ယနေ့ခေတ်ကလေးများ ကျောင်းပညာရေးကြောင့် ဉာဏ်ရည်နိမ့်လာရခြင်း အကြောင်း
--------------------
ဒီကနေ့ ကျွန်တော် ခင်ဗျားတို့ကို လှို့ဝှက်ချက်တစ်ခုလောက် မျှဝေချင်မိတယ်။ ပြီးတော့ ဒီကိစ္စဟာ လူအများစု သဘော တွေ့စေမယ့် အကြောင်းအရာလည်း မဟုတ်ဘူး။ သို့ပေမယ့် တချိန်ထဲမှာလည်း ဒီကိစ္စဟာ အရမ်း အရေးကြီးတဲ့အတွက် ကျွန်တော် ပြောမှကို ဖြစ်မယ့်ကိစ္စ ဖြစ်တယ်။
လှို့ဝှက်ချက်ကတော့ "ကလေးတွေ ကျောင်းကို တစ်ရက်သွားတိုင်း သွားတိုင်း သူတို့ရဲ့ ဉာဏ်ရည်ဟာ နိမ့်ကျလာတယ် ဆိုတာပါပဲ။"
ကဲ.. အဲဒါ ဘယ်လို ဖြစ်နိုင်မလဲ။ ကလေးဆိုတာ ကျောင်းကိုသွားရင် တစ်စုံတစ်ခု သင်လာကြ တာမျိုးလို့ တသက်လုံး သိလာကြတာ မဟုတ်လား။ ပိုတောင် ဗဟုသုတတွေ ကြွယ်ဝ လာကြရမှာ လို့ ခင်ဗျားတို့ တွေးကောင်းတွေးနေကြလိမ့်မယ် ။
ဒီတော့ ဖြစ်ချင်းဖြစ် ပိုတော်လာတာသာ ဖြစ်သင့်တာ။ အဲဒါကို ဘယ့်နှယ် ဉာဏ်ပိုတိမ်လာရတယ်လို့။ ကျွန်တော် ဘာတွေလျှောက်ပြောနေပါလိမ့်လို့ ခင်ဗျားတို့ တွေးမိကောင်း တွေးမိလိမ့်မယ်။
ဟုတ်ပြီ။ ဒီကနေ့ ကျွန်တော် အဲဒီကိစ္စကို ဖြည်းဖြည်းချင်းစီ ရှင်းသွားပါရစေ။
ကျွန်တော့် အသက် ၁၄ နှစ်မပြည့်ခင်တုန်းက ကျွန်တော်ဟာ ဘဝမှာ ကိုယ်ဘာဖြစ်ချင်မှန်း သေချာ မသိတဲ့ ချာတိတ် တစ်ယောက်ပါ။ ကိုယ် ဘာဖြစ်ချင်မှန်း သေချာမသိသေးတဲ့လူဆိုတာ ဘာလဲဆိုရင် ဥပမာ အသက် ၅ နှစ်အရွယ် ၆ နှစ်အရွယ် ကလေးတစ်ယောက်ကို သွားမေးကြည့်။ "သားသား ကြီး လာရင် ဘာဖြစ်ချင်သလဲ။" လို့။ ကလေးက ပြောလိမ့်မယ်။ "သားသားက ကြီးလာရင် ဆရာဝန်ကြီး လုပ်မှာ။ အင်ဂျင်နီယာကြီး လုပ်မှာ။ စီးပွားရေးသမားကြီး လုပ်မှာ။" စသဖြင့် သူတို့ ကြားဖူးနားဝ ကောင်းနိုးရာရာလေးတွေ ရွေးပြောသလိုမျိုးပေါ့။
ကျွန်တော်ဟာလည်း ထို့အတူပါပဲ။ ကိုယ်ဘာဖြစ်ချင်မှန်း သေချာမသိသေးတော့ ကျွန်တော့်ဘဝရဲ့ အနာဂတ် ရွေးချယ်မှုကို မိဘစီမံတဲ့အတိုင်း ရာနှုန်းပြည့် နာခံလိုက်တာပဲ။ ကျွန်တော့်အတွက် အကောင်းဆုံး ဘဝကို သူတို့အနေနဲ့ စဉ်းစားပေးနိုင် လိမ့်မယ် ဆိုတာ ယုံတယ်လေ။
ကျွန်တော့်မိဘတွေဟာလဲ တခြား သာမန် မိဘတွေလိုပါပဲ။ ကျွန်တော့်ကို ကျောင်းမှန်မှန်တက် စေချင်တယ်။ အမှတ်ကောင်းကောင်း ရစေချင်တယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်စေချင်တယ်။ ဒီလို သမားရိုးကျ စံပြတစ်ယောက်အနေနဲ့ ဖြစ်လာစေချင်ကြတာပါပဲ။
ဒီတော့ ကျွန်တော်လည်း သူတို့ နေခိုင်းတဲ့အတိုင်း ကြိုးစားတော့နေတာပဲ။ သို့သော် ပြဿနာ တစ်ခုက ကျွန်တော်ဟာ စာတော်တဲ့ ကျောင်းသားထဲမှာ မပါဘူး။ သိပ္ပံဆိုရင် ဘာမှန်းတောင်မသိပဲ အောင်လာတာ။ စာစီစာကုံးတွေဆိုရင် အတော်ကြိုးစားပြီး ရေးရတာ။ ပြီးတော့ အာရှတိုက်သား တစ်ယောက် ဖြစ်တဲ့ ကျွန်တော်ဟာ အာရှသားမပီသစွာ သင်္ချာပါ ညံ့တဲ့ ကျောင်းသား တစ်ယောက် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော့် အသက် ၁၄ နှစ် အရွယ် ရောက်လာတဲ့အခါမှာတော့ လေထဲမှာ လွင့်ချင်ရာ လွင့်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ကိုယ် ဘာဖြစ်ချင်မှန်းမသိတဲ့ မီးပုံးပျံလို မဟုတ်တော့ ပါဘူး။ တစ်နာရီကို မိုင်ငါးသောင်း နှုန်းနဲ့သွားနေတဲ့ ဂျက်လေယာဉ်ရဲ့ အရှိန်လို ဦးတည်ချက်တစ်ခုကို တစိုက်မတ်မတ် မြန်သော အရှိန်နဲ့ သွားနိုင် နေပြီ ဖြစ်ပါတယ်။
