Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 28, 2016

“အမျိုးသမီး နှင့် ခေါင်းဆောင်မှု”

“အမျိုးသမီး နှင့် ခေါင်းဆောင်မှု”

ခေါင်းဆောင်မှုကို တစ်ခွန်းတည်းပြောပါ ဆိုရင် အဲဒါ လွှမ်းမိုးနိုင်စွမ်း (Influence) ပါပဲ။ အဲဒီလိုလွှမ်းမိုးဖို့ဆိုရင် ခေါင်းဆောင်မှာ ပါဝါရှိရတယ်။ အဓိကအားဖြင့်တော့ ပါဝါ(၂)မျိုးပေါ့၊ Positional Power နဲ့ Personal Power ။

ကိုယ်ရထားတဲ့ ရာထူးကြောင့် ပြောခွင့်၊ ဆိုခွင့်၊ လုပ်ခိုင်းခွင့် ရှိနေတာက Positional power ဖြစ်ပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အရည်အချင်း၊ စွမ်းဆောင်ရည် စတာတွေကြောင့် ရလာတဲ့ ပါဝါကိုတော့ Personal power လို့ခေါ်ပါတယ်။

တကယ်ဆို အဲဒီ Personal power ထဲမှာ ယောကျာ်းဖြစ်ခြင်း၊ မိန်းဖြစ်ခြင်း ဆိုတာ မပါပါဘူး။ ဒါပေမယ့် လက်တွေ့မှာတော့ ခေါင်းဆောင်က ယောကျာ်းဖြစ်နေခဲ့ရင် (ခေတ်စကားနဲ့ပြောရရင်တော့) လူပိုရှိန်ပြီး၊ မိန်းမဖြစ်နေခဲ့ရင်တော့ အထင်သေးတယ်၊ တခုခုဆို ကလန်ကဆန် လုပ်ချင်တယ်ပေါ့။ ရာထူးကြောင့် မတတ်သာလို့သာ နေရမယ်၊ မိန်းမတွေက ခေါင်းဆောင်နိုင်စွမ်း မရှိပါဘူး၊ တွေဝေတယ်၊ မပြတ်သားဘူး၊ မဆုံးဖြတ်နိုင်ဘူး ဒါမျိုးတွေ ထင်တတ်ကြတယ်။ ကျားမခွဲခြားဆက်ဆံမှု များတဲ့နေရာမှာဆို အဲဒီပုံစံမျိုး ပိုတွေ့ရတတ်တယ်။ မိန်းကလေးတစ်ယောက် ခေါင်းဆောင်နိုင်စွမ်း မရှိခဲ့ရင် မိန်းမမို့လို့ လို့ ပြောတတ်ကြပေမယ့် ယောကျာ်းလေးတစ်ယောက် ခေါင်းမဆောင်နိုင်ဘူးဆိုရင်တော့ ယောကျာ်းမို့လို့ ဆိုတာမျိုး မပြောတတ်ကြဘူး။

ဘာဖြစ်လို့ အဲဒီလို သတ်မှတ်နေကြတာလဲ။
တွေးကြည့်ရင် တရားသေသတ်မှတ်ချက် (Stereotype) ဆိုတာတွေဟာ အကြောင်းမဲ့ပေါ်လာတာတော့ မဟုတ်ပါဘူး။
ဥပမာ ဆိုပါတော့၊ တောသူတောင်သားတွေဟာ ရိုးသားကြတယ် ဆိုတဲ့ သတ်မှတ်မှု။
ဘာလို့ဖြစ်လာလဲ။
တောသူတောင်သားတွေဟာ ရိုးသားကြတယ်၊ ပွင့်လင်းကြတယ်၊ လှည့်တာပတ်တာ ရှားတယ်၊ အဲဒါကြောင့် ဒီလိုသတ်မှတ်လိုက်ကြတယ်။
ဒါပေမယ့် တောသူတောင်သားတိုင်း ရိုးသားနေသလား ဆိုတော့ မဟုတ်ဘူး။
ဒါကြောင့် တောသူတောင်သားမှန်ရင် အားလုံးရိုးသားတယ်လို့ တထစ်ချ သတ်မှတ်လိုက်လို့ မရဘူး။ ဒါကို သတိပေးရမယ်။ နောက်ပြီး လှည့်တတ်ပတ်တတ်တဲ့ တောသူတောင်သားတွေ များလာခဲ့မယ်ဆိုရင် အဲဒီသတ်မှတ်ချက်တွေလည်း တဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မယ်။

