"ကျား စကား"
.
ကျနော်ကလည်း အားနေရင် ပင်နင်ဆူလာပလာဇာက ရွှေဝါမြေကဖေးမှာပဲ သွားသွားထိုင်နေတာကိုး။
ဒါကိုသိတဲ့ တချို့မိတ်ဆွေတွေက စကားပြောချင်တဲ့အခါ၊ အကြံဥာဏ်လေးဘာလေး တောင်းချင်တဲ့အခါ ကျနော့်ဆီ ရောက်ရောက်လာပြီး စကားလာပြောတတ်ကြတယ်။
မနေ့က စနေနေ့ဆိုတော့ ပင်နင်ဆူလာမှာ လူနည်းနည်းရှင်းတယ်။
ကျနော်တစ်ယောက်ထဲ ဆရာကြယ် (Kyal Phyu) လာမယ်ဆိုလို့ ရွှေဝါမြေမှာ ထိုင်စောင့်နေတုန်း ကောင်မလေးတစ်ယောက် ရောက်လာတယ်။
ကြည့်လိုက်တော့ ရဲမျိုး (Ye Myo) ရဲ့ ကောင်မလေး။
"လေးသန် တစ်ယောက်ထဲလား"
"အေး ဟ... လာထိုင် လဘက်ရည်သောက်မလား"
"မသောက်တော့ပါဘူး၊ လေးသန်ကို တွေ့လို့ ခနဝင်လာတာပါ"
သူနဲ့ ရောက်တတ်ရာရာ ပြောကြရင်း သူ့ကောင်လေး ရဲမျိုးအကြောင်း ရောက်သွားတယ်.... ...
"ဘယ်လိုလဲ သမီးကောင်လေးကို အဖြေပေးလိုက်ပြီလား"
"ပေးလိုက်ပြီ လေးသန်၊ ဟင်း ဟင်း"
"ဟုတ်လား... ဝမ်းသာတယ်အေ့၊ နေပါအုံး အချိန်အကြာကြီး အဖြေမပေးဘဲ ထားရာကနေ ခုမှ ဘာကြောင့် ပေးလိုက်ရတာလဲ"
"သူ့ အချစ်ကို ယုံလို့ပါ"
"အော်... ဘယ်လိုကြောင့် ယုံရတာလဲ"
"သူက သမီးကို ပြောတယ်"
"အင်း...."
"ကမ္ဘာပေါ်မှာ လူပေါင်း သန်းပေါင်း ၇၀၀၀ ရှိတယ်တဲ့"
"အင်း..."
"အဲ့ဒီထဲကမှ သမီးကို ရွေးပြီးချစ်တာပါတဲ့၊ သူဘယ်လောက်ချစ်တယ်ဆိုတာ နားလည်ပေးပါတဲ့ လေးသန်ရဲ့၊ ကဲ... ဒါ သူသမီးကို တကယ်ချစ်တာပေါ့"
အမ်မယ်... ကိုရဲတို့ကတော့ စားတယ်ဟေ့
လူကြည့်တော့ ရိုးပုံရိုးပန်းနဲ့
လူ သန်း ၇၀၀၀ တွေ ဘာတွေ လုပ်နေတာ
တော်ရုံမလုပ်ဘူး
အမြင်ကပ်ကပ်နဲ့ ကြုံတုံး ဂျောက်တွန်းအုံးမှ ငိ ငိ
ဒါနဲ့ ကောင်မလေးကို ပြောလိုက်တယ်... ...
