Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 25, 2016

ဘ၀စစ်တုရင်

ဘ၀စစ်တုရင်
စစ်တုရင် International Chess မှာ "Sacrifice" ဆိုတဲ့ အသုံးအနှုန်းတစ်ခုရှိတယ်။ ကိုယ့် ဘက်က ကစားကွက် အခြေအနေ သာအောင် ဒါမှမဟုတ် လက်ရှိ ကြုံတွေ့နေရတဲ့ အကျပ်အတည်း ကို ပြေလည်အောင် ကစားရုပ်တစ် ခုခုကို အဆုံးရှုံးခံခြင်းလို့ အဓိပ်္ပာယ် ရတယ်။ မြန်မာလိုတော့ “စတေး” တယ်လို့ ဘာသာပြန်ကြတယ်။

စစ်တုရင်ပွဲတစ်ပွဲမှာ တစ် ဘက်ဘက်က Sacrifice အကွက် ကို တက်လိုက်ပြီဆိုရင် ကျန်တစ် ဖက် ကစားသမားရော ပွဲကြည့် ပရိသတ်ပါ လှုပ်လှုပ်ရှားရှားဖြစ် သွားကြလေ့ရှိတယ်။
စစ်တုရင်ရဲ့ လှပတဲ့ စည်း ကမ်း တစ်ခုက တစ်ဖက်သူက ကျွေးပေမယ့် ကိုယ်စားချင်မှ စား လို့ရတယ်။ မစားဘဲနေလို့လည်းရ တယ်။

Sacrifice Case မှာ တစ် ဖက်က အဆုံးရှုံးခံမယ့် ကစားရုပ် ဟာ သူ့အတွက် ပွဲအပြီး အနိုင်ရ ရေးမှာ အထောက်အကူမပြုနိုင် တော့တဲ့အတွက် စတေးတာမျိုး (ဒါမှမဟုတ်) ကိုယ်က ဒီကစားရုပ် ကို မက်လိုက်ခြင်းအားဖြင့် တစ် ဖက်ပြိုင်ဘက်က ကိုယ့်ကိုတရစပ် ဆက်တိုက် တိုက်စစ်ဆင်ဖို့ အခွင့် အလမ်း ပိုရပြီး အနိုင်ယူသွားနိုင် တာမျိုး (ဒါမှမဟုတ်) ဒီ Sacrifice အပေါ် စိတ်လှုပ်ရှားမှု လွန်ကဲလို့ ဖြစ်ဖြစ် အချိန်ပိုယူပြီး စဉ်းစားရလို့ ဖြစ်ဖြစ် (အချိန်ဖိစီးခံရပြီး) ကိုယ့် ရဲ့ ရှေ့ကစားကွက်တွေကို ထိခိုက် လာနိုင်တာမျိုးတွေ ရှိလာနိုင်တဲ့ အတွက် ဒီ Sacrificeကို accept လုပ် မလုပ်ဆိုတာဟာ သိပ်အရေး ကြီးတယ်။

ဒါဆို Sacrifice တိုင်းကို လျစ်လျူရှုရမှာလား။ ဒီလိုလည်း မဟုတ်ပြန်ဘူး။ အမှန်တော့ တစ် ဖက်က အနိုင်ရဖို့ သေချာနေပြီး သားဆိုရင် ဘာမှ ဒီလိုစတေးမှုမျိုး လုပ်စရာ မလိုဘူးဆိုတာ ထင်ရှား တယ်။ သူ့ဘက်က အခက်အခဲ တစ်ခုခုကို ဖြေရှင်းချင်လို့သာ Sacrifice လုပ်ရခြင်းဖြစ်တယ်။ စစ်တုရင်မှာ ကစားရုပ် အသာရ တာဟာ မက်လောက်စရာဖြစ်တာ တော့ အမှန်ပဲ။

