Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 28, 2016

စိတ်ဓာတ်ခွန်အားကို မြှင့်တင်နည်း

စိတ်ဓာတ်ခွန်အားကို မြှင့်တင်နည်း
-----------------------------------------

သီတင်းတစ်ပတ်ရဲ့ တနင်္လာနေ့တိုင်းမှာ ဒါမှမဟုတ် နှစ်သစ်တစ်နှစ်ရဲ့အစမှာ အခုချိန်ကစပြီး ဘာတွေလုပ်မယ်ဆိုပြီး ဆုံးဖြတ်ဖူးပါသလား။ ဥပမာပြောရင် ဒီနေ့ကစပြီး ငါ ၀ိတ်ချမယ်၊ ဆေးလိပ်ဖြတ်မယ်၊ စသဖြင့်ပေါ့။ ဒီလိုစိတ်ပိုင်းဖြတ်ပေမယ့် အချိန်တစ်ပတ်လောက်ကြာပြီးတဲ့နောက်မှာ အရာအားလုံးဟာ ဘာမှထူးခြားမလာပဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားတာမျိုး ဖြစ်ဖူးမှာသေချာပါတယ်။ ဘာကြောင့်များ ဒီလို စိတ်ပိုင်းဖြတ်မှုတွေ ပျောက်ဆုံးသွားရတာပါလဲ။ အဖြေကတော့ အပျင်းကြီးလို့၊ ပြောင်းလဲချင်စိတ်မရှိလို့ ဆိုတာတွေထက် စိတ်ဓာတ်ခွန်အား စိတ်စွမ်းအား မရှိလို့ပဲဖြစ်ပါတယ်။

စိတ်ခွန်အားနဲ့ပတ်သက်ပြီး သင်သိထားရမယ့်အရေးကြီးအချက်နှစ်ခု ရှိပါတယ်။

- စိတ်ခွန်အားဟာ အကန့်အသတ်နဲ့ပဲရှိတဲ့ ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ ကိစ္စတစ်ခုအတွက် စိတ်စွမ်းအားအကုန် ထုတ်သုံးလိုက်ရင် နောက်ကိစ္စတစ်ခုအတွက် အာရုံစိုက်နိုင်ဖို့ စိတ်ဓာတ်ခွန်အားကင်းမဲ့သွားနိုင်ပါတယ်။

- စိတ်ခွန်အားဟာ ခန္ဓာကိုယ်ကြွက်သားတွေလိုပဲ။ သန်မာလာအောင် လေ့ကျင့်ပေးနိုင်ပါတယ်။

စိတ်ခွန်အားဟာ ဘာကြောင့်အရေးကြီးတာပါလဲ???

စိတ်ခွန်အားဟာ မကောင်းတဲ့အလေ့အကျင့်တွေ၊ ပဋိပက္ခတွေ၊ လူမှုဆက်ဆံရေးကိစ္စတွေနဲ့ လုပ်ငန်းခွင်အတွင်းမှာ ကိုယ့်ကိုယ်ကိုထိန်းချုပ်နိုင်မှုနဲ့ သက်ဆိုင်ပါတယ်။ စိတ်ဓာတ်ခွန်အားကျဆင်းနေပြီး ရည်ရွယ်ထားသမျှဖြစ်မလာတဲ့အခါမှာ မိမိကိုယ်ကိုလေးစားမှုမရှိတော့ပဲ စိတ်ကူးတည့်ရာတွေပဲ လျှောက်လုပ်နေတတ်ပါတယ်။ စိတ်ခွန်အားသုံးလွန်းတဲ့အခါမှာလည်း အားနည်းသွားတတ်ပြီး ဘာဆိုဘာမှမတွေးချင် မလုပ်ချင်လောက်အောင် ဖြစ်သွားတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့စိတ်ဓာတ်ခွန်အားကို တိုးမြှင့်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ နည်းလမ်း(၇)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ စိတ်ခွန်အားကို ဂရုတစိုက်အသုံးပြုပါ

