ဆရာဦးဇော်ဝေ
''How အကြောင်းတစ်စေ့တစ်စောင်း''
*How ကို သုံးပြီးအရေးအသားနဲ့
အပြောစကားတွေလေ့ကျင့်ကြည့်ရအောင်။
အရင်ကလည်း တစ်ခါရေးဖြစ်တယ်ထင်ပါတယ်။
လွယ်ပါတယ်။
ပိုမှတ်မိတာပေါ့။
''How အကြောင်းတစ်စေ့တစ်စောင်း''
*How ကို သုံးပြီးအရေးအသားနဲ့
အပြောစကားတွေလေ့ကျင့်ကြည့်ရအောင်။
အရင်ကလည်း တစ်ခါရေးဖြစ်တယ်ထင်ပါတယ်။
လွယ်ပါတယ်။
ပိုမှတ်မိတာပေါ့။
*How ကို သာမန်အားဖြင့်
ဘယ်လိုလဲ ။
ဘယ်ပုံလဲ။
ဘယ်နည်းလဲ။
ဆိုပြီးသိထားတာပေါ့။
ဟုတ်ပါတယ်။
ဒါပေမယ့် နောက်တစ်မျိုးအနေနဲ့လည်း
ထပ်မံပြီးမှတ်ပေးပါဦး။
How ကို
(Adj)နာမဝိသေသန
သို့မဟုတ်
(Adverb)ကြိယာဝိသေသန
နဲ့ ပေါင်းပြီးစကားပြောဆိုရေးသားမယ်
ဆိုရင်တော့
တစ်ခြားအဓိပ္ပါယ်လေးတစ်မျိုးဖြစ်သွားတာပေါ့။
**How + Adj/Adv!
Used to emphasize the quality of the thing you mention.
How ကို Adj /Adv တွေနဲ့ တင်မဟုတ်ဘဲ
Sub နဲ့ V ပါထပ်ပြီး ကပ်လိုက်တဲ့ အခါ
ကိုယ်ပြောလိုတဲ့ အရာကိုပိုပြီးလေးနက်စေ။
ပီပြင်စေပါတယ်။
ဥပမာ ------
How tall you are!
အရပ်က ရှည်လိုက်တာ။
tall က နာမဝိသေသန
You က ပြုလုပ်သူ
are က (Verb be)
ဖြစ်ပါတယ်။
How lovely to see you here!
နင့်ကိုဒီမှာတွေ့ရလို့ ဝမ်းသာလိုက်တာ။
lovely က နာမဝိသေသန
(lyနဲ့ဆုံးပေမယ့် Adv မဟုတ်ပါ။)
စသည်ဖြင့်ပေါ့။
****What နဲ့ Emphasize
ပြုပုံလည်း
ရှိပါသေးတယ်။
ကြုံတဲ့အခါ ထပ်ပြီးရေးပါဦးမယ်။
------------------=========
ကဲ ဒီတော့
How + Adj/Adv ဆိုရင်
အရေးအသားနဲ့ဖော်ပြတဲ့အခါ
ဝါကျအဆုံးမှာ
Exclamatory mark
(!)ကို
ထည့်ဖို့မမေ့ပါနဲ့။
--------------=======-======
နောက်ထပ်ဥပမာများ
How hot it is today!
ပူလိုက်တာ ဒီနေ့။
Hot - adj
How clever your dog is!
နင့်ခွေးက လိမ်မာလိုက်တာ။
clever- adj
How prudent he is!
အမြော်အမြင်ရှိလိုက်တာ သူက။
prudent- adj
How kind you are! ကြင်နာတတ်လိုက်တာဟယ် နင်က။
kind- adj
How fast she ran!
ကလေးမလေးပြေးလိုက်တာဟယ်။
မြန်လိုက်တာ။
fast - adj/ adv
How dark the room is!
