Mi Mi Tun added 7 new photos.
*******************************************
့စဉ်စားသုံးနေသူများသိသင့်သည့်အချက်တခု - - -
*****************************
ထိုင်ဝမ်ကျောင်းသားတစ်ဦးဟာ တက္ကသိုလ်ဝင်တန်းအမှတ်ကောင်းမွန်ရန်အတွက် ညစဉ်ညနက်သည်အထိစာကြည့်လေ့ ရှိရာ စားသုံးရသည်မှာလည်းလွယ်ကူအဆင်ပြေ၊မိမိကိုယ်တိုင်လည်းနှစ်ခြိုက်သည့် အသင့်စားခေါက်ဆွဲခြောက်ထုပ်အား ညလယ်စာအဖြစ် နေ့ စဉ်နီးပါးစားသုံးခဲ့ပါတယ်။ ခေါက်ဆွဲခြောက် မစားလိုပါက အလားတူစားသုံးရန်လွယ်ကူသည့် ၀က်အူချောင်းကင်/ကြော်အား စားသုံးလာခဲ့သည်မှာ (၄)နှစ်ကျော်အထိရှိခဲ့ပါတယ်။
ရလဒ်အဖြစ် အသက်(၁၈)နှစ်အရွယ် တက္ကသိုလ်တန်းပထမနှစ်ပြီးခါနီးတွင် ၀မ်းဗိုက်မအီမလည်နာကျင်ခြင်း၊အဆက်မပြတ်ပျို့ အန်ခြင်း၊ကိုယ်အလေးချိန်တစစလျော့ ပါးလာခြင်းတို့ ကြောင့် နောက်ဆုံး ဆေးရုံသို့ ပြသစစ်ဆေးခဲ့သည့်အခါတွင် သိရှိရသည်ကတော့ အစာအိမ်ကင်ဆာရောဂါဖြစ်နေသည့်အပြင် နောက်ဆုံးအဆင့်သို့ ပင်ရောက်ရှိနေပါပြီ။ သမားတော်ကြီးများမှ ခေတ်မှီဆေးပညာဖြင့် အစွမ်းကုန်ကုသပေးခဲ့သောလည်း (၁)နှစ်အကြာတွင်အဆိုပါရောဂါဖြင့်ပင်ဆုံးပါးသွားခဲ့ကြောင်း
လက်ခံကုသပေးခဲ့သည့်သမားတော်ရဲ့ ထိုင်ဝမ်ဆေးဖက်ဆိုင်ရာညီလာခံတခုတွင်ပြောကြားချက်အရသိရပါတယ်။
မျက်မှောက်ခေတ်လူမှု ပတ်ဝန်းကျင်တွင်လူတိုင်းနီးပါးတခါတရံစားသုံးဖြစ်သည့် အထက်ပါအစားအစာများဟာ ၁၀၀%ကင်ဆာရောဂါဖြစ်စေနိုင်တယ်ဟုဆိုကာ စားသုံးခွင့်၊ရောင်းချခွင့်ပိတ်ပင်ရန်/ပြောဆိုရန် လည်းခက်ခဲလှပါတယ်။ သို့ သော်လည်း သာဓကအားဖြင့် ပြင်ပတွင်ရောင်းချနေသော စက်သုံးဆီတမျိုးဟာ ယာဉ်/စက်အင်ဂျင်အားထိခိုက်မှု ရှိမရှိ သိရှိသက်သေပြနိုင်ရန် လက်တွေ့ သုံးစွဲကြည့်ပြီး ယာဉ်/အင်ဂျင်အပေါ်အမှန်တကယ်ထိခိုက်ပျက်စီးမှု ဖြစ်စေသည့်အခါ အသစ်တစ်လုံးဖြင့်ထပ်မံအစားထိုးဝယ်ယူနိုင်သော်လည်း ခန္ဓာကိုယ်ကျမ်းမာရေး၊အသက်တစ်ချောင်းမှာမူ ထိခိုက်ပျက်စီးသွားသည့်အခါ မည်သို့ မျှပြန်လည်အစားထိုးမရတော့သဖြင့် များစွာဆင်ခြင်သင့်ကြပါတယ်။
