Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, August 29, 2016

အထက်တန်းမပြီးခင်မှာပဲ ဒေါ်လာ ၁သိန်းရှာနိုင်ခဲ့သူရဲ့ သင်ခန်းစာယူဖွယ် ဖြစ်ရပ်

 သုတဇုန် added 5 new photos.

အထက်တန်းမပြီးခင်မှာပဲ ဒေါ်လာ ၁သိန်းရှာနိုင်ခဲ့သူရဲ့ သင်ခန်းစာယူဖွယ်
ဖြစ်ရပ်
=======================================
ရေးသားသူ - ကိုညီညီ တောင်ကြီး (https://www.facebook.com/profile.php?id=100008354461942)
“ မိန်းမရေ .. ဒီမှာလာကြည့်ဦး။ မင်း သားတော့ ထောင်ကျတော့မယ် ”
.
“ ရှင်တို့သားအဖ ဘာဖြစ်နေတာလဲ? အလန့်တကြားနဲ့ ”
.
“ ဒီမှာလေ .. ဒေါ်လာ ( ၁ဝဝဝဝဝ ) ..။ သူ့ဘဏ်စာအုပ်ထဲရောက်တယ်လေ။ သူ့လို ( ၁၆ ) နှစ်သားကျောင်းသားတစ်ယောက်က ငွေတစ်သိန်း ဘယ်ကရမှာတုန်း ”
.
.
“ သား ရှင်းပြမယ် ပါပါ ”

.
“ လွန်ခဲ့တဲ့ ( ၆ ) လလောက်ကတည်းက သားအခန်းထဲမှာ အလုပ်တွေရှုတ်နေတာ မြင်တယ်မဟုတ်လား? ” လို့ ကျွန်တော်ကပြောတော့
.
“ ဟုတ်တယ်လေ .. ကျောင်းစာကိုမထိခိုက်မချင်း ကြိုက်တာလုပ်လို့ ပြောခဲ့သားပဲ။ ဒါနဲ့ ဒီငွေက ဘာဆိုင်လို့လဲ? ” ပါပါက ရင်ဘတ်ကိုလက်နဲ့ရိုက်ပြီး စိတ်မရှည်စွာ ဆက်မေးပါတယ်။ ကျွန်တော်က
.
.
“ ဒေါ့ကွန်းစီးပွားရေး - dot-com Market ကို သား လုပ်နေတာကြာပြီ ပါပါရဲ့။ အသက်ငယ်တဲ့ သူဋ္ဌေးလေးတွေကိုကြည့်ပြီး သား သိပ်အားကျတာပဲ။ သူတို့ဘယ်လိုသူဋ္ဌေးဖြစ်လာတယ်ဆိုတာ လများစွာ သား လေ့လာခဲ့တယ် ”
.
“ အဲဒီမှာ နှစ်ချက်နှိပ်ရတဲ့မောက်စ်ခလုပ် - DoubleClick ကို သား သွားတွေ့တယ်။ သားရဲ့အာရုံကို သိပ်ဖမ်းစားတယ်။ ဒါနဲ့ ဒါကိုလုပ်မယ်ဆိုပြီး အိပ်ခန်းထဲမှာ ( ၆ ) လ ကြာအောင် တည်ဆောက်ခဲ့တယ် ”
.
.
“ ပါပါ တို့ကိုနားလည်အောင်ပြောရရင် အင်တာနက် - World Wide Web မှာ ကြော်ငြာချင်ရင် ပိုက်ဆံပေးရတယ်။ အခု အင်တာနက်ကပေါ်ခါစ။ လူတွေက အသစ်အဆန်းဖြစ်လို့ ပိုသုံးလာကြတယ်။ ထပ်ပြီးလည်း တွင်ကျယ်လာလိမ့်ဦးမယ်။
.
ဒါကြောင့် ကြော်ငြာတွေလက်ခံတဲ့အင်တာနက်ကုမ္ပဏီကို အင်္ဂလန်က ပရိုဂရမ်မာတစ်ယောက်နဲ့ပေါင်းရေးပြီး သား ထောင်လိုက်တာ။ အခု ဒီငွေတွေက ကြော်ငြာခကနေရတဲ့ငွေတွေပါ ” လို့ ကျွန်တော်ရှင်းပြတာနားထောင်ပြီး ပါပါ က
.
