Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, August 20, 2016

အသက် ၂၄ နှစ်မှာ မင်းသားရဲ့ကြင်ယာတော်ဖြစ်မယ့်အရေးကို စွန့်လွှတ်ပြီး အသက် ၂၅နှစ်မှာ ဘုရင်မဖြစ်မယ့်လမ်းကိုလျှောက်ခဲ့သူ (သို့မဟုတ်) Emma Watson

အသက် ၂၄ နှစ်မှာ မင်းသားရဲ့ကြင်ယာတော်ဖြစ်မယ့်အရေးကို စွန့်လွှတ်ပြီး အသက် ၂၅နှစ်မှာ ဘုရင်မဖြစ်မယ့်လမ်းကိုလျှောက်ခဲ့သူ
(သို့မဟုတ်) Emma Watson
.
တရုတ်မင်းသမီး Fan Bing Bing ရဲ့ နာမည်ကြီးစကားတစ်ခွန်းရှိတယ်။
.
“သူဋ္ဌေးတွေကို ငါမယူ၊ ငါကိုယ်တိုင်သူဋ္ဌေးဖြစ်အောင်လုပ်မယ်”
.
ဒီလိုစကားကနားထောင်ရတာ အထက်စီးဆန်ပြီး ကြီးကျယ်လိုက်တဲ့ပုံစံပေါ့။ ဒီကနေ့မှာ အဲဒီစကားထက် အထက်စီးဆန်တဲ့ အသွင်တူအဆိုတစ်ခုရှိလာခဲ့တယ်။
.
“မင်းသမီး(princess)ဖြစ်ဖို့ အိမ်ရှေ့မင်းသားနဲ့လက်ထပ်စရာမလိုပါဘူး”
.
ဒီစကားကို Emma Watson ကပြောခဲ့တယ်။
.
Emma Watsonဆိုတဲ့နာမည်က လူတွေနဲ့နည်းနည်းစိမ်းနေသလိုပါပဲ။ ဒါကလည်း “ဟယ်ရီပေါ်တာ” ရုပ်ရှင်တွေထဲမှာ ဒီကလေးမကို ငယ်ငယ်လေးတည်းက Hermione ဆိုတဲ့နာမည်နဲ့ လူတွေသိထားခဲ့ကြလို့ဖြစ်တယ်။
.
Hermione အဖြစ် သရုပ်ဆောင်ချိန်မှာ အယ်မာဟာ ၉နှစ်အရွယ်ပဲရှိသေးတယ်။ သူဟာ Hermione နဲ့ တစ်ပုံစံတည်းလို့ သူ့ကိုယ်သူပြောခဲ့တယ်။ အဲဒီသရုပ်ဆောင်နေရာမှာ ဘယ်သူ့ကိုမှ သူအစားမထိုးနိုင်ဖြစ်ခဲ့တယ်။ တကယ်တမ်းမှာတော့ သူဟာ ၈ ကြိမ်မြောက်အင်တာဗျူးပြီးမှ ဒီဇာတ်ကောင်မှာသရုပ်ဆောင်ဖို့ ရွေးချယ်ခံခဲ့ရတာဖြစ်တယ်။ သူဟာ တည်ကြည်လေးနက်တယ်၊ ထက်မြက်တယ်၊ အတန်းထဲမှာ စာတော်တဲ့ကလေးဖြစ်တယ်။ လူချစ်လူခင်ပေါများတယ်။ ဒါဟာ Hermione တဖြစ်လဲ အယ်မာလေးရဲ့ငယ်စဉ်ဘဝဖြစ်တယ်။
.
အဲဒီတုန်းက အယ်မာဟာ လူတွေမှတ်မိလောက်တဲ့ ရုပ်ရည်မရှိသေးဘူး။ သူဟာ ကလေးသူငယ်တွေရဲ့စိတ်ကူးအိပ်မက်ထဲက Hermione ဆိုပေမယ့် လူတကာရဲ့စွဲမက်ခြင်းကို မခံရသေးဘူး။ သူဟာ သာမန်မိန်းကလေးတစ်ယောက်ပဲဖြစ်သေးတယ်။ ပြီးတော့ ရုပ်ရှင်အတူရိုက်တဲ့ကောင်လေးတစ်ယောက်ကို တိတ်တိတ်ခိုးချစ်နေပြီး ထုတ်မပြောရဲတဲ့ ကလေးမလေးဖြစ်တယ်။
.
