Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, August 20, 2016

" အကောင်းဆုံး TEAMWORK ဖြစ်ရန် လိုအပ်ချက် "

" အကောင်းဆုံး TEAMWORK ဖြစ်ရန် လိုအပ်ချက် "

၁ - သူပြောဖို့ အလှည့်ပေးပါ။
အဖွဲ့လိုက် အလုပ် လုပ်ဆောင်ရာမှာ ကိုယ်ချည်း ပြောဆိုနေလို့ မဖြစ်ပါ။ အကြံဉာဏ်တို့ ဟာ ဘက်စုံဝင်လာမှ ရွေးစရာ အမယ် များမှာမို့ ဆွေးနွေးသည့် ပုံစံဖြင့် တစ်ယောက် တလှည့် ဆွေးနွေးကြရပါမည်။

၂ - ချီးကျူးပါ။ (မမြှောက်ပါနှင့်)
သူတစ်ပါးအကြံကောင်းတို့ကို ပြောပြတဲ့အခါ ချီးကျူးပါ။ သူ့ကို ချီးမွန်း ဖို့ကို မရှက်ပါနဲ့။ ချီးကျူးလိုက်ခြင်း အားဖြင့် သူနဲ့ ကိုယ့်အကြားက ရင်းနှီးမှုကို ပိုမို ပေါ်လွင် လာစေပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မမြှောက်ပါနဲ့။

၃ - ဗဟုသုတနှင့် ပညာများ မျှဝေပါ။
ဘက်စုံ ကဏ္ဍစုံက အသိပညာရှင် အတတ်ပညာရှင်များ ပါဝင်နိုင် တာကြောင့် အားလုံး ကိုယ်သိထား တတ်ထားတဲ့ အရာတွေကို အလုပ်နဲ့ သက်ဆိုင်မှုရှိခဲ့ရင် မျှဝေပါ။

၎ - အကူအညီရယူပါ။
ကိုယ်မသိတာ မတတ်တာတွေဆိုရင်လဲ မရှက်ပါနဲ့။ မေးမြန်းကြပါ။ ဒီလို ဖေးမကူညီကြတာဟာ အဖွဲ့လိုက် အလုပ်လုပ်ခြင်း (Teamwork) ရဲ့ သဘာဝပါ။

၅ - အေးဆေးစွာပြောဆိုပါ။
ဆွေးနွေးရင်းအခန့်မသင့်လို့ စကားပြောမာတာ ဖြစ်ဖြစ်၊ မောက်မာလို စိတ်ကြောင့် လေသံပြင်းတာ ဖြစ်ဖြစ် ရှောင်ပါ။ အချင်းချင်း အေးဆေး စွာ ပြောဆို ညှိနှိုင်း ကြပါ။

၆ - တန်းတူညီမျှ ပါဝင်ပတ်သက်ပါ။
အလွှာစုံက လူစုံကို မမြှောက်ပင့် မနှိမ့်ချပဲ ပေါင်းသင်းဆက်ဆံပါ။ မိမိထက် နိမ့်ပါးသူတို့ကို မနှိမ့်ချပါနှင့်။ ထို့အတူပင် မိမိထက် ရာထူးကြီးမားသူတို့ကိုလည်း မမြှောက်ပင့်ပဲ ပုံမှန်ဆက်ဆံပါ။ အားလုံးကို ချီးကျူးသင့်က ချီးကျူးပြီး ပြောဆိုသင့်က အေးဆေးစွာ ပြောဆိုပါ။

၇ - အလုပ်တာဝန်ကို ဇောက်ချ လုပ်ပါ။
မိမိ လုပ်ရမည့်အလုပ်ကိုသာ ပြီးဆုံးစေရန် အားထုတ်ပါ။ အချိန်မဖြုန်းပါနှင့်။ သူများယောင်တိုင်း လိုက်မယောင်ပါနှင့်။

၈ - တဖက်သားကို ဖေးမသော စကားသာဆိုပါ။
တစ်ဖက်သား စကားအသွားအလာကို သေချာဆင်ခြင်၍ ပြုပြင်ပေးသင့်သည့်အရာကို ဖေးဖေးမမ ဆွေးနွေးပေးပါ။ တိုင်ပင်ကြည့်ခိုင်းပါ။ ဘယ်တော့မှ အမှားကို ထောက်သည့်သဘော မဖြစ်ပါစေနှင့်။

