ဝံပုလွေရဲ့ချစ်ခြင်းမေတ္တာ
--------------------------
ဒါဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ…
.
မွန်ဂိုရီးယားမြက်ခင်းလွင်ြ ပင်ပေါ်က
ဝေးခေါင်တဲ့နေရာတစ်နေရာမှာ ရွာလေးတစ်ရွာရှိတယ်။ အိမ်ခြေအနည်းငယ်သာရှိတဲ့
ရွာတစ်ရွာဖြစ်တယ်။ အဲဒီရွာလေးမှာ ဝံပုလွေရဲ့ကြီးကျယ်မြင့်မြတ်တဲ့ချစ်ခြင်းကို ကျွန်တော်ကိုယ်တွေ့ တွေ့မြင်ခဲ့ရတယ်။
.
မုဆိုး “အာလာထူ”က လွင်ပြင်ပေါ်မှာ ဝံပုလွေဖိုတစ်ကောင်ကို ဖမ်းမိခဲ့တယ်။ မွန်ဂိုရီးယားလူမျိုးတွေက ဝံပုလွေကို သူတို့မျိုးနွှယ်စုရဲ့ယုံကြည်ကိုးကွယ်ရာအဖြစ် တလေးတစားထားကြသူတွေမို့ ဝံပုလွေကို မဖမ်းဆီးတတ်ကြဘူး။ အာလာထူက မွန်ဂိုရီးယားလူမျိုးမဟုတ်ပါဘူး။ သူဟာ ဖမ်းလာတဲ့ဝံပုလွေကို ခိုင်ခန့်တဲ့လှောင်အိမ်တစ်ခုထဲ ထည့်ထားတယ်။ ဝံပုလွေရဲ့ပါးစပ်ကို သံကြိုးနဲ့ ခိုင်ခိုင်မာမာချည်ထားတယ်။ ပါးစပ်ကိုသံကြိုးနဲ့ချည်မထားရင်
ညသန်းခေါင်မှာ ဝံပုလွေရဲ့အော်သံကြောင့် ဝံပုလွေအုပ်ကြီးရောက်လာမှာ
စိုးလို့ဖြစ်တယ်။ ဒီလိုဆိုရင် သူ့အတွက် အသက်အန္တရာယ်ကျရောက်သွားနိုင်တယ်။ အဲဒီအချိန်မှာပဲ အဝေးက ဝံပုလွေအော်သံတစ်အသံကို ကျွန်တော်တို့ကြားလိုက်မိတယ်။ လှောင်အိမ်ထဲက ဝံပုလွေဖိုက ဂဏာမငြိမ်ဖြစ်နေခဲ့တယ်။
.
နေ့လယ်နေ့ခင်းတုန်းက နေရောင်ခြည်နဲ့တောက်ပခဲ့တဲ့
မြက်ခင်းလွင်ပြင်ဟာ ညပိုင်းရောက်လာတာနဲ့ နှင်းတွေပါတဲ့လေတွေ
တရကြမ်းတိုက်တော့တယ်။ လေသံတွေကြားမှာ တစ်ခါတလေ ဝံပုလွေအူသံကို တစ်ချက်ချက်
ကြားလိုက်မိတယ်။ လှောင်အိမ်ကိုတွန်းတိုးတိုက်ခိုက်တဲ့ ဝံပုလွေရဲ့လှုပ်ရှားသံတွေကို ပါ
ကျွန်တော်ကြားလိုက်မိတယ်။ အာလာထူက ဒါဟာ ပုံမှန်ပါ… မွန်ဂိုရီးယားဒေသက
ဒီလိုမျိုးပဲလို့ဆိုတယ်။ လှောင်အိမ်ထဲကဝံပုလွေကို ကျွန်တော်စပြီး
စိုးရိမ်လာမိတယ်။ အခုအချိန်မှာ ပြင်ပအပူချိန်က ကျွန်တော်ရဲ့ခန့်မှန်းခြေ
သုညအောက် ၃ဝဒီဂရီလောက်မှာပါ။ ရေတွေတောင် အေးခဲကုန်ပါပြီ။
.
