ကလေးကို ဘယ်လိုပြစ်ဒဏ်ပေးမလဲ
++++++++++++++++++++++
ကလေးကိုချီးကျူးပါ၊ အသိအမှတ်ပြုပေးပါ။ ကလေးကို မရိုက်နဲ့၊ မဆဲပါနဲ့ လို့ရေးတာများလာတော့ မိဘအချို့ ကလေးကို ဒဏ်ခတ်လို့ မရတော့ဘူးလား၊ ဘာအပြစ်ပဲလုပ်လုပ် ဒီတိုင်းကြည့်နေတော့မှာလား လို့
မေးလာပါတယ်။ ဟုတ်ကဲ့၊ အပြစ်ပေးလို့ ရပါတယ်။ ထိရောက်ဖို့လိုပါတယ်။
အကျိုးရှိဖို့လိုပါတယ်။ နည်းစနစ်ကျဖို့လိုပါတယ်။ ဒေါသအလျောက်
အပြစ်မပေးမိဖို့ လိုပါတယ်။ ကဲ…ဒါဆိုရင် ကလေးကို ဘယ်လို စနစ်တကျနဲ့ အပြစ်ပေးမလဲ.........
၁။ ဆိုဆုံးမခြင်း၊
ကလေးချင်းရန်ဖြစ်တယ်။ ကစားစရာအရုပ်ကိုလုကြတယ်။ အချင်းချင်း ချကြပြီ ဆိုပါစို့ ၊ မိဘများ လုပ်နေတဲ့အလုပ်ကို ခဏရပ်လိုက်ပါ။ သင်ဂရုပြုအလေးထားနေပြီဆို တာ ကလေးခံစားမိပါစေ။ ဘာကြောင့်ရန်ဖြစ်တယ်ဆိုတာ အသေအချာမေးလိုက်ပါ။ စိတ်ရှည်ရှည်နဲ့ ကလေးရှင်းပြတာကို ကုန်ဆုံးအောင်နားထောင်ပေး ပါ။
ရန်ဖြစ်တာ၊ အချင်းချင်းရိုက်တာ လုံးဝမကောင်းကြောင်း၊ သူများကိုယ်ကို
လုပ်လို့ ကိုယ်မခံနိုင်သလို၊ ကိုယ်မခံနိုင်တဲ့ အပြုအမူ တစ်ခုခု
သူများကို ပြန်မလုပ်သင့်ကြောင်း အမေးအဖြေ ပုံစံနဲ့ ကလေးနားလည်
အောင်ရှင်းပြပါ။ မှားတယ်ထင်တဲ့ဘက် ( လက်ပါတဲ့ဘက်) ကို
အပြစ်ဝန်ခံခိုင်းပါ။ တောင်းပန်ခိုင်းပါ။ ပြန်ချစ်ကြည်သွားအောင်
လက်ဆွဲနူတ်ဆက်ခိုင်းပါ။
၂။ ငြိမ်ငြိမ် ထိုင်ခိုင်းခြင်း
အပြစ်ပေးလိုတဲ့ နေရာမှာ ထိုင်ခုံဖြစ်ဖြစ်၊ ဆိုဖာဖြစ်ဖြစ် ခင်းထားလိုက်ပါ။ နာရီတစ်လုံးကို ဘေးမှာချထားပါ။ အပြစ်အလိုက် ငြိမ်ငြိမ်ထိုင်တဲ့ အချိန်ကို သတ်မှတ်ပေးပါ။ ကလေးက အစဆိုရင် ပြောင်သလိုလို၊ ရယ်မောချင်သလိုလို နဲ့ စပ်ဖြီးဖြီး လုပ်တတ်ပါတယ်။ အချိန် ၁၅မိနစ်ထက် ကျော်သွားရင်၊ အချိန်ကြာလေ၊ ဂနာမငြိမ်လေ ဖြစ်လာတတ်ပါတယ်။ အပြစ်ကိုမေးပါ။ ၀န်ခံခိုင်းပါ။ အချိန်စေ့တဲ့ အထိထိုင်ခိုင်းပါ။
၃။ အိမ်မူကိစ္စ လုပ်ခိုင်းခြင်း
တံမျက်စည်း၊ ဇလုံ၊ ကျမ်းသုတ်ဝတ် စသည်တို့ကို အဆင်သင့်လုပ်ထားပါ။ ကလေးသန့်ရှင်းရေးလုပ်ရမဲ့ အကျယ်အ၀န်းကို သတ်မှတ်ပေးပါ။ မိဘက အတူလုပ်ရင် ပိုထိရောက်ပါတယ်။ ချော်လဲတာမျိုး၊ ရေဇလုံထဲပြုတ်ကျတာမျိုး မဖြစ်အောင် ဂရုစိုက်ပေးပါ။ အိမ်အလုပ်လုပ်တော့ ဘာသင်ယူလိုက်နိုင်သလဲလို့  မေးပေးပါ။
၎။ ပုံဆွဲခိုင်းခြင်း၊
