Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 25, 2016

Boss ဆိုးဆိုး တွေကို အောင်အောင်မြင်မြင် ကိုင်တွယ် အနိုင်ယူနည်း။

Boss ဆိုးဆိုး တွေကို အောင်အောင်မြင်မြင် ကိုင်တွယ် အနိုင်ယူနည်း။

စာဖတ်သူတွေ အနေနဲ့ မိမိ လုပ်နေရတဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ဆိုးတဲ့ Boss တွေ နဲ့ ကြုံတွေ့ ဖူးမှာပါ။ နေရာတော်တော် များများ မှာ ရှိတတ်ပါတယ်။ ဆိုးတဲ့ Boss ဆိုပြီး သုံးလိုက်တဲ့အတွက် ကြမ်းတမ်း အော်ဟစ်နေတဲ့ Boss လို မမြင်စေချင်ပါဘူး။ အချို့ အချို့ သော Boss များက နှုတ်ချိုချိုလေးနဲ့ bad boss ဖြစ်နေတာမျိုးတွေ ရှိတတ်ပါတယ်။

နိုင်ငံတကာမှာလည်း သုတေသနတွေ လုပ်ထားတာ ရှိပါတယ်။ ဆိုးတဲ့ Boss တစ်ယောက် အတွက် အလုပ်လုပ်ပေးရတာဟာ သင့်ရဲ့  Heart Attack ဖြစ်နိုင်ချေကို ၅၀ ရာခိုင်နှုန်း လောက် တိုးလာစေနိုင်ပါတယ်။
အမေရိကန်မှာလုပ်သွားတဲ့ Gallup Research ကတွေ့ ရှိချက် တစ်ခုက ၆၀ ရာခိုင်နှုန်းသော အစိုးရ ၀န်ထမ်းတွေဟာ သူတို့ ရဲ့  Boss တွေကို အလွန်အမင်း စိတ်ပျက်နေကြတယ်ဆိုတာပါပဲ။

ဆိုးတဲ့ Boss တွေဟာ အလုပ်ခွင်ကို အဆိပ်ခပ်သလိုပါပဲ။ တစ်ခါတစ်ရံ သင်တို့ ကို အသုံးချပြီး သူတို့ ရဲ့  အကျိုးစီးပွားတိုးတက်ဖို့ လုပ်သွားတာမျိုးတွေ ရှိနိုင်ပါတယ်။

အမေရိကန် နိုင်ငံက ၀န်ထမ်းတွေ ရဲ့ သူတို့  Boss အပေါ်ထားရှိတဲ့ အမြင်ကို စစ်တမ်းကောက်ကြည့်ရမှာ အခုလို့ တွေ့ ပါတယ်။

၆၀ ရာခိုင်နှုန်းဟာ ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တဲ့သူတွေ ဖြစ်တယ်။
၄၉ ရာခိုင်နှုန်းဟာ ခေါင်းမာကြတယ်။
၄၃ ရာခိုင်နှုန်းကတော့ အလွန်အမင်း ခိုင်းလွန်းတယ်။
၄၁ ရာခိုင်နှုန်းကတော့  အလျင်အမြန်ပေါက်ကွဲလွယ်တယ်။
ဆိုပြီး ကောက်ယူရရှိထားပါတယ်။