နှစ်သစ်အချိန်ကနေစပြီး ဘာလုပ်မယ်ဘာကိုင်မယ်ဆိုတဲ့ နှစ်သစ်ကူးဆုံးဖြတ်ချက်တွေက အလကားဖြစ်သွားတတ်ကြတာများပါတယ်။ ၀ိတ်လျှော့မယ်ဆိုပြီး အားကစားသင်တန်းကြေးတွေ သွင်း၊ ၀တ်စုံတွေဝယ်၊ ရည်မှန်းချက်အပြည့်နဲ့ အားကစားခန်းမကိုသွားမယ်။ ပြီးတော့ တစ်ရက်လောက်လုပ်ပြီး ပင်ပန်းလို့ ဆက်မသွားဖြစ်တော့တာမျိုး ကိုဆိုလိုပါတယ်။ ဒါဟာ စိတ်စွမ်းအားကို နေရာမှန်၊ နည်းလမ်းမှန် အသုံးမချတတ်လို့ ဖြစ်တာပါ။ ဒီလိုလုပ်မယ့်အစား -

၂။ အသေးအမွှားကနေ စတင်ပါ

မကောင်းတဲ့အကျင့်တစ်ခုကို တစ်ခါတည်းအပြီးဖျောက်ပစ်ဖို့ ကြိုးစားတာထက် တဖြည်းဖြည်းချင်း လျှော့ချဖြတ်တောက်တာက အကောင်းဆုံးပါပဲ။ ဒီလိုပါပဲ။ ဘယ်ကိစ္စမဆို အနည်းအကျဉ်းလောက်ကနေ စတင်ပြီး လုပ်ဆောင်တတ်ဖို့လိုပါတယ်။ ဥပမာ တစ်နေ့ကို ဒိုက်အခါ(၅၀)ထိုးနိုင်ဖို့ ရည်မှန်းထားရင် တစ်နေ့ တစ်ကြိမ်လောက်ပဲ အရင်လုပ်ဖြစ်အောင်လုပ်ပါ။ အမြဲတမ်းတစ်ကြိမ်လုပ်ဖြစ်နေပြီဆိုရင် နည်းနည်းတိုးပြီး သုံးကြိမ်လုပ်ပါ။ ဒီလိုနဲ့ တစ်ဖြည်းဖြည်းချင်းတိုးပြီးလုပ်ဆောင်တာမျိုးဖြစ်ပါတယ်။

၃။ သင့်ကို စိတ်ရှုပ်စရာဖြစ်စေနိုင်သူတွေနဲ့ ဆက်ဆံမှုကို ထိန်းချုပ်ပါ

တကယ်တော့ ဒီလိုလူမျိုးတွေကို သင့်ရဲ့ဘ၀ထဲက အပြီးအပိုင်ထုတ်ပယ်ပစ်လိုက်ရမှာပါ။ သူတို့ရဲ့ ၀မ်းနည်းပူဆွေးစရာတွေ၊ စိတ်ရှုပ်စရာကိစ္စတွေနဲ့ သင့်ကို စိတ်ဆင်းရဲစေမယ့်သူတွေနဲ့ ပတ်သက်ဆက်ဆံရတာဟာ သင့်ရဲ့စိတ်စွမ်းအားကို ယုတ်လျော့စေပါတယ်။

၎။ အစီအစဉ်ရေးဆွဲပါ

တစ်နေ့တာလှုပ်ရှားရုန်းကန်ရင်း စိတ်ဓာတ်ခွန်အားကို အကုန်သုံးမိလိုက်တဲ့အခါမှာ ညစာစားဖို့ကိုတောင်မှ ဘာစားရကောင်းမလဲ မစဉ်းစားနိုင်တော့ပါဘူး။ ဒါ့ကြောင့် စိတ်ခွန်အားစိုက်ထုတ်ပြီး လုပ်စရာအလုပ်တွေ အများကြီးရှိနေတယ်ဆိုရင် အလုပ်လုပ်ရင်းနဲ့ စိတ်ကိုအနားပေးနိုင်ဖို့အတွက် (၁၀)မိနစ်လောက် လမ်းလျှောက်ဖို့ ဒါမှမဟုတ် (၅)မိနစ်လောက် တရားရှုမှတ်ဖို့ အချိန်ကို တစ်နေ့တာအစီအစဉ်ထဲမှာ ထည့်သွင်းထားသင့်ပါတယ်။