သူဟာ ငယ်ငယ်တုန်းကအတန်းထဲမှာ စာတော်တဲ့အတန်းခေါင်းဆောင်တစ်ယောက်လို “ငါစာတော်တယ်၊ ဆရာဆရာမ ငါ့ကိုချစ်တယ်”ဆိုတဲ့မာနမျိုးနဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မာန်တစ်မျိုးရှိခဲ့တယ်။ ဒါကြောင့်လည်း မင်းသားလာကယ်မှလွတ်မြောက်မယ့် မယ်မဒီလေးအဖြစ် သူဘယ်တော့မှမစောင့်ခဲ့ဘူး။ ကိုယ်ကိုယ်တိုင် ပင်ကိုအားနဲ့ မင်းသမီးဖြစ်စေခဲ့တယ်။
.
ဟယ်ရီပေါ်တာရုပ်ရှင်၈ကားမှာပါခဲ့တဲ့ မျက်နှာပေါ်မှာ မှဲ့ခြောက်တွေ၊ မညီညာတဲ့သွားတွေနဲ့ ကလေးမလေးဟာ ကျွန်မတို့မျက်စိရှေ့မှာတင် ပြစ်မျိုးမှဲ့မထင်တဲ့ မိန်းမချောမိန်းမလှလေးတစ်ဦးဖြစ်လာခဲ့တယ်။ မင်းသားကို သိမ်းပိုက်စိုးမိုးနိုင်တဲ့ အလှနတ်ဘုရားမဖြစ်လာခဲ့တယ်။ ကော်ဇောနီပေါ်လမ်းလေးလျှောက် လက်မှတ်ထိုးပေးရုံနဲ့တင် သူ့ပရိသတ်တွေကို ရူးရူးသွပ် သည်းသည်းလှုပ်စေခဲ့တယ်။
.
မင်းသားကို သိမ်းပိုက်စိုးမိုးနိုင်တယ်ဆိုတဲ့စကားက နောက်ပြောင်ပြောဆိုတဲ့စကားတော့မဟုတ်ဘူး။ တကယ်တမ်းမှာလည်း အယ်မာဟာ မင်းသားနဲ့ချိန်းတွေ့ခဲ့ဖူးတယ်…
.
အင်္ဂလန်အိမ်ရှေ့မင်းသား ဟယ်ရီ (ဟုတ်ပါတယ်.. အိမ်ရှေ့မင်းသားဝီလျံရဲ့ညီတော်ပါ)က အယ်မာကို ချစ်ခွင့်ပန်ခဲ့ဖူးတယ်လို့ အင်္ဂလန်သတင်းထောက်တွေ ဖော်ပြခဲ့ဖူးတယ်။ အဲဒီတုန်းက အင်္ဂလန်ပရိသတ်တွေကလည်း အယ်မာဟာ မင်းသမီးလုပ်ဖို့ အသင့်တော်ဆုံးလူဖြစ်တယ်။ မင်းသားနဲ့မြန်မြန်ချစ်ကြိုက်စေချင်ခဲ့ကြတယ်။
.
အဲဒီသတင်းကို အယ်မာက “မင်းသမီးဖြစ်ဖို့ အိမ်ရှေ့မင်းသားနဲ့လက်ထပ်စရာမလိုပါဘူး” လို့ ဆိုခဲ့တယ်။
.
ကြည့်ရတာ “အလှဆုံးကြင်ယာတော်”ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဒဏ္ဍာရီတစ်ခုဖြစ်ဖို့ အယ်မာစိတ်ကူးခဲ့ပုံမပေါ်ဘူး။ Emma Watson ဆိုတဲ့ ကိုယ့်နာမည်နဲ့ပဲ ရာဇဝင်တွင်ရစ်ဖို့ သူပိုမျှော်လင့်ခဲ့တယ်။
.