ဒါတွေကတော့ Boss တွေရဲ့  အရည်အချင်းတွေပေါ့။

ဒါပေမယ့် အဲ့ဒီ အရည်အချင်းတွေကို တန်ပြန် တုန့် ပြန်ပြီး အောင်မြင်ကျော်လွှားနိုင်ခဲ့တဲ့ သူတွေလည်း ရှိပါတယ်။ TalentSmart ဆိုတဲ့ အဖွဲ့ က သုတေသန ပြုခဲ့ရာမှာ bad boss တွေကို အောင်အောင်မြင်မြင် အနိုင်ယူနိုင်ခဲ့တဲ့ ၉၀ ရာခိုင်နှုန်းသော လူတွေက Boss နဲ့  ရင်ဆိုင်ရတဲ့ အချိန်မှာ သူတို့ ရဲ့  စိတ်ခံစားမှု၊ စိတ်ဖိစီးမှုတွေကို ချုပ်တည်းနိုင်ပြီး တည်တည်ငြိမ်ငြိမ် နေနိုင်တဲ့ နေရာမှာ ကျွမ်းကျင်သူတွေ ဖြစ်တယ်ဆိုတာ တွေ့ ရပါတယ်။ သူတို့ တွေမှာ ရှိတဲ့ အကြီးမားဆုံးသော ထူးချွန်မှုကတော့ ဆိုးတဲ့သူတွေ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့သူတွေကို တန်ပြန် ထိန်းချုပ်နိုင်စွမ်း ရှိတာပါပဲ။ အဲ့လို လုပ်ဖို့ ဆိုတာက တကယ်တော့ မလွယ်ပါဘူး။ ကိုယ့်ရဲ့  စိတ်ခံစားမှုကို ထိထိရောက်ရောက်ထိန်းချုပ်ပြီး emotional intelligence အရမ်းမြင့်ဖို့ လိုအပ်လှပါတယ်။

အောက်မှာရေးမှာကတော့ Boss တွေ ရဲ့ အမျိုးမျိုးသော management style တွေကို ဖော်ထုတ်တတ်ပြီး သူတို့ ရဲ့  ဆိုးသွမ်းတဲ့ အကျင့်တွေကို ဘယ်လို ထိထိ ရောက်ရောက် တုံ့ ပြန်မလဲဆိုတာကို ဆက်ရေးထားပါတယ်။ အများဆုံး တွေ့ ရတတ်တဲ့ Boss ပုံစံ ၆ မျိုးကို ဥပမာပေး ရေးသားထားပါတယ်။

