Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 23, 2016

ကျွန်မ အောင်ဆန်းစုကြည် ( စ/ ဆုံး )

ကျွန်မ အောင်ဆန်းစုကြည် ( စ/ ဆုံး )
**************************
( ၁ )
ကျွန်မကအဖေ့သမီးပဲ
ပြောရင်ပြောတဲ့အတိုင်းဖြစ်အောင်လုပ်တယ်
ဘယ်နှစ်ခါမှတ်ကျောက်တင်ပြရဦးမှာလဲ
ရှင်တို့တွေပဲ ပွန်းပဲ့ကုန်ပြီ
...
ကျွန်မလား ...
လက်နဲ့ထိလိုက်လို့ရွှေဖြစ်မသွားပေမယ့်
လက်ခုပ်တစ်ချက်တီးတိုင်း
ချိုးငှက်တစ်ကောင်ထပျံမယ်
ပန်းပွင့်တစ်ပွင့် ရှင်တို့ရှေ့မှာထပွင့်မယ်

...
ယူသွားစမ်းပါ ...
ကြၽန္မကမ ၻာထဲက ကြၽန္မပုိင္ဆုိင္သမွ်
...
ကြၽန္မအသားပဲ့ပါသြားတာမွ မဟုတ္တာ
လိုချင်သေးတယ်ဆိုရင်ပြော
ကျွန်မပြည်သူတွေအတွက်ဆို
ကျွန်မနှလုံးသားတစ်ခုလုံး ( အသင့် )ထုတ်ထားပြီးပြီ
...
( ၂ )
ဘယ်သူပြောလဲ ရှင်တို့ကိုဘယ်သူပြောလဲ
မီးပုံထဲကိုတိုးဝင်တဲ့ ပိုးဖလံတွေအကြောင်း
ရှင်တို့ကိုဘယ်သူပြောသလဲ
...
ရှင်တို့ပါးစပ်တစ်ချက်ဟလိုက်တိုင်း
တစ်တောင့်ထွက်လာတဲ့ အဲ့ဒီကျည်ဆန်တွေ
ပါးရှစ်စိတ်ကွဲသွားမယ်
ဒီမယ် ဒီမယ် ...
ကျွန်မက မီးပုံထဲကခုန်ထွက်လာတာ
ရှင်တို့ခေါင်းတွေမော့ကြည့်လိုက်
မြင်လား .. အဲ့ဒါ ကျွန်မပဲ
...
( ၃ )
မကြောက်ပါနဲ့ ...
ကျွန်မခြေလှမ်းတိုင်းက ဒိုင်းဆိုတဲ့အသံမထွက်သလို
ရှင်တို့အာဏာကိုလက်နက်နဲ့အကြမ်းဖက်နေတာမှမဟုတ်တာ
...
မစိုးရိမ်ပါနဲ့ ...
ခေါင်းပေါ်ရွက်ပြီးဈေးခေါ်နေရအောင်
ကျွန်မနိုင်ငံကရောင်းကုန်တစ်ခုမဟုတ်ဘူး
ရှင်တို့တော်လွန်းလို့ဂုဏ်ပြုခံထားရတဲ့
LDC ထဲကနေခေါင်းပေါ်ရွက်ပြီး ဆွဲထုတ်မှာ
...
မပူပါနဲ့ ...
ခါးကြားမှာသေနတ်ထိုးပြီး လက်အုပ်ချီနေတာမှမဟုတ်တာ
ခုတုံးလည်းမလုပ်ဘူး တုံးလည်းမခုဘူး
မီးဖိုချောင်ထဲကလက်တစ်စုံက ဘာသာရေးမီးတွေ
တောက်စေမတဲ့လား ...
မှတ်ထားကြ နောက်ဘယ်တော့မှမလုပ်နဲ့
ရှင်တို့သေရင် သူတို့ကပဲသရဏဂုံတင်ပေးကြမှာ
...
( ၄ )
အဲ့ဒီအစိမ်းတွေနောက်ကိုဆုတ်
မင်းတို့သေနတ်တွေခဏမောင်းဖြုတ်ထား
နေ နေ ... လက်အုပ်မချီနဲ့
ဒါဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ ဒါလောကနိယာမပဲ
ဖိလွန်းရင်ကြွတာ သဘာဝပဲလေ
...
ကျောက်ဆောင်တွေတောင်လှိုင်းရိုက်ပါများရင်
ကွဲအက်ကုန်ကြသေးတာပဲ ...
