Khinohmmar Tun to 2015 Demo Pa Yit
ကြိုက်လို့ကွယ်.....ချက်ချင်းပြန်တင်မယ်
*******************************
ရဲတေဇ ရေးသားသည်။
#ဘုရင်မ
*******
ဘယ်သူပြောလဲ ?
ဒီအမျိုးသမီးက ဘုရင်မ မဖြစ်ရဘူးလို့..
*******************************
ရဲတေဇ ရေးသားသည်။
#ဘုရင်မ
*******
ဘယ်သူပြောလဲ ?
ဒီအမျိုးသမီးက ဘုရင်မ မဖြစ်ရဘူးလို့..
အဲဒီလို အတွေးတွေ ရာစုနှစ်မှာ ထားခဲ့သင့်ပြီ။
ဒါ ပညာခေတ်...
သေနတ်ထမ်းပြီး ကျားထိုးရမယ့်
ကိုလိုနီခေတ်မဟုတ်တော့ဘူး...။
နိုင်ငံတကာက ခေါင်းဆောင်တွေက
ဦးနှောက်နဲ့ တိုးတက်အောင် လုပ်နေကြချိန်မှာ
ငါတို့အဘတွေက သေနတ်ကြီးထမ်းပြီး
ချီတက်နေလို့ အခုလောက် စုတ်ပြတ်နေရတာ..။
သူများတွေ ဖန်ပြားလေးပေါ်မှာ အသာအယာ လက်နဲ့တို့ပြီး စာရေးနေချိန်မှာ
ငါတို့မှာက ကျောက်သင်ပုန်းကြီးကို ကျောက်တံကြီးနဲ့ ခြစ်လို့ ကောင်းတုန်း...။
သူများတွေ ကတ္တရာလမ်းပေါ်မှာ စကိတ်စီးနေချိန်
ငါတို့က ဖုန်တလုံးလုံးနဲ့ လမ်းလျှောက်ရတုန်း...။
သူများတွေ လျှပ်စစ်မီးတွေ လင်းထိန်နေချိန်
ငါတို့က မီးခွက်ကြီးထဲ ရေနံဆီတွေ ထည့်တုန်း..
သူများတွေ မီးခိုးမထွက်အောင် ချက်ပြုတ်နေချိန်
ငါတို့က မျက်နှာမဲကြီးနဲ့ မီးမွှေးနေတုန်း...
သူများတွေ ထောပတ်နဲ့ ပေါင်မုန့် စားနေချိန်
ငါတို့က ထမင်းကြမ်းခဲနဲ့ ငပိဖုတ်ကို လွေးလှတုန်း.
သူများတွေ ဖုန်းကိုယ်ဆီနဲ့ ပြောနေချိန်
ငါတို့က ခုနစ်သံချီပြီး အော်လို့ကောင်းတုန်း...
သူများတွေ လေယာဉ်နဲ့ ကမ္ဘာပတ်နေချိန်
ငါတို့က အပ် တောင်တရုတ်က မှာကောင်းတုန်း..
ဒါတွေအားလုံးဟာ ပညာခေတ်မှာ သေနတ်ထမ်းပြီး အုပ်ချုပ်ခဲ့တဲ့ အကျိုးကျေးဇူးတွေပဲ။
တိုင်းတပါးရန်ကို ကာကွယ်ဖို့ တပ်မတော်ရဲ့ ကာယအားကို အသုံးချရမယ်။
တိုင်းပြည်ဖွံဖြိုးတိုးတက်ဖို့ ပညာကိုပဲ အားကိုးရမယ်။
အခုလောလောဆယ်တော့ ဒေါ်အောင်ဆန်းစုကြည်ထက်တော်တဲ့လူ မြန်မာပြည်မှာ မပေါ်သေးဘူး။
စိတ်ကူးမလွဲနဲ့...သံယောင်လိုက် မနေနဲ့...သူတို့တွေက ဆယ်သက်စာရလို့ ကန်နေတာ..မင်းတို့ ငါတို့မှာက နောက်လှည့်ကြည့်တော့ ကိုယ်နဲ့အတူပါတာဆိုလို့ ကျောပဲရှိတာ..စဉ်းစားမနေနဲ့....ကြာတယ်..အမေ့နောက်ကိုလိုက်...မျက်စိမှိတ်လိုက်တောင် ငါတို့ လမ်းမမှားစေရဘူး။
YaeTayZa

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။