အခု အမျိုးသမီးတွေ ဦးဆောင်နိုင်စွမ်း မရှိဘူး ဆိုတဲ့သတ်မှတ်ချက်ဟာလည်း ဒီသဘောပဲ။ အကြောင်းမဲ့ ဖြစ်လာတာ မဟုတ်ဘူး။ မိန်းကလေးတွေဟာ တခုခုဆို မလုပ်ရဲ၊ မကိုင်ရဲ၊ မပြောရဲ၊ မဆိုရဲ။ အစည်းအဝေးတွေမှာ ဟောဟောဒိုင်းဒိုင်း ပြောနေပြီဆို ကြည့်လိုက်၊ ယောကျာ်းလေး ဖြစ်နေတာများတယ်။ ကိုယ့်အမြင် ကိုယ့်အတွေးကို ရဲရဲတင်းတင်း မထုတ်ဖော်ရဲကြဘူး။ ဒီမှာတင်လားဆိုတော့ မဟုတ်ဘူး၊ ဖေ့စ်ဘွတ်ရဲ့ Chief Operating Officer ဖြစ်တဲ့ Sheryl Sandberg ကိုယ်တိုင်လည်း သူ့စာအုပ်ထဲမှာ အဲဒီလိုရေးဖူးတယ်။ အစည်းအဝေးတွေမှာ မဲခွဲလို့ လက်ထောင်ကြရင်တောင် ရဲရဲတင်းတင်း မထောင်ရဲကြဘူး တဲ့။ ဒါတွေကြောင့်ပဲ မိန်းကလေးဆိုတာ ဦးဆောင်နိုင်စွမ်း မရှိဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ပေါ်လာရတာ။

ဒါကြောင့် အဲဒီသတ်မှတ်ချက်တွေ ပျောက်သွားချင်ရင် တစ်ဖက်ကလည်း မိန်းကလေးဆိုတိုင်း ခေါင်းဆောင်မဖြစ်နိုင်ဘူးလို့ တရားသေ မသတ်မှတ်ကြဖို့လိုသလို၊ ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ မိန်းကလေးတွေ ခပ်များများပေါ်လာဖို့လည်း လိုတယ်။ အဲဒါက ဒီသတ်မှတ်ချက်တွေကို ဖျက်ဆီးနိုင်တဲ့ အကောင်းဆုံးလက်နက်ပဲ။

နေရာမပေးချင်တာ နဲ့ ယူနိုင်စွမ်းမရှိတာ နှစ်ခုပေါ့။ ဒီတော့ မပေးချင်တဲ့နေရာကို ယူနိုင်စွမ်းရှိကြောင်းသက်သေပြခြင်းနဲ့ပဲ အရယူပြကြရလိမ့်မယ်။

တကယ်တော့ မိန်းကလေးတွေ ဘာလို့အဲလိုဖြစ်ရလဲဆိုတာက သားနဲ့သမီးကို မိဘက၊ ဆရာက၊ အသိုင်းအ၀ိုင်းက ဘယ်လိုပြုစုပျိုးထောင်ခဲ့သလဲဆိုတာနဲ့ အဓိကသက်ဆိုင်တယ်။ သားကိုတော့ လွတ်လွတ်လပ်လပ်နေစေတယ်၊ ရဲရဲတင်းတင်း ဖြစ်အောင် လေ့ကျင့်ပေးတယ်၊ သမီးကိုတော့ ယဉ်ကျေးမှုတို့၊ အစဉ်အလာတို့ခေါင်းစဉ်တပ်ပြီး မိန်းကလေးဆိုတာ ဗိုင်းကောင်းကျောက်ဖိနေရတယ်၊ အိမ်မှုကိစ္စနိုင်နင်းရတယ်၊ တခုခုဆို အနစ်နာခံရတယ်၊ ဒါမျိုးတွေ ပုံသွင်းခဲ့တယ်။ အဲဒီအခါမှာ မိန်းကလေးတွေရဲ့ သတ္တိ၊ ဆုံးဖြတ်နိုင်စွမ်း၊ ပြတ်သားမှု၊ ဒါတွေက အသားသေကုန်တယ်။ ဒါကြောင့် အမျိုးသမီးခေါင်းဆောင်တွေ ပေါ်လာဖို့ဆိုရင် မိန်းကလေးတွေကို ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြောင်းဖို့လိုတယ်။ မဟုတ်ရင် အဲဒီထဲကနေ ဖောက်ထွက်နိုင်ဖို့ အတော်ကြိုးစားရမှာကိုး။

EQ ဆိုတာကို စမိတ်ဆက်ခဲ့တဲ့ Daniel Goleman ကတော့ သူ့ဘလော့ဂ်တစ်ခုမှာ ရေးထားတယ်။ အဖွဲ့အစည်းအသီးသီးက အမျိုးသား အမျိုးသမီး ၅၅,၀၀၀ ကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Soft skill ပိုင်းမှာ ပိုပြီးသာလွန်တာကို တွေ့ရတယ် တဲ့။ Soft skill ဆိုတာ ရော့ ဒါက ဒီလို ဆိုပြီး သင်ပေးလိုက်လို့ မရတဲ့ ပြဿနာဖြေရှင်းခြင်း (Problem solving)၊ ပဋိပက္ခကိုင်တွယ်ခြင်း (Conflict management)၊ ကိုယ်ချင်းစာစိတ် (Empathy) နည်းပြခြင်းနဲ့ လမ်းညွှန်ပေးခြင်း (Coaching &mentoring) ရည်မှန်းချက်ပြည့်မြောက်အောင် အာရုံစူးစိုက်ခြင်း (Focus on achieving goals) ဒါတွေပါတယ်။ အရှင်းဆုံးပြောရရင် EQ ပဲပေါ့။