ဒီ အပြောင်းအလဲကြီး တစ်ခုလုံးရဲ့ အစဟာ စာလေးတစ်စောင်ကို ကျွန်တော် လက်ခံရရှိတဲ့နေ့က စပါတယ်။ ဘော်စတွန်မှာ ကျင်းပမယ့် အကောင်းဆုံး စီးပွားရေးစီမံကိန်း ရေးဆွဲတဲ့ ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်တဲ့ ဖိတ်ကြားလွှာ ဖြစ်ပါတယ်။
ဒီဟာကို ကျွန်တော် အရမ်းစိတ်ဝင်စား သွားခဲ့တယ်။ ဘော်စတွန်ကို ရောက်သွားတော့ ပြိုင်ပွဲ အမှုဆောင် ဒါရိုက်တာက ရှင်းပြခဲ့တယ်။ ပြိုင်ပွဲဝင်ချိန် ငါးလအတွင်း ကျွန်တော်တို့ဟာ အုပ်စုဖွဲ့ အလုပ်လုပ် ရမှာ ဖြစ်တယ်။ ကိုယ်တင်သွင်းချင်တဲ့ စီးပွားရေးစီမံကိန်း တစ်ခုရေးဆွဲပြီး ဒိုင်တွေရှေ့မှာ အကောင်းဆုံးတင်ဆက် ပြသရှင်းလင်းပေးသွား ရမှာ ဖြစ်တယ်။ ဒိုင်တွေက ကျွန်တော်တို့ ဝတ်ပုံစားပုံ၊ လေယူလေသိမ်း၊ တင်ဆက်မှုနဲ့ စီမံကိန်း အချက်အလက်တွေ အပေါ် မူတည်ပြီးတော့ အမှတ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီတော့ တိုတိုနဲ့ လိုရင်းကို ပြောရရင် အဲ့ဒီကနေ နောက် ငါးလအတွင်း ကျွန်တော်ဟာ အဖွဲ့တစ်ခုကို ဖွဲ့ခဲ့ပါတယ်။ အကြံအစည် တစ်ခုကို စီမံကိန်းအနေနဲ့ ရေးဆွဲတင်ပြခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပြီး ဆုကြေးငွေတွေနဲ့ ပျော်ရွှင်စွာ အိမ်ပြန်ခဲ့ကြပါတယ်။
အဲဒီ အောင်မြင်မှုကလေးက ကျွန်တော့်ကို ပွဲတွေ ဆက်လာအောင် လှုံ့ဆော်ပေးခဲ့တယ်။ နောက်ထပ် ၂ နှစ်ဆက်တိုက် အဲဒီလို စီးပွားရေးစီမံကိန်း ပြိုင်ပွဲတွေကို ကျွန်တော် သွားရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။ သွားပြိုင်ခဲ့သမျှလဲ ကျွန်တော်ပဲ များသောအားဖြင့် နိုင်ခဲ့တာချည်းပဲ။ ပြိုင်သမျှပွဲ အကုန်လုံး နီးပါး လို့တောင် ပြောလို့ရတယ်။ ဒီမှာ ကျွန်တော် တစ်ခု သုံးသပ်မိလာခဲ့တယ်။ တကယ်တမ်း ကျွန်တော့်ကို လှုံ့ဆော် နေတာ ဒီပွဲတွေကို နိုင်ချင်နေတဲ့စိတ်ထက်ကို တခြား စိတ်ဝင်စားမှု တစ်ခုခု ဖြစ်လိမ့်မယ်။ ဒီ စိတ်ဝင်စားတဲ့ အရာဟာ ပွဲတွေကို ဆက်တိုက် အနိုင်ရစေခဲ့သလိုပဲ ဆက်လုပ်နေဖို့ကို ကျွန်တော့်ကို တွန်းအား ပေးနေခဲ့တယ်။
အဲဒီ ကျွန်တော် စိတ်ဝင်စားတဲ့အရာဟာ ဘာလဲဆိုရင် ဆန်းသစ်တီထွင် ခြင်း ပဲ ဖြစ်တယ်။ ဘာ့ကြောင့် လဲ ဆိုရင် စီးပွားရေးစီမံကိန်း ပြိုင်ပွဲတွေမှာ ကျွန်တော်တို့လိုပဲ တခြားအဖွဲ့တွေ ဟာလည်း အားစိုက် ထုတ်မှုရှိတယ်။ သေသပ်မှုရှိတယ်။ သို့သော် ကျွန်တော်တို့ အဖွဲ့ကို ဒိုင်တွေသတိပြုမိလာ စေတာ ကတော့ တီထွင်ဆန်းသစ်မှုနဲ့ တင်ဆက်သွားတဲ့ပုံစံပဲ ဖြစ်တယ်။ သူများတွေက ကွန်ပျူတာ ကြီးဖွင့် စာရွက်တွေကိုင်ပြီး စာရွက်ဖတ်လို့ ရှင်းပြနေချိန်မှာ ကျွန်တော်တို့က လျှပ်စစ်နဲ့ ကုန်မာ ဆိုင် တွေ ကနေ ကုန်ကြမ်းပစ္စည်း တွေ လိုက်ပတ်ဝယ်ပြီး ကိုယ်လုပ်မယ့် စီးပွားရေး စီမံကိန်းရဲ့ ပစ္စည်းတွေ ကို လက်တွေ့ပြုလုပ်ပြီး ကိုင်တွယ် ရှင်းလင်း ပြသသွားတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော် တို့အဖွဲ့ ရှင်းလင်းပြသ ပြီဆိုရင် ဒိုင်တွေအနေနဲ့ တစ်ယောက်မှကို စိတ်မဝင်စားပဲ မနေနိုင်အောင်ပဲ။ အားလုံး တအံ့တသြနဲ့ ကြည့်ရင်း စိတ်ဝင်တစား နားထောင်ကြတယ်။