အောင်မြင်တဲ့လမ်းမပေါ် အယ်မာလျှောက်လှမ်းနေပါတယ်။ ရက်စက်ရှုပ်ထွေးတဲ့စစ်တမ်းကောက်ယူမှုမှာ ပရိသတ်အနှစ်သက်ဆုံး သရုပ်ဆောင်တစ်ဦးမှာ အယ်မာပါဝင်နေခဲ့ပါတယ်။ သူဟာ ထက်မြက်ခြင်းနဲ့လှပခြင်းပေါင်းစပ်ထားသူအဖြစ် လူတွေတင်စားခဲ့ကြတယ်။ ကလေးသရုပ်ဆောင်ကနေ ခေါင်းဆောင်မင်းသမီးဖြစ်တဲ့အထိ အယ်မာလျှောက်တဲ့လမ်းဟာ ဖြောင့်ဖြူးနေသလိုပါပဲ။ တကယ်တမ်းမှာတော့ သူဟာ သူ့နဲ့ရွယ်တူသူတွေထက် ပိုရုန်းကန်ခဲ့ရပါတယ်။
.
၉နှစ်အရွယ်တည်းက သူဟာ ကလေးဘဝကို ဆုံးရှုံးခဲ့ရတယ်။ နေ့တိုင်း မနက် ၆နာရီမှာ ရိုက်ကွင်းသွား ည ၉နာရီပြန်တဲ့အလုပ်ဟာ သူရဲ့နေ့စဉ်ဘဝဖြစ်ခဲ့တယ်။
.
ကလေးတိုင်းတပ်မက်တဲ့ ဇာတ်ဆောင်ကိုသူရခဲ့ပြီး “ဟယ်ရီပေါ်တာ”ဇာတ်ကားမှာ ဝင်ရောက်သရုပ်ဆောင်ခဲ့တယ်။ နာမည်ရအောင်မြင်ခဲ့တယ်။ သာမန်အားဖြင့်ပြောရရင်တော့ သရုပ်ဆောင်တစ်ဦးအဖြစ် သူပျော်ပျော်ရွှင်ရွှင်သရုပ်ဆောင်နေရုံပါပဲ။ ရုပ်ရှင်ရိုက်ဖို့ ဇာတ်ကားထဲအတူပါဝင်သရုပ်ဆောင်ခဲ့သူတချို့ဟာ ပညာရေးကို လက်လွှတ်ဆုံးရှုံးလိုက်ချိန် အယ်မာကတော့ ဘာသာရပ်တိုင်း Aရတဲ့ ထူးချွန်တဲ့ကျောင်းသားဖြစ်အောင် ကိုယ့်ကိုယ်ကိုယ်တောင်းဆိုနေခဲ့ပါတယ်။
.
“Dan.Rupert နဲ့ ကျွန်မ ဒီဇာတ်ကောင်ကိုရွေးချယ်ခံရပြီးချိန်မှာ “အိုး.. .ဘုရားရေ.. သူတို့က ကလေးသရုပ်ဆောင်တွေ.. သူတို့ရဲ့ဘဝက ဒီလိုနဲ့ပဲပြီးသွားမှာ” ဆိုတဲ့ လူတွေရဲ့မျက်ဝန်းမျိုးက ကျွန်မတို့အပေါ် အမြဲလွှမ်းခြုံနေခဲ့တယ်။
.
ငယ်ငယ်လေးနဲ့နာမည်ရအောင်မြင်တဲ့ကလေးတွေရဲ့ အနာဂတ်ကို လူတိုင်းကြိုမြင်နေကြသလိုပါပဲ။ ဒါပေမယ့် အယ်မာက လူတွေမျှော်လင့်တဲ့မျက်ဝန်းကို ဆန့်ကျင်ခဲ့တယ်။ သူဟာ နာမည်ကြီးတက္ကသိုလ်၃ခုရဲ့ ကျောင်းတက်ခွင့်အကြောင်းကြားစာကို ရခဲ့တယ်။ အဲဒီကျောင်းထဲမှာ အော်စဖို့တက္ကသိုလ်လည်းပါတယ်။ နောက်ဆုံးမှာ Brown တက္ကသိုလ်ကို သူရွေးချယ်ခဲ့တယ်။
.
“ငါဘယ်သူလဲဆိုတာ တခြားလူဆုံးဖြတ်ပေးတာကို ငါမလိုချင်ဘူး။ ငါဘယ်သူလဲဆိုတာ ငါ့ကိုယ်ငါပဲဆုံးဖြတ်ချင်တယ်”
.
