မြင်းတစ်ကောင်နဲ့ လင်မယား ၂ ယောက်
--------------------
မြင်းတစ်ကောင်ကို ဆွဲပြီး ယောက်ျားနှင့် မိန်းမ ၂ ယောက် လမ်းလျှောက်လာသည်။ လူကြားထဲရောက်သော် -
"ငတုံးလင်မယား...! မြင်းဆိုတာ စီးရကောင်းမှန်း ဒင်းတို့ နားမလည်ဘူးလားမသိ။ မမိုက်ပါဘူးကွာ!"
လင်မယား ၂ ယောက်သား မြင်းပေါ်တက်စီး၍ ဆက်ထွက်လာခဲ့သည်။ လူကြားထဲ ရောက်သော် -
"တော်တော်ကိုယ်ချင်းစာစိတ်မ ရှိတဲ့ လင်မယား ၂ ယောက်။ သူတို့ ၂ ယောက်လုံးတက်စီးတော့ အောက်က မြင်းက သေပြီပေါ့ဟ။ မမိုက်ပါဘူးကွာ!"
ထို့ကြောင့် မြင်းပေါ်တွင် မိန်းမကို ဆက်တင်ပြီး ယောက်ျားက မြင်းကို ဆွဲလာခဲ့သည်။ လူကြားထဲရောက်သော် -
"ယောက်ျား သိက္ခာကျချက်ပဲကွာ။ တောက်! မိန်းမကို ကိုးကွယ်နေရတယ်လို့! မယားကြောက်ကြီး။ မမိုက်ပါဘူးကွာ!"
ထိုအခါ ယောက်ျားနဲ့ နေရာချင်းလဲလိုက်ပြီး မိန်းမက ဆွဲပေးသည်။ လူကြားထဲရောက်သော် -
"သန်သန်မာမာနဲ့ကွာ! သူကတော့ မြင်းပေါ် အခန့်သားထိုင်ပြီး အားနွဲ့တဲ့ မိန်းမသားကိုတော့ ဆွဲခိုင်း ရတယ်လို့။ မမိုက်ပါဘူးကွာ!"
သင်ခန်းစာ - လူ့အလိုကို နတ်တောင်မလိုက်နိုင်တာ။ ဘယ်သူဘာပြောပြော ဂရုမစိုက်နေပါနဲ့။ ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်ပါ။ ခံရရင်လည်း ဘယ်သူ့ လွှမ်းမိုးမှု မှမပါလို့ ရဲရဲဝံ့ဝံ့ ခံလိုက်ပါ။ စံရရင်လည်း တစ်ယောက်ထဲ အကောင်းဆုံး စံလိုက်ပါ။ ဒါ့ကြောင့် ဘယ်သူ ဘာပြောပြော ဂရုကို မစိုက်ပါနဲ့။
- မှတ်စုကြမ်း #kyawnge
--------------------
မြင်းတစ်ကောင်ကို ဆွဲပြီး ယောက်ျားနှင့် မိန်းမ ၂ ယောက် လမ်းလျှောက်လာသည်။ လူကြားထဲရောက်သော် -
"ငတုံးလင်မယား...! မြင်းဆိုတာ စီးရကောင်းမှန်း ဒင်းတို့ နားမလည်ဘူးလားမသိ။ မမိုက်ပါဘူးကွာ!"
လင်မယား ၂ ယောက်သား မြင်းပေါ်တက်စီး၍ ဆက်ထွက်လာခဲ့သည်။ လူကြားထဲ ရောက်သော် -
"တော်တော်ကိုယ်ချင်းစာစိတ်မ
ထို့ကြောင့် မြင်းပေါ်တွင် မိန်းမကို ဆက်တင်ပြီး ယောက်ျားက မြင်းကို ဆွဲလာခဲ့သည်။ လူကြားထဲရောက်သော် -
"ယောက်ျား သိက္ခာကျချက်ပဲကွာ။ တောက်! မိန်းမကို ကိုးကွယ်နေရတယ်လို့! မယားကြောက်ကြီး။ မမိုက်ပါဘူးကွာ!"
ထိုအခါ ယောက်ျားနဲ့ နေရာချင်းလဲလိုက်ပြီး မိန်းမက ဆွဲပေးသည်။ လူကြားထဲရောက်သော် -
"သန်သန်မာမာနဲ့ကွာ! သူကတော့ မြင်းပေါ် အခန့်သားထိုင်ပြီး အားနွဲ့တဲ့ မိန်းမသားကိုတော့ ဆွဲခိုင်း ရတယ်လို့။ မမိုက်ပါဘူးကွာ!"
သင်ခန်းစာ - လူ့အလိုကို နတ်တောင်မလိုက်နိုင်တာ။ ဘယ်သူဘာပြောပြော ဂရုမစိုက်နေပါနဲ့။ ကိုယ်မှန်တယ်ထင်တာ ကိုယ်လုပ်ပါ။ ခံရရင်လည်း ဘယ်သူ့ လွှမ်းမိုးမှု မှမပါလို့ ရဲရဲဝံ့ဝံ့ ခံလိုက်ပါ။ စံရရင်လည်း တစ်ယောက်ထဲ အကောင်းဆုံး စံလိုက်ပါ။ ဒါ့ကြောင့် ဘယ်သူ ဘာပြောပြော ဂရုကို မစိုက်ပါနဲ့။
- မှတ်စုကြမ်း #kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။