ပြိုင်ပွဲတစ်ခုတုန်းက ပိုလန်က ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ သူ့နာမည်က ဖရန့်ခ် တဲ့။ သူက ကျွန်တော်တို့ လက်တွေ့ပြုလုပ်ထားတဲ့ နမူနာ ပစ္စည်းကို လာကြည့်ပြီးတော့ ပြောခဲ့တယ်။ "ငါ မင်းတို့ကို ကုမ္ပဏီ အစစ် တစ်ခု ဖြစ်လာအောင် လုပ်ပေးမယ်။" တဲ့။
စဉ်းစားကြည့်စမ်း။ ဘယ်လောက်မိုက်သလဲ။ ကျွန်တော်တို့ဟာ အခုမှ အသက် ၁၆ နှစ်ကျော်ပဲ ရှိသေးတယ်။ အပြင်လောကထဲကို ထွက်ပြီး တကယ့် လူကြီး အလုပ်တွေ လုပ်နေရတော့မယ် ဆိုတဲ့ အတွေးက အရမ်းမိုက်တယ်။ ပထမတော့ ကျွန်တော်တို့ အားလုံးဟာ စိတ်လှုပ်ရှားမိတာပေါ့။ "စတိဗ်ဂျော့ပ် လို ဖြစ်အောင် လုပ်မယ်။ Apple ကုမ္ပဏီလို ထောင်ပစ်မယ်။ ကျောင်းထွက်ပစ် လိုက်မယ်။" စသဖြင့် အတွေးတွေ အများကြီးပဲ။ ဒါပေမယ့် တကယ်တမ်း သေချာ သုံးသပ်ကြည့်ရင် မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တကယ်တမ်း ခင်ဗျားတို့ဆီမှာ ကျိန်းသေ အကြံကောင်းမရှိသေးရင် ကျောင်းတွေ ဘာတွေ လျှောက်မထွက်မိစေနဲ့နော်။
ဆိုတော့... ဖရန့်ခ်ရဲ့ အပေးအယူကိစ္စဟာ မဇြစ်နိုင်လို့ ငြင်းလိုက်ပေမယ့် သူ့အကြံလေးက စိတ်ဝင်စား ဖို့ကောင်းတယ်။ ဒါနဲ့ပဲ ဒီအကြံအစည်အတိုင်း ကျွန်တော်တို့ရဲ့ စီးပွားရေးစီမံကိန်းကို ပြိုင်ပွဲတစ်ခုထက် ပိုပြီးတော့ လုပ်ဖို့ကို ကျွန်တော်တို့ အဖွဲ့ စဉ်းစားမိတယ်။ ပထမဆုံးအနေနဲ့ စီမံကိန်းကို အပြင်က လူတွေကို လိုက်ပြဖို့ပဲ ဖြစ်တယ်။ ကျွန်တော် တို့ဟာ သာမန် အသက်မပြည့် သေးတဲ့ ကျောင်းသားတွေ ဖြစ်တဲ့အတွက် ဘီယာဘားတွေ စားသောက်ဆိုင် တွေမှာ လူကြီးတွေလို စီးပွားဖြစ် သွားရောက်ပြီး ပြောဆို စားသောက်နေလို့ မရဘူးလေ။
ဒီတော့ ကျွန်တော်တို့ ကျောင်းက ကျောင်းသားအချင်းချင်း ကြားမှာ ပြန်ချပြဖို့ စဉ်းစားမိတယ်။ ပထမဆုံး တစ်ကျောင်းလုံးကို ကျွန်တော်တို့ ပစ္စည်း မိတ်ဆက်ပွဲအကြောင်းကို စာပို့လိုက်တယ်။ တစ်ယောက်မှ အကြောင်းမပြန်ကြဘူးဗျာ။ သတိပြုမိတဲ့လူ တစ်ယောက်စ နှစ်ယောက်စကြောင့်သာ တဖြည်းဖြည်းနဲ့ ကျန်လူတွေပါ သိသွားကြတယ်။ သိသွားပေမယ့် ကျွန်တော်တို့ အလှောင်ခံ ရတယ် လေ။ မာ့ခ် ဇူကာဘတ် ရူးရူး နေကြတဲ့ ကျောင်းသားလေးတွေလို့ အားလုံးက ဝိုင်းလှောင်ကြ တာပေါ့ ဗျာ။
ဒါပေမယ့် ထူးဆန်းတာတစ်ခုက နောက်တစ်ပတ်မှာ ဖြစ်လာတယ်။ အဲဒါဘာလဲဆိုတော့ ဒီပွဲနဲ့ အလား သဏ္ဍာန်တူတဲ့ ဟောပြော မိတ်ဆက်ပွဲတစ်ခုကို ကျွန်တော်တို့ရဲ့ မူလတန်းကျောင်းအဟောင်းမှာ သွားပြန်လုပ်ခဲ့တယ်။ အဲ့ဒီမှာ ပရိသတ်ကတော့ ကျွန်တော်တို့ထက် ငါးနှစ် ခြောက်နှစ်လောက် ငယ်တဲ့ အရွယ်လေးတွေပေါ့ဗျာ။ ဒါပေမယ့် ဟောပြောပွဲ အပြီးမှာ သူတို့ရဲ့ တုံ့ပြန်မှုက ကျွန်တော်တို့အားလုံးကို စိတ်လှုပ်ရှားလို့ တုန်လှုပ်စေခဲ့တယ်။