Boss (၁)။ မပေါင်းသင့်သော သူငယ်ချင်း

ဒီ Boss အမျိုးအစားကတော့ အရမ်းကို ခင်မင်ရင်းနှီးမှုကို ပြတတ်ပါတယ်။ ပျော်စရာ ရွှင်စရာတွေ လုပ်တာတော့မဟုတ်ပါဘူး။ Team building သဘောမျိုးနဲ့  သင်နဲ့ နီးနီးကပ်ကပ် ဆက်ဆံပါလိမ့်မယ်။ သူ ရဲ့ ဝန်ထမ်းတွေကို အလုပ်ပြီးယင်လည်း အပြင်မှာ တူတူထွက်သောက်ဖို့  အလုပ်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေ ၀ိုင်းဖွဲ့ စကားပြောဖို့ ဆွဲဆောင်ပါလိမ့်မယ်။ သူ့ ရဲ့ ရာထူး ကို အသုံးချပြီး သင်တို့ နဲ့ သူငယ်ချင်းဖြစ်အောင် ကြိုးစားပါလိမ့်မယ်။ အဲ့ဒီလိုနဲ့  သူ နဲ့ အဆင်ပြေတဲ့သူတွေက အရမ်းကို ပြေသွားတတ်ပါတယ်။ ဒါပေမယ့် ရုံးထဲမှာတော့ အဖွဲ့ တွေ ကွဲလာတတ်ပါတယ်။ နောက်တစ်ချက်ကတော့ သူ့ အနေနဲ့ လည်း ၀န်ထမ်းတွေ နဲ့ ပက်သက်တဲ့ ကိစ္စတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ မချတတ်တော့ပါဘူး။ ဘက်လိုက်ပြီး ဆုံးဖြတ်ချက်ချတာတွေ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ အချိန်မှာတော့ သင်တို့ ရဲ့  ရုံး ပုံစံက တကယ့်ကို ရုံးစစ်စစ် ပုံစံဖြစ်လာပါလိမ့်မယ်။ ပျော်စရာ လည်း ရှိတော့ မှာ မဟုတ်ပါဘူး။ အားလုံး လည်း တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်ကြတော့ပါဘူး။
အဲ့ဒီလို Boss မျိုးနဲ့ ဘယ်လို ရင်ဆိုင်မလဲ။
အရေးအကြီးဆုံးကတော့ မိမိ ရဲ့  နယ်နိမိတ်ကို သတ်မှတ်ဖို့ ပါပဲ။ သင့် Boss အနေနဲ့ သင့်ရဲ့  နယ်နိမိတ်ထဲကို မ၀င်လာနိုင်အောင် ကြိုးစားရပါမယ်။ အဲ့ဒီလို ပြောလို့ Boss နဲ့  ရှောင်ရမယ်။ သူ နဲ့ မတွေ့ အောင်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ နယ်နိမိတ် ဆိုတာကလည်း မမြင်ရတဲ့ နယ်နိမိတ်ကို ဆိုလိုတာပါ။
ဥပမာ။ သင့်အနေနဲ့  Boss နဲ့ အလုပ်ခွင်မှာ ရှိနေတုန်း ခင်ခင်မင်မင် နေလို့ ရပါတယ်။ ဒါပေမယ့် ညနေ တူတူသောက်မယ်လို့  ဖိတ်ခေါ်လာယင်တော့ ငြင်းဆို ဖို့ ဝန်မလေးပါနဲ့ ။ နောက်တစ်ခုကတော့ တစ်ခါ ငြင်းဆိုဖို့ က လွယ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့  Boss ကလည်း ထပ်ခါ ထပ်ခါ ဖိတ်ခေါ်တတ်ပါတယ်။ သင်လုပ်ရမှာကတော့ ဘယ်လောက် ဖိတ်ခေါ် ဖိတ်ခေါ် ငြင်းဆို ဖို့ ပါပဲ။
ဒါပေမယ့် တစ်ချိန်တည်းမှာ ပဲ သင့်နဲ့ Boss ရဲ့ အလုပ်ခွင်ထဲ မှာ ရှိတဲ့ ဆက်ဆံရေးကိုတော့ ကောင်းအောင် ကြိုးစားရပါမယ်။ သင့် အလုပ် ကြိုးစားတာ၊ စွမ်းဆောင်ရည်ကောင်းတာတွေကို Boss သိပါစေ။ သင့်အနေနဲ့ အလုပ်မှာ အရေးပါတဲ့ သူ တစ်ယောက် ဖြစ်တယ်ဆိုတာ Boss သူနေပါစေ။
အဲ့ဒီ အချိန်ကျယင် သင့် Boss အနေနဲ့ လည်း သင့်အပေါ်မှာ လေးစားမှု ပိုလာနိုင်ပြီး သူ့ စိတ်ထဲမှာ သင်ဟာ အရေးပါတဲ့သူ တစ်ယောက် ဖြစ်လာပါလိမ့်မယ်။
အရေးကြီးဆုံးကတော့ Boss ရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆိုရာမှာ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုရပါမယ်။ အငြင်းလွန်ပြီး သင့်ကို လူမှုရေး မသိတတ်သူ လူဝင် မဆံ့သူ အနေနဲ့ မမြင်သွားမိဖို့ လိုပါတယ်။ အဲ့ဒါကြောင့် အလုပ်ချိန်အတွင်းမှာ သင့်ရဲ့ လူမှု ဆက်ဆံရေးက အရမ်းကို အဓိကကျပါတယ်။