အမှန်တော့ တစ်ဖက်က Sacrifice လုပ်လာရင် စိတ်ထဲ ထားရမှာက သူ့မှာ ရွေးစရာမရှိလို့ ခင်းလာတဲ့လမ်းကို လျှောက်မ လျှောက်ဆိုတဲ့ ရွေးချယ်ပိုင်ခွင့် တော့ ငါရပြီဆိုတာပဲ။

ဒီလိုပဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးက စလို့ ဘ၀ဆိုတဲ့ ကစား ပွဲမှာလည်း ဒီအတိုင်းပဲ။ ရွေးချယ် ပိုင်ခွင့်ဆိုတာ နေရာတိုင်း၊ အခြေ အနေတိုင်းမှာ ရှိမြဲဖြစ်တယ်။ ကိုယ်က ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့် ရှိကြောင်းကို သတိထားမိဖို့နဲ့ ကိုယ့် ရဲ့ ရွေးချယ်ပိုင်ခွင့်ကို အသုံးချ တတ်ဖို့ပဲ လိုတယ်။ ကိုယ့်ရဲ့ ရွေး ချယ်ပိုင်ခွင့်ကို မှန်မှန်ကန်ကန် အသုံးချနိုင်ရင'My life is well under my control' လို့ ပြောလို့ရ တဲ့ အခြေအနေ တစ်ခုတော့ ရလာ မှာ အမှန်ပါပဲ။

Chess မှာ နောက်ထင်ရှားတဲ့ စကားလုံးတစ်ခု ရှိသေးတယ်။ အဲဒါက Blunder ဆိုတာပဲ။ ကဗျာ ဆန်ဆန် ဘာသာပြန်ရင်တော့ “သေရာပါမယ့် အမှား”လို့ ဆိုနိုင် တယ်။ စစ်တုရင်မှာ သာမန် အမှား သေးသေးလေးတစ်ခုဟာ ကိုယ့်ရဲ့ ကစားပွဲ အနိုင်အရှုံးကို ချက်ချင်း အဆုံးအဖြတ်ပေးရလောက်အောင် သက်ရောက်မှု မရှိပေမယ့် ဒီအ ကွက်ကြောင့် (ဒီအမှားကြောင့်) ရှုံး ဖို့ သေချာသွားစေတဲ့ (တစ်ဖက်က အမှားကြီးကြီးမားမား ပြန်မမှားရင်) အမှားမျိုးကို တော့ Blunder လို့ ခေါ်တယ်။ ဒီတစ်ကွက်တည်းနဲ့၊ ဒီတစ်ခုတည်းနဲ့ သေစေနိုင်တဲ့ အမှား၊ ရှုံးစေ လောက်တဲ့ အမှားလို့ ဆိုရမှာပေါ့။ တစ်နည်းဆိုရရင် ပြန်ပြင်လို့ အချိန်မမီလောက်တော့ တဲ့ အမှားမျိုးပေါ့။

ဘ၀ဟာ ခရီးတစ်ခုဆိုရင် မှား လို့မရတဲ့ ခရီးတစ်ခုတော့ မဟုတ် ဘူး။ ခရီးတစ်လျှောက် အမှားတွေ ကြုံရနိုင်တယ်။ ကြုံလည်း ကြုံရ မှာပါပဲ။ လဲကျရင် ပြန်ထရဲတဲ့ သတိ္တရှိဖို့နဲ့ သင်ခန်း စာယူတတ်တဲ့ အသိဉဏ်တော့လိုတယ်။ တစ်ခု တော့ သတိထား၊ အဲဒါက ဘာလဲ ဆိုတော့ Blunder ပဲ။ ပျက်အစဉ် ပြင်ခဏဆိုပေမယ့် တချို့ Blunder တွေဟာ တစ်ဘ၀လုံးပေးပြီး ပြင် တာတောင် အကောင်းအတိုင်း ပြန် မဖြစ်နိုင်တော့တာမျိုးရှိတတ်လို့ ကိုယ်မှားတဲ့ အမှားဟာ စစ်တုရင် ကစားပွဲထဲကလို Blunder မျိုး မဖြစ်ဖို့တော့ သတိထားကြရမယ်။ နိုင်ငံရေးတို့၊ စီးပွားရေးတို့၊ လူမှုရေး စတာတွေမှာလည်း ထိုနည်းလည်း ကောင်းပဲ။ Blunder မဖြစ်စေဖို့ တော့ အရေးကြီးတယ်။