ဝံပုလွေအေးခဲပြီး သေဆုံးသွားနိုင်မလား။ အေးခဲပြီး မသေဆုံးနိုင်ရင်တောင် ထူထည်းတဲ့နှင်းတွေက သူ့ကို မြှုပ်သွားနိုင်တယ်။ ဒီလိုဆိုလည်း သူသေမှာပဲ။ ကြားဖူးနားဝဖြစ်တဲ့ ဝံပုလွေရဲ့ကောက်ကျစ်စဉ်းလဲတဲ့ပုံပြင်တွေကို ကျွန်တော်မေ့ပြီး သူ့ကို သနားတဲ့စိတ်တွေသာ ရင်မှာကျန်ခဲ့တယ်။
.
မနက်မိုးလင်းတော့ နှင်းတွေရပ်သွားခဲ့ပြီ။ အိမ်ပြင်ဘက်ကို ကျွန်တော်အလျင်စလိုပြေးထွက် ပြီး ဝံပုလွေကိုကြည့်လိုက်ပါတယ်။ မျက်စိရှေ့မှာမြင်ရတဲ့ မြင်ကွင်းက ကျွန်တော့်ကိုအံ့သြမှင်သက်ေ စခဲ့တယ်။
.
ဝံပုလွေကိုထည့်ထားတဲ့ လှောင်အိမ်ရဲ့တစ်ဘက်ခြမ်းမှာ နှင်းတွေပုံကျနေပါတယ်။ ကြည့်ရတာ လှောင်အိမ်ကိုနှင်းတွေဝါးမြိုမသွားအောင် တစ်ခုခုနဲ့တားထားသလိုပါပဲ။ အာလာထူကို ကျွန်တော်ပြေးခေါ်ပြီး နှင်းပုံကိုတူးကြည့်လိုက်တယ်။ နှင်းတွေအောက်မှာ အေးခဲသေဆုံးနေတဲ့ဝံပုလွေတစ် ကောင်ကို တွေ့လိုက်တယ်။ အဲဒီဝံပုလွေက လှောင်အိမ်ထဲကဝံပုလွေကို နှင်းဒဏ်မထိအောင် အကာအကွယ်ပေးရင်း မတ်တပ်အရပ်လိုက်သေဆုံးနေတြာ ဖစ်တယ်။
.
သေဆုံးနေတဲ့ ဝံပုလွေက ဝံပုလွေအမဖြစ်တယ်လို့ အာလာထူကပြောတယ်။ ကြည့်ရတာ လှောင်အိမ်ထဲကဝံပုလွေရဲ့အဖော်ဖြစ်ပုံရတယ်။ ဒါကြောင့် ဝံပုလွေဖိုအတွက် နှင်းဒဏ်ကာကွယ်ပေးခဲ့တာ။ ဝံပုလွေဖိုအသက်ရှင်ကျန်ရစ်ေ နခဲ့ဖို့ သူအနစ်နာခံခဲ့တာ။ ဝံပုလွေမကို ကျွန်တော်သေသေချာချာကြည့်လိုက်မိတယ်။ သူ့မျက်စိအဖွင့်လိုက်ကြီးပါ ပဲ… ဝံပုလွေဖိုကို စိတ်ချဟန်မတူခဲ့ဘူး။ သူ့ကိုယ်ပေါ်မှာ နှင်းတွေဖုံးအုပ်ထားလို့ မီးခိုရောင်သူ့နဂိုအမွေးတွေ ကိုတောင် မမြင်ရတော့ပါဘူး။ ကိုယ်ချစ်တဲ့သူက လှောင်အိမ်ထဲမှာ… သူတတ်နိုင်တာက လှောင်အိမ်ထဲကကိုယ်ချစ်တဲ့သူ အသက်ရှင်ကျန်ရစ်နေဖို့ပါပဲ။
.
