အလုပ်အစီအစဉ်တွေ ပြည့်နေတဲ့ကြားက စိတ်အပန်းပြေအောင် ဘယ်လိုနေထိုင်မလဲ
-------------------------- -------------------------- -------------------------- -------------------------
သင့်ရဲ့တစ်နေ့တာ အလုပ်ကိစ္စတွေနဲ့ ပြည့်နေတဲ့အခါ ဒီအရာတွေက သင့်ရဲ့စိတ်ရော ရုပ်ကိုပါ ဖိစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ သင့်အိပ်မက်တွေအတွက်၊ အောင်မြင်မှုအတွက် ဒီိလိုဖိစီးမှုတွေ ရှိနိုင်တယ်ဆိုပေမယ့်လည်း ဒါကိုနည်းသထက် နည်းသွားအောင် သင့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ရမှာပါ။ ဒီတော့ အလုပ်တွေမနားတမ်းလုပ်ကိုင်ေ နရတဲ့
ဒီလို မော်ဒန်ခေတ်ကြီးထဲမှာ အလုပ်တွေ ဘယ်လောက်ရှုပ်ရှုပ် ကိုယ့်အတွက်ကိုယ်
အချိန်လေးတစ်ခု ဖန်တီးနိုင်ဖို့၊ သင့်စိတ်အပန်းပြေဖို့
ဘာတွေလုပ်ဆောင်နိုင်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။
၁။ တစ်နေ့တာ သင်လုပ်ဆောင်တဲ့အရာတိုင်းအတွက် ဘယ်လောက်အချိန်ပေးဖြစ်တယ်ဆိုတာ သိအောင်လုပ်ပါ။
သင့်တစ်နေ့တာ လုပ်ဆောင်နေရတဲ့ အလုပ်တွေကြား ကိုယ်သတိမထားမိပဲ အချိန်တွေ အလဟဿ ဖြစ်နေတာမျိုးတွေ ရှိနေပါတယ်။ ဒီအလုပ်တစ်ခု လုပ်နေချိန်နဲ့ နောက်တစ်ခု မစခင် အချိန်တွေကြား အချိန်တွေ ဖြုန်းနေမိတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီတော့ အလုပ်တစ်ခုကို သင်ဘယ်လောက်အချိန်ကြာကြာ လုပ်သလဲဆိုတာ ကိုယ့်ဘာသာကိုယ် သိအောင်ကြိုးစားပါ။ ဒါ့အပြင် အလုပ်ချိန်အတွင်း အင်တာနက်သုံးမိတာ၊ နောက် ဘာမဟုတ်တဲ့ ဗီဒီယိုတွေ တစ်နေ့တာအချိန်မှာ ကြည့်ပြီး ကုန်ဆုံးမိတာ၊ အိမ်ပြန်တဲ့အချိန် သူငယ်ချင်းတွေနဲ့ အမြဲတွေ့ဖြစ်နေတာ စတာတွေအားလုံးကို မှတ်သားပြီး သင်အိပ်ချိန်ပိုရဖို့၊ လေ့ကျင့်ခန်းလုပ်နိုင်ဖို့၊ ကိုယ့်အတွက်ကိုယ် ဂရုစိုက်နိုင်ဖို့ တစ်ချို့အရာတွေကို လျှော့ချပစ်လိုက်ပါ။
၂။ ငြင်းသင့်တာကို ငြင်းပါ။
ကိုယ်လုပ်ဆောင်နိုင်တဲ့ အရာထက်ပိုပြီး တာဝန်ယူလုပ်ဆောင်ရမှာတွေကို
ငြင်းပါ။ ဒီတော့ လူတိုင်းကို ဟုတ်ကဲ့ပါ၊ လုပ်ပေးပါ့မယ်၊ အိုခေ
ဆိုတာမျိုးတွေ ပြောတာတွေ လျှော့ပြီး သင်တကယ်လုပ်ဆောင်နိုင်မှ၊ အဆင်ပြေမှသာ
လက်ခံပါ။ မဟုတ်ရင် သင်လုပ်နေတဲ့ အလုပ်တွေအတွက် စိတ်ဖိစီးမှုတွေရော၊ အခြား
အပိုလုပ်ပေးရတာတွေရဲ့ ဖိစီးမှုတွေပါ ပိုလာမှာမို့ သင့်အတွက်
လုံးဝအဆင်မပြေနိုင်ပါဘူး။