သူတို့ အားလုံးဟာ ကျွန်တော်တို့ ပွဲကို အရမ်းစိတ်ဝင်စားပြီးတော့ ကျွန်တော်တို့ ပြသသွားတဲ့ နမူနာ ပစ္စည်းတွေကို အတင်းလိုက် ဝယ်ကြတာပဲ။ ဒီနမူနာအတိုင်းသူတို့ မူပိုင်တင်မယ်။ မူပိုင်တင်ပြီးတာနဲ့ ကျွန်တော်တို့နဲ့ စာချုပ်ချုပ်လို့ အကြီးအကျယ် ထုတ်လုပ် ဖြန့်ချီမယ် ပေါ့ဗျာ။ ဒီလို သူတို့ရဲ့ တုံ့ပြန်မှုက ကျွန်တော်တို့ကို အားတက်စေ ခဲ့တယ်။
ဆိုတော့ အဲဒါပဲ။ ကျွန်တော်တို့ ပညာရေး စနစ်ကြောင့် ထွက်ပေါ်လာတဲ့ရလဒ်က အဲဒါပါပဲ။ ၅ နှစ် ၆ နှစ် အသက်အပိုင်းအခြား အတွင်းမှာ ဒီလို တက်ကြွ စူးစမ်း လေ့လာတတ်ပြီး မကြောက်မရွံ့ တွေးခေါ်သုံးသပ်ဆုံးဖြတ်ရဲတဲ့  ကလေးတွေဟာ ကျွန်တော်တို့ အသက်အရွယ်ရောက်လာတော့ အများစုက ဘောင်အပြင်ကို ထွက် မတွေး ရဲကြတော့ဘူး။
ဒီတော့ ကျွန်တော် ပြောချင်တဲ့ အတန်းပညာ မြင့်လာလေလေ ဉာဏ်နည်းလာလေလေဆိုတာကို ပြောရမယ်ဆိုရင် ဉာဏ် ဆိုတာ အမျိုးအစား တစ်မျိုးထက် ပိုရှိနေမယ်လို့ ကျွန်တော် မြင်မိတယ်။
အတန်းပညာရေးက ပေးလိုက်မယ့် ဉာဏ် ဆိုတာ ပညာရပ် ဆိုင်ရာတွေရင့်သန်လာတာကိုတော့
မငြင်း နိုင်ပါဘူး။ ရူပဗေဒ၊ သင်္ချာ၊ သိပ္ပံ စသဖြင့် ပညာရပ်တွေပေါ့။ သို့သော်
အဲ့ဒီတစ်လိုင်း ရင့်သန် လာတာနဲ့ အမျှ တီထွင် ဖန်တီး ဆန်းသစ်နိုင်စွမ်း
ဉာဏ်တွေဟာ ဖြည်းဖြည်းစီ အားနည်း လာပါ တော့တယ်။
အတန်းပညာရေးက သင်ပေးမှာတွေက ဒီလမ်းအတိုင်းစဉ်းစားဖို့၊ ဒီပုံအတိုင်း သွားဖို့၊ ဒီလမ်းမှာ ဆုံးဖို့ ဆိုတဲ့ သမားရိုးကျ ကျောင်းတက်၊ ကျောင်းပြီး၊ ဘွဲ့ရ၊ အလုပ်ဝင်။ ဒါပဲ လုံးလည်လိုက်နေတဲ့ ဉာဏ်။ ဒီလိုမလုပ်ရင် မအောင်မြင်ဘူးလို့ ရိုက်ထည့် ချိတ်ပိတ်လိုက်တဲ့ ဉာဏ်။
ဆိုတော့ အကယ်၍သာ ဒီလိုမလုပ်ရင် မအောင်မြင်ဘူးဆိုတဲ့ အဆိုပြုချက် မှန်ခဲ့ရင် ကျွန်တော် ဒီကနေ့ ဒီနေရာမှာ ဘယ်လို ရပ်နေနိုင်ပါသလဲ။ ကျွန်တော် ဘယ်လိုများ အတန်းထဲမှာ အဆင့် နောက်ဆုံးနဲ့ အသက် ၁၆ မှာ ကုမ္ပဏီ ထောင်နိုင်ခဲ့ပါသလဲ။ ပြီးတော့ ကျွန်တော့်လို ကောင် ထောင်ထားတဲ့ ကုမ္ပဏီဟာ တခြား ဟားဗာဒ့်တို့ စတန်းဖို့ဒ်တို့က ကျောင်းပြီးတဲ့ လူတွေ ထောင်ထားတဲ့ ကုမ္ပဏီတွေ ထက် ဘာ့ကြောင့် အောင်မြင်နေပြီ ဖြစ်ကြောင်း Wall Street Journal မှာ ဖော်ပြခြင်း ခံရပါသလဲ။
ဒါ့ကြောင့် နိဂုံးအနေနဲ့ ပြောရမယ်ဆိုရင် သမားရိုးကျ ပညာရပ်နောက်ကို လိုက်တဲ့ ဉာဏ်အပြင် နောက်ထပ် ဉာဏ်တစ်မျိုးလည်း ရှိနေပါလိမ့်ဦးမယ်။ ဒီတော့ ဒီကနေ့ ပွဲတက်ရောက်လာတဲ့ ဆရာတွေ ကျောင်းသားမိဘတွေ ကို ကျွန်တော် ပြောကြားလိုတာက ဒီကနေ့ခေတ် ကျောင်းသားကျောင်းသူ အများစုဟာ သမားရိုးကျ ပုံစံခွက် ဉာဏ်ပိုင်ရှင်တွေ အနေနဲ့ ပုံပေါ်လာနေကြပါပြီ။ ဖြစ်နိုင်ချေရှိတဲ့ လမ်းတွေ လျှောက်ဖို့၊ တီထွင်ဆန်းသစ်မှုကို အားပေးဖို့ အတွက် အများအပြားလိုအပ်နေကြပါပြီ။
