ကျောက်သင်ပုန်း added 4 new photos.
ကမ္ဘာကျော် သိုးကျောင်းသူတစ်ယောက်အကြောင်း
******************************
နာဂျတ်ဘယ်လ်ကာဆင်(မ်)ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို မော်ရိုကိုနိုင်ငံအစွန်အဖျား၊ နာဒါ ဆိုတဲ့ ကျေးလက်မြို့ကလေးရဲ့ နီချီကာ ကျေးရွာမှာ ၁၉၇၇ခုနှစ်က မွေးဖွားခဲ့ပါတယ်။ အလွန်ဆင်းရဲချို့တဲ့စွာ ကြီးပြင်းခဲ့ရပြီး မွေးချင်း ၇ယောက်ရှိတဲ့အနက် နာဂျတ်က ဒုတိယမြောက်ဖြစ်ပါတယ်။ နာဂျတ်ရဲ့ ဖခင်ဟာ စီးပွားရေးအဆင်မပြေတော့တဲ့အတွက် ၁၉၈၂ခုနှစ်မှာ မော်ရိုကိုနိုင်ငံကနေ ပြင်သစ်နိုင်ငံကို မိသားစုလိုက် ရွေ့ပြောင်းခဲ့ကြတယ်။
ဖခင်ဖြစ်သူဟာ ဆောက်လုပ်ရေးအလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ပြီး နာဂျတ်ကတော့
ကျောင်းတက်ရင်း တဖက်ကလည်း မိသားစုစီးပွားရေးအကြပ်အတည်းကို ကူညီတဲ့အနေနဲ့
သိုးကျောင်းတဲ့အလုပ်ကို လုပ်ခဲ့ရပါတယ်။ အရာရာကို အားကြိုးမာန်တက်
ကြိုးစားသင်ယူတတ်တဲ့ နာဂျတ်ဟာ ၂၀၀၂ ခုနှစ်မှာတော့ ပဲရစ်တက္ကသိုလ်ကနေ
လူမှုရေးပညာနဲ့ ဘွဲ့ရရှိခဲ့ပါတယ်။
ဘွဲ့ရပြီးတဲ့နောက်မှာတော့ ဆိုရှယ်လစ်ပါတီထဲကို ဝင်ရောက်ခဲ့ကာ အလုပ်သမားတွေနဲ့ လူ့အခွင့်အရေးအတွက် လှုံ့ဆော်ခြင်း၊ လူတန်းသားခွဲခြားမှုတွေကို ဆန့်ကျင်ခြင်း စတဲ့ လူမှုရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်ခဲ့ပါတယ်။သူမရဲ့ စွမ်းစွမ်းတမန်အားထုတ်မှုတွေကြောင့် ၂၀၀၄ ခုနှစ်မှာ Rhone- Alpes ရဲ့ ကောင်စီအမျိုးသမီးအရာရှိဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ်မှာတော့ ဆိုရှယ်လစ်ပါတီရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ်အရွေးချယ်ခံခဲ့ရပါတယ်။
သူမဘဝအတွက်အကြီးမားဆုံးအလှည့်အပြောင်းကတော့ ၂၀၁၂ခုနှစ်မှာ အမျိုးသမီးအခွင့်အရေးဝန်ကြီးနဲ့ အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အဖြစ်ရွေးချယ်ခံခဲ့ရခြင်းပါပဲ။
၂၀၁၄ခုနှစ်မှာတော့ ၃၆နှစ်အရွယ် နာဂျတ်ဟာ ပြင်သစ်နိုင်ငံရဲ့ ပညာရေးနဲ့ သုတေသနဝန်ကြီးအဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပြီး အသက်အငယ်ဆုံးအမျိုးသမီးဝန်ကြီးဖြစ်လာပါတော့တယ်။
ငယ်စဉ်ကသိုးကျောင်းခဲ့ရတဲ့ နာဂျတ်ဟာ ဒီလိုနေရာကိုလွယ်လွယ်နဲ့ရောက်လာခဲ့ရတာတော့ မဟုတ်ပါဘူး။ဆင်းရဲမှုဒဏ်ကို အလွယ်တကူအရှုံးမပေးပဲ ကျော်ဖြတ်ခဲ့တယ်။ လူမျိုးမတူ ဘာသာမတူတဲ့အတွက် နှိမ့်ချဆက်ခံမှုတွေကိုလဲ ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တယ်။ နိုင်ငံရေးသမားတွေရဲ့ လိင်ခွဲခြားသူ၊ အပြောကြီးသူ၊ အနေအထိုင်မတတ်သူစတဲ့ ဝေဖန်ရှုတ်ချမှုတွေကိုလဲ ပြင်းထန်စွာခံရပါတယ်။
ဘယ်လိုပြသနာမျိုးနဲ့တွေ့တွေ့ ရှောင်ပြေးဖို့စိတ်ကူးမရှိတဲ့နာဂျတ်ကတော့ အခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားရင်း အောင်မြင်မှုတွေဆီကို ဆက်လက်ချဉ်းကပ်နေဦးမှာပဲ ဖြစ်ပါတယ်။
မူရင်း မှတ်စုကြမ်း #nayaung

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။