ဟယ်ရီပေါ်တာဇာတ်ကားမှာ အတူဝင်ရောက်သရုပ်ဆောင်ခဲ့သူတွေက အယ်မာကိုအမြဲချီးကျူးခဲ့ကြတယ်။ ဇာတ်ကားသုံးကားရိုက်နေတာတောင် အယ်မာဟာကျောင်းစာမှာ A ၉ခုအရယူနိုင်ခဲ့တယ်။
.
ထူးချွန်ထက်မြက်တဲ့သင်ယူမှုကို ထိန်းသိမ်းဖို့ကခက်တယ်။ အယ်မာလို တစ်ဘက်မှာဇာတ်ကားရိုက်ရင်း၊ အဘက်ဘက်ကလာတဲ့ ဖိအားတွေကို တောင့်ခံရင်း၊ သတင်းထောက်တွေရဲ့လိုက်လံသတင်းယူမှုကို ရှောင်ဖယ်နေရသူက ပိုဆိုးပါတယ်။
.
“မိန်းကလေးဖြစ်ရင် အယ်မာလိုရှင်သန်သင့်တယ်။ သူဟာ နတ်သမီးလေးလိုလှတယ်၊ သင်ယူမှုမှာ ထူးချွန်တယ်၊ အလုပ်ကြိုးစားတယ်”
.
အယ်မာမှာ ရယူသင့်တာကို ရယူ၊ စွန့်လွှတ်သင့်တာကို စွန့်လွှတ်နိုင်တဲ့ ထက်မြက်တဲ့အသိဉာဏ်ရှိတယ်။ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့အလုပ်လုပ်ကိုလုပ်ဖို့ သူနားလည်တယ်။ ကျောင်းတက်တဲ့အရွယ်မှာ တခြားကလေးသရုပ်ဆောင်လို ကျောင်းပညာရေးကို သူလက်မလွှတ်ခဲ့ဘူး။
.
တက္ကသိုလ်တက်နေစဉ်အတွင်းမှာ ဘယ်ဇာတ်ကားမှ လက်ခံရိုက်ကူးမှာမဟုတ်ဘူးလို့ သူကြေညာခဲ့တယ်။ တကယ်လည်း “ဟယ်ရီပေါ်တာ” ဇာတ်ကား စီးရီးလိုက်ရိုက်ကူးပြီးဆုံးချိန်မှာ တခြားကားတွေ သူလက်မခံခဲ့ပါဘူး။ ဒါကြောင့် တက္ကသိုလ်တက်ချိန်မှာ သူဟာ တခြားကျောင်းသားတွေလို သာမန်ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ဆယ်ကျော်သက်ဘဝကို သူပျော်ပျော်ရွှင်ရွှင်ခံစားနေတာလို့ သူကဆိုခဲ့တယ်။
.
ဘယ်လိုပဲပြောပြော… တက္ကသိုလ်ကိုသူ ၅နှစ်တက်လိုက်ရပါတယ်။ အောင်မြင်ကျော်ကြားမှုကို လက်လွတ်ပြီး ကျောင်းပညာရေးမှာ သူအာရုံစိုက်ခဲ့တယ်။ ဒါဟာ “Hermione” ဘဝနဲ့ပဲ သူရဲ့ဘဝပြီးဆုံးသွားမှာကို မလိုလားလို့ဖြစ်တယ်။ သရုပ်ဆောင်အလုပ်ကို သူနှစ်သက်တယ်… ဒါပေမယ့် ထူးချွန်ထက်မြက်တဲ့မိန်းမလေးတစ်ယောက်အဖြစ် သူပိုလိုလားခဲ့တယ်။
.
“ကိုယ်ဘာလိုချင်သလဲဆိုတာသိတယ်၊ ဦးတည်ရာ ရည်မှန်းချက်ပန်းတိုင်ကိုလည်း သိတယ်ဆိုရင် အတတ်နိုင်ဆုံးကြိုးစားပြီး အဲဒီရည်မှန်းချက်ဖြစ်မြောက်အောင် အကောင်အထည်ဖော်ရတယ်”
.