ကျွန်တော်တို့ လူသားတွေဟာ ဖန်တီးနိုင်တယ်။ တီထွင်နိုင်တယ်။ ဆန်းသစ်နိုင်တယ်။ ကွန့်မြုးနိုင် တယ်။ ဟိုးအစဉ်အဆက်ကထဲက လူသားဘိုးဘေးတွေ အနေနဲ့ မွေးကထဲက ပါလာတဲ့ အသိကို သေသွားတဲ့ အထိ မချဲ့ထွင်နိုင်ခဲ့ဘူးဆိုရင် ကမ္ဘာကြီး ဒီကနေ့အထိ တိုးတက်လာစရာ အကြောင်းကို မရှိပါဘူး။
Eddy Zhong ရဲ့ TED Talk မှာ ဟောပြောသွားတဲ့ အကြောင်းကို ဘာသာပြန်သည်။
#kyawnge
--------------------
ဒီကနေ့ ကျွန်တော် ခင်ဗျားတို့ကို လှို့ဝှက်ချက်တစ်ခုလောက် မျှဝေချင်မိတယ်။ ပြီးတော့ ဒီကိစ္စဟာ လူအများစု သဘော တွေ့စေမယ့် အကြောင်းအရာလည်း မဟုတ်ဘူး။ သို့ပေမယ့် တချိန်ထဲမှာလည်း ဒီကိစ္စဟာ အရမ်း အရေးကြီးတဲ့အတွက် ကျွန်တော် ပြောမှကို ဖြစ်မယ့်ကိစ္စ ဖြစ်တယ်။
လှို့ဝှက်ချက်ကတော့ "ကလေးတွေ ကျောင်းကို တစ်ရက်သွားတိုင်း သွားတိုင်း သူတို့ရဲ့ ဉာဏ်ရည်ဟာ နိမ့်ကျလာတယ် ဆိုတာပါပဲ။"
ကဲ.. အဲဒါ ဘယ်လို ဖြစ်နိုင်မလဲ။ ကလေးဆိုတာ ကျောင်းကိုသွားရင် တစ်စုံတစ်ခု သင်လာကြ တာမျိုးလို့ တသက်လုံး သိလာကြတာ မဟုတ်လား။ ပိုတောင် ဗဟုသုတတွေ ကြွယ်ဝ လာကြရမှာ လို့ ခင်ဗျားတို့ တွေးကောင်းတွေးနေကြလိမ့်မယ်
ဒီတော့ ဖြစ်ချင်းဖြစ် ပိုတော်လာတာသာ ဖြစ်သင့်တာ။ အဲဒါကို ဘယ့်နှယ် ဉာဏ်ပိုတိမ်လာရတယ်လို့။ ကျွန်တော် ဘာတွေလျှောက်ပြောနေပါလိမ့်လ
ဟုတ်ပြီ။ ဒီကနေ့ ကျွန်တော် အဲဒီကိစ္စကို ဖြည်းဖြည်းချင်းစီ ရှင်းသွားပါရစေ။
ကျွန်တော့် အသက် ၁၄ နှစ်မပြည့်ခင်တုန်းက ကျွန်တော်ဟာ ဘဝမှာ ကိုယ်ဘာဖြစ်ချင်မှန်း သေချာ မသိတဲ့ ချာတိတ် တစ်ယောက်ပါ။ ကိုယ် ဘာဖြစ်ချင်မှန်း သေချာမသိသေးတဲ့လူဆိုတာ ဘာလဲဆိုရင် ဥပမာ အသက် ၅ နှစ်အရွယ် ၆ နှစ်အရွယ် ကလေးတစ်ယောက်ကို သွားမေးကြည့်။ "သားသား ကြီး လာရင် ဘာဖြစ်ချင်သလဲ။" လို့။ ကလေးက ပြောလိမ့်မယ်။ "သားသားက ကြီးလာရင် ဆရာဝန်ကြီး လုပ်မှာ။ အင်ဂျင်နီယာကြီး လုပ်မှာ။ စီးပွားရေးသမားကြီး လုပ်မှာ။" စသဖြင့် သူတို့ ကြားဖူးနားဝ ကောင်းနိုးရာရာလေးတွေ ရွေးပြောသလိုမျိုးပေါ့။
ကျွန်တော်ဟာလည်း ထို့အတူပါပဲ။ ကိုယ်ဘာဖြစ်ချင်မှန်း သေချာမသိသေးတော့ ကျွန်တော့်ဘဝရဲ့ အနာဂတ် ရွေးချယ်မှုကို မိဘစီမံတဲ့အတိုင်း ရာနှုန်းပြည့် နာခံလိုက်တာပဲ။ ကျွန်တော့်အတွက် အကောင်းဆုံး ဘဝကို သူတို့အနေနဲ့ စဉ်းစားပေးနိုင် လိမ့်မယ် ဆိုတာ ယုံတယ်လေ။
ကျွန်တော့်မိဘတွေဟာလဲ တခြား သာမန် မိဘတွေလိုပါပဲ။ ကျွန်တော့်ကို ကျောင်းမှန်မှန်တက် စေချင်တယ်။ အမှတ်ကောင်းကောင်း ရစေချင်တယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်စေချင်တယ်။ ဒီလို သမားရိုးကျ စံပြတစ်ယောက်အနေနဲ့ ဖြစ်လာစေချင်ကြတာပါပဲ။
ဒီတော့ ကျွန်တော်လည်း သူတို့ နေခိုင်းတဲ့အတိုင်း ကြိုးစားတော့နေတာပဲ။ သို့သော် ပြဿနာ တစ်ခုက ကျွန်တော်ဟာ စာတော်တဲ့ ကျောင်းသားထဲမှာ မပါဘူး။ သိပ္ပံဆိုရင် ဘာမှန်းတောင်မသိပဲ အောင်လာတာ။ စာစီစာကုံးတွေဆိုရင် အတော်ကြိုးစားပြီး ရေးရတာ။ ပြီးတော့ အာရှတိုက်သား တစ်ယောက် ဖြစ်တဲ့ ကျွန်တော်ဟာ အာရှသားမပီသစွာ သင်္ချာပါ ညံ့တဲ့ ကျောင်းသား တစ်ယောက် ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကျွန်တော့် အသက် ၁၄ နှစ် အရွယ် ရောက်လာတဲ့အခါမှာတော့ လေထဲမှာ လွင့်ချင်ရာ လွင့်ပြီး ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ကိုယ် ဘာဖြစ်ချင်မှန်းမသိတဲ့ မီးပုံးပျံလို မဟုတ်တော့ ပါဘူး။ တစ်နာရီကို မိုင်ငါးသောင်း နှုန်းနဲ့သွားနေတဲ့ ဂျက်လေယာဉ်ရဲ့ အရှိန်လို ဦးတည်ချက်တစ်ခုကို တစိုက်မတ်မတ် မြန်သော အရှိန်နဲ့ သွားနိုင် နေပြီ ဖြစ်ပါတယ်။