.
“ ငါ့မှာတော့ သားသမီးတွေကို ဆရာဝန်ဖြစ်မလား? အင်ဂျင်နီယာဖြစ်မလား? လို့ အရိပ်တစ်ကြည့်ကြည့်နဲ့ ” လို့ သက်ပြင်းချပြီးပြောတော့ ကျွန်တော်က
.
“ ဒါက ပိုကောင်းတယ် ပါပါ။ သား ဂတိပေးပါတယ်။ ဒါ ပိုသေချာတယ် ”
.
“ ဒါပေမယ့် သားမှာ အဖေဆီက တောင်းဆိုစရာတစ်ခုရှိတယ် ” လို့ ကျွန်တော်ကပြောတော့ အံ့သြသွားတဲ့အဖေက “ ဘာလိုချင်တာလဲ သား ? ” လို့ အသက်ပြင်းပြင်းရှုထုတ်ရင်း မေးတယ်။ ကျွန်တော်ပြောလိုက်တာက ..
.
“ သားကို ကျောင်းထုတ်ပေးပါ ပါပါ ”
.
.
“ ဘယ်လို? ”
.
“ ဟုတ်တယ် ပါပါ။ သား DoubleClick အတွက် အချိန်ပြည့်အလုပ်လုပ်ရမယ်။ သား ကျောင်းတက်နေရင်းလုပ်လို့ မရတော့ဘူး။ ဒါကြောင့် ကျောင်းအုပ်ကြီးဆီမှာ ပါပါ လိုက်ပြောပေးရင်း သားကို ကျောင်းထုတ်ပေးပါနော် .. ပါပါ နော် ”
.
.
အဲဒီကိစ္စပေါ်ပေါက်သွားပြီး နောက် ( ၂ ) ရက်မှာ ကျောင်းအုပ်ကြီးရှေ့မှာ ကျွန်တော့လက်ကိုဆွဲပြီး ကျောင်းအုပ်ကြီးကို ကျွန်တော့သားကျောင်းစာကိုဝါသနာမပါလို့ ကျောင်းနားခွင့်ပြုပါလို့ ကျောင်းလိုက်နှုတ်ပေးပါတယ်။ အဲဒီကအပြန် အဖေ့နားက သိပ်တန်ဖိုးရှိတဲ့စကားတစ်ခွန်းကြားခဲ့ရတယ် ..
.
“ ပါပါ သားကို ယုံတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားရဲ့မျက်လုံးထဲမှာ ကိုယ့်ဟာကိုယ်အင်မတန်ယုံကြည်နေတဲ့အလင်းရောင်တွေကို မြင်နေရလို့ပဲ ”
.
.
နွေရာသီအလည်ကိုရောက်လာတဲ့အခါ ကျွန်တော်ပေးခဲ့တဲ့ကတိအတိုင်း ( ၆ ) လ နောက်ပိုင်းမှာ ကျွန်တော့ဝင်ငွေဟာ တစ်လကို ဒေါ်လာ ( ၃ဝဝဝဝဝ ) ရှိလာခဲ့တယ်။
.
( ၂ ) နှစ်လောက်ကြာတဲ့အခါ တိတိကျကျပြောရရင် ကျွန်တော့ရဲ့ အသက် ( ၁၈ ) နှစ်ပြည့်မွေးနေ့ကျော်တာနဲ့ ကျွန်တော့ဘဝမှာ အထင်ကရဖြစ်စေတဲ့ ကိစ္စကြီးတစ်ခုကိုလုပ်နိုင်ခဲ့တယ်။
.
အဲဒါကတော့ ( ၁၆ ) နှစ်သားကျောင်းသားကျွန်တော် ထောင်ထားတဲ့ကုမ္ပဏီကို ဒေါ်လာ သန်း ( ၄ဝ ) နဲ့ ရောင်းပြနိုင်ခဲ့တယ်လေ..။
.
.
သူ့နာမယ်က “ ကဘားရှဟား - Gurbaksh Chahal ” လို့ခေါ်ပါတယ်။ အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာမွေးပြီး မွေးချင်း ( ၄ ) ယောက်မှာ အငယ်ဆုံးပါ။ သမီး ( ၂ ) ယောက် ထိပ်ကပိတ်မွေးခဲ့လို့ အမျိုးတွေကြားမှာမျက်နှာမလှခဲ့တဲ့ သူ့မိဘတွေဟာ သူ့အစ်ကို တပ်ခ်ျ - Taj ကိုမွေးမှ လူရာဝင်ခဲ့တယ်။
.