Boss (၂) အရာရာ အားလုံး မှာ ပါဝင် စီမံတတ်သော Boss

တစ်ခါတစ်ရံ ကြုံ တတ်ပါတယ်။ သင့်အနေနဲ့ သင့် Boss ရဲ့  စဉ်ဆက်မပျက် စောင့်ကြည့်မှုအောက်ကို ရောက်နေရတဲ့ ဘ၀မျိုးပါ။
သင့်ရဲ့  လက်ရေး က မလှတဲ့ အတွက် သင် အိမ်ပြန်သွားတဲ့ အချိန် အထိ စောင့်ပြီး သင်သုံးနေကျ ခဲတံ တွေကိုလွှတ်ပစ်ပြီး ပိုပြီး ရေးလို့ ကောင်းတဲ့ ခဲတံတွေနဲ့ လဲ ထားတဲ့ Boss မျိုး။
သူ့ ဆီ တင်လိုက်တဲ့ report ကို Staple နဲ့ မချုပ်မိပဲ Binder clip နဲ့ ချုပ်မိ လို့ ဆူခံရတာမျိုး။
အဲ့ဒီလိုမျိုး အရမ်းအသေးစိပ်ကျနိုင်လွန်းတဲ့ Boss တွေ ရှိပါတယ်။ အဲ့လို Boss မျိုးနဲ့ ကြုံတွေ ရယင် စိတ်ကျဉ်းကျပ်ခြင်း၊ စိတ်ရှုပ်ခြင်းတွေ ဖြစ်ပေါ်လာမှာ မလွဲပါဘူး။
ဒါဆိုယင် ဘယ်လို တုံ့ ပြန်မလဲ။ ခက်တော့ အနည်းငယ် ခက်ခဲ့ပါတယ်။ ဒါပေမယ့် အောင်အောင်မြင်မြင်လုပ်နိုင်တဲ့သူတွေ ရှိပါတယ်။ သူတို့ ဘယ်လို့ လုပ်သလဲဆိုတော့ သူ တို့ ကိုယ် သူတို့  လိုက်လျောညီထွေမှု၊ ကျွမ်းကျင်မှု၊ စည်းကမ်းရှိမှုတွေ နဲ့ ပြည့်ဝတယ်ဆိုတာကို သက်သေပြလိုက်တာပါပဲ။ အသေးစိပ် ကြည့်တတ်တဲ့ Boss တော်တော်များများဟာ အသေးစိပ်လုပ်တတ်တဲ့ သူတွေနဲ့ တွေ့ ယင် ပျော့ပျောင်း ကျဆုံးသွားတတ်ပါတယ်။ ဒါကြောင့် အသေးစိပ်ကြည့်လွန်းတဲ့ Boss ကို ရင်ဆိုင်ဖို့ က သူ့ ကို ပြန်ပြီး အသေးစိပ် လုပ်ဖို့ ပါပဲ။ သူ့ ကို မိမိ ကို ခိုင်းထားတဲ့ အလုပ်တွေ အကြောင်း အသေးစိပ်ပြန်မေးပါ။ အလုပ်တစ်ခုပြီးတိုင်း သတင်းပို့ ပေးပါ။ email ပို့ ပါ။ မကြာခဏ ဆိုသလို ထူးခြားချက်တွေ သတင်းပို့ ပေးပါ။ အဲ့ဒီ တစ်ချိန်တည်းမှာ ပဲ သူ အယင်က လောက် အသေးစိပ်ကျသေးလားဆိုတာကို သတိထား စောင့်ကြည့်ပါ။
သင့်အနေနဲ့ သူ့ လိုပဲ အသေးစိပ်ကျတတ်တဲ့ သူမှန်းသိသွားယင် နောက်ပိုင်း သင့်ဆီမှာ သူ့ အာရုံ မရှိတော့ပဲ တခြားသူတစ်ယောက်ဆီကို ရောက်သွားပါလိမ့်မယ်။
ဒါပေမယ့် ဒီလို မျိုး ရင်ဆိုင်လို့ မရတဲ့ အရမ်းအသေးစိပ် Boss တွေ ရှိပါလိမ့်ဦးမယ်။ အဲ့ဒါကတော့ သင့် Boss ကို နားလည်ပေးလိုက်ပြီး သူ အဲ့လို အသေးစိပ်လိုက်ကျနေတာတွေကို လျစ်လျူရှု လိုက်ပါတော့။ သိပ်ပြီး အာရုံ အရှုပ်မခံနဲ့ တော့။ သင့်အနေနဲ့ report ကို Staple နဲ့ မချုပ်လို့ ဆူခံရယင် ဆူခံရမယ်။ ဒါပေမယ့် သင့်ရဲ့  report မှာ ပါတဲ့ အချက်အလက်တွေက ကောင်းမွန်ဖို့ ယင် သင့် ရဲ့  boss က သင့်ကို အသိအမှတ် မပြုပဲ မနေပါဘူး။ Boss အသေးစိပ်လိုက်ကျနေတာကို သင့်အနေနဲ့ လည်း အရမ်းကို အာရုံထားနေယင် စိတ်မချမ်းသာမှုတွေပဲ ကြုံလာရမှာပါ။