ကျွန်တော့်ရဲ့ခခယယတောင်းဆို မှုအောက်မှာ ဝံပုလွေပါးစပ်မှာချည်ထားတဲ့ သံကြိုးစကို အာလာထူဖြုတ်လိုက်တယ်။ ဝံပုလွေ မအူခဲ့ပါဘူး… ဝံပုလွေမရဲ့အလောင်းကိုပဲ မျက်တောင်မခတ်စိုက်ကြည့်နေခဲ့ပါတယ်။ အလောင်းရဲ့ဘေးပတ်လည်မှာ လျှောက်သွားလျှောက်လာလုပ်နေ ပါတယ်။ သူ့နှလုံးသား သွေးစက်စက်ယိုနေပြီဆိုတာ ကျွန်တော်သိလိုက်ပါတယ်။
.
သူ့ကိုလွှတ်လိုက်ဖို့ အာလာထူကို ကျွန်တော်တောင်းပန်လိုက်တယ် ။ သူ့ကိုလွှတ်ပေးလိုက်ရင် သေသွားတဲ့ဝံပုလွေမအတွက် သူရန်ငြိုးထား ဂလဲ့စားလာချေလိမ့်မယ်လို့ဆိုတယ်။ ဒီလိုဆိုရင် ဆိတ်အကောင်ရေ ၂ဝဝလုံး တိုက်ခိုက်ခံရတော့မယ်လို့ဆိုတယ်။ အာလာထူကို ကျွန်တော်မုန်းမိတယ်… ချစ်သူစုံတွဲတစ်တွဲရဲ့ချစ်ြ ခင်းတွေ ပြိုပျက်အောင် သူလုပ်လိုက်လို့ဖြစ်တယ်။
.
မနေ့ညကအူတဲ့ အကောင်က အဲဒီဝံပုလွေမဖြစ်မယ်လို့ အာလာထူကပြောတယ်။ ဝံပုလွေဖိုကို ကယ်ဖို့ရောက်လာတာဖြစ်တယ်။ သေဆုံးသွားတဲ့ ဝံပုလွေမကို မထိမတို့ဘဲ ဒီအတိုင်းထားထားလိုက်တယ်။ သွားထိသွားတို့ရင် ဝံပုလွေဖိုအူလိမ့်မယ်။ ဒီလိုဆို အန္တရာယ်ကျရောက်တော့မယ်။
.
ကျွန်တော့်စိတ်တွေ တစ်နေကုန်နေလို့မကောင်းခဲ့ဘူး။ လူဟာ ရက်စက်လိုက်တာလို့ ခံစားမိတယ်။
.
နောက်တစ်နေ့မနက်မှာ ကျွန်တော်အစောကြီးထပြီး ဝံပုလွေဖိုကို ထွက်ကြည့်မိတယ်။
.
သူသေနေခဲ့ပြီ။ ဝံပုလွေမရဲ့ဘေးမှာ သူသေနေခဲ့တယ်။ သူတို့နှစ်ကောင်ရဲ့ကြားမှာ လှောင်အိမ်နံရံတစ်ခုခြားနေခဲ့တယ်။ ဝံပုလွေဖိုကိုယ်အောက်ကနှင်း တွေ အရည်ပျော်ပြီး ရေခဲဖြစ်နေခဲ့ပြီ။ သူ့မျက်ဝန်းမှာ မျက်ရည်စီးကြောင်းနှစ်ကြောင်းလည်း အေးခဲနေခဲ့ပြီ။
.
လူကြီးသူမတွေကပြောတယ်… ဝံပုလွေတွေက အရမ်းသစ္စာရှိတယ်။ သူချစ်တဲ့သူက သူ့ကြောင့်သေသွားရင် သူလည်းအသက်မရှင်တော့ဘူးတဲ့။ “ကိုယ့်ချစ်သူကို မစွန့်လွှတ်တတ်ဘူး”… ဒါဟာ သူတို့ရဲ့အချစ်ဒဿနဖြစ်တယ်။ ဒါကြောင့် ဝံပုလွေတစ်ကောင်ဟာ တစ်သက်မှာ အဖော်တစ်ကောင်ပဲရှိတယ်…
---------
မူရင်းလင့်-- http://wechatinchina.com/ thread-256717-1-1.html
#NineNineSaNay နိုင်းနိုင်းစနေ (Aug. 30. 2016)
--------------------------
ဒါဟာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုပါ…
.