၃။အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ ။
သင် ယောဂလည်း မကျင့်ဖြစ်ဘူး၊ spa လည်း မသွားဖြစ်ဘူးဆိုရင် သင့်အလုပ်ခုံမှာတင် လုပ်ဆောင်နိုင်တဲ့ အသက်ရှု လေ့ကျင့်ခန်းလေး လုပ်ပေးပါ။ နှာခေါင်းကနေ အသက်ကို ၀အောင်ရှုပေးပြီး ပြီးရင် နှာခေါင်းကနေပဲ ပြန်ထုတ်ပေးလိုက်ပါ။ ပြီးရင် တစ်၊ နှစ် ဆိုပြီး နံပါတ်ရေတွက်ပြီး နောက်တစ်ကြိမ် ပြန်လုပ်ပေးလိုက်ပါဦး။
၎။ အားလပ်ချိန်တွေမှာ အင်တာနက်မသုံးပါနဲ့။
ခဏနားတဲ့အချိန်ပဲဖြစ်ဖြစ်၊ ညဘက် ကိုယ်အနားယူအပန်းဖြေချိန်တွေမှာ
ဆိုရှယ်မီဒီယာလေးသုံးရင် အပန်းဖြေမယ်လို့တော့ မတွေးလိုက်ပါနဲ့။
အီးမေးလ်စစ်တာတွေ၊ ဆိုရှယ်မီဒီယာသုံးတာတွေက သင့်ကို လုံးဝ
အပန်းမပြေစေပါဘူး။ စိတ်ဖိစီးမှုတွေပါ ပိုတိုးစေပါသေးတယ်။
၅။ ရယ်မောပါ။
ထမင်းစားနားချိန်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောကြတဲ့အခါ ရယ်စရာတွေ့ရင် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပါ။ ရယ်မောခြင်းက သင့်စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်တဲ့အပြင် နာကျင်မှုတစ်ခုခု ခံစားနေရရင်လည်း သူက သက်သာသွားစေပါတယ်တဲ့။
၆။ မနက်ပိုင်း တရားထိုင်ပါ။
မနက်ပိုင်း အိပ်ယာထချိန်ထက် မိနစ် ၂၀လောက် စောထပြီး တစ်နေ့တာအလုပ်တွေ မစတင်ခင်မှာ တရားထိုင်လိုက်ပါ။ မနက်စောစော တရားထိုင်တဲ့အတွက် သင့်စိတ်ဟာ တစ်နေ့တာလုံး လန်းဆန်းနေပါလိမ့်မယ်။
၇။ ရေသေချာချိုးပါ။
လူတိုင်းရေချိုးကြတာချည်းပါ ပဲ။ ဒါပေမယ့် ရေချိုးတဲ့အခါ ဒါအပိုအလုပ်တစ်ခုလို့ သဘောမထားပဲ ကိုယ့်အတွက်ကိုယ် သီးသန့်ကောင်းမွန်တဲ့အချိန် လို့ သဘောထားပြီး ချိုးပါ။ စိတ်အပန်းပြေစေဖို့ သေချာအချိန်ယူပြီး ရေချိုးပါ။
၈။ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။
ကိုယ့်သူဌေးနဲ့တွေ့ဖို့ သေချာအချိန်ပေးထားသလို ကိုယ့်အတွက်လည်းကိုယ်အချိန် ပေးပါ။ အဲ့ဒီအချိန်တွေမှာ ကိုယ်စိတ်ပါဝင်စားတဲ့ အရာတွေ၊ ကိုယ့်ကိုစိတ်ပျော်ရွှင်စေတဲ့ အရာတွေကို လုပ်ဆောင်ပါ။
#Ref:bustle
--------------------------
သင့်ရဲ့တစ်နေ့တာ အလုပ်ကိစ္စတွေနဲ့ ပြည့်နေတဲ့အခါ ဒီအရာတွေက သင့်ရဲ့စိတ်ရော ရုပ်ကိုပါ ဖိစီးမှုတွေ ဖြစ်ပေါ်စေပါတယ်။ သင့်အိပ်မက်တွေအတွက်၊ အောင်မြင်မှုအတွက် ဒီိလိုဖိစီးမှုတွေ ရှိနိုင်တယ်ဆိုပေမယ့်လည်း ဒါကိုနည်းသထက် နည်းသွားအောင် သင့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ရမှာပါ။ ဒီတော့ အလုပ်တွေမနားတမ်းလုပ်ကိုင်ေ
