Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 23, 2016

အနုတ်လက္ခဏာစီမံခန့်ခွဲမှု

အနုတ်လက္ခဏာစီမံခန့်ခွဲမှု

ရေးသူ-အရိုး
အချိန်မရခြင်း
ကျွန်တော်တို့သည် ကမ္ဘာပေါ်တွင် ကျွန်တော်တို့ချည်းပဲ မဟုတ်ဟုဆိုခဲ့ပါသည်။ ဟုတ်ပါသည်။ နိုင်ငံ၏ပိတ်ထားသောတံခါး များကို ရုတ်တရက်ဖွင့်ပစ်လိုက်သောအခါ ကျွန်တော်တို့သည် ကျွန်တော်တို့ချည်းမဟုတ်ဘဲ ကျွန်တော်တို့ထက်လူရည်လည်နှင့် ပြီးဖြစ်သောသူများနှင့် ဧကန်မုချတွေ့ကြရပါလေတော့၏။ ထိုသူ များနှင့် ဤသို့ရုတ်တရက်တွေ့ကြရချိန်တွင် ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံ၏ ကာလရှည်ကြာပိတ်ထားခံခဲ့ကြရသောတံခါး များကို ကျွန်တော်တို့မည်သို့ဖွင့်ခဲ့ကြောင်းတွေးတောရန် အချိန်မရ ကြတော့။ ဆွဲ၍ဖွင့်ခဲ့ကြရလေသလား၊ တွန်း၍ဖွင့်ခဲ့ကြရလေသလား၊ အချိန်မရွေးအဖွင့်အပိတ်လုပ်နိုင်ရန် အရှင်ထား၍ဖွင့်ခဲ့ကြလေ သလား၊ တံခါးများအားလုံးကို တစ်ခါတည်းရိုက်ချိုးဖျက်ဆီးထွက်လာ ခဲ့ကြလေသလား စဉ်းစားရန်အချိန်မရတော့။ 'ကမ္ဘာ့လူရည်လည် များ' (ဤနေရာတွင် ဤအသုံးကို ကျွန်တော်ရှင်းထားချင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤစာစုတွဲကြီးတစ်ခုလုံးအတွက် ဤအသုံး အနှုန်းကို ကျွန်တော်တောက်လျောက်သုံးနှုန်းသွားရတော့မည်ဖြစ် သောကြောင့်ဖြစ်ပါ၏။ 'ကမ္ဘာ့လူရည်လည်များ' ဟု ကျွန်တော် သိမ်း ကျုံးဆိုလိုက်သောသူများမှာ တစ်ကမ္ဘာလုံးရှိ ပြည်တွင်းပြည်ပက ရှိနေနှင့်ကြသော၊ ကျွန်တော်တို့ထက်များစွာပို၍ လွတ်လပ်တိုးတက် တတ်မြောက်လည်ဝယ်ပြီးဖြစ်ကြကုန်သော၊ ကျွန်တော်တို့နှင့် ရင်ဆိုင်ကြရတော့မည့် ဖွံ့ဖြိုးပြီးနှင့်သောကမ္ဘာဆန်သည့်လူ့အဖွဲ့ အစည်းမှလူများကို ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ထက် အစစ အရာရာတိုးတက်နှင့်ပြီးဖြစ်သော၊ အမြင်ပွင့်လင်းကျယ်ပြောနှင့် ပြီးဖြစ်သော ကမ္ဘာ့ခေတ်ရှေ့ပြေးလူများကို 'ကမ္ဘာ့လူရည်လည်များ' ၊ တစ်နည်း သိုးဆောင်းဘာသာစကားအားဖြင့် Globalized Society’ ဟု ကျွန်တော်သုံးနှုန်းမိသည်မှာ မှားယွင်းနေခဲ့သည်ဆိုပါက ပညာရှင်များပြုပြင်ပေးစေလိုပါသည်။ ကျွန်တော်ဆိုလိုချင်သော အဓိပ္ပာယ်ကို သိကြမည်ထင်ပါသည်။ ဤကား စကားချပ်။) နှင့် ကျွန်တော်တို့ ထိပ်တိုက်ရင်ဆိုင်ကြရပါတော့သည်။ ရုတ်တရက် လျင်မြန်စွာ။ ဤတွင် ဘာတွေဖြစ်လာပါသနည်း။ အခြားသော သောင်းပြောင်းထွေလာကိစ္စများထက် ပို၍အရေးကြီးလှသောစီမံ ခန့်ခွဲမှုချင်းစစ်ထိုးရသောအခြေအနေကို ကျွန်တော်တို့ရင်ဆိုင်ကြ ရပါတော့၏။ မအောင်မြင်သောစီမံခန့်ခွဲမှုများအတွက် ကျွန်တော် ၏ဒုတိယခေါင်းစဉ်မှာ ဤသို့ဖြစ်ပါသည်။

တိုးတက်မှုအတွက် လေ့လာဆည်းပူးရန်အချိန်မရခြင်း
************************************************************
ရုတ်တရက်အားဖြင့် ဤခေါင်းစဉ်သည် သေချာပေါက် တွေဝေသွားစေနိုင်သောခေါင်းစဉ်ဖြစ်ပါသည်။ သို့သော် ဤနည်း ဗျူဟာမှာ ကမ္ဘာ့လူရည်လည်များ အခြေခံနည်းစနစ်ကဲ့သို့ အမြဲတစေ သုံးတတ်သောနည်းဗျူဟာဖြစ်ပါ၏။ ခေတ္တတွေဝေ၍ ခေတ္တတုံ့ဆိုင်း သွားချိန်ကလေးများသည် အကောင်းဆုံးအသုံးချနိုင်မည့်ကာလ ကလေးများဖြစ်ကြောင်း သူတို့ကောင်းကောင်းသိခဲ့ကြပြီးဖြစ်၏။ လူတစ်ယောက်အတွက်ဖြစ်စေ၊ သာမန်အဖွဲ့အစည်းတစ်ခုအတွက် ဖြစ်စေ၊ အရေးကြီးသောအစိုးရအဖွဲ့အစည်းအတွက်ပင်ဖြစ်စေ စီမံ ခန့်ခွဲမှုချင်းစစ်ခင်းလာရပြီဆိုသောအချိန်၌ ကိုယ့်ကိုကူညီသလိုလိုနှင့် ရုတ်တရက် ကိုယ့်စီမံခန့်ခွဲမှုများတန့်သွားအောင်၊ ပြန်သုံးသပ်နေ ခြင်းဖြင့် အချိန်ကုန်အောင်၊ ကောင်းနေသောစီမံခန့်ခွဲမှုပုံစံ Management Pattern တစ်ခု လှုပ်ခတ်သွားအောင် ထိုးထည့်ပေးလိုက် သော 'သပ်' တစ်ချောင်းဖြစ်တော့၏။ ဤတွင် ဘာဖြစ်နိုင်ပါသနည်း။ ဥပမာတစ်ခု ကျွန်တော်ပေးပါမည်။