ဒီ အပြောင်းအလဲကြီး တစ်ခုလုံးရဲ့ အစဟာ စာလေးတစ်စောင်ကို ကျွန်တော် လက်ခံရရှိတဲ့နေ့က စပါတယ်။ ဘော်စတွန်မှာ ကျင်းပမယ့် အကောင်းဆုံး စီးပွားရေးစီမံကိန်း ရေးဆွဲတဲ့ ပြိုင်ပွဲဝင်ဖို့ ဖိတ်ခေါ်တဲ့ ဖိတ်ကြားလွှာ ဖြစ်ပါတယ်။
ဒီဟာကို ကျွန်တော် အရမ်းစိတ်ဝင်စား သွားခဲ့တယ်။ ဘော်စတွန်ကို ရောက်သွားတော့ ပြိုင်ပွဲ အမှုဆောင် ဒါရိုက်တာက ရှင်းပြခဲ့တယ်။ ပြိုင်ပွဲဝင်ချိန် ငါးလအတွင်း ကျွန်တော်တို့ဟာ အုပ်စုဖွဲ့ အလုပ်လုပ် ရမှာ ဖြစ်တယ်။ ကိုယ်တင်သွင်းချင်တဲ့ စီးပွားရေးစီမံကိန်း တစ်ခုရေးဆွဲပြီး ဒိုင်တွေရှေ့မှာ အကောင်းဆုံးတင်ဆက် ပြသရှင်းလင်းပေးသွား ရမှာ ဖြစ်တယ်။ ဒိုင်တွေက ကျွန်တော်တို့ ဝတ်ပုံစားပုံ၊ လေယူလေသိမ်း၊ တင်ဆက်မှုနဲ့ စီမံကိန်း အချက်အလက်တွေ အပေါ် မူတည်ပြီးတော့ အမှတ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီတော့ တိုတိုနဲ့ လိုရင်းကို ပြောရရင် အဲ့ဒီကနေ နောက် ငါးလအတွင်း ကျွန်တော်ဟာ အဖွဲ့တစ်ခုကို ဖွဲ့ခဲ့ပါတယ်။ အကြံအစည် တစ်ခုကို စီမံကိန်းအနေနဲ့ ရေးဆွဲတင်ပြခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ အနိုင်ရရှိခဲ့ပြီး ဆုကြေးငွေတွေနဲ့ ပျော်ရွှင်စွာ အိမ်ပြန်ခဲ့ကြပါတယ်။
အဲဒီ အောင်မြင်မှုကလေးက ကျွန်တော့်ကို ပွဲတွေ ဆက်လာအောင် လှုံ့ဆော်ပေးခဲ့တယ်။ နောက်ထပ် ၂ နှစ်ဆက်တိုက် အဲဒီလို စီးပွားရေးစီမံကိန်း ပြိုင်ပွဲတွေကို ကျွန်တော် သွားရောက် ယှဉ်ပြိုင် ခဲ့ပါတယ်။ သွားပြိုင်ခဲ့သမျှလဲ ကျွန်တော်ပဲ များသောအားဖြင့် နိုင်ခဲ့တာချည်းပဲ။ ပြိုင်သမျှပွဲ အကုန်လုံး နီးပါး လို့တောင် ပြောလို့ရတယ်။ ဒီမှာ ကျွန်တော် တစ်ခု သုံးသပ်မိလာခဲ့တယ်။ တကယ်တမ်း ကျွန်တော့်ကို လှုံ့ဆော် နေတာ ဒီပွဲတွေကို နိုင်ချင်နေတဲ့စိတ်ထက်ကို တခြား စိတ်ဝင်စားမှု တစ်ခုခု ဖြစ်လိမ့်မယ်။ ဒီ စိတ်ဝင်စားတဲ့ အရာဟာ ပွဲတွေကို ဆက်တိုက် အနိုင်ရစေခဲ့သလိုပဲ ဆက်လုပ်နေဖို့ကို ကျွန်တော့်ကို တွန်းအား ပေးနေခဲ့တယ်။
အဲဒီ ကျွန်တော် စိတ်ဝင်စားတဲ့အရာဟာ ဘာလဲဆိုရင် ဆန်းသစ်တီထွင် ခြင်း ပဲ ဖြစ်တယ်။ ဘာ့ကြောင့် လဲ ဆိုရင် စီးပွားရေးစီမံကိန်း ပြိုင်ပွဲတွေမှာ ကျွန်တော်တို့လိုပဲ တခြားအဖွဲ့တွေ ဟာလည်း အားစိုက် ထုတ်မှုရှိတယ်။ သေသပ်မှုရှိတယ်။ သို့သော် ကျွန်တော်တို့ အဖွဲ့ကို ဒိုင်တွေသတိပြုမိလာ စေတာ ကတော့ တီထွင်ဆန်းသစ်မှုနဲ့ တင်ဆက်သွားတဲ့ပုံစံပဲ ဖြစ်တယ်။ သူများတွေက ကွန်ပျူတာ ကြီးဖွင့် စာရွက်တွေကိုင်ပြီး စာရွက်ဖတ်လို့ ရှင်းပြနေချိန်မှာ ကျွန်တော်တို့က လျှပ်စစ်နဲ့ ကုန်မာ ဆိုင် တွေ ကနေ ကုန်ကြမ်းပစ္စည်း တွေ လိုက်ပတ်ဝယ်ပြီး ကိုယ်လုပ်မယ့် စီးပွားရေး စီမံကိန်းရဲ့ ပစ္စည်းတွေ ကို လက်တွေ့ပြုလုပ်ပြီး ကိုင်တွယ် ရှင်းလင်း ပြသသွားတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော် တို့အဖွဲ့ ရှင်းလင်းပြသ ပြီဆိုရင် ဒိုင်တွေအနေနဲ့ တစ်ယောက်မှကို စိတ်မဝင်စားပဲ မနေနိုင်အောင်ပဲ။ အားလုံး တအံ့တသြနဲ့ ကြည့်ရင်း စိတ်ဝင်တစား နားထောင်ကြတယ်။
ပြိုင်ပွဲတစ်ခုတုန်းက ပိုလန်က ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်။ သူ့နာမည်က ဖရန့်ခ် တဲ့။ သူက ကျွန်တော်တို့ လက်တွေ့ပြုလုပ်ထားတဲ့ နမူနာ ပစ္စည်းကို လာကြည့်ပြီးတော့ ပြောခဲ့တယ်။ "ငါ မင်းတို့ကို ကုမ္ပဏီ အစစ် တစ်ခု ဖြစ်လာအောင် လုပ်ပေးမယ်။" တဲ့။
စဉ်းစားကြည့်စမ်း။ ဘယ်လောက်မိုက်သလဲ။ ကျွန်တော်တို့ဟာ အခုမှ အသက် ၁၆ နှစ်ကျော်ပဲ ရှိသေးတယ်။ အပြင်လောကထဲကို ထွက်ပြီး တကယ့် လူကြီး အလုပ်တွေ လုပ်နေရတော့မယ် ဆိုတဲ့ အတွေးက အရမ်းမိုက်တယ်။ ပထမတော့ ကျွန်တော်တို့ အားလုံးဟာ စိတ်လှုပ်ရှားမိတာပေါ့။ "စတိဗ်ဂျော့ပ် လို ဖြစ်အောင် လုပ်မယ်။ Apple ကုမ္ပဏီလို ထောင်ပစ်မယ်။ ကျောင်းထွက်ပစ် လိုက်မယ်။" စသဖြင့် အတွေးတွေ အများကြီးပဲ။ ဒါပေမယ့် တကယ်တမ်း သေချာ သုံးသပ်ကြည့်ရင် မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် တကယ်တမ်း ခင်ဗျားတို့ဆီမှာ ကျိန်းသေ အကြံကောင်းမရှိသေးရင် ကျောင်းတွေ ဘာတွေ လျှောက်မထွက်မိစေနဲ့နော်။
ဆိုတော့... ဖရန့်ခ်ရဲ့ အပေးအယူကိစ္စဟာ မဇြစ်နိုင်လို့ ငြင်းလိုက်ပေမယ့် သူ့အကြံလေးက စိတ်ဝင်စား ဖို့ကောင်းတယ်။ ဒါနဲ့ပဲ ဒီအကြံအစည်အတိုင်း ကျွန်တော်တို့ရဲ့ စီးပွားရေးစီမံကိန်းကို ပြိုင်ပွဲတစ်ခုထက် ပိုပြီးတော့ လုပ်ဖို့ကို ကျွန်တော်တို့ အဖွဲ့ စဉ်းစားမိတယ်။ ပထမဆုံးအနေနဲ့ စီမံကိန်းကို အပြင်က လူတွေကို လိုက်ပြဖို့ပဲ ဖြစ်တယ်။ ကျွန်တော် တို့ဟာ သာမန် အသက်မပြည့် သေးတဲ့ ကျောင်းသားတွေ ဖြစ်တဲ့အတွက် ဘီယာဘားတွေ စားသောက်ဆိုင် တွေမှာ လူကြီးတွေလို စီးပွားဖြစ် သွားရောက်ပြီး ပြောဆို စားသောက်နေလို့ မရဘူးလေ။
ဒီတော့ ကျွန်တော်တို့ ကျောင်းက ကျောင်းသားအချင်းချင်း ကြားမှာ ပြန်ချပြဖို့ စဉ်းစားမိတယ်။ ပထမဆုံး တစ်ကျောင်းလုံးကို ကျွန်တော်တို့ ပစ္စည်း မိတ်ဆက်ပွဲအကြောင်းကို စာပို့လိုက်တယ်။ တစ်ယောက်မှ အကြောင်းမပြန်ကြဘူးဗျာ။ သတိပြုမိတဲ့လူ တစ်ယောက်စ နှစ်ယောက်စကြောင့်သာ တဖြည်းဖြည်းနဲ့ ကျန်လူတွေပါ သိသွားကြတယ်။ သိသွားပေမယ့် ကျွန်တော်တို့ အလှောင်ခံ ရတယ် လေ။ မာ့ခ် ဇူကာဘတ် ရူးရူး နေကြတဲ့ ကျောင်းသားလေးတွေလို့ အားလုံးက ဝိုင်းလှောင်ကြ တာပေါ့ ဗျာ။
ဒါပေမယ့် ထူးဆန်းတာတစ်ခုက နောက်တစ်ပတ်မှာ ဖြစ်လာတယ်။ အဲဒါဘာလဲဆိုတော့ ဒီပွဲနဲ့ အလား သဏ္ဍာန်တူတဲ့ ဟောပြော မိတ်ဆက်ပွဲတစ်ခုကို ကျွန်တော်တို့ရဲ့ မူလတန်းကျောင်းအဟောင်းမှာ သွားပြန်လုပ်ခဲ့တယ်။ အဲ့ဒီမှာ ပရိသတ်ကတော့ ကျွန်တော်တို့ထက် ငါးနှစ် ခြောက်နှစ်လောက် ငယ်တဲ့ အရွယ်လေးတွေပေါ့ဗျာ။ ဒါပေမယ့် ဟောပြောပွဲ အပြီးမှာ သူတို့ရဲ့ တုံ့ပြန်မှုက ကျွန်တော်တို့အားလုံးကို စိတ်လှုပ်ရှားလို့ တုန်လှုပ်စေခဲ့တယ်။