စားပွဲခုံ၊ ထိုင်ခုံ၊ ပုံဆွဲခဲတံ၊ ရောင်စုံခဲတံ၊ ပုံဆွဲစာအုပ် စသည်တို့ကို အဆင်သင့်လုပ်ထားပါ။ ကလေးများအား ကိုယ်လုပ်ခဲ့တဲ့ အပြုအမူကို ပြန်ဆွဲခိုင်းပါ။ အောက်မှာ ကိုယ့်အပြစ်ကို ကိုယ်ပြန်ရေးခိုင်းကြည့်ပါ။
၅။ မတ်တတ်ရပ်ခိုင်းခြင်း၊
အပြစ်ပေးလိုတဲ့ နေရာမှာ စည်းဝိုင်းတစ်ခုကို ဆွဲလိုက်ပါ။ ကလေးကို လက်ပိုက်ခိုင်းပြီးမတ်တတ် ရပ်ခိုင်းပါ။
ကလေးက ကိုယ့်အပြစ်ကို သိပြီပြောတဲ့အထိ ရပ်ခိုင်းပါ။ နောင်ဆက်မဖြစ်အောင်
ဘယ်လိုတားဆီးရမယ်ဆိုတာ ကလေးကို မေးမြန်းပါ။ ကလေးပြောတဲ့
ပြုပြင်နိုင်တဲ့ နည်းလမ်း မှန်ကန်တဲ့အထိ မသိမသာ လမ်းကြောင်းပေးပါ။ ပြီးရင်
အဲဒီနည်းလမ်းအတိုင်း ကတိတောင်းပါ။
၆။ ကစားစရာ အရုပ် ( သို့ ) သူတို့ နှစ်သက်တဲ့ ပစ္စည်းသိမ်းယူခြင်း
ဘာကြောင့်သိမ်းယူသလဲဆိုတာမျိုးသိပါစေ။ ဘယ်လောက်ကြာကြာသိမ်းမှာလဲ၊ ဘယ်လိုအခြေအနေ ပြန်ရောက်ရင် ပြန်ပေးမှာလဲ ဆိုတာ သိပါစေ။
ရ။ ရောင်စုံ ပဲလုံး စီခိုင်းခြင်း
ကလေးများ စိတ်မရှည်ရင်၊ အာရုံစူးစိုက်မူ မရှိရင် လုပ်လေ့ရှိပါတယ်။ ပြစ်ဒဏ်ပေးတယ်ဆိုတာထက် လေ့ကျင့်ခန်းတစ်မျိုးလို့ ပြောရင် ပိုနီးစပ်ပါတယ်။ ရောင်စုံ ပဲလုံးဖြစ်ဖြစ်၊ ရောင်စုံ ခဲလုံးလေးပဲဖြစ်ဖြစ်၊ အရောင်မတူတဲ့ ပဲလုံး ခဲလုံးများကို စနစ်တကျ ပြန်စီခိုင်းခြင်းပဲ ဖြစ်ပါတယ်။ အတန်းလိုက်ဖြစ်ဖြစ်၊ တောင်လိုက်ဖြစ်ဖြစ်၊ အပုံလိုက်ဖြစ်ဖြစ် မိဘများ အဆင်ပြေသလို ခိုင်းလို့ရပါတယ်။
၈။ လက်ဝါး ရိုက်ခြင်း
သတင်းစာစက္ကူ ကို လိပ်ပြီး သုံးနိုင်ပါတယ်။ အရမ်းဆိုးဝါးလာရင် လက်ဝါးဖြစ်ဖြစ် ဖင်ဖြစ်ဖြစ် ရိုက်လို့ရပါတယ်။
နောက်ဆုံးတော့ ကိုယ့်ကလေးကို ဘယ်လိုအပြစ်ပဲ ပေးပေး၊ ပေးပြီးရင် မိဘများ စိတ်မကောင်းမဖြစ်ဖို့လိုပါတယ်။
နောင်တမရဖို့လိုပါတယ်။ တကယ်လို့ဆုံးမပြီးလို့ စိတ်မကောင်းခဲ့ရင်၊
နောင်တရခဲ့ရင် ပါးစပ်လွန်၊ လက်လွန်ပြီဆိုတာ သေချာသလောက်ဖြစ်နေပါပြီ။
Ref: Wechat
++++++++++++++++++++++
ကလေးကိုချီးကျူးပါ၊ အသိအမှတ်ပြုပေးပါ။ ကလေးကို မရိုက်နဲ့၊ မဆဲပါနဲ့ လို့ရေးတာများလာတော့ မိဘအချို့ ကလေးကို ဒဏ်ခတ်လို့ မရတော့ဘူးလား၊ ဘာအပြစ်ပဲလုပ်လုပ် ဒီတိုင်းကြည့်နေတော့မှာလား
၁။ ဆိုဆုံးမခြင်း၊
ကလေးချင်းရန်ဖြစ်တယ်။ ကစားစရာအရုပ်ကိုလုကြတယ်။
၂။ ငြိမ်ငြိမ် ထိုင်ခိုင်းခြင်း