ဒါကြောင့်အငယ်ဆုံးသား “ ကဘား ” ကိုမွေးတော့ နောက်ဆုံးပိတ်အိပ်နဲ့လွယ် ဆိုသလို ပန်ဂျာဘီဘာသာစကားနဲ့ ဘုရားပေးတဲ့ဆုလို့ အဓိပ္ပာယ်ရတဲ့ Gurbaksh လို့ အမည်ပေးခဲ့တယ်။ သူ့ကို အိမ်မှာ “ G ” လို့ခေါ်ရာကနေ နောက်ပိုင်း သူဋ္ဌေးဖြစ်လာတော့လည်း သူက ဒီနာမယ်ဆက်ယူခဲ့တယ်။
.
.
G ကိုမွေးပြီး ( ၂ ) နှစ်ကြာတော့ အမေရိကားမှာ သူနာပြုအလွန်အမင်းလိုအပ်နေချိန်ဖြစ်နေတယ်။ အဲဒီအချိန်မှာ G ရဲ့အဖေက အမေရိကန်သွားဖို့လုပ်ပေးတဲ့ ကံစမ်းမဲအစီအစဉ်တစ်ခုကနေ ဗီဆာလျှောက်လိုက်တာ ကံကောင်းထောက်မစွာ ရသွားတယ်။ ဒါနဲ့ သူတို့မိသားစု အမေရိကန်ရောက်ခဲ့တယ်။ အစပိုင်း လူကြီးနှစ်ယောက်အရင်သွားပြီး ဆန်ဖရန်စစ္စကိုနားမှာ နေထိုင်တယ်။
.
နောက်တော့ သူငယ်ချင်းအိမ်ကပြောင်းလို့ ဆီလီကွန်တောင်ကြားရဲ့မြို့တော် ဆန်ဟိုဆေး - San Jose မြို့မှာ အခြေချတယ်။ ပြီးတော့ သူနာပြုအလုပ်ဝင်နေတဲ့ G ရဲ့ အမေက အိန္ဒိယပြည်ကိုပြန်ပြီး ကလေးတွေကိုပြန်သွားခေါ်တယ် .. ကျောင်းထားတယ်။ အထက်တန်းမပြီးခင် G က အိပ်ခန်းထဲကနေကြိတ်ကြံပြီး ဒေါ်လာ သိန်းချီရှာနိုင်တယ်။ ဇာတ်လမ်းအတိုချုံးက ဒီလောက်ပါပဲ..။
.
.
လူ့ဘဝမှာ ဝန်ထမ်းဘဝ နဲ့ သူများအလုပ်လုပ်တာကလွဲရင် တက်လမ်းဆိုတာရှိတယ်။ အကျလမ်းဆိုတာ ရှိပြန်တယ်။ ဒါကြောင့် အသက်ငယ်ငယ် ( ၁၆ ) နှစ်အရွယ် နဲ့ လမ်ဘိုဂီးနီပြိုင်ကားဝယ်စီးခဲ့ပြီး သူ့အဖေအိမ်ကျွေးဆပ်ပေးခဲ့တဲ့ G ဟာလည်း ဘယ်ပြေးလွတ်ပါ့မလဲ..။
.
နောက်ပိုင်း တစ်ရှိန်ထိုးအောင်မြင်လာတဲ့ G ဟာ ( ၃ ) နှစ်အတွင်း BlueLithium အမည်ရတဲ့အင်တာနက်ကုမ္ပဏီထောင်ပြီး ကနဦးအင်တာနက်ကုမ္ပဏီကြီး - Yahoo ကို ဒေါ်လာ သန်း ( ၃ဝဝ ) နဲ့ ( ၂ဝဝ၇ ) ခုနှစ်မှာ ရောင်းချနိုင်ခဲ့တယ်။
.