Boss (၃) ဓားမြဗိုလ်ကဲ့ သို့ သော Boss

ဒါကတော့ ဆိုးရွားလွန်းတဲ့ Boss တစ်မျိုးပါ။ စည်းမရှိ ကမ်းမရှိလည်း အုပ်ချုပ်တတ်ပါတယ်။ သူ့ ဆီက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တော်တော်များများဟာ သူ့ အကျိုးအတွက် ကြည့်ပြီး ချမှတ်လိုက်တာမျိုးများပါတယ်။
ဝန်ထမ်းတွေ ကို အုပ်ချုပ်ရာမှာလဲ ဒီအတိုင်းပါပဲ။ သူ က ၀န်ထမ်းတွေ အားလုံးကို လည်း လူဆိုးတွေ၊ ရာဇ၀တ်သားတွေလို့ မြင်ပါတယ်။ သူ့ စိတ်ကူးနဲ့ သူ ၀န်ထမ်းတွေကို ခွဲခြား သတ်မှတ်ပြီး အဲ့လို သတ်မှတ်ထားတဲ့အတိုင်း ဆက်ဆံပါတယ်။
အရည်အချင်း ရှိပြီး သူ့ ကို စိန်ခေါ်နိုင်တဲ့သူမျိုးဆိုယင် ပြိုင်ဖက်အနေနဲ့ သတ်မှတ်ပြီး နှိပ်ကွပ်ဖို့ စဉ်းစားပါတယ်။ သူ့ ဘာလုပ်လုပ် အားပေးထောက်ခံတဲ့ သူမျိုးဆိုယင်တော့ သူ့ ရဲ့  လက်တွဲ ဖော် အနေနဲ့ ယူဆမယ်။ အရည်အချင်းမရှိတဲ့ သူများဆိုယင်တော့ အမြဲတမ်း အောက်ခြေသိမ်းတွေပဲ လုပ်ရပါလိမ့်မယ်။

ဒီလို Boss မျိုးကို ဘယ်လို ရင်ဆိုင်မလဲ။

သင့်အနေနဲ့ က အရည်အချင်း ရှိတဲ့သူဖြစ်မယ်။ သူ့ ကို ဘယ်လို ရင်ဆိုင်ရမလဲ။
အနည်းငယ်တော့ အောင့်သက်သက်ဖြစ်ပါမယ်။ ဒါပေမယ့် သူ နဲ့ အဆင်ပြေဖို့ ဆိုယင်တော့ သင်လုပ်တဲ့ အလုပ်၊ သင်ရရှိမယ့် အောင်မြင်မှုမှာ သူ့ ကို အနည်းငယ် ပါဝင်ခိုင်းလိုက်ပါ။ သင့်ရမယ့် အောင်မြင်မှု၊ နာမည်ကောင်းကို သူနဲ့ ခွဲဝေလိုက်ပါ။ အဲ့ဒါဆိုယင် သူ့ အနေနဲ့ သင့်ကို နှိပ်ကွပ်ဖို့ မစဉ်းစားတော့ပဲ အရေးပေးလာပါလိမ့်မယ်။ ဘာလို့ လဲ ဆိုတော့ သင်က သူ့ အတွက် အကျိုး ရှိနေပြီးကိုး။ သင့်အနေနဲ့ လည်း သင်လုပ်ချင်တာကို အနှောက်အယှက်မရှိ လုပ်လာနိုင်ပါလိမ့်မယ်။
နောက်တစ်ခုကတော့ သူနဲ့ ရင်ဆိုင် ရမယ်ဆိုယင် သင့်အနေနဲ့ သင့်ရဲ့  စစ်တလင်းကို အသိဥာဏ် ရှိရှိ ရွေးချယ်တတ်ဖို့ ပါပဲ။ အဲ့လို ရွေးချယ်တတ်ဖို့ ဆိုယင်တော့ အရာရာကို လေ့လာ သုံးသပ်တတ်တဲ့ အကျင့်နဲ့  သင့်ရဲ့ စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တဲ့ အကျင့်ရအောင် သင့်ကိုယ်သင် လေ့ ကျင့်ရပါမယ်။ အဲ့ဒီ အခါဆိုယင်တော့ ဘယ်လို မျိုး ဆိုယင်တော့ ရင်ဆိုင်အနိုင်ယူသင့်တယ်.. ဘယ်လို မျိုးဆိုယင်တော့ ရှောင်သင့်တယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။

Boss (၄) အသုံးမကျတဲ့ Boss

ဒီလို Boss မျိုးကတော့ သူယူထားရတဲ့ တာဝန်တွေကို ဘာမှလည်း မကိုင်တွယ်တတ်ဘူး။ ဒါပေမယ့် မိုးကျရွှေကိုယ်လိုမျိုးပဲ ရာထူးကျတော့ ရလာတယ်။ တော်တော်များများ တာဝန်တွေကို မယူနိုင်ဘူး။
တစ်ခါတစ်ရံကျတော့လည်း သူက လုံးလုံးလျားလျား အရည်အချင်းမရှိတာတော့ မဟုတ်ပြန်ဘူး။ သူ့ မှာ ရှိတဲ့ အရည်အချင်းက သူ့ လက်အောက်ကသူတွေ လုပ်တာတွေကို သူက ပြန်ပြီး report ရေးတာမျိုး ပြန်တင်ပြတာမျိုးမှာ တော်တဲ့ အရည်အချင်းမျိုး ရှိတတ်တယ်။ အဲ့ဒီတော့ သူ မတော်တာကိုလည်း အထက်က လူကြီးတွေ မသိတော့ဘူးပေါ့။

အဲ့ဒီလို Boss မျိုးကို ဘယ်လို ကိုင်တွယ်မလဲ။

အဲဒီလို boss မျိုးကို ရင်ဆိုင်ရတဲ့ အချိန်မှာ သူ မတော်တာကို သွားပြီ အပြစ်တင်တာ၊ လူပုံအလည်မှာ အမှီးလှန်ချိုးတာမျိုး မလုပ်သင့်ပါဘူး။ ဘာလို့ လဲဆိုတော့ သူ့ အထက်ကသူတွေက သူ့ ကို တော်တယ်လို့ မှတ်ယူထားသေးလို့ ပဲ။ သင့် လုပ်ဆောင်ရမှာကတော့ အချိန်ယူပြီး သူ့ ကို လုပ်ကိုင်လာနိုင်အောင် အချက်အလက်တွေ ပံ့ပိုးပေး။ လမ်းပြပေးဖို့ ပါပဲ။ သင့်ရဲ့  စိတ်ညစ်ညူးမှု ဟာ သူ အလုပ်လုပ်မတတ်လို့ ညစ်မိတာပါ။ ဒါဆို သူ လုပ်လာတတ်အောင် သင်အနေနဲ့ သင်ပြပေး ကူညီပေးဖို့ လိုတယ်။
အဲ့ဒီအခါမှာ သင့်ကို လည်း သင့် Boss က အားကိုးလာမယ်။ နေရာပေးလာမယ်။ သူ နေရာရလာတဲ့နည်းတူ သင့်ကို လည်း ဆွဲခေါ်လာမှာပါ။