သူတို့ကသစ်ငုတ်တွေလေ တိုက်စရာမလိုပဲကိုနဲ့နေတာ
ရှင်တို့အတွက်တော့ အဏုမြူဓာတ်ပေါင်းဖိုကြီးပေါက်ကွဲသွားသလိုပေါ့
ကျွန်မအတွက်တော့
သာမန်ပူဖောင်းတစ်လုံးပေါက်ကွဲရုံပါပဲ
...
လွယ်တော့မလွယ်ဘူး ခက်သလားဆိုတော့လည်း
သေနတ်မပစ်တတ်ရင်ရပြီ
စိတ်ချပါ .. ရှင်တို့အရှုပ်တွေရှင်းဖို့ရောက်လာတာ
အေးအေးဆေးဆေးပဲဆင်းသွားတော့
ကျွန်မသာနောက်ကြောင်းပြန်တတ်မယ်ဆိုရင်
ဒီအချိန်မှာဒီနိုင်ငံက စစ်တလင်းဖြစ်နေလောက်ပြီ
...
( ၅ )
ကျွန်မအတွက်တော့ တိုင်းပြည်ကိုထူထောင်တယ်ဆိုတာ
သစ်ပင်တစ်ပင်ကိုစိုက်ရသလိုပဲ
သေနတ်ထောက်ပြီးပွင့်ခိုင်းရင် ကျည်ဆန်တွေထွက်လာနိုင်သလို
မေတ္တာထောက်ပြီးပွင့်ခိုင်းရင်တော့
ချိုးငှက်တွေထွက်လာနိုင်တယ်
...
ဒီရေစီးကြောင်းထဲက လူတွေအကုန်
ဒီဘဝမှာ ဒီမျိုးဆက်တွေအတွက်
ဒီမိုကရေစီနိုင်ငံအိပ်မက်ကို ဖြစ်ချင်နေကြတာပဲ
ဒီမယ် ... သူတို့အိပ်မက်တွေအတွက်
ဖန်တီးပေးနေရင်း ကျွန်မကမအိပ်ပဲကင်းစောင့်နေတာ
...
သိပ်လည်းမအံ့သြကြနဲ့ မထူးဆန်းပါဘူး
ကျွန်မကိုအမေလို့ခေါ်နေကြတာ မဆန်းဘူး
ဘယ်သူခေါ်ခေါ် ဘယ်နေရာမှာခေါ်ခေါ်
အဲ့ဒါကအရေးမကြီးဘူး ကြီးမားတဲ့အရေးတွေအတွက်
အမေရှိမှဖြစ်မယ်တဲ့ ( သူတို့ကပြောတယ် )
...
( ၆ )
ကောင်းကင်ပေါ်ကနေဝုန်းခနဲကျလာတာမှမဟုတ်တာ
ကိုယ့်အထုပ်ကိုယ်ဖြည်ပြီးထွက်လာ
ကိုယ့်စရိတ်ကိုယ်စားပြီးရှင်သန်နေတာ
မယုံရင်အဲ့ဒီလူငယ်တွေကိုမေးကြည့်
ကျွန်မ အရိပ်ကအေးတယ် နွေးတယ်တဲ့
...
ခလုတ်ထိမှပဲအမိတ တ ဘူသီးမှပဲအရီးတော် တော်
ကျွန်မမေတ္တာရိပ်အောက်မှာ
ဘယ်အမြင်နဲ့ကြည့်ကြည့် အလင်းပဲမြင်ရမယ်
ဘယ်နားနဲ့ပဲထောင်ထောင် ချိုးငှက်သံပဲကြားရမယ်
...
ဘယ်ဘုရားမှ ဗျာဒိတ်မပေးခဲ့သလို
ဘယ်ဘုရားမှ နမိတ်ဖတ်မသွားဘူး
သံသရာအဆုံးဟာ နိဗ္ဗာန်ဆိုရင်
အာဏာရှင်အဆုံးဟာ ဒီမိုကရေစီစနစ်ပဲ
...
ကျွန်မကိုကြောက်စရာမလိုပါဘူး
ကျွန်မ ရှင်တို့ကိုသေနတ်ထောက်မထားဘူး
အတိတ်ကိုပြန်တူးဆွနေရင်
ရှင်တို့အရိပ်တွေ ရှင်တို့ပြန်ကြောက်နေရမှာပေါ့
လက်စားချေတယ်ဆိုတာ ရှင်တို့အတွက်သမုဒ္ဒရာကြီးဆိုရင်
ကျွန်မအတွက်တော့ ရေအိုင်ငယ်တစ်ခုထက်မပိုဘူး
...
