အာဟာရရှိတဲ့တေးဂီတ (မူရာကာမီ)
-------------------------- ------------
Wim Wenders ရဲ့ရုပ်ရှင် “Buena Vista Social Club” ကို ကျွန်တော်ကြည့်လိုက်တယ်။ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှထပ်လောင်းပြောစရာ မလိုအပ်ဘူးလို့ထင်တယ်။ ဒီရုပ်ရှင်က အမေရိကန်ဂီတပညာရှင် “Ry Cooder” ဟာ နှစ်ပေါင်းများစွာ မေ့လျော့ခံထားရတဲ့ ဒဏ္ဍာရီထဲက ကျူးဘားနာမည်ကျော်အနုပညာပါရ မီရှင်နဲ့ အဆိုရှင်တွေကို လိုက်လံရှာဖွေပေါင်းစည်းတာကို ဖော်ညွှန်းထားတဲ့ရုပ်ရှင်ဖြစ်တယ်။ ဒေသခံနယ်ခံမှာရိုက်ကူးပြီး အခွင့်အရေးရခိုက် နိုင်ငံရပ်ခြားမှာ အောင်အောင်မြင်မြင်ဖြေဖျော် တဲ့ ဖြစ်စဉ်တွေကို ရိုက်ကူးတင်ဆက်ထားတဲ့ “တေးဂီတမှတ်တမ်းကား”တစ်ကာြး ဖစ်တယ်။ အဲဒီကားမှာပါဝင်တဲ့ ဂီတပညာရှင်တိုင်းဟာ အင်မတန်ဆွဲဆောင်မှုရှိသူတြွေ ဖစ်တယ်။ တေးဂီတကလည်း သာယာနာပျော်ဖွယ် သက်ဝင်လှုပ်ရှားတာမို့ သင့်ကိုမကြည့်ရမနေနိုင်အောင် နက်နက်နဲနဲညှို့ငင်ဖမ်းစားပါတယ်။
.
ဒီရုပ်ရှင်ကို ကျွန်တော်သွားကြည့်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်အိမ်ပြောင်းထားတဲ့ ဒုတိယနေ့ဖြစ်တယ်။ အထုပ်အပိုးတွေ ရာနဲ့ချီပြောင်းရွေ့ခဲ့ရလို့  (သီချင်းခွေဟောင်းချည်းပဲ အချပ်ခြောက်ထောင်ကျော်ရှိတယ်)
ခန္ဓာကိုယ်က ဂုန်နီအိတ်တစ်အိတ်လို့ လျော့တိလျော့ရဲ
ခြေကုန်လက်ပန်းကျနေခဲ့တယ်။ ရုပ်ရှင်ရုံကခုံပေါ် ထိုင်ချလိုက်ချိန်
ခြေနှစ်ဘက်က ရုတ်တရက်ပျော့ခွေသွားတယ်။ ဘယ်တော့မှ
ထရပ်လို့မရနိုင်တော့မှာစိုး တယ်လို့တောင်
သံသယဖြစ်ခဲ့မိတယ်။ ရပ်ပြီးလှုပ်ရှားနေတုန်းက ကိုယ့်ကိုယ်ကိုယ်
သတိမထားမိသေးဘူး၊ ထိုင်လည်း ထိုင်ချလိုက်ရော မောပန်းနွမ်းနယ်မှုတွေက
ရုတ်တရက် ကုန်းရုန်းထလာသလိုပါပဲ။ ဒီလိုအခြေအနေရှိခဲ့ဖူးမှာပေါ့ ဟုတ်လား…
.
