Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 18, 2016

ဝေလငါးကြီး Shamu ကပေးတဲ့ ဘဝသင်ခန်းစာ...

ဝေလငါးကြီး Shamu ကပေးတဲ့ ဘဝသင်ခန်းစာ...
ရေကန်ကြီးဘေးက ပွဲကြည့်စင်တွေမှာ
ပရိသတ်တွေက စိတ်ဝင်တစားနဲ့ ကန်ရေပြင်ကို
စူးစိုက်ကြည့်နေကြတယ်
အဲ့ဒီလိုအချိန်မှာ အလေးချိန်ပေါင် ၁ဝဝဝဝ လောက်ရှိတဲ့
ဝေလငါးကြီး Shamu က ကန်ရေပြင်ထဲကနေ
ဘွားကနဲပေါ်လာပြီး ကန်ရေပြင်အထက်
၂၂ ပေအမြင့်လောက်ကို အသာလေးခုန်ပြသွားခဲ့တယ်
အစကတည်းက မိုးကာဝတ်ပြီးကြည့်နေကြတဲ့
ပရိသတ်တွေဟာ Shamu ဆီက လွင့်ပျံလာတဲ့
ရေမှုန်ရေမွှားတွေကို ကြည်နူးခံစားရင်း
လက်ခုပ်သြဘာသံတွေ သောသောညံသွားခဲ့တယ်...