ကျွန်တော့်ကိုယ်တွေ့ ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုနည်းနဲ့ ပဲ ကိုင်တွယ်ခဲ့ပါတယ်။ အောင်အောင် မြင်မြင်လဲ ကိုင်တွယ်နိုင်ခဲ့ပါတယ်။

Boss (၅) စက်ရုပ်လို Boss မျိုး။

စက်ရုပ်လို Boss မျိုး ရဲ့  စိတ်ထဲမှာတော့ သင်ဟာ ၀န်ထမ်းနံပါတ် ၇၂၊ သင့်ရဲ့ တာဝန်က တစ်လကို products ၁၀၀ ရောင်းရဖို့ ၊ သင့်ရဲ့  အတွေ့ အကြုံက ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါပဲသိပါတယ်။ တစ်ခါမှလည်း သူ့ ဝန်ထမ်းတွေနဲ့ မဆက်ဆံဖူးပါဘူး။ အားလုံးကို ကိန်းဂဏန်းတွေနဲ့ ပဲ ဆုံးဖြတ်ပါတယ်။ အဲ့ဒီ ကိန်းဂဏန်းတွေပေါ်မူတည်ပြီး ရာထူးတိုးပေးခြင်း၊ အလုပ်က ထုတ်ပစ်ခြင်းတို့ ကို လုပ်ပါတယ်။

ဒီလို Boss မျိုးနဲ့ ဘယ်လို ရင်ဆိုင်မလဲ။

ဒါကတော့လွယ်ပါတယ်။ သင်လည်း သူ့ လိုပဲ ကိန်းဂဏန်းတွေနဲ့ စကားပြောလိုက်ပါ။ သင့် အကြံဥာဏ် တစ်ခုခု ရပြီဆိုတာနဲ့ အဲ့ဒီ အကြံဥာဏ်အတွက် ထောက်ခံပေးနိုင်မယ့် ကိန်းဂဏန်းတွေ ရှိလားဆိုတာ စဉ်းစားပါ။ ရှိပြီ ဆိုတာနဲ့ သူ နဲ့  စတင်ဆွေးနွေးပါ။ သူ စိတ်ဝင်စားမယ့်  ကိန်းဂဏန်းတွေ ပါဝင်ပါစေ။ သင့်ရဲ့  စွမ်းဆောင်ရည်များကိုလည်း ကိန်းဂဏန်းများဖြင့် မြင်သာအောင်ပြပါ။
အဲ့ဒီလို စတင်ပြီး သူနဲ့ ဆက်ဆံနိုင်ပြီဆိုယင်တော့ သင့်အနေနဲ့ သူ့ ရဲ့ နယ်နိမိတ်ထဲ ၀င်သွားပါပြီ။ ဒီမှာ သိရမှာက Boss က သူ့ ရဲ့ နယ်နိမိတ်ကို ကိန်းဂဏန်းတွေနဲ့ ကာရံထားတာပါ။ ဒါကို သင်က ကိန်းဂဏန်းတွေ အသုံးပြုပြီး ကျော်ဖြတ်နိုင်ယင် သင် သူဆီ ကို ချဉ်းကပ်နိုင်ပါပြီ။

Boss (၆) အကြံဥာဏ်ကောင်းများဖြင့် ပျော်မွေ့ နေသော Boss

ဒီ Boss ရဲ့ အားသာချက်ကတော့ အကြံဥာဏ်ကောင်းတွေ ထွက်မယ်၊ တီထွင်ကြံဆတတ်မယ်။ အဲ့လိုတွေ ထွက်တာ ကောင်းတယ်လို့ ဆိုရပေမယ့် ဘယ်အချိန်မှာ သင့်အတွက် အခက်အခဲ ရှိလာနိုင်လဲဆိုတော့ အဲ့ဒီ အကြံတွေကို အဓိက လက်တွေ့ အကောင်အထည်ဖော်ခိုင်းတဲ့ နေရာမှာပါပဲ။ သင့် ရဲ့  Boss က အကြံပဲ ထုတ်မှာပါ။ ကျန်တာက သင်က လုပ်ရမှာ။ တကယ်တမ်းလုပ်လို့ အဆင်မပြေ ဖြစ်တဲ့အချိန်မှာ သင့် Boss ကို ကြည့်လိုက်ယင် သူ က နောက် အကြံဥာဏ်သစ်နဲ့ ပျော်မွေ့ နေပါပြီ။ သင့်ကို လှည့်မကြည့်တော့ပါဘူး။