နောက်ဆုံး စစ်တုရင်ကစားပွဲ တစ်ခုပြီးတဲ့အခါ ယဉ်ကျေးမှု တစ်ခုကတော့ ကစားသမားတစ် ယောက်ဟာ ကိုယ်ရှုံးပြီဆိုတာ သေချာရင် နှစ်ဖက်စလုံးအတွက် အချိန်တွေ မလိုအပ်ဘဲ မကုန်စေ ဖို့ ကိုယ့်ရဲ့ ဘုရင်ကို တစ်ဖက်က အမိမဖမ်းနိုင်သေးပေမယ့် (အနှေး နဲ့ အမြန်တော့ ကိုယ့်ဘုရင် အမိ ဖမ်းခံရမှာ သေချာရင်) အရှုံးပေး ခြင်းပဲဖြစ်တယ်။ အဲဒီလို အရှုံးပေး ခြင်းကို ကျွန်တော်တို့ရဲ့ လူမှုရေး ဘ၀မှာ သိပ်အတုယူဖို့ ကောင်းတဲ့ အပြုအမူတစ်ခုနဲ့ အဆုံးသတ်လေ့ ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ နိုင်သူကို လက်ဆွဲနှုတ်ဆက်ဖို့ (Congratulationလုပ်ဖို့) အရှုံး ပေးသူက လက်ကမ်းပေးခြင်းပဲ ဖြစ်တယ်။ ကစားနေတုန်း ကိုယ့် ကို တစ်ဖက်ကစားသမားက လက် ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းပေးခြင်း ဟာ သူ့ဘက်က အရှုံးပေးတာပဲဆို တာ နားလည်ရမှာဖြစ်တယ်။

ဘ၀မှာလည်း ဒီလိုပဲ
ဘ၀ဆိုတာ ရှောင်လွှဲလို့မရတဲ့ ယှဉ်ပြိုင်အနိုင်လုခြင်းတွေ၊ အား ပြိုင်မှုတွေ၊ အတိုက်အခံစတာတွေ နဲ့ ဘယ်လိုမှ မကင်းနိုင်တဲ့ ကစား ပွဲ တစ်ခုလို့ တင်စားပြီးဆိုရင် ဆို နိုင်လောက်တယ်။ တစ်ခါတလေ ကိုယ်နိုင်တာရှိသလို၊ တစ်ခါတ လေမှာလည်း ကိုယ်ရှုံးတဲ့အခါ၊ ကိုယ်လိုချင်တာကို လက်လွှတ် လိုက်ရတဲ့အခါ၊ ကိုယ်က အလျှော့ ပေးလိုက်ရတဲ့အခါဆိုတာ ရှိတတ် စမြဲပဲ။ အဲဒီလို အချိန်တွေမှာ သဘောထားကြီးကြီးနဲ့ အနိုင်ရသူ အတွက် ၀မ်းသာပေးနိုင်ဖို့၊ အနိုင် ရသူကို ဂုဏ်ပြုရဲတဲ့ သတိ္တရှိဖို့၊ အ ပြုံးမပျက် ရှုံးရဲဖို့ အရေးကြီးတယ်။

ဘာလို့လဲဆိုတော့ ဘ၀ဆို တာ အမြဲတမ်း ကိုယ်ပဲအနိုင်ရမယ့် ကစားပွဲတစ်ခု မဟုတ်တာ သေချာ လို့ပါပဲ။

ဇင်မြင့်

http://www.zaygwet.com/ မှရယူဖော်ပြအပ်ပါသည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။