အပြစ်ပေးလိုတဲ့ နေရာမှာ ထိုင်ခုံဖြစ်ဖြစ်၊ ဆိုဖာဖြစ်ဖြစ် ခင်းထားလိုက်ပါ။ နာရီတစ်လုံးကို ဘေးမှာချထားပါ။ အပြစ်အလိုက် ငြိမ်ငြိမ်ထိုင်တဲ့ အချိန်ကို သတ်မှတ်ပေးပါ။ ကလေးက အစဆိုရင် ပြောင်သလိုလို၊ ရယ်မောချင်သလိုလို နဲ့ စပ်ဖြီးဖြီး လုပ်တတ်ပါတယ်။ အချိန် ၁၅မိနစ်ထက် ကျော်သွားရင်၊ အချိန်ကြာလေ၊ ဂနာမငြိမ်လေ ဖြစ်လာတတ်ပါတယ်။ အပြစ်ကိုမေးပါ။ ၀န်ခံခိုင်းပါ။ အချိန်စေ့တဲ့ အထိထိုင်ခိုင်းပါ။
၃။ အိမ်မူကိစ္စ လုပ်ခိုင်းခြင်း
တံမျက်စည်း၊ ဇလုံ၊ ကျမ်းသုတ်ဝတ် စသည်တို့ကို အဆင်သင့်လုပ်ထားပါ။ ကလေးသန့်ရှင်းရေးလုပ်ရမဲ့ အကျယ်အ၀န်းကို သတ်မှတ်ပေးပါ။ မိဘက အတူလုပ်ရင် ပိုထိရောက်ပါတယ်။ ချော်လဲတာမျိုး၊ ရေဇလုံထဲပြုတ်ကျတာမျိုး မဖြစ်အောင် ဂရုစိုက်ပေးပါ။ အိမ်အလုပ်လုပ်တော့ ဘာသင်ယူလိုက်နိုင်သလဲလို
၎။ ပုံဆွဲခိုင်းခြင်း၊
စားပွဲခုံ၊ ထိုင်ခုံ၊ ပုံဆွဲခဲတံ၊ ရောင်စုံခဲတံ၊ ပုံဆွဲစာအုပ် စသည်တို့ကို အဆင်သင့်လုပ်ထားပါ။ ကလေးများအား ကိုယ်လုပ်ခဲ့တဲ့ အပြုအမူကို ပြန်ဆွဲခိုင်းပါ။ အောက်မှာ ကိုယ့်အပြစ်ကို ကိုယ်ပြန်ရေးခိုင်းကြည့်ပ
၅။ မတ်တတ်ရပ်ခိုင်းခြင်း၊
အပြစ်ပေးလိုတဲ့ နေရာမှာ စည်းဝိုင်းတစ်ခုကို ဆွဲလိုက်ပါ။ ကလေးကို လက်ပိုက်ခိုင်းပြီးမတ်တတ်
၆။ ကစားစရာ အရုပ် ( သို့ ) သူတို့ နှစ်သက်တဲ့ ပစ္စည်းသိမ်းယူခြင်း
ဘာကြောင့်သိမ်းယူသလဲဆိုတာမ
ရ။ ရောင်စုံ ပဲလုံး စီခိုင်းခြင်း
ကလေးများ စိတ်မရှည်ရင်၊ အာရုံစူးစိုက်မူ မရှိရင် လုပ်လေ့ရှိပါတယ်။ ပြစ်ဒဏ်ပေးတယ်ဆိုတာထက် လေ့ကျင့်ခန်းတစ်မျိုးလို့ ပြောရင် ပိုနီးစပ်ပါတယ်။ ရောင်စုံ ပဲလုံးဖြစ်ဖြစ်၊ ရောင်စုံ ခဲလုံးလေးပဲဖြစ်ဖြစ်၊ အရောင်မတူတဲ့ ပဲလုံး ခဲလုံးများကို စနစ်တကျ ပြန်စီခိုင်းခြင်းပဲ ဖြစ်ပါတယ်။ အတန်းလိုက်ဖြစ်ဖြစ်၊ တောင်လိုက်ဖြစ်ဖြစ်၊ အပုံလိုက်ဖြစ်ဖြစ် မိဘများ အဆင်ပြေသလို ခိုင်းလို့ရပါတယ်။
၈။ လက်ဝါး ရိုက်ခြင်း
သတင်းစာစက္ကူ ကို လိပ်ပြီး သုံးနိုင်ပါတယ်။ အရမ်းဆိုးဝါးလာရင် လက်ဝါးဖြစ်ဖြစ် ဖင်ဖြစ်ဖြစ် ရိုက်လို့ရပါတယ်။
နောက်ဆုံးတော့ ကိုယ့်ကလေးကို ဘယ်လိုအပြစ်ပဲ ပေးပေး၊ ပေးပြီးရင် မိဘများ စိတ်မကောင်းမဖြစ်ဖို့လိုပ
Ref: Wechat
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။