ဒီလောက်ကြီးတဲ့ ဝေလငါးကြီးကို
ဒီလောက်အမြင့်ထိ ခုန်နိုင်အောင် ဘယ်လိုများ
လေ့ကျင့်သင်ကြားပေးထားကြတာပါလိမ့်
Shamu trainer တွေရဲ့နည်းစနစ်တွေကို
လေ့လာကြည့်ရအောင်...
အရင်ဆုံး Trainer တွေဟာ Shamu ကို
ဘာမှမခိုင်းခင် Trust building လုပ်ပါတယ်
ယုံကြည်မှုတည်ဆောက်ပါတယ်
Shamu ရှိနေတဲ့ ရေကန်ထဲကို ခုန်ဆင်းသွားတယ်
သူတို့ဟာ Shamu ရဲ့မိတ်ဆွေတွေဖြစ်ကြောင်း
သူတို့ဟာ Shamu ကို ထိခိုက်အနာတရဖြစ်အောင်
လုပ်မယ့်သူတွေ မဟုတ်ကြောင်း စိတ်ရှည်သည်းခံစွာနဲ့
Shamu ဆီက ယုံကြည်မှုကို ရယူခဲ့ရတယ်
Shamu ဆီက အပြန်အလှန် ယုံကြည်မှုကို ရတော့မှ
Trainer တွေနဲ့ Shamu ဆက်ပြီး လက်တွဲလို့ရခဲ့တယ်...
နောက်တစ်ခုက Shamu ကို လေ့ကျင့်တဲ့နေရာမှာ
Target တစ်ခုထားတယ် ဆိုကြပါစို့ သူ့ကို
ရေပြင်အထက် ၂၂ ပေ အမြင့်ထိ ခုန်စေချင်တဲ့အတွက်
၂၂ ပေ အမြင့်မှာ ကြိုးတန်းတစ်ခု တန်းထားတယ်
ပြီးတော့ အဲ့ဒီကြိုးတန်းကိုထိအောင်
Shamu ကို ခုန်ခိုင်းတယ် ဒါပေမဲ့ Shamu က
စစချင်းမှာ ဘယ်လိုမှ မခုန်နိုင်ပါဘူး...
ရတယ် မခုန်နိုင်လည်း ကိစ္စမရှိဘူး
ကြိုးတန်းကို ရေအောက်အထိ နှိမ့်ချလိုက်တယ်
ပြန်ခုန်ခိုင်းတယ် Shamu အေးအေးဆေးဆေး
ခုန်သွားတယ် အောင်မြင်သွားတယ် အဲ့ဒီအခါမှာ
Trainer တွေက Shamu ကို ငါးတွေကျွေးတယ်
ပွတ်သပ်ပေးတယ် ဂုဏ်ပြုကြတယ် ချီးကျူးကြတယ်
ဒီတော့ Shamu စိတ်ထဲမှာ ခံစားသွားရတယ်
ဒီကြိုးတန်းကို ငါခုန်နိုင်တိုင်း ငါ့ကိုချီးကျူးကြပါလား
ငါစားချင်တာတွေ စားရပါလား
ငါ့ကိုအသိအမှတ်ပြုကြပါလားပေါ့...
နောက်တော့ ကြိုးတန်းကို နည်းနည်းမြှင့်လိုက်တယ်
ခုန်ခိုင်းတယ် Shamu မခုန်နိုင်ဘူး
ဒီအခါမှာ trainer တွေက Shamu ကို အပြစ်မတင်ဘူး
မကြိမ်းမောင်းဘူး ဒဏ်မခတ်ဘူး မရိုက်နှက်ဘူး
ဘာလုပ်လဲဆိုတော့ သူခုန်နိုင်တုန်းက ရခဲ့တဲ့
ငါးတွေ၊ ပွတ်သပ်ပေးမှုတွေ၊ ဂုဏ်ပြုမှုတွေ ပေးတာမျိုး
မလုပ်ဘူး မင်းမခုန်နိုင်ရင်တော့ ဒါတွေရမှာမဟုတ်ဘူး
ဆိုရုံလောက်ပဲပြတယ်...
အဲ့ဒီမှာ Shamu သဘောပေါက်သွားပုံရတယ်
ကြိုးတန်းကို ခုန်နိုင်ရင် ငါလိုချင်တာတွေရတယ်
မခုန်နိုင်ရင် ဘာမှမရဘူး ဆိုပြီးတော့
အဲ့ဒီလိုနဲ့ နောက်အကြိမ်မှာ Shamu ခုန်နိုင်သွားတယ်
ဒီလိုနဲ့ ကြိုးတန်းကို တဖြည်းဖြည်းချင်းမြှင့်လာလိုက်တာ
နောက်ဆုံး trainer တွေ လိုချင်တဲ့ရည်မှန်းချက်အထိ
Shamu ခုန်နိုင်သွားတယ်...
ကျနော်တို့လူ့အဖွဲ့အစည်းမှာလည်း
လူတွေဟာ ဝေလငါးကြီး Shamu နဲ့
သဘောတရားချင်းတူပါတယ် ဒီတော့
မိဘဟာ သားသမီးရဲ့၊ ဆရာဟာ တပည့်ရဲ့
အထက်လူကြီးဟာ အောက်လက်ငယ်သားရဲ့
အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ရယူနိုင်ဖို့
Shamu trainer တွေရဲ့ထုံးကို နှလုံးမူသင့်ပါတယ်...
အရင်ဆုံး အပြန်အလှန်ယုံကြည်လေးစားမှုကို
တည်ဆောက်နိုင်ရမယ် ဒါမှ လိုသလိုပုံသွင်းလို့ရမယ်
ငါမိဘပဲ ငါဆရာပဲ ငါလူကြီးပဲ လုပ်လို့မရဘူး
နောက်ပြီး ရည်မှန်းချက်ကိုရောက်ဖို့
အဆင့်မကျော်ရဘူး မဖြစ်နိုင်တာတွေကို
အတင်းဇွတ်ခိုင်းလို့ မရဘူး
တဆင့်ချင်း သွားမှရမယ်
ဒါမှ သူတို့ဆီက အကောင်းဆုံးစွမ်းရည်တွေကို
မြင်တွေ့ခွင့်ရမယ်...
အဲ့ဒီလိုပဲ ကောင်းတာတစ်ခုလုပ်ရင် ချီးကျူးပေးဖို့
ဂုဏ်ပြုပေးဖို့၊ အသိအမှတ်ပြုပေးဖို့၊ ဆုပေးဖို့ လိုပါတယ်
ဒါမှ သူတို့စိတ်ထဲမှာ ပိုပြီးကြိုးစားချင်စိတ်ဖြစ်လာမယ်
အောင်မြင်မှုရဲ့အရသာကို ခံစားတတ်လာမယ်
ဒီလိုပဲ သူတို့ အမှားလုပ်တဲ့အခါမှာလည်း
အပြစ်တင်တာကိုလျှော့ရမယ် ဒဏ်ခတ်တာ
ဆူပူတာ ကြိမ်းမောင်းတာ ရိုက်နှက်တာတွေကို
ဆင်ခြင်ရမယ်...လုံးဝမလုပ်ရဘူးလို့ မဆိုလိုဘူး
အညင်သာဆုံးနဲ့ အထိရောက်ဆုံးကို ရွေးတတ်ရမယ်
စကားလေးတစ်ခွန်းရှိတယ်မလား
ချီးကျူးမယ်ဆိုရင် အများရှေ့မှာချီးကျူးပါ
အပြစ်တင်မယ်ဆိုရင် နှစ်ကိုယ်ကြားပဲ အပြစ်တင်ပါတဲ့...
ဟုတ်ကဲ့
ဒီလောက်ဆိုရင်တော့ ဝေလငါးကြီး Shamu ရဲ့
အကြောင်းကနေ ကျနော်တို့လူ့အဖွဲ့အစည်းအတွက်
လိုက်နာကျင့်သုံးလို့ရမယ့် အချက်လေးတွေကို
အလေးဂရုပြုမိကြမယ်ထင်ပါတယ်...
ဒီနေရာမှာ ကျနော်တို့ ဇာတ်လိုက်ကြီး
Shamu အကြောင်းနဲ့ နိဂုံးချုပ်ရရင်
Shamu က အမပါ killer whale အမျိုးအစား
ဖြစ်ပြီးတော့ ၁၉၆၅ ခုနှစ် အောက်တိုဘာလက
ဖမ်းမိခဲ့တဲ့ စတုတ္ထမြောက်ဝေလငါးဖြစ်ပြီးတော့
ဒုတိယမြောက် အမလေးဖြစ်ပါတယ်
ဖမ်းမိစဉ်က ၁၃ ပေနဲ့ ၁၁ လက်မ ရှည်ပါတယ်
၁၉၇၁ ခုနှစ် သြဂုတ်လ ၉ ရက်မှာ သေသွားခဲ့တော့
သူကိုဖမ်းမိပြီး ၆ နှစ်လောက်ပဲ အသက်ရှင်သွားတာပါ
သူသေပြီးနောက်ပိုင်းမှာတော့ သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့
ဝေလငါးတွေ သရုပ်ပြတဲ့ SeaWorld ပွဲတွေကို
Shamu Show လို့ ခေါ်တွင်စေခဲ့ပါတယ်...
(Shamu အကြောင်းကို Strategy First Magazine မှာ
ပထမဆုံးအကြိမ် စဖတ်ဖူးခဲ့တာပါ...နောက်ပိုင်းမှာတော့
စိတ်ဝင်စားလို့ website တွေ တော်တော်များများမှာ
ရှာဖတ်ဖြစ်ခဲ့ပါတယ်...အခု status လေးကိုတော့
ဖတ်ထားသမျှ Shamu အကြောင်းတွေကနေ
ထုတ်နုတ်ပြီး ပြန်လည်ရေးသားထားတာဖြစ်ပါတယ်...)
မူရင်း ' Wai Phyo Maung
18.8.2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။