သူတို့ အားလုံးဟာ ကျွန်တော်တို့ ပွဲကို အရမ်းစိတ်ဝင်စားပြီးတော့ ကျွန်တော်တို့ ပြသသွားတဲ့ နမူနာ ပစ္စည်းတွေကို အတင်းလိုက် ဝယ်ကြတာပဲ။ ဒီနမူနာအတိုင်းသူတို့ မူပိုင်တင်မယ်။ မူပိုင်တင်ပြီးတာနဲ့ ကျွန်တော်တို့နဲ့ စာချုပ်ချုပ်လို့ အကြီးအကျယ် ထုတ်လုပ် ဖြန့်ချီမယ် ပေါ့ဗျာ။ ဒီလို သူတို့ရဲ့ တုံ့ပြန်မှုက ကျွန်တော်တို့ကို အားတက်စေ ခဲ့တယ်။
ဆိုတော့ အဲဒါပဲ။ ကျွန်တော်တို့ ပညာရေး စနစ်ကြောင့် ထွက်ပေါ်လာတဲ့ရလဒ်က အဲဒါပါပဲ။ ၅ နှစ် ၆ နှစ် အသက်အပိုင်းအခြား အတွင်းမှာ ဒီလို တက်ကြွ စူးစမ်း လေ့လာတတ်ပြီး မကြောက်မရွံ့ တွေးခေါ်သုံးသပ်ဆုံးဖြတ်ရဲတဲ
ဒီတော့ ကျွန်တော် ပြောချင်တဲ့ အတန်းပညာ မြင့်လာလေလေ ဉာဏ်နည်းလာလေလေဆိုတာကို ပြောရမယ်ဆိုရင် ဉာဏ် ဆိုတာ အမျိုးအစား တစ်မျိုးထက် ပိုရှိနေမယ်လို့ ကျွန်တော် မြင်မိတယ်။
အတန်းပညာရေးက ပေးလိုက်မယ့် ဉာဏ် ဆိုတာ ပညာရပ် ဆိုင်ရာတွေရင့်သန်လာတာကိုတေ
အတန်းပညာရေးက သင်ပေးမှာတွေက ဒီလမ်းအတိုင်းစဉ်းစားဖို့၊ ဒီပုံအတိုင်း သွားဖို့၊ ဒီလမ်းမှာ ဆုံးဖို့ ဆိုတဲ့ သမားရိုးကျ ကျောင်းတက်၊ ကျောင်းပြီး၊ ဘွဲ့ရ၊ အလုပ်ဝင်။ ဒါပဲ လုံးလည်လိုက်နေတဲ့ ဉာဏ်။ ဒီလိုမလုပ်ရင် မအောင်မြင်ဘူးလို့ ရိုက်ထည့် ချိတ်ပိတ်လိုက်တဲ့ ဉာဏ်။
ဆိုတော့ အကယ်၍သာ ဒီလိုမလုပ်ရင် မအောင်မြင်ဘူးဆိုတဲ့ အဆိုပြုချက် မှန်ခဲ့ရင် ကျွန်တော် ဒီကနေ့ ဒီနေရာမှာ ဘယ်လို ရပ်နေနိုင်ပါသလဲ။ ကျွန်တော် ဘယ်လိုများ အတန်းထဲမှာ အဆင့် နောက်ဆုံးနဲ့ အသက် ၁၆ မှာ ကုမ္ပဏီ ထောင်နိုင်ခဲ့ပါသလဲ။ ပြီးတော့ ကျွန်တော့်လို ကောင် ထောင်ထားတဲ့ ကုမ္ပဏီဟာ တခြား ဟားဗာဒ့်တို့ စတန်းဖို့ဒ်တို့က ကျောင်းပြီးတဲ့ လူတွေ ထောင်ထားတဲ့ ကုမ္ပဏီတွေ ထက် ဘာ့ကြောင့် အောင်မြင်နေပြီ ဖြစ်ကြောင်း Wall Street Journal မှာ ဖော်ပြခြင်း ခံရပါသလဲ။
ဒါ့ကြောင့် နိဂုံးအနေနဲ့ ပြောရမယ်ဆိုရင် သမားရိုးကျ ပညာရပ်နောက်ကို လိုက်တဲ့ ဉာဏ်အပြင် နောက်ထပ် ဉာဏ်တစ်မျိုးလည်း ရှိနေပါလိမ့်ဦးမယ်။ ဒီတော့ ဒီကနေ့ ပွဲတက်ရောက်လာတဲ့ ဆရာတွေ ကျောင်းသားမိဘတွေ ကို ကျွန်တော် ပြောကြားလိုတာက ဒီကနေ့ခေတ် ကျောင်းသားကျောင်းသူ အများစုဟာ သမားရိုးကျ ပုံစံခွက် ဉာဏ်ပိုင်ရှင်တွေ အနေနဲ့ ပုံပေါ်လာနေကြပါပြီ။ ဖြစ်နိုင်ချေရှိတဲ့ လမ်းတွေ လျှောက်ဖို့၊ တီထွင်ဆန်းသစ်မှုကို အားပေးဖို့ အတွက် အများအပြားလိုအပ်နေကြပါပြီ။
ကျွန်တော်တို့ လူသားတွေဟာ ဖန်တီးနိုင်တယ်။ တီထွင်နိုင်တယ်။ ဆန်းသစ်နိုင်တယ်။ ကွန့်မြုးနိုင် တယ်။ ဟိုးအစဉ်အဆက်ကထဲက လူသားဘိုးဘေးတွေ အနေနဲ့ မွေးကထဲက ပါလာတဲ့ အသိကို သေသွားတဲ့ အထိ မချဲ့ထွင်နိုင်ခဲ့ဘူးဆိုရင်
Eddy Zhong ရဲ့ TED Talk မှာ ဟောပြောသွားတဲ့ အကြောင်းကို ဘာသာပြန်သည်။
#kyawnge
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။