ဒါကိုကြည့်ပြီး ခေါင်းဆောင်နေရာဆို မိန်းကလေးပဲရွေး လို့ ဆိုလိုတာတော့ မဟုတ်ဘူး။
ခေါင်းဆောင်မှုအရည်အသွေးဟာ ယောကျာ်းရယ် မိန်းမရယ်နဲ့ မဆိုင်ဘဲ တစ်ဦးတစ်ယောက်ချင်းစီနဲ့ ဆိုင်တယ်၊ ဘယ်သူမဆို လေ့ကျင့်ပျိုးထောင်လို့ ရနိုင်တယ်ဆိုတာကို သိစေချင်တာပါ။

ခေတ်ကပြောင်းနေပြီ။ ကမ္ဘာမှာရော ကျွန်တော်တို့ဆီမှာပါ အမျိုးသမီးခေါင်းဆောင်တွေ နယ်ပယ်အသီးသီးမှာ ရှိနေပြီ။ ဒါကြောင့် မိန်းမအုပ်ချုပ်ရင် တိုင်းပြည်ဘာဖြစ်မယ်၊ မိန်းကလေးဆိုတာ ခေါင်းဆောင်နေရာနဲ့ မသင့်တော်ဘူးဆိုတဲ့ ရှေးရိုးစွဲအမြင်တွေ ထားခဲ့မှ ရတော့မယ်။

အဲဒီလို ရှေးရိုးစွဲအမြင်တွေ၊ တရားသေအမြင်တွေ ဆုပ်ကိုင်ထားတဲ့သူဟာ

အကယ်၍များ ယောကျာ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်
အိမ်ထောင်ရေးအဆင်ပြေဖို့ မလွယ်ဘူး၊ လိုအပ်ချက်တွေများလာတဲ့ ခေတ်ကြီးထဲမှာ မိသားစုတာဝန်ကို ကိုယ်တစ်ယောက်တည်း ထမ်းနေရလိမ့်မယ်၊ ကိုယ့်သားသမီးတွေအတွက် မိခင်ကောင်းတစ်ယောက်ကို လက်လွတ်သွားရလိမ့်မယ်

အကယ်၍များ ၀န်ထမ်းတစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်
မိန်းမတစ်ယောက်ရဲ့လက်အောက်မှာ မလုပ်ချင်ဘူးဆိုပြီး အလုပ်မှာ မပျော်မရွှင် ဖြစ်နေရလိမ့်မယ်

အကယ်၍များ မိခင်တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်
ကိုယ့်သမီးလေးရဲ့ အစွမ်းအစတွေဟာ အစဉ်အလာသတ်မှတ်ချက်တွေအောက်မှာ ပျောက်ဆုံးသွားရလိမ့်မယ်။ ရွယ်တူမိန်းကလေးချင်းမှာကို တစ်တန်းနိမ့်နေလိမ့်မယ်။ ကိုယ့်သား ယူလာမယ့် ထက်ထက်မြက်မြက် ချွေးမနဲ့လည်း အဆင်ပြေမယ်မဟုတ်ဘူး

အကယ်၍များ ပြည်သူအများစု ဖြစ်နေခဲ့မယ်ဆိုရင်တော့
ကိုယ့်တိုင်းပြည်အတွက် တကယ်သင့်တော်တဲ့ ခေါင်းဆောင်ကောင်းရဖို့အခွင့်အလမ်း ၅၀%ကို ငြင်းပယ်လိုက်တာနဲ့ တူနေပါလိမ့်မယ်။

ဒါကြောင့် ပြန်ပြောရရင်
အမျိုးသမီးခေါင်းဆောင်တွေ ပိုများလာဖို့ ငယ်ငယ်ကတည်းက ပြုစုပျိုးထောင်တဲ့ပုံစံတွေ ပြင်ဖို့လိုတယ်၊
ခေါင်းဆောင်နေရာအတွက် စဉ်းစားတဲ့အခါ ယောကျာ်းရယ် မိန်းမရယ် မကြည့်ဘဲ အရည်အချင်းရှိတဲ့သူကို နေရာပေးနိုင်ဖို့ လိုတယ်၊ လေးစားတတ်ဖို့ လိုတယ်။ ဒါပါပဲ။

ဒေါက်တာဖြိုးသီဟ
၂၇.၈.၂၀၁၆

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။