အယ်မာက မွေးရာပါချောမောလှပသူတစ်ဦးမဟုတ်ပါဘူး။ သူရဲ့မညီညာတဲ့သွားတွေကို ကျွန်မတို့တွေ့ခဲ့ဖူးကြမှာပေါ့။ ရှုပ်ပွဖောင်းကားနေတဲ့ ဆံပင်၊ ဝတ်စားဆင်ယင်မှု မသပ်ရပ်တဲ့ငယ်ဘဝနဲ့ကြီးပြင်းလာခဲ့တဲ့ အယ်မာဟာ အခုချိန်မှာ “အလှနတ်သမီး” တဆူဖြစ်နေခဲ့ပါပြီ။ ဒါဟာ အယ်မာရဲ့အင်အား၊ အယ်မာရဲ့ကြိုးစားမှုတွေပဲဖြစ်တယ်။
.
“ကျွန်မမှာ လှပတဲ့သွားတွေမရှိပါဘူး၊ ပြီးတော့ သေးသွယ်လှပတဲ့ မိန်းကလေးလည်းမဟုတ်ဘူး၊ ဒါပေမယ့် ကိုယ်လုံးကိုယ်ပေါက်ဘယ်လိုပဲနေနေ ကိုယ့်ကိုယ်ကိုယ်နှစ်သက်တဲ့၊ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တဲ့၊ ကိုယ့်ကိုယ်ကိုယ် အလွယ်တကူမပြောင်းလဲတတ်သူအဖြစ်ပဲ ကျွန်မလုပ်ချင်ပါတယ်”
.
အင်္ဂလန်ကအသစ်ထွက်တဲ့ Street shooting အလှနတ်သမီး ၁ဝဦးထဲမှာ အယ်မာလည်းတစ်ဦးအပါအဝင်ဖြစ်ခဲ့တယ်။
.
သူဟာ ခြေသလုံးသွယ်လျသူမဟုတ်ဘူး၊ အရပ်မြင့်သူမဟုတ်ဘူး၊ ကိုယ်လုံးကိုယ်ပေါက်ဆွဲဆောင်မှုရှိသူမဟုတ်ဘူး။ ဒါပေမယ့် ကော်ဇောနီလမ်းလျှောက်ချိန်မှာ ပရိသတ်ရဲ့အကြည့်ကို ညှို့ငင်ဖမ်းစားထားနိုင်သူဖြစ်ခဲ့တယ်။
.
သူဟာ ပရဟိတပွဲတွေ၊ ရုပ်ရှင်ပွဲတွေ၊ နာမည်ကျော်တံဆိပ်ဖက်ရှင်ပွဲတွေရဲ့ ဖိတ်ကြားမှုကို အမြဲခံရသူဖြစ်တယ်။ ဒါပေမယ့် ရောင်စုံမီးရောင်တွေလင်းလက်တဲ့ အနုပညာဘဝအပြင် သူရဲ့ ထူးချွန်ထက်မြက်မှု၊ သူရဲ့ပင်ကိုယ်စွမ်းရည်ရှိမှုတွေက ပရိသတ်တွေကို ပိုသိမ်းပိုက်ကြီးစိုးထားနိုင်ခဲ့ပါတယ်။
.
ကုလသမဂ္ဂကကျင်းပတဲ့ He for She လှုပ်ရှားမှုမှာ သူပါဝင်ခဲ့တယ်။ “ကုလသမဂ္ဂချစ်ကြည်မှုသံတမန်” (Goodwill Ambassador) အဖြစ် သူခန့်အပ်ခံခဲ့ရတယ်။ ဒီသတင်းကို အယ်မာကြေညာတဲ့ညနေခင်းမှာ ကုလသမဂ္ဂရဲ့အင်တာနက်ဝက်ဆိုက်မှာ အယ်မာပရိသတ်တွေ ကြိတ်ကြိတ်တိုးစည်ကားခဲ့တယ်။ အယ်မာက သူရဲ့သြဇာလွှမ်းမိုးနိုင်စွမ်းကို သိတယ်။ အဲဒီသြဇာလွှမ်းမိုးနိုင်စွမ်းကို အသုံးပြုပြီး ဒီလောကအတွက် သူဘာတွေလုပ်ပေးနိုင်မလဲဆိုတာကို အမြဲမျှော်လင့်ခဲ့သူဖြစ်တယ်။
.