၉ - နာမည်တပ်၍ ခေါ်ဆိုပါ။
တစ်ဖက်သားသည် မိမိကို သတိပြုမိ ရင်းနှီးမှုရှိမိစေရန် အတွက် နာမည်တပ်၍ ပြောဆို ဆက်ဆံသည့် အကျင့် အား ပြုလုပ်ပေးပါ။ ဤသို့နာမည်တပ် ခေါ်ဆိုခြင်းဖြင့် မိမိသည် အဖွဲ့တွင်းတွင် အမြန်ဆုံး လူချစ်လူခင်များလာ ပါလိမ့်မည်။

၁၀- စိတ်ဖိစီးနေသော သူကို အားပေးပါ။
အိမ်နှင့် အဆင်မပြေ အလုပ်နှင့် အဆင်မပြေ ၍ စိတ်ဖိစီးနေလေ့ရှိသူတို့ကို တွဲကူပါ။ နှစ်သိမ့် ပေးပါ။ ကူညီပါ။

၁၁ - သည်းခံ၍ စောင့်ဆိုင်းတတ်ပါ။
လူပေါင်းစုံနှင့် ဆက်ဆံရသည့်အတွက် အချိန်စောသူ၊ တိကျသူနှင့် နောက်ကျသူတို့ အားလုံး ပါဝင်နိုင်သည်။ ဤသည်ကို သတိရှိ၍ ဘယ်သူ့ကိုမဆို အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းသည်းခံ တတ်ပါ။

၁၂ - ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောပါ။
မိမိပြောဆိုသော စကားတို့ကို အတတ်နိုင်ဆုံး ရှင်းလင်းအောင်ပြောပါ။ ဖြည်းဖြည်းပြောပါ။ မရှင်းဘူးထင်လျှင် ထပ်ပြောပြပါ။

၁၃ - မတူညီမှုကို လက်ခံပါ။
မတူကွဲပြားသော အယူအဆများ ရှိနိုင်ခြင်းကိုလည်း ကောင်းစွာ လက်ခံပါ။ မဆန့်ကျင်ပါနှင့်။ အပြုသဘော အတိုက်အခံသဘောမျိုးဖြင့် အသုံးချလျှင် မတူကွဲပြားသူတို့သည် မိမိ အတွက် တက်လမ်းပင် ဖြစ်နိုင်သေးသည်။

၁၄ - တက်ကြွစွာ ဂရုတစိုက် နားထောင်ပါ။
ပေးသူနှင့် ယူသူ တို့တွင် ပေးသူ ဘယ်လောက်ပေးပေး ယူသူ မယူတတ်လျှင် မဖြစ်နိုင်သလို စကားပြောဆို ဆက်ဆံရာတွင်လည်း ပြောသူက အာပေါက်ပါစေဦး။ နားထောင်သူက ဂရုမစိုက်လျှင် အလကားသာ ဖြစ်သည်။ ထို့ကြောင့် မိမိသည် စကားပြောမကောင်း ဦးတော့. နားထောင်ကောင်းသူ တစ်ယောင်တော့ ဖြစ်အောင် အားထုတ်ပါ။

၁၅ - အမြင်မှားများကို ရှင်းလင်းပါ။
မိမိကို အထင်အမြင် လွဲမှားလာသည့်အခါတို့တွင် ရှောင်မနေပါနှင့်။ ငါမဟုတ်တာ မရှင်းဘူး ဟု မနေပါနှင့်။ ပြောပြပါ။ မေးမြန်းပါ။ အကြိတ်အခဲ ပြေလည်သည်အထိကို မိမိ အနေဖြင့် ရိုးသား အေးဆေး စွာ ရှင်းထုတ်ပေးပါ။

၁၆ - လမ်းညွှန်မှုအတိုင်း လိုက်နာပါ။
မိမိ အထက်မှ ညွှန်ကြားထားသည်တို့ကို တိတိကျကျ လိုက်နာပါ။ ဆင်ခြေမပေးမိပါစေနှင့်။ ပေါ့ဆမှုတိုင်းကို တာဝန်ယူပါ။ လေးနက်စွာ လုပ်ဆောင်ပါ။

၁၇ - လူ့ကျင့်ဝတ်နှင့်ညီသော စကားကိုဆိုပါ။
မရိုင်းစိုင်းပါနှင့်။ မဆဲဆို မပုတ်ခတ်ပါနှင့်။ ကိုယ့်မိသားစုကဲ့သို့ သဘောထားပြီး ရင်းနှီးပါ။ အားလုံးကို ကိုယ့်အထက် အရာရှိများကဲ့သို့ တလေးတစား ပြောဆို ဆက်ဆံပါ။