"ဟာ... ဒါတော့ ဒီကောင်ညာတာ"
"ရွှမ်... ဘယ်လို ညာတာလဲ"
"လူ သန်းပေါင်း ၇၀၀၀ ထဲမှ သမီးကို ရွေးချစ်တယ်ဆိုတာလေ"
"ဟုတ်လား ရှင်းပြန်ပါအုံး လေးသန်"
"ကဲ... သန်း ၇၀၀၀ က ကမ္ဘာပေါ်မှာရှိတာ မှန်ပေမယ့် သူ့အနားမှာ လူ ဘယ်နှစ်ယောက်လောက် ရှိမှာလဲ၊ သမီးပဲ ပြောကြည့်ပါအုံး"
"အင်း... အလွန်ရှိလှ ၂၀၀ ပေါ့"
"အေး... အဲ့ ၂၀၀ ထဲကမှ ယောကျာ်းလေးက တစ်ဝက်ပဲ ရှိတယ်ထား
မိန်းမ ဘယ်လောက်ကျန်မလဲ"
"၁၀၀ ပါ လေးသန်"
"အဲ့ ၁၀၀ ထဲက သက်ကြီးရွယ်အိုနဲ့ အရွယ်မရောက်သေးတဲ့မိန်းကလေး တွေကို နှုတ်လိုက်ရင် အယောက် ၄၀ လောက်ပဲ ကျန်မယ်"
"ဒါ... ဟုတ်တယ်"
"အဲ့ဒီ အယောက် ၄၀ ထဲကမှ အမေတို့ အမတို့ အဒေါ်တို့လို သူ့ဆွေမျိုးသားချင်းတွေ ဖယ်လိုက်ရင် သူ ရည်းစားစကား ပြောလို့ရနိုင်တာ ၃ ယောက်လောက်ပဲ ကျန်တာလေ"
"ဟမ်.... ..."
"အေး... အဲ့ ၃ယောက်လောက်ထဲမှ သမီးကို ရွေးထားတာ၊ ဘာ သန်း ၇၀၀၀ တွေဘာတွေနဲ့ ဒီကောင် အပိုတွေပြောပြီး ညာနေတာအေ့"
"အော... ဟုတ်တယ်၊ လေးသန်ရှင်းပြမှ သဘောပေါက်တော့တယ်၊ ဒါ ဒီလူ သမီးကို မလိမ့်တပတ်နဲ့ ချစ်ရေးဆိုထားတာ... ဟွင်း ဟွင်း တွေ့ကြသေးတာပေါ့ ဗိုလ်ရဲရာ..."
ရဲမျိုးကိုတွေ့ရင် ပြောလိုက်ကြပါ
ကျနော် ရွာပြန်သွားပြီလို့။
.
.
သန်၎ကို - ပေါက်ကရ၄၀ (ဘာသာပြန်)

"အဲ့ ၁၀၀ ထဲက သက်ကြီးရွယ်အိုနဲ့ အရွယ်မရောက်သေးတဲ့မိန်းကလေး
"ဒါ... ဟုတ်တယ်"
"အဲ့ဒီ အယောက် ၄၀ ထဲကမှ အမေတို့ အမတို့ အဒေါ်တို့လို သူ့ဆွေမျိုးသားချင်းတွေ ဖယ်လိုက်ရင် သူ ရည်းစားစကား ပြောလို့ရနိုင်တာ ၃ ယောက်လောက်ပဲ ကျန်တာလေ"
"ဟမ်.... ..."
"အေး... အဲ့ ၃ယောက်လောက်ထဲမှ သမီးကို ရွေးထားတာ၊ ဘာ သန်း ၇၀၀၀ တွေဘာတွေနဲ့ ဒီကောင် အပိုတွေပြောပြီး ညာနေတာအေ့"
"အော... ဟုတ်တယ်၊ လေးသန်ရှင်းပြမှ သဘောပေါက်တော့တယ်၊ ဒါ ဒီလူ သမီးကို မလိမ့်တပတ်နဲ့ ချစ်ရေးဆိုထားတာ... ဟွင်း ဟွင်း တွေ့ကြသေးတာပေါ့ ဗိုလ်ရဲရာ..."
ရဲမျိုးကိုတွေ့ရင် ပြောလိုက်ကြပါ
ကျနော် ရွာပြန်သွားပြီလို့။
.
.
သန်၎ကို - ပေါက်ကရ၄၀ (ဘာသာပြန်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။