မွန်ဂိုရီးယားမြက်ခင်းလွင်ြ
.
မုဆိုး “အာလာထူ”က လွင်ပြင်ပေါ်မှာ ဝံပုလွေဖိုတစ်ကောင်ကို ဖမ်းမိခဲ့တယ်။ မွန်ဂိုရီးယားလူမျိုးတွေက ဝံပုလွေကို သူတို့မျိုးနွှယ်စုရဲ့ယုံကြည
.
နေ့လယ်နေ့ခင်းတုန်းက နေရောင်ခြည်နဲ့တောက်ပခဲ့တဲ့
.
ဝံပုလွေအေးခဲပြီး သေဆုံးသွားနိုင်မလား။ အေးခဲပြီး မသေဆုံးနိုင်ရင်တောင် ထူထည်းတဲ့နှင်းတွေက သူ့ကို မြှုပ်သွားနိုင်တယ်။ ဒီလိုဆိုလည်း သူသေမှာပဲ။ ကြားဖူးနားဝဖြစ်တဲ့ ဝံပုလွေရဲ့ကောက်ကျစ်စဉ်းလဲတ
.
မနက်မိုးလင်းတော့ နှင်းတွေရပ်သွားခဲ့ပြီ။ အိမ်ပြင်ဘက်ကို ကျွန်တော်အလျင်စလိုပြေးထွက်
.
ဝံပုလွေကိုထည့်ထားတဲ့ လှောင်အိမ်ရဲ့တစ်ဘက်ခြမ်းမှ
.
သေဆုံးနေတဲ့ ဝံပုလွေက ဝံပုလွေအမဖြစ်တယ်လို့ အာလာထူကပြောတယ်။ ကြည့်ရတာ လှောင်အိမ်ထဲကဝံပုလွေရဲ့အဖေ
.
ကျွန်တော့်ရဲ့ခခယယတောင်းဆို
.
သူ့ကိုလွှတ်လိုက်ဖို့ အာလာထူကို ကျွန်တော်တောင်းပန်လိုက်တယ်
.
မနေ့ညကအူတဲ့ အကောင်က အဲဒီဝံပုလွေမဖြစ်မယ်လို့ အာလာထူကပြောတယ်။ ဝံပုလွေဖိုကို ကယ်ဖို့ရောက်လာတာဖြစ်တယ်။ သေဆုံးသွားတဲ့ ဝံပုလွေမကို မထိမတို့ဘဲ ဒီအတိုင်းထားထားလိုက်တယ်။ သွားထိသွားတို့ရင် ဝံပုလွေဖိုအူလိမ့်မယ်။ ဒီလိုဆို အန္တရာယ်ကျရောက်တော့မယ်။
.
ကျွန်တော့်စိတ်တွေ တစ်နေကုန်နေလို့မကောင်းခဲ့ဘ
.
နောက်တစ်နေ့မနက်မှာ ကျွန်တော်အစောကြီးထပြီး ဝံပုလွေဖိုကို ထွက်ကြည့်မိတယ်။
.
သူသေနေခဲ့ပြီ။ ဝံပုလွေမရဲ့ဘေးမှာ သူသေနေခဲ့တယ်။ သူတို့နှစ်ကောင်ရဲ့ကြားမှာ လှောင်အိမ်နံရံတစ်ခုခြားနေခ
.
လူကြီးသူမတွေကပြောတယ်… ဝံပုလွေတွေက အရမ်းသစ္စာရှိတယ်။ သူချစ်တဲ့သူက သူ့ကြောင့်သေသွားရင် သူလည်းအသက်မရှင်တော့ဘူးတဲ့။
---------
မူရင်းလင့်-- http://wechatinchina.com/
#NineNineSaNay နိုင်းနိုင်းစနေ (Aug. 30. 2016)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။