အယ်မာဟာ မွေးဖွားလာကတည်းက မင်းသမီးဖြစ်ခဲ့တာမဟုတ်ပါဘူး။ သူ ငယ်ရွယ်စဉ်ကတည်းက မိဘတွေ ကွာရှင်းခဲ့ကြတယ်။ သူဟာ သူ့ဖခင်နဲ့အတူနေထိုင်ခဲ့တယ်။ အဲဒီတုန်းက သူတို့ စီးပွားရေးအရမ်းကြပ်တည်းခဲ့တာတောင် သူ့ဖခင်က သူ့ကို ကျောင်းဆက်ထားခဲ့တယ်။ ကျောင်းလခက သူ့ဖခင်တတ်နိုင်တာထက် ကျော်လွန်ခဲ့လည်း သူ့ကို မရရအောင် ကျောင်းထားခဲ့တယ်။
.
“အဲဒီတုန်းက သူတကယ်ပိုက်ဆံမရှိခဲ့ပါဘူး။ ဒါကြောင့် အဲဒီကျောင်းမှာ ကျွန်မနေ့ရက်တိုင်း အရမ်းကြိုးစားခဲ့ရပါတယ်”
(At that time, he just didn’t have the money. And so I have worked hard every single day that I was at that school.)
.
သူကြိုးစားပြီး သင်ယူခဲ့တယ်၊ အလုပ်ကြိုးစားခဲ့တယ်။ ဒီကနေ့မှာ အရာရာအားလုံးကို သူပိုင်ဆိုင်နေခဲ့တာတောင် သူကြိုးစားနေဆဲဖြစ်တယ်။
.
“ကျွန်မမှာ အလုပ်မလုပ်လည်း ဒီတစ်သက်သုံးမကုန်တဲ့ ပိုက်ဆံတွေရှိနေပါပြီ။ ဒါပေမယ့် ကျွန်မ အလုပ်လုပ်ချင်နေပါသေးတယ်”။ သူအရမ်းကြိုးစားခဲ့လို့ အခုချိန်မှာ သူဟာ အင်အားသိပ်စိုက်ထုတ်စရာမလိုဘဲ အောင်မြင်ကျော်ကြားနေခဲ့တာဖြစ်တယ်။
.
လူတချို့က မင်းသားရဲ့အချစ်ကိုမရခင်ကတည်းက လှပပြည့်စုံတဲ့မိဖုရားလုပ်ဖို့ ပြင်ဆင်နေခဲ့ပါတယ်။ ဒါပေမယ့် အယ်မာကတော့ ဒီလောက်နဲ့ပဲ မတင်းတိမ်ခဲ့ပါဘူး။ သူဟာ ကုလသမဂ္ဂမှာပါဝင်တယ်၊ အကောင်းဆုံးနာမည်ကျော်ကြားတဲ့သရုပ်ဆောင်တွေနဲ့အတူ ဇာတ်ကားရိုက်တယ်။ အဲဒီအပြင် ဂီတသဘင်တစ်ခုမှာ ပါဝင်သရုပ်ဆောင်ပြီး သူ့ရဲ့အဆိုအကအရည်အချင်းကို သူကိုယ်တိုင်ဆန်းစစ်ခဲ့တယ်။ အရာတော်တော်များများကို သူမြည်းစမ်းခဲ့တယ်။ အိမ်ရှေ့မင်းသားနဲ့လည်း ချိန်းတွေ့ကြည့်ခဲ့တယ်။
.
ဒါပေမယ့် နောက်ဆုံးမှာတော့ မင်းသားရဲ့ကြင်ယာတော်အစား ကိုယ်တိုင်ဘုရင်မလုပ်တာကမှ ပိုစိတ်ဝင်စားစရာကောင်းတယ်ဆိုတာကို သူသိလိုက်ပါတယ်။
.
အယ်မာပရိတ်သတ်တွေအတွက် နိုင်းနိုင်းစနေမှ ဘာသာပြန်မျှဝေပါတယ်။
.
‪#‎NineNineSaNay‬ (Aug. 20. 2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။