၅။ သင့်တင့်မျှတသောအစားအစာတွေ စားသုံးပါ

စိတ်ခွန်အားအသုံးပြုတာဟာ သင့်ရဲ့သွေးအတွင်း ဂလူးကို့စ်သကြားဓာတ်ကို လျော့နည်းသွားစေပါတယ်။ သွေးအတွင်းသကြားဓာတ်ဟာ ခန္ဓာကိုယ်ကြွက်သားတွေလှုပ်ရှားဖို့အတွက် စွမ်းအင်လည်းဖြစ်တာကြောင့် စိတ်ခွန်အားကုန်ခမ်းရင် ခန္ဓာကိုယ်လည်း နွမ်းနယ်လာတတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့နေ့စဉ်စားစရာတွေထဲမှာ အင်ဆူလင်ပမာဏကိုမြင့်တက်စေတဲ့ ကစီဓာတ်နဲ့ အချိုများတဲ့စားစရာတွေကို သင့်တင်မျှတအောင်စားသုံးပေးမယ်ဆိုရင် စိတ်ခွန်အားထုတ်သုံးရပေမယ့် သကြားဓာတ်ဆုံးရှုံးမှုကို သက်သာစေမှာဖြစ်ပါတယ်။

၆။ သင့်ရဲ့အမာခံတန်ဖိုးကို ရှာဖွေပါ

အလုပ်တစ်ခုကိုလုပ်ဆောင်တဲ့အခါမှာ ဘာကြောင့် ဘာအတွက်လုပ်နေရတယ်ဆိုတဲ့ အမာခံတန်ဖိုးကို သိထားဖို့လိုပါတယ်။ ဒီလိုအမာခံတန်ဖိုးကို သိထားမှသာ စိတ်ကူးတည့်ရာတွေလျှောက်မလုပ်မိစေဖို့ ထိန်းနိုင်မှာဖြစ်ပါတယ်။

၇။ အားလုံးပြီးပြည့်စုံနေဖို့ပဲ မျှော်လင့်မနေပါနဲ့

အရာအားလုံးကို ချို့ယွင်းချက်မရှိ ပြီးပြည့်စုံနေဖို့ မျှော်လင့်လုပ်ဆောင်တာဟာလည်း သင့်ရဲ့စိတ်ခွန်အားကို အများအပြားအသုံးချရပါတယ်။ သင်ထိန်းချုပ်လို့မရနိုင်တဲ့အခြေအနေတွေမှာ မရမကထိန်းချုပ်ဖို့ကြိုးစားတာ စိတ်ပင်ပန်းရပါတယ်။ ဘ၀ဟာ နေတတ်ရင် ကျေနပ်စရာချည်းပါ။ နောက်ဘာဖြစ်မယ်ဆိုတာကို သင်ကြိုမသိနိုင်ပါဘူး။ ဒါ့ကြောင့် အားလုံးကို စိတ်တိုင်းကျဖြစ်အောင် ထိန်းချုပ်မနေပဲ ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။

အခုဖော်ပြလိုက်တဲ့ အချက်တွေကို အသုံးချပြီး သင့်ရဲ့စိတ်စွမ်းအားကို ကြံ့ခိုင်လာအောင် လေ့ကျင့်ပါ။ ပြီးတော့ လုပ်ဆောင်စရာတွေများလွန်းလှတဲ့ ဘ၀မှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ သင့်ရဲ့ပန်းတိုင်ဆီကို လျှောက်လှမ်းလိုက်ပါ။

Credit;Gentleman Magazine 🄶🄼
Thorn Htet

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။