''တစ်သွေး၊ တစ်သံ၊ တစ်မိန့် ငါပြောတာအားလုံးလိုက်လုပ် ကြ'' ဟူသော စီမံခန့်ခွဲမှုအောက်တွင် ကာလပေါင်းများစွာနေထိုင်လာ ခဲ့ကြရပြီး ကမ္ဘာနှင့်အဆက်ပြတ်၍ လွန်စွာခေတ်မမီရှာလေတော့ သော တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း ကိုယ့် ဟာကိုယ် ဘယ်အတန်းရောက်နေမှန်းပင်မသိသော နိုင်ငံလေး တစ်နိုင်ငံရှိသည် ဆိုကြပါစို့။ ထိုနိုင်ငံသည် ကမ္ဘာကိုမီရန် ရုတ်တရက် ပုံစံပြောင်းပစ်လိုက်၏။ ကမ္ဘာကိုမီလေမည်လား။ ဝေးစွတကား။ မည်သည်ကိုမျသေချာပြင်ဆင်မထားဘဲ ဟင်းလင်းဖွင့်ပစ်လိုက်၍ ကမ္ဘာကိုရင်ဆိုင်လိုက်ခြင်းသည် နဂိုရှိခဲ့လေသောမပြေလည်မှုများ ထက် အဆပေါင်းများစွာကြီးမားလှသောအန္တရာယ်များကို အစိုးရ ရော ပြည်သူပါ သေချာပေါက်ထိပ်တိုက်တိုးတော့၏။ ကမ္ဘာ့လူရည် လည်များနှင့် အစိုးရရော ပြည်သူပါ ထိပ်တိုက်တိုး၏။ ဘယ်နေရာမှာ ဘယ်လိုစီမံခန့်ခွဲရမည်ဟု ပြင်ဆင်ချိန်မရ။ ဤနေရာတွင် ထိုနိုင်ငံ ကလေးသည် ကံဆိုးမိုးမှောင်ကျကာ မဟာဗျူဟာအရ အချက်အချာ ကျလေသော ပထ၀ီဝင်အနေအထားရှိနေပါက နေရာတကာဝါးချင်၊ မျိုချင်ရှိလှသော ကမ္ဘာ့လူရည်လည် ပထမတန်းစားနိုင်ငံကြီးများနှင့် ကြုံရတော့၏။ ဤတွင်ဆိုခဲ့ပြီးသောခေါင်းစဉ်သည် အေးအေးလူလူ အသက်ဝင်လာတော့၏။
စေတနာဖြင့် အကြံပေးသလိုလိုနှင့် နိုင်ငံလေး၏ကွန်စတီ ကျူးရှင်းကို တစ်ချက်လှမ်းထောက်လိုက်၏။ အခြေခံဥပဒေဖွဲ့စည်းပုံ ကို ထိပ်ပုတ်လိုက်သဖြင့် အစိုးရ၏စီမံခန့်ခွဲရေးအပိုင်းတွင် ခါသွား တော့၏။ လွှတ်တော်အကြိမ်ကြိမ်ခေါ်ရ၍ ပထမခြေလှမ်းမှာတင် ထစ်ထစ်ငေါ့ငေါ့ဖြစ်ကုန်၏။ ထို့ပြင် နိုင်ငံ၏ GDP ၊ GNP ကို ထပ်တောက်လိုက်၏။ တမှောင့် ထပ်ဖြစ်၏။ တတိယမြောက်နိုင်ငံ ကာကွယ်ရေးကို အမေးထုတ်လိုက်သည့်အခါတွင်ကား ...