၁။အစာအိမ်ကင်ဆာ၏အစောပိုင်းလက္ခဏာသည့် မည်သို့ မျှမသိသာသဖြင့် သာမာန်ဝမ်းဗိုက်ရောဂါလက္ခဏာများနှင့်ကွာခြားမှု မရှိပါ။
၂။"Sodium" မြင့်မားစွာပါဝင်သည့်အစာများဖြစ်သော ခေါက်ဆွဲခြောက်ထုပ်၊ချဉ်ငံရည်စိမ်အစာများ/Nitrosamines များပျော်ဝင်နေသည့် အကင်များ/Nitrite များစွာပါဝင်သည့် ၀က်အူချောင်း၊အသားချောင်းများအား လွန်ကဲစွာစားသုံးခြင်းမှရှောင်ကြဉ်ကြပါ။ (ထမင်းကြော်စားလျှင် ၀က်အူချောင်း၊ကြည်အူချောင်းမပါလျှင်မစားတတ်သည့်ကျနော်ပင်လျှင် ကြိုးစားပြီးဖြတ်ခဲ့သည်မှာ နှစ်နဲ့ ချီခဲ့ပါပြီ)
၃။ဆေးလိပ်သောက်၊အရက်သောက်သုံးသူများအနေဖြင့် ၀မ်းဗိုက်လက္ခဏာ၊အစားအသောက်ပျက်သည်တို့ ဖြစ်ခဲ့လျှင် မပေါ့ဆသင့်ဘဲစစ်ဆေးကုသမှုခံယူပါ။
၎။လူလတ်ပိုင်းအရွယ်တွင် ၀မ်းဗိုက်မအီမသာဖြစ်ခြင်း၊အစာမကြေမကြာခဏဖြစ်ခြင်း၊ကိုယ်အလေးချိန်အကြောင်းမဲ့လျော့ ကျခြင်း၊အကြောင်းမဲ့ပျို့ အန်မှု မသက်သာခြင်း၊၀မ်းအရောင်ပြောင်းလဲခြင်း၊အလေးသွားသည့်အနေအထားပြောင်းလဲလာခြင်း စသည့်တို့ သတိပြု မိခဲ့လျှင် အစာအိမ်မှန်ပြောင်းစသဖြင့် စစ်ဆေးမှု ခံယူပါ။
(နည်းပညာပိုင်းဆိုင်ရာအဖက်ဖက်မှတိုးတက်လာသည့်မျက်မှောက်ခေတ်တွင် အစာအိမ်မှန်ပြောင်း၊အူမကြီးမှန်ပြောင်းစစ်ဆေးခြင်းတို့ အား ဝေဒနာမခံစားရဘဲသက်တောင့်သက်သာဖြင့်လုပ်ဆောင်နိုင်သည့် ကြေငြာချက်များကိုထိုင်ဝမ်ပြည်တွင်းဆေးရုံကြီးအသီးသီးတွင်တွေ့ မြင်ကြားသိနေရပါတယ်။)
၅။ဝမ်းဗိုက်ဝေဒနာပြင်းထန်သိသာစွာမခံစားရပါဘဲ သွေးအားနည်း(Anaemia) ဖြစ်ပေါ်ခံစားရပါက သွေးပိုင်းဆိုင်ရာစစ်ဆေးမှု အပေါ်တွင်သာအလေးမထားဘဲ "Silent Killer" အသံတိတ်လူသတ်သမားဖြစ်နေမည့်အစာအိမ်ကင်ဆာ ကိုလည်း စစ်ဆေးရန်မမေ့လျော့ သင့်ကြပါ။
ကျမ်းမာရေးအသိရှိခြင်း, ကြိုတင်ကာကွယ်ခြင်း, နည်းမှန်လမ်းမှန်စနစ်တကျနေထိုင်ခြင်းတို့ ဖြင့်မိတ်ဆွေသင်္ဂဟအပေါင်း နိဒုက္ခာ နိဗ္ဘယာ နိေဿာကာ ဖြစ်ကြပါစေ။ Dr.Myo Tun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။