မောပန်းနွမ်းနယ်လွန်းတဲ့အတွ က် ရုပ်ရှင်စပြပြီး တစ်နာရီဝန်းကျင်လောက်မှာ ကြည့်နေရင်း တချို့နေရာတွေမှာ ကျွန်တော်အိပ်ချင်မူးတူးနဲ့
ငိုက်မျဉ်းသွားခဲ့တယ်။ မျက်လုံးက တကယ်ပဲဖွင့်လို့မရတော့ဘူး။
ဦးနှောက်ထဲမှာက “အာ.. သိပ်ကောင်းတာပဲ”လို့ စဉ်းစားနေပေမယ့် ခန္ဓာကိုယ်က
သက်တောင့်သက်သာ လျောကျပြီး အိပ်စက်ခြင်းနွံ့ထဲ ကျွံဝင်သွားစေခဲ့တယ်။
အိပ်မက်တိုလေးတွေတောင် မက်လိုက်ပါသေးတယ်။ အိပ်မက်တစ်ခုတိုင်းကလည်း
အဆက်အစပ်မရှိ၊ မယုံကြည်နိုင်လောက်တဲ့ အိပ်မက်တွေပါပဲ။
အိပ်မက်တစ်ခုမက်တိုင်း ခန္ဓာကိုယ်ရဲ့နွမ်းလျမှုတွေ အနည်းငယ်သက်သာရာရပြီး
တဖြည်းဖြည်း ပြန်ကောင်းလာသလိုပါပဲ။ အဲဒီအချိန်အတောအတွင်းမှာ ကျူးဘားတေးဂီတက
ကျွန်တော့်နားတစ်ဝိုက် သာယာငြိမ့်ညောင်းစွာနဲ့ လူးလားခေါက်ပြန်ပျံ့လွှင့်နေ ခဲ့တယ်။
.
အဲဒီလိုပဲ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး တချို့နေရာတွေ ကျွန်တော်မကြည့်လိုက်မိတာရှိကောင်းရှိမယ်။ ဒါပေမယ့် ရုပ်ရှင်ရုံကထွက်လာတဲ့အချိန် ကျွန်တော့်ခန္ဓာကိုယ်ဟာ အိပ်မက်တွေမက်ပြီးတဲ့နောက် တစ်ပတ်ရစ်(second hand)ခွေရဲ့အဆင့်နဲ့ပြောရရင်
“အရည်အသွေးတူတဲ့ခွေသစ်” နီးနီးဖြစ်သွားသလိုပါပဲ။ ကျွန်တော်က ဒီရုပ်ရှင်ကို
ဦးနှောက်သုံးပြီးမကြည့်ဘဲ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ နက်နက်နဲနဲ လက်တွေ့ကျကျ
ခံစားနားလည်လိုက်တာ၊ တန်ဖိုးဖြတ်လိုက်တာဖြစ်တယ်။ ရုပ်ရှင်က ကျွန်တော့်တစ်ကိုယ်လုံးအတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်ခဲ့တယ်။ အားတိုးအာဟာရကို တပြွတ်ပြွတ်စုပ်ယူထည့်လိုက် တဲ့ ခံစားမှုတစ်မျိုး ဖြစ်ပေါ်ခဲ့တယ်။ အဓိပ္ပာယ်နက်နဲတဲ့ရှင်းပြမှုမျိုးကို ခရေတွင်းကျပြောမနေတော့ပါဘူး ။
.
ဒီလိုရုပ်ရှင်မျိုးကို အတတ်နိုင်ဆုံး အခွေနဲ့မကြည့်တာကောင်းတယ်။ ရုပ်ရှင်ရုံက ထိုင်ခုံပေါ်မှာပဲထိုင်ပြီး ကြည့်သင့်တယ်။ ကျွမ်းဝင်နေတဲ့အမှောင်ထုထဲမှာ တေးဂီတရစ်သိုင်းလွှမ်းခြုံချိန် ကြည့်တာပဲကောင်းတယ်။ ဒီလိုမှမလုပ်ရင် တချို့အရာတွေက ဒီလိုမှမလုပ်ရင် သူ့ထဲ သင်လုံးဝနစ်ဝင်သွားနိုင်ဖို့  အကြောင်းမရှိဘူး။
.
