Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, August 24, 2016

ရောင့်ရဲစိတ်ကို ရင်ဆိုင်ကျော်လွှားခြင်း

 HOPE Ads

ရောင့်ရဲစိတ်ကို ရင်ဆိုင်ကျော်လွှားခြင်း
10. ရောင့်ရဲမှု ပြဿနာ
• ဒီလိုလေးလဲအဆင်ပြေနေတာပဲ။
• ဘဝမှာ အပူအပင်မရှိ အေးအေးဆေးဆေးနေရတာကောင်းပါတယ်။
• လောဘတကြီး ရှာမနေတော့ပါဘူး။ သေလဲကိုယ့်နောက်ပါမှာမှ မဟုတ်တာ။

ရောင့်ရဲမှုက ကောင်းပါတယ်။ ဒါပေမယ့် အလုပ်နဲ့ ပတ်သက်ရင်တော့ လောဘကြီးမှ အောင်မြင်ပါမယ်။ သေရင် ကိုယ့်နဲ့တော့ ဘာမှ ထည့်ယူသွားလို့မရပေမယ့် မသေခင် ဘုရား ကျောင်းကန်တွေ၊ အလှူအတန်းတွေ၊ ပေးကမ်းစွန့်ကြဲတာတွေက ကိုယ့်မှာ မရှိရင် လုပ်လို့မရပါ ဘူးခင်ဗျာ။ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ် ဆိုတာ လောဘပါ။ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီအလုပ်ကို ကိုယ်ကြိုးစားလိုက်လို့ ကိုယ်အကျိုးပြုနိုင်မယ့် ပတ်ဝန်းကျင်ကို ထည့်တွက်ပါ။ ကိုယ်အလုပ်ပေးလာ နိုင်မယ့် ဝန်ထမ်းတွေကို မြင်ယောင်ကြည့်ပါ။ ဒီကရတဲ့ဝင်ငွေနဲ့ ကိုယ့်မိဘကို အလှူအတန်း နှစ်သက်ရာ လုပ်ပေးနိုင်မှာကို စဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့မိသားစု နဲ့ မျိုးဆက်တစ်ခုလုံး ကောင်းမွန်တဲ့ အနေအထား ကို ရောက်ရှိမှာကို တွေးတောကြည့်ပါ။ တွေးမယ်ဆိုရင် အများကြီးတွေးလို့ရပါတယ်။ အလုပ်ကြိုးစားမှု အပိုင်းမှာတော့ ကျေးဇူးပြုပြီး မရောင့်ရဲလိုက်ပါနဲ့။ အိပ်မက်တွေကို အလှပဆုံး မက်ပါ။ ဘဝကို အမြင့်ဆုံးမှာ ပျံသန်းလိုက်ပါ။

ရောင့်ရဲတယ်ဆိုတဲ့ စကားလုံးက တခြားနိုင်ငံဆိုရင်တော့ ပြဿနာကြီးကြီးမားမား မပေးပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေ (အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေ) အတွက်တော့ အကြီးမားဆုံး ပြဿနာ ပါပဲခင်ဗျ။ လောဘကို ပယ်ဖို့ကြိုးစားရင်း၊ လိုချင်တပ်မက်စိတ်တွေကို လျှော့ချရင်းနဲ့ပဲ ဘဝမှာ ထူးထူးခြားခြား ကြီးကြီးမားမား ဘာမှမဖြစ်လိုကြတော့ပါဘူး။ ဒီအချက်ကို အောက်ကစာလေးတွေ ဖတ်ပြီး ကျော်လွှားကြရအောင်ခင်ဗျာ။ ဗုဒ္ဓဘာသာစကားလုံးအနည်းငယ်ပါပေမယ့် ဘာသာရေးအကြောင်း ရေးထားတာမဟုတ်တဲ့အတွက် အားလုံးဖတ်လို့ရပါတယ် ခင်ဗျာ။
-
မှန်မှန်ကန်ကန် ရောင့်ရဲတတ်ခြင်း
-
လောကမှာ အသက်ရှင်နေထိုင်ဖို့အတွက် စားဝတ်နေရေးတွေ ရှာဖွေရပါတယ်။ လူတန်းစေ့ နေနိုင်အောင်