ်တုပ် သိပ်ရှိမနေလှပါဘူး..
အော်.. သူတို့ချင်း အဆင်မပြေလို့ ကွာတယ် ဒီလောက်ပဲ.. မြန်မာပြည်မှာလို ဟယ် တစ်ခုလပ်ကြီးတွေ တစ်လင်ကွာကြီးတွေရယ်လို့ လက်ညိုးထိုး အပုပ်ချတာ တစ်ခါမှ မမြင်ခဲ့ရပါဘူး..
အဲ့ဒါအပြင် အိမ်ထောင်ပျက်လို့ နောက်အိမ်ထောင်ထပ်ပြုတဲ့အခါလည်း စိတ်ရင်းနဲ့ သွားပြီးတော့ Congratulations တွေ All the best တွေ သွားလုပ်ကြတာပါပဲ.. သူတို့ဟာ အတိတ်ကို ရုန်းထွက်နိုင်ကြတယ်.. လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဟာ သူတို့ဝင်စွက်ဖက်ရမယ့်အရာမဟုတ်မှန်း ကောင်းကောင်းနားလည်ကြတယ်..
မြန်မာပြည်မှာတော့ ဟိုမော်ဒယ်လ်မ လှလှလေးတောင်မှ ကလေးအမေကြီးကိုများ ဆိုတဲ့ စကားခဏခဏ အသုံးခံရတာ မြင်ရတယ်.. ကလေးအမေဖြစ်တော့ရော ဘာဖြစ်လဲ.. ကလေးအမေတွေဟာ လှခွင့်မရှိတော့ဘူးလား.. ဆွဲဆောင်မှု မရှိရတော့ဘူးလား.. အဲ့သလိုပြောတဲ့သူတွေကရော တစ်နေ့ ကလေးအမေ မဖြစ်ကြတော့ဘူးလား..
တကယ်က ကင်မ်ကဒါရှီယန် (သူလည်း ကလေးအမေ :P ) တို့လိုမျိုး အကျော်အမော် ဆယ်လီဘရစ်တီတွေတောင်မှ တိုင်ကွေးအောင် photoshop တွေ သုံးကြသေးတာ.. အနောက်နိုင်ငံက နာမည်ကျော် Vogue Magazine Cover Girls တွေတောင်မှ အားပါးတရ ခါးသေးလိုက်၊ ပိန်လိုက် လုပ်ကြသေးတာ.. ကိုယ်ဖြင့် ဒီမိန်းကလေးမှ ထူးပြီး အပြစ်တင်စရာရယ်လည်း မမြင်လှပါဘူး.. သူအဲလိုလုပ်တာ လူတွေသိသွားတာတောင်မှ သူ့ပရိတ်သတ်တွေဟာ သူ့ကို ဝန်းရံတုန်းဆို သူတို့ချင်း ကျေနပ် ကိုယ့်အပူဟာ ပါစရာမှ မလိုဘဲ..
အဲ့ဒီမော်ဒယ်လ် သူ့ဘာသာ Photoshop သုံးတာက သုံးတာဆိုပေမယ့် မကျေနပ်ရင် သူဟာ fake လုပ်တယ်ပြောရုံမှာတင် အဆုံးသတ်ရမယ့် ဝေဖန်ချက်တွေဟာ "ကလေးအမေကြီး" ကလေးတစ်ယောက်အမေကြီး လို့ ခဏခဏ ပါလာတာ အတော်အံ့အားသင့်စရာ ကောင်းပါတယ်..
ကိုယ်ကတော့ဖြင့် အဲ့ဒီမော်ဒယ်လ်မလေးကို ချစ်တာ မချစ်တာထက် ဒီအသက်အရွယ် ဒီအနေအထားမှာ ဒီလိုခန္ဓာကိုယ် ထိန်းထားနိုင်တာ အားမကျနိုင်ရင်တောင်မှ အသိအမှတ်ပြုစရာရယ်ပဲ တွေးတယ်..
မြန်မာပြည်လို့ ပြောလိုက်ရင် အများစုက ယဉ်ကျေးသောတိုင်းပြည်လို့ ဆိုကြမှာပါပဲ.. ဒါပေမယ့် ယဉ်ကျေးသောတိုင်းပြည်ရဲ့ တချို့မယဉ်ကျေးခြင်းတွေဟာ လူ့အဖွဲ့အစည်းထဲ တော်တော်ကြီးကို နက်နက်ရှိုင်းရှိုင်း တိုးဝင်နေတဲ့ ဆူးတွေပါပဲ.. တတ်နိုင်သလောက် ကူနှုတ်ပေးဖို့ လိုပါတယ်..