'တိုးတက်မှုအတွက် လေ့လာဆည်းပူးရန် အချိန်မရခြင်း'
ဟုတ်ကဲ့။ ဥပမာလေးတစ်ခုပါ။ သူများတွေက အကျဉ်း ကနေ အကျယ်ချဲ့စဉ်းစားသွားပါတယ်။ ကျွန်တော်ကတော့ အကျယ် ကနေ ပြန်ကျုံ့ကျုံ့သွားအောင်ချုံ့ကြည့်ပါတယ်။ အထက်ကပေးခဲ့ သည့်ဥပမာလေးမှာ နိုင်ငံငယ်လေးတွေ ရုတ်တရက်အဆင်ပြေ မလာအောင် စနစ်တကျ 'စီမံခန့်ခွဲ' သွားတာကိုတွေ့ရပါလိမ့်မယ်။
ဆိုကြပါစို့။
ကမ္ဘာ့လူရည်လည်များနဲ့ ကျွန်တော်တို့အလုပ်အတူတူ တွဲလုပ်ကြရပါပြီတဲ့။ ခင်ဗျားကိုယ်ခင်ဗျား တိုးတက်အောင်လေ့လာ ဆည်းပူးဖို့ အချိန်မပေးဘူး။ ခင်ဗျားဘယ်လောက်တော်တော် ကမ္ဘာ့ လူရည်လည်တွေက သူတို့နဲ့ပခုံးချင်းယှဉ်မလာနိုင်အောင် ခင်ဗျားကို စနစ်တကျပြဿနာတွေ တစ်ခုပြီးတစ်ခုပေးပြီး စီမံခန့်ခွဲနေတာလေ။ ခင်ဗျားမှာ အချိန်မရှိတော့ဘူး။ ပြဿနာတွေ စနစ်တကျအပေးခံရရုံ နဲ့တင် ခင်ဗျားအောင်မြင်လာမှာမဟုတ်တော့ဘူး။ အနက်ရောင် စီမံခန့်ခွဲခြင်းရဲ့နည်းတစ်ခုပါဗျာ။ ရိုးရိုးလေး။ ကျွန်တော်တို့ ခင်ဗျား တို့မှာ ကယ်ပေါက်တစ်ခုတော့ရှိတယ်။ မတတ်နိုင်ဘူးလေ။ ကိုယ့် ကိုယ်ကိုယ်စီမံခန့်ခွဲရတော့မှာပေါ့။ ကိုယ့်တိုးတက်မှုကိုရဖို့အတွက် ဏူညေ-ြ ထားရတော့မှာပေါ့။ ကိုယ့်ထက်ကြီးတဲ့သူသုံးယောက်ကို ဖိုခုံလောက် (ဖိုခနောင့်) ဆိုင်တိုက်ပေးထားလိုက်ပါ။ ဒီလောက် စီမံ ခန့်ခွဲမှုတော့ ကျွန်တော်တို့ တတ်ပါတယ်။ နှစ်ယောက်တည်း သွား တိုက်မပေးနဲ့နော်။ ကိုယ့်ထက်ကြီးတဲ့နှစ်ယောက် စည်းလုံးသွားမှဖြင့် ကိုယ်ပြားမှာဗျ။ သုံးပွင့်ဆိုင်ခွပ်နေကြတုန်း 'တိုးတက်မှုအတွက် လေ့လာဆည်းပူးရန် အချိန်ကလေးများ' ရှာကြတာပေါ့။ ဒါပေမဲ့ သတိတော့ကောင်းမှဗျ။ ကမ္ဘာ့လူရည်လည်များက ကျုပ်တို့အကြံကို လည်းသိကြတာပဲ။ အဲဒီအတွက် မအောင်မြင်နိုင်မယ့်၊ တစ်နည်း အားဖြင့် အောင်မြင်မှုကိုပိတ်ဆို့နိုင်မယ့်စီမံခန့်ခွဲမှုပုံစံတွေ ထားထား ကြတယ်။ အများကြီးရှိပါသေးတယ်ဗျာ။ ကျွန်တော် ဆက်ပြောပြပါ ဦးမယ်။ ဒီစာစုမှာတော့ ရုတ်တရက်နှောင့်နှေးသွားအောင်လုပ်နည်း နဲ့ လမ်းကြောင်းပြောင်းသွားအောင်ရွှေ့နည်းနှစ်ခုကို ခေါင်းစဉ် တစ်ခု တည်းနဲ့လုပ်သွားလို့ရနိုင်တဲ့ မသမာစီမံခန့်ခွဲမှုတစ်ခုကိုတင်ပြလိုက် ပါတယ်။
အစိုးရအဖွဲ့ မင်္ဂလာပါ။
ဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့က တစ်ယောက်ကိုတစ်ယောက်ဆက်ဆံနေ ဖို့ကလည်း အရေးကြီးသကိုးလားဗျာ။
(အမျိုးမျိုးအဖုံဖုံ တွေးကြည့်ကြစေလိုပါသည်)
Myanmar B2B Management Magazine

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။