၁။ တစ်နေ့တာ သင်လုပ်ဆောင်တဲ့အရာတိုင်းအတ
သင့်တစ်နေ့တာ လုပ်ဆောင်နေရတဲ့ အလုပ်တွေကြား ကိုယ်သတိမထားမိပဲ အချိန်တွေ အလဟဿ ဖြစ်နေတာမျိုးတွေ ရှိနေပါတယ်။ ဒီအလုပ်တစ်ခု လုပ်နေချိန်နဲ့ နောက်တစ်ခု မစခင် အချိန်တွေကြား အချိန်တွေ ဖြုန်းနေမိတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီတော့ အလုပ်တစ်ခုကို သင်ဘယ်လောက်အချိန်ကြာကြာ လုပ်သလဲဆိုတာ ကိုယ့်ဘာသာကိုယ် သိအောင်ကြိုးစားပါ။ ဒါ့အပြင် အလုပ်ချိန်အတွင်း အင်တာနက်သုံးမိတာ၊ နောက် ဘာမဟုတ်တဲ့ ဗီဒီယိုတွေ တစ်နေ့တာအချိန်မှာ ကြည့်ပြီး ကုန်ဆုံးမိတာ၊ အိမ်ပြန်တဲ့အချိန် သူငယ်ချင်းတွေနဲ့ အမြဲတွေ့ဖြစ်နေတာ စတာတွေအားလုံးကို မှတ်သားပြီး သင်အိပ်ချိန်ပိုရဖို့၊ လေ့ကျင့်ခန်းလုပ်နိုင်ဖို့၊
၂။ ငြင်းသင့်တာကို ငြင်းပါ။
ကိုယ်လုပ်ဆောင်နိုင်တဲ့ အရာထက်ပိုပြီး တာဝန်ယူလုပ်ဆောင်ရမှာတွေကို
၃။အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ
သင် ယောဂလည်း မကျင့်ဖြစ်ဘူး၊ spa လည်း မသွားဖြစ်ဘူးဆိုရင် သင့်အလုပ်ခုံမှာတင် လုပ်ဆောင်နိုင်တဲ့ အသက်ရှု လေ့ကျင့်ခန်းလေး လုပ်ပေးပါ။ နှာခေါင်းကနေ အသက်ကို ၀အောင်ရှုပေးပြီး ပြီးရင် နှာခေါင်းကနေပဲ ပြန်ထုတ်ပေးလိုက်ပါ။ ပြီးရင် တစ်၊ နှစ် ဆိုပြီး နံပါတ်ရေတွက်ပြီး နောက်တစ်ကြိမ် ပြန်လုပ်ပေးလိုက်ပါဦး။
၎။ အားလပ်ချိန်တွေမှာ အင်တာနက်မသုံးပါနဲ့။
ခဏနားတဲ့အချိန်ပဲဖြစ်ဖြစ်၊ ညဘက် ကိုယ်အနားယူအပန်းဖြေချိန်တေ
၅။ ရယ်မောပါ။
ထမင်းစားနားချိန်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောကြတဲ့အခါ ရယ်စရာတွေ့ရင် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပါ။
၆။ မနက်ပိုင်း တရားထိုင်ပါ။
မနက်ပိုင်း အိပ်ယာထချိန်ထက် မိနစ် ၂၀လောက် စောထပြီး တစ်နေ့တာအလုပ်တွေ မစတင်ခင်မှာ တရားထိုင်လိုက်ပါ။ မနက်စောစော တရားထိုင်တဲ့အတွက် သင့်စိတ်ဟာ တစ်နေ့တာလုံး လန်းဆန်းနေပါလိမ့်မယ်။
၇။ ရေသေချာချိုးပါ။
လူတိုင်းရေချိုးကြတာချည်းပါ
၈။ ကိုယ့်အတွက်ကိုယ် အချိန်ပေးပါ။
ကိုယ့်သူဌေးနဲ့တွေ့ဖို့ သေချာအချိန်ပေးထားသလို ကိုယ့်အတွက်လည်းကိုယ်အချိန်
#Ref:bustle
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။