( ၇ )
ကျွန်မဘာလဲ ကျွန်မဘယ်လိုလူလဲ
လူတိုင်းကိုယ်လိုက်ရှင်းပြမနေနိုင်ဘူး
ကျွန်မ ကိုယ့်ထမင်းကိုယ်စားပြီးဒီနေရာကိုရောက်လာသလို
ကျွန်မစိုက်ခဲ့သမျှ ကျွန်မပြန်ရိတ်သိမ်းရမှာပဲ
ဘာမှစိတ်မပူနဲ့ရယ် ...
သူတို့ကြောင့်ကျွန်မအားတွေရှိသလို
ကျွန်မကြောင့်သူတို့တွေအားရှိတယ်
...
မြင်ဖူးအောင်ကြည့်ထား အရိုးစွဲနေအောင်မှတ်ထား
ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ ကျည်ထိုးရတာလောက်မလွယ်ဘူး
ဒီမယ် ... ရှင်တို့ပြောပြောနေတဲ့
အဲ့ဒီလောကဓံရှစ်ပါး ပါးရှစ်စိတ်ကွဲသွားမယ်
ကျွန်မအတွက်တော့ ဒူးဆိုတာထောက်ဖို့မဟုတ်ဘူး
...
( ၈ )
မိန်းမဆန်စွာနဲ့သတိတရားကိုမောင်းတင်ထားရသလို
မိန်းမဆန်စွာနဲ့လည်း ပန်းတစ်ပွင့်ပန်ထားတယ်
...
ဖြတ်နင်းသွားကြပါ ဒီလမ်းကိုလျောက်
ဒီပန်းတိုင်ကိုရောက်ဖို့ကျွန်မအသွေးအသားတွေကိုသာမက
ကျွန်မဘဝတစ်ခုလုံးခင်းပေးထားတာပဲ
အားမနာပါနဲ့ ကျွန်မက အမေလေ
...
တစ်ချို့တွေသောင်ထွန်းဖို့
ကျွန်မကမ်းပါးကိုကျွန်မကိုယ်တိုင်ဖြိုခဲ့ရတယ်
တစ်ချို့တွေအလင်းရဖို့
ကျွန်မကိုယ်ကျွန်မလောင်ကျွမ်းပေးခဲ့ရတယ်
မယုံသေးရင်သမိုင်းကိုပြန်လှန်ကြည့်
မာတိကာမှာ ကျွန်မနာမည်တွေချည်းပဲ
...
လိုက်ရှာမနေနဲ့ ...
ဘယ်သူမှမတင်မြောက်ပဲ ကျွန်မဒီနေရာကိုရောက်မလာဘူး
လူထုခေါင်းဆောင်ဆိုတဲ့ နာမည်အတွက်ကျွန်မအသင့်
မယုံရင်ရှင်တို့အရိပ်တွေပြန်ကြည့်
ရှင်တို့ရှေ့မှာကျွန်မခြေလှမ်းတွေ
...
( ၉ )
အဲ့ဒီအတွက် ကျွန်မမှာဥတုသုံးပါးမရှိဘူး
လာမယ်ဆိုရင်ပြော ဆူးတွေရှင်းပြီးပန်းတွေခင်းထားပေးမယ်
ဒါက ကျွန်မရဲ့ဒုက္ခသစ္စာပဲလေ
...
ကဲ မြင်ပြီလား ...
ပြီးပြည့်စုံတဲ့မေတ္တာတရားကအရာရာကို အောင်နိုင်တယ်ဆိုတာ
မယုံသေးရင်မေးကြည့် ကျွန်မမေတ္တာရိပ်အောက်မှာ
တစ်ချို့တွေ ကမ္မဝါဖတ်စရာမလိုပဲ ကိုယ့်အရိပ်ကိုယ်ပြန်ကြောက်နေကြပြီ
...
အခုမှစတာပါ ဒါကနိဒါန်းပါ
တကယ်တော့ ဒီကမ်းစပ်ကိုရောက်ဖို့
တစ်ခါတစ်လေ ကျွန်မကလှေတစ်စင်း
တစ်ခါတစ်လေတော့ လှိုင်းလုံးကြီးပေါ့
ကိစ္စမရှိဘူးရယ် မုန်တိုင်းတွေကြောက်နေရင်
ဒီနိုင်ငံကိုဘာလို့ပင်လယ်ထဲခေါ်သွားတော့မလဲ
စိတ်သာချ ကျွန်မကိုယ်တိုင် မာလိန်မှူး
ကျွန်မကိုယ်တိုင် လှေတစ်စင်း ကျွန်မကိုယ်တိုင်ပင်လယ်ကြီး
...
‪#‎ဒီမြတ်ငြိမ်း‬

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။