ဒါရိုက်တာJim Jarmuschရဲ့ “Year of the Horse” ကလည်း Neil Young ရဲ့ဂီတပွဲတော်ကိုအဓိကထားပြီး ရိုက်ထားတဲ့ တေးဂီတမှတ်တမ်းကားတစ်ကားဖြစ်တယ်။ အတုမရှိကြမ်းရှရှအရသာနဲ့ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်တယ်။ ဒီရုပ်ရှင်ကားနှစ်ကားလုံးကို ရုပ်ရှင်ရိုက်တဲ့ကင်မရာတွေနဲ့
ရိုက်ထားတာမဟုတ်ပါဘူး။ လက်ဆွဲကင်မရာအသေးစားနဲ့ ရိုက်ထားတာဖြစ်တယ်။
ဒါကြောင့် အရည်အသွေး ကြမ်းနေပေမယ့် တေးဂီတရဲ့အသက်အငွေ့က ပိုပြီး
လှုပ်ရှားသက်ဝင် ပေါ်ထွက်လာပါတယ်။ ခုတလော ငွေကြေးအမြောက်အများသုံးစွဲ ပြီး
အကောင်းဆုံး အနုစိတ်ရိုက်ကူးထားတဲ့ တေးဂီတခွေတွေထွက်လာခဲ့တယ်။ တစ်ခါတလေ
ဒါတွေကိုကြည့်ရတာ အီလိုက်တာလို့ ခံစားရတယ်။ ဒီလိုတာဆိုရင်
တကယ်လှပနှစ်လိုဖွယ်ရှိတဲ့ ထိရောက်တဲ့ပုံရိပ်တွေကိုရို က်နိုင်ဖို့ ပိုခက်ခဲကောင်းခက်ခဲလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ Wenders နဲ့ Jarmusch ရဲ့ “တေးဂီတရုပ်ရှင်”ကို ကြည့်ပြီးတဲ့နောက် ကျွန်တော်ဒီလိုအတွေးမျိုးရှိခဲ့တယ်။
.
---------------
anan မဂ္ဂဇင်းမှာ ဂျပန်စာရေးဆရာမူရာကာမီရေးခဲ့ တဲ့ တစ်နှစ်စာ(၂ဝဝဝခုနှစ်မတ်လမှ
၂ဝဝ၁ခုနှစ် မတ်လထိ) အက်ဆေးအပုဒ် ၅ဝထဲက စာတစ်ပုဒ်ကို
ဘာသာပြန်ထားတာဖြစ်ပါတယ်။ ဒီလို ဆရာကြီးတွေရဲ့စာကို ဘာသာပြန်ရတာအခက်ဆုံးပဲ။
သူက တွေးမိတွေးရာ၊ ရေးမိရေးရာ ရေးထားတာဆိုပေမယ့် သူ့မူရင်းမပျောက်အောင်၊
ဖတ်ရအဆင်ချောအောင် မနည်းဘာသာပြန်ရတယ်။ အလုပ်အားချိန်
တစ်နေ့နှစ်ပုဒ်ပြီးအောင် ကြိုးစားဘာသာပြန်ကြည့်နေတာပါပဲ။ အပုဒ် ၅ဝပြီးဖို့ ၂ လလောက်တော့ ကြာမယ်ထင်ပါရဲ့.....(ကိုယ့် ကိုယ်ကိုယ်စိန်ခေါ်လိုက်ပါပြီ)
.
#NineNineSaNay
--------------------------
Wim Wenders ရဲ့ရုပ်ရှင် “Buena Vista Social Club” ကို ကျွန်တော်ကြည့်လိုက်တယ်။ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ကျွန်တော် ဘာမှထပ်လောင်းပြောစရာ မလိုအပ်ဘူးလို့ထင်တယ်။ ဒီရုပ်ရှင်က အမေရိကန်ဂီတပညာရှင် “Ry Cooder” ဟာ နှစ်ပေါင်းများစွာ မေ့လျော့ခံထားရတဲ့ ဒဏ္ဍာရီထဲက ကျူးဘားနာမည်ကျော်အနုပညာပါရ
.
ဒီရုပ်ရှင်ကို ကျွန်တော်သွားကြည့်တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်အိမ်ပြောင်းထားတဲ့
.
မောပန်းနွမ်းနယ်လွန်းတဲ့အတွ
.
အဲဒီလိုပဲ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး တချို့နေရာတွေ ကျွန်တော်မကြည့်လိုက်မိတာရှ
.
ဒီလိုရုပ်ရှင်မျိုးကို အတတ်နိုင်ဆုံး အခွေနဲ့မကြည့်တာကောင်းတယ်။ ရုပ်ရှင်ရုံက ထိုင်ခုံပေါ်မှာပဲထိုင်ပြီး ကြည့်သင့်တယ်။ ကျွမ်းဝင်နေတဲ့အမှောင်ထုထဲမ
.
ဒါရိုက်တာJim Jarmuschရဲ့ “Year of the Horse” ကလည်း Neil Young ရဲ့ဂီတပွဲတော်ကိုအဓိကထားပြီ
.
---------------
anan မဂ္ဂဇင်းမှာ ဂျပန်စာရေးဆရာမူရာကာမီရေးခဲ
.
#NineNineSaNay
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။