အရှင်အရိယာဝံသာ လင်္ကာရ added 5 new photos.
လူသိနည်းတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့အကြောင်း ၅ ခု
…………………………………………………………
၁၉၄၇ ပင်လုံစာချုပ်တွင် ပါဝင် လက်မှတ်ထိုးခဲ့ ပြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံ ခံခဲ့ရသော စော်ဘွား စဝ်စံထွန်းသည် စိုင်းစိုင်းခမ်းလှိုင်၏ အဖိုးဖြစ်ပြီး စိုင်းစိုင်းခမ်းလှိုင် သည် စော်ဘွားမျိုးနွယ်ဝင် ဖြစ်သည်။
စိုင်းစိုင်းခမ်းလှိုင်သည် အိမ်ထောင်ကွဲ မိသားစုတွင် ကြီးပြင်းလာသူဖြစ်ပြီး
(၄) တန်းနှစ်တွင် ဖခင်နှင့် မိခင် ကွာရှင်းခဲ့ကြသည်။ သူ၏ မိခင်သည်
သြစတေးလျတွင် နေထိုင်လျက်ရှိပြီး ဖခင်မှာ (၂၀၀၆) ခုနှစ်တွင်
ကွယ်လွန်ခဲ့သည်။
စိုင်းစိုင်း ခမ်းလှိုင် သည် ကိုယ်ခံ ပညာ တတ်ကျွမ်းသူ မဟုတ်ဟု ထင်ရသော်လည်း သူသည် ဂျူဒို ကစားသမားတစ်ဦးဖြစ်ပြီး အထက်တန်းကျောင်းသားဘဝတွင် ပြည်နယ်အဆင့် ဆုတံဆိပ်များ ရရှိခဲ့ဖူးသည်။
စိုင်းစိုင်းခမ်းလှိုင်ဟာ မြန်မာနိုင်ငံ အတွင်း လူကြိုက် အများဆုံး အမျိုးသား အဆိုတော် ဖြစ်ပြီး မြန်မာနိုင်ငံတွင် လူအားပေးမှု အများဆုံး Facebook Page ရှိသည့် အနုပညာရှင်ဖြစ်သည်။ ၄င်း၏ Page တွင် ပရိသတ်ပေါင်း ၁.၅ သန်းကျော် ရှိ သော်လည်း သူသည် လူမုန်း အများဆုံး မြန်မာ Facebook Celebrity လည်းဖြစ်သည်။
စိုင်းစိုင်းခမ်းလှိုင်သည် ၁၉၇၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ယခု ၂၀၁၅ ခုနှစ်တွင် အသက် ၃၇ နှစ်အတွင်း ရောက်ရှိနေပြီဖြစ်သည်။
မြန်မာ့ဇွဲမာန်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။