နမူနာအားဖြင့် အနောက်နိုင်ငံတွေမှာ ပိန်တယ်၊ ဝတယ်ဆိုတဲ့ Body Shaming ကို မလုပ်မိအောင် တတ်နိုင်သမျှ ဆင်ခြင်နေကြပြီဆိုပေမယ့် မြန်မာပြည်မှာတော့ ဝတုတ်၊ ဖက်တီး၊ ဘုတ်အီးမ၊ ပိန်တာရိုးမ၊ သွားကြားထိုးတံမ၊ ငဖောင်ရိုး၊ ပိန်ညှောင်ဆိုတဲ့စကားတွေဟာ ထမင်းစားရေသောက် နေ့တဓူဝစကားလိုကို ဖြစ်နေတာ တော်တော်လေး စိတ်ထိခိုက်စရာကောင်းပါတယ်..
ဘယ်လိုပဲ ခင်လို့ မင်လို့ စတာပါလို့ အကြောင်းပြပါစေ၊ စနောက်ခြင်းမှာ အမှန်တရားတစ်ဝက်ပါတယ်ဆိုတာ ငြင်းမရပါဘူး.. ပြောတဲ့သူဘက်က ပေါ့ပေါ့လေး ပြောလိုက်တာဆိုပေမယ့် အပြောခံရသူခမျာ အနေကျုံ့တာတွေ၊ သူ့ကိုယ်သူ ယုံကြည်မှုနည်းတာတွေ၊ အားမလိုအားမရ ဘာကိုအလိုကျမှန်း မသိ ဖြစ်လာတဲ့ အငုံ့စိတ်တွေ ရိုက်သွင်းခံလိုက်ရသလိုပဲ..
အဲ့ဒါအပြင် အသားအရေတွေ၊ မျက်နှာပုံပန်းတွေ၊ အမျိုးအနွယ်တွေကို ထိခိုက်ပြီး ခေါ်တာကိုလည်း မြန်မာ့ယဉ်ကျေးမှုမှာ ခေါ်ရိုးခေါ်စဉ် ဖြစ်နေတာ မြင်ရကြားရ အတော်စိတ်ထိခိုက်ရပါတယ်.. တကယ်တော့ ဒီအသားအရေတွေ၊ မျိုးနွယ်တွေဆိုတာ လူတစ်ယောက်မှာ ရွေးချယ်ခွင့်မှ မရှိခဲ့ဘဲဆိုတာ အသိခေါက်ခက် အဝင်နက်သူတွေ များကြတယ်..
ပြင်သစ်ကြီးနဲ့ ပြင်သစ်မကြီးယူလို့ ကလေးလေး မွေးရင် မျက်လုံးပြာပြာ ဆံပင်ရွှေရောင်လေး ထွက်လာနိုင်ပေမယ့် မြန်မာအစစ် အညာသူ၊ အညာသားက မွေးလာတဲ့သူဟာ ဘယ်လိုဖြူနိုင်ပါ့မလဲ.. အိန္ဒိယသွေးပါသူတွေကရော ဆယ်ယောက်မှာ ကိုးယောက် ညိုမှာပါပဲ၊ မည်းမှာပါပဲ.. အဲ့သလို ရွေးချယ်ခွင့်မရတဲ့ အသားအရောင်မှာ ဟိတ်ကောင် ကုလား၊ ဟိတ် ငမည်း၊ ဟိုအညာသားကျောကုန်းရေဆိုတာမျိုးတွေ ကြားရရင် အဲ့ဒီလူရဲ့ ဥာဏ်ပညာကို ကိုယ့်မှာ ဘယ်လိုမှ ကြည်ညိုလို့ကို မရနိုင်တော့ပါဘူး..
ယဉ်ကျေးတဲ့တိုင်းပြည်က လာတဲ့သူလို့ အတိတ်က ရွှေထီးဆောင်းခဲ့တာတွေ တဖွဖွ ရွတ်ရင်း အနောက်နိုင်ငံက Gentlemen ဆိုသူတွေရဲ့တဝက် ကိုယ့်လူတွေ မယဉ်ကျေးတာ မြင်ရတဲ့အခါ နှာခေါင်းရှုံ့မိတာထက် စိတ်မကောင်းဖြစ် နာကျင်ရပြန်တယ်.. ဆင်းရဲမွဲတေခြင်း၊ ပညာတတ်နည်းခြင်းဆိုတဲ့ အဆိုးကျော့သံသရာထဲက ဘယ်တော့များမှ ငါတို့ရုန်းထွက်နိုင်ပါ့ရယ်လို့လဲ မျှော်လင့်တကြီး ဖြစ်ရပြန်သေးတယ်..
ကိုယ့်အမြင်ကတော့ တချို့ကိစ္စတွေမှာ အရှေ့တိုင်းရယ် အနောက်တိုင်းရယ်ဆိုတာထက် လူ့အဖွဲ့အစည်းအတွက် အဆိပ်မဖြစ်မယ့်အတွေးအခေါ်ဆို ဘယ်ကဖြစ်ဖြစ် ကြိုဆို ကျင့်သုံးသင့်တယ်လို့သာ ထင်တာပါပဲ..
အနည်းဆုံးတော့ ကိုယ်က စပြီး ဒါမျိုးတွေ ရှောင်ကြရအောင်ပါ..

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။