၁၈ - မိမိနှင့် သက်ဆိုင်သည်များကို စနစ်ကျပါ။
အဝတ်အစားကို သေသပ်စွာ ဝတ်ဆင်ပါ။ တကိုယ်ရည် သန့်ရှင်းမှုကို အလေးထားပါ။ ချွေးနံ့ထွက် တတ်သူများ သူတစ်ပါး မျက်နှာရိပ် မျက်နှာကဲ ကို နားလည်တတ်ပါ။ အနံ့ပျောက်ဆေးဘူး ဆောင်ထားပါ။

၁၉ - အဖွဲ့နှင့် ရင်းနှီးစွာ ပေါင်းသင်းပါ။
တစ်ဦးထဲ ဘေးထွက် မနေပါနှင့်။ ကိုယ်ပါဝင်မှ ဖြစ်နေမည့် အဖွဲ့ ဖြစ်သည်ကို သတိရပါ။ အမြဲတစေ တက်ကြွစွာ ပါဝင်လှုပ်ရှားရင်း အလုပ် လုပ်တတ်ပါစေ။

၂၀ - ရုတ်တရက်ပေါ်လာသောအကြံများမျှဝေပါ။
ဖုန်းကို Facebook သုံးဖို့ Viber ပြောဖို့ ထက် ပိုမိုအကျိုးရှိစွာ အသုံးချတတ်ပါစေ။ ပေါ်လာသမျှ အကြံတို့ကို Notes ထဲတွင် ရေးမှတ်ပါ။ သို့မဟုတ် Voice Recorder ဖြင့် ပြောဆို သိမ်းဆည်းပါ။

၂၁ - အကြံများကို ချရေးထားပါ။
မိမိအကြံတို့ကို ဖြစ်ပါစေ သူတစ်ပါးအကြံတို့ကို ဖြစ်ပါစေ ချရေးမှတ်သားထားပါ။ သူတစ်ပါး ပြောဆို ရှင်းလင်း ပြထားသည်တို့ကို အကုန်ချရေးမှတ်တာထက် ဖုန်းရှိလျှင် ဖုန်းထုတ်၍ ဓာတ်ပုံရိုက်သိမ်းပါ။

၂၂ - အလုပ်တာဝန်ကို ဝေမျှပါ။
အလုပ်တစ်ခုလုံးကို တစ်ယောက်ထဲ လုပ်ခြင်းထက် အဖွဲ့လိုက် လုပ်ခြင်း ဖြစ်သည့်အတွက် ခွဲဝေပေးတတ်ပါ။ တစ်ယောက်ချင်းစီ၏ စွမ်းရည်တို့ကို သိပါ။ ပြီးလျှင် သက်ဆိုင်ရာ စွမ်းရည်အလိုက် အလုပ်တာဝန်တို့ကို ခွဲဝေ နေရာချထားပေးပါ။

၂၃ - အောင်မြင်မှုတိုင်းကို အောင်ပွဲခံပါ။
မိမိတို့ လုပ်အားကြောင့် ပေါ်ပေါက်လာရသည့် အောင်မြင်မှုတိုင်းကို ဝမ်းသာစွာ အောင်ပွဲခံပါ။ တွေ့ဆုံ စားသောက်ပွဲ ကျင်းပပါ။ လူတိုင်းသည် အောင်မြင်မှု၏ အရသာကို တခဏပင် ခံစားရပါစေ နောက် ထပ် အောင်မြင်မှုတစ်ခုကို တောင့်တလာတတ်သည်။ ဤသို့ဖြင့် တစ်ပွဲပြီး တစ်ပွဲ အောင်မြင်မှု တွေ ဆက်ပါစေ။

၂၄ - သူတစ်ပါးအဖွဲ့များကိုလည်း ကူညီပါ။
မိမိ အဖွဲ့သာအောင်မြင်၍ ကျန်အဖွဲ့မျာကို နှိမ့်ချထားသည့်စိတ်ကိုလည်း အတတ်နိုင်ဆုံး ဖျောက်ပါ။ လိုအပ်လျှင် သွားရောက်ပြောဆို ကူညီပေးပါ။ ပြိုင်ဆိုင်မှု မပါသော စိတ်ထားကို ထုတ်ပြပါ။ သူများသည်လည်း မိမိတို့လို အောင်မြင်ပါစေ။

Credit : မှတ်စုကြမ်း #kyawnge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။