ဒီလို Boss ကို ဘယ်လို ရင်ဆိုင်မလဲ။

အကောင်းဆုံး လုပ်ဆောင်ရမှာကတော့ Boss မှာ စပြီး အကြံဥာဏ်ပေါ်လို့ သင်နဲ့ တိုင်ပင်ပြီး ဆိုတာနဲ့  သူ့ အကြံဥာဏ် ရဲ့  ဟာကွက်တွေကို အပူတပြင်းဖော်ထုတ်လိုက်ပါ။ အသေးစိပ်နိုင်သလောက် အသေးစိပ် စဉ်းစားလိုက်ပါ။ ပြီးတာနဲ့ သူ ကို အသေးစိပ်မေးခွန်းတွေ တရပ်စပ်သာ မေးပြီး အကူအညီတောင်းပါတော့။ အဲ့ဒါဆိုယင် သူ့ အနေနဲ့ လည်း နောက် အကြံတစ်ခု မစဉ်းစားနိုင်မှီ သင့် ရဲ့  မေးခွန်းတွေကို ဖြေဖို့ လုပ်ရပါတော့မယ်။ အဲ့ဒီအ ဖြေတွေဟာ သင် တကယ် လက်တွေ့ အကောင်အထည် ဖော်ရာတွင် အရမ်းကို အထောက်အကူပြုလာပါလိမ့်မယ်။ Boss ရဲ့ ကျယ်ပြန့် လှတဲ့ အတွေးတွေကို စုစည်ကျဉ်းမြောင်းအောင်လုပ်ပြီး လက်တွေ့ ကျလာတဲ့ အထိ ဖြစ်အောင် သူနဲ့ ဆွေးနွေးလိုက်ပါ။ သူ့ ကို နောက် အကြံ သစ် တစ်ခု ပေါ်လာဖို့ အချိန်မပေးပါနဲ့ ။

Boss က သူ့ ရဲ့ အကြံကိုဆွေးနွေးလာယင် တိုက်ရိုက် မဆန့် ကျင်ပါနဲ့ ။ သေချာ နားထောင်ပေးလိုက်ပါ။ တိုက်ရိုက်ဆန့် ကျင်ယင် သင့် အတွက် မကောင်းပါဘူး။
အထက်မှာ ဖော်ပြခဲ့တာတွေ ကတော့ ကြုံတွေ ရတတ်တဲ့ Boss တွေ ရဲ့ အမူအကျင့်တွေပါ။ ဒီထက် ပို တဲ့ အမူအကျင့်တွေလည်း ရှိဦးမှာပါ။ တစ်ခါတစ်လေလည်း တစ်ယောက်တည်းမှာ အမူအကျင့် တစ်ခု ထက် ပိုတတ်တာရှိပါတယ်။ အဲ့ဒီအခါမှာ ကိုယ့်ဘက်ကလည်း နည်းလမ်း သုံး လေး ခု ပေါင်းပြီး တန်ပြန်ကိုင်တွယ်ရမှာပါ။

အားလုံး ကိုယ့် Boss နဲ့ အဆင်ပြေသူများဖြစ်နိုင်ကြပါစေ။

ကိုဟိန်း (Prospect Myanmar)

Dr. Travis Bradberry ရဲ့  How Successful People Overcome Bad Bosses မှ ကိုးကား ထားပါတယ်။
http://prospectmyanmar.blogspot.com/ မှရယူဖော်ပြအပ်ပါသည်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။