မှောင်လိုက်တာ-အခန်းလေးက။
------------------------------
လေ့ကျင့်ခန်းများ
(1)ဇာတ်လမ်းကစိတ်ဝင်စားဖို့ (သိပ်)
ကောင်းလိုက်တာ။
Interestingစိတ်ဝင်စားစရာကောင်းသော
(2)ရေကပူလိုက်တာ။
(3)ကောင်မလေးက လှလိုက်တာ။
(4)မင်းအဖေက အေးလိုက်တာ။
Quiet အေးသော။တိတ်ဆိတ်သော။
(5)မင်းညီလေးက မိုက်ရိုင်းလိုက်တာ။
Rude ရိုင်းသော
(6)သူမအရေးအသားကောင်းလိုက်တာ။
Well ကောင်းသော / ကောင်းစွာ
(7)ဒီလေ့ကျင့်ခန်းက ခက်လိုက်တာ။
*စာလေ့ကျင့်ခန်း Lesson
အားကစားလေ့ကျင့်ခန်း Workout*
လေ့ကျင့်ခန်းအတွက်အဖြေပြန်ပြီး
တင်ပေးပါ့မယ်။
အားလုံးဝင်ပြီး
လေ့ကျင့်ကြပါလို့
ပြောကြားရင်း*****
လေးစားလျက်
ဦးဇော်ဝေ(အင်္ဂလိပ်စာ)
ဘယ်လိုလဲ ။
ဘယ်ပုံလဲ။
ဘယ်နည်းလဲ။
ဆိုပြီးသိထားတာပေါ့။
ဟုတ်ပါတယ်။
ဒါပေမယ့် နောက်တစ်မျိုးအနေနဲ့လည်း
ထပ်မံပြီးမှတ်ပေးပါဦး။
How ကို
(Adj)နာမဝိသေသန
သို့မဟုတ်
(Adverb)ကြိယာဝိသေသန
နဲ့ ပေါင်းပြီးစကားပြောဆိုရေးသားမယ်
ဆိုရင်တော့
တစ်ခြားအဓိပ္ပါယ်လေးတစ်မျိုးဖြစ်သွားတာပေါ့။
**How + Adj/Adv!
Used to emphasize the quality of the thing you mention.
How ကို Adj /Adv တွေနဲ့ တင်မဟုတ်ဘဲ
Sub နဲ့ V ပါထပ်ပြီး ကပ်လိုက်တဲ့ အခါ
ကိုယ်ပြောလိုတဲ့ အရာကိုပိုပြီးလေးနက်စေ။
ပီပြင်စေပါတယ်။
ဥပမာ ------
How tall you are!
အရပ်က ရှည်လိုက်တာ။
tall က နာမဝိသေသန
You က ပြုလုပ်သူ
are က (Verb be)
ဖြစ်ပါတယ်။
How lovely to see you here!
နင့်ကိုဒီမှာတွေ့ရလို့ ဝမ်းသာလိုက်တာ။
lovely က နာမဝိသေသန
(lyနဲ့ဆုံးပေမယ့် Adv မဟုတ်ပါ။)
စသည်ဖြင့်ပေါ့။
****What နဲ့ Emphasize
ပြုပုံလည်း
ရှိပါသေးတယ်။
ကြုံတဲ့အခါ ထပ်ပြီးရေးပါဦးမယ်။
------------------=========
ကဲ ဒီတော့
How + Adj/Adv ဆိုရင်
အရေးအသားနဲ့ဖော်ပြတဲ့အခါ
ဝါကျအဆုံးမှာ
Exclamatory mark
(!)ကို
ထည့်ဖို့မမေ့ပါနဲ့။
--------------=======-======
နောက်ထပ်ဥပမာများ
How hot it is today!
ပူလိုက်တာ ဒီနေ့။
Hot - adj
How clever your dog is!
နင့်ခွေးက လိမ်မာလိုက်တာ။
clever- adj
How prudent he is!
အမြော်အမြင်ရှိလိုက်တာ သူက။
prudent- adj
How kind you are! ကြင်နာတတ်လိုက်တာဟယ် နင်က။
kind- adj
How fast she ran!
ကလေးမလေးပြေးလိုက်တာဟယ်။
မြန်လိုက်တာ။
fast - adj/ adv
How dark the room is!
မှောင်လိုက်တာ-အခန်းလေးက။
------------------------------
လေ့ကျင့်ခန်းများ
(1)ဇာတ်လမ်းကစိတ်ဝင်စားဖို့ (သိပ်)
ကောင်းလိုက်တာ။
Interestingစိတ်ဝင်စားစရာကောင်းသော
(2)ရေကပူလိုက်တာ။
(3)ကောင်မလေးက လှလိုက်တာ။
(4)မင်းအဖေက အေးလိုက်တာ။
Quiet အေးသော။တိတ်ဆိတ်သော။
(5)မင်းညီလေးက မိုက်ရိုင်းလိုက်တာ။
Rude ရိုင်းသော
(6)သူမအရေးအသားကောင်းလိုက်တာ။
Well ကောင်းသော / ကောင်းစွာ
(7)ဒီလေ့ကျင့်ခန်းက ခက်လိုက်တာ။
*စာလေ့ကျင့်ခန်း Lesson
အားကစားလေ့ကျင့်ခန်း Workout*
လေ့ကျင့်ခန်းအတွက်အဖြေပြန်ပြီး
တင်ပေးပါ့မယ်။
အားလုံးဝင်ပြီး
လေ့ကျင့်ကြပါလို့
ပြောကြားရင်း*****
လေးစားလျက်
ဦးဇော်ဝေ(အင်္ဂလိပ်စာ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။