နောက်ပိုင်းအောင်မြင်တဲ့သက်တမ်းတစ်လျှောက် GWallet, RadiumOne, MingleNow နဲ့ Gravity4 စတဲ့ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခုထောင်ပြီး အောင်လံတလူလူလွှင့်နိုင်ယုံမက လူအများကိုကူညီဖို့ “ ရှဟားဖောင်ဒေးရှင်း - Chahal Foundation ” ကိုထောင်ထားပြီး ငွေကိုရေလိုသုံးနိုင်သော်လည်းပဲ လူ့စည်းကမ်းဘောင်နည်းနည်းကျော်တာနဲ့ ( -G ) ဇာတ်လမ်းစတော့တာပါပဲ..။
.
.
အခုဆိုရင် G ဟာ ချစ်သူမိန်းကလေးကို တစ်နာရီအတွင်း ( ၁၁၇ ) ချက် ကန်ကျောက်မှုနဲ့တရားစွဲဆိုခံရတာကနေ ပြီးခဲ့တဲ့အပတ်က ပြစ်ဒဏ် ( ၁ ) နှစ် ထောင်အကျဉ်းကျခံဖို့ တရားရုံက အမိန့်ချပါတယ်။
.
G ရဲ့ နိုင်ငံကူးလက်မှတ်ကိုဆိုင်းငံ့ထားလိုက်ပြီး နောက်ဆုံးထောင်တဲ့ Gravity4 ကုမ္ပဏီရဲ့ CEO ရာထူးကိုလည်း သူ့အစ်မကိုလွှဲပေးရတော့မှာပါ။
.
.
တစ်ခြားကိစ္စတွေထဲမှာ အရင်က ဝန်ထမ်းတစ်ယောက်ကို လစာမပေးပဲ မှားယွင်းစွာအလုပ်ထုတ်မိလို့ တရားပြန်အဆွဲခံရတဲ့အမှုကို ရင်ဆိုင်ဖို့ စောင့်နေရတဲ့အဖြစ်မျိုးကလည်း G မှာ ရှိပါသေးတယ်။
.
သူ့အစ်ကိုထောင်ခဲ့တဲ့ Planet Bollywood စားသောက်ဆိုင်ကြီးဟာလည်း G ကြောင့် မီးလောင်ပြာကျသွားခဲ့ရတယ်။
.
အခုဆို ဆန်ဖရန်စစ္စကိုရှေ့နေများရုံးက G ရဲ့ လက်ရမ်းကြမ်းတမ်းမှု နဲ့ ကိုယ်ထိလက်ရောက်မှုတွေကြောင့် အမှုပေါင်း ( ၄၅ ) ခု ဖွင့်ထားတယ်လို့ ဆိုပါတယ်။
.
.
ဒီလောက်အောင်မြင်ပြီး ( ၂ဝ၁၃ ) ခုနှစ်မှာ “ တစ်နှစ်တာအတွက်အတော်ဆုံးစွန့်ဦးလုပ်ငန်းရှင်ဆု - Entrepreneur of the Year ဆု ” ရခဲ့တဲ့ အမေရိကန်ပြောင်းရွှေ့အာရှလူငယ်တစ်ဦးဟာ ဘာကြောင့် ထောင်နန်းစံဖို့ဖြစ်လာရပါသလဲ?
.
ရှင်းပါတယ်..။ ဆင်းရဲမှုဒဏ်ရဲ့ချိုမြိန်မှု နဲ့ အောင်မြင်မှုသုခရဲ့ခါးသီးမှုကို မျှခြေမဆွဲနိုင်တာကြောင့်လို့ မြင်မိပါတယ်။
.
အခုဆိုရင် ဆီလီကွန်တောင်ကြားမှာ ဒီကိစ္စဟာ ဟောလီဝုဒ်စတားတွေထက် ပြောသမားများနေပါပြီ။
.
ချစ်မိတ်ဆွေများအနေနဲ့ ငွေကြောင့်လူ့ဘဝဘယ်လိုအောင်မြင်တယ် .. ဒီငွေကြောင့်ပဲ သူတို့ရဲ့ဘဝဘယ်လိုထိခိုက်သွားနိုင်တယ်ဆိုတာ G အကြောင်းကိုဖတ်ရင်း လူ့စည်းကမ်းကိုကြာကြာထိန်းတတ်ဖို့ မိမိကိုယ်တိုင်သင်ကြားရမှာဖြစ်ကြောင်း သင်ခန်းစာယူနိုင်ကြောင်းပါဗျား..။
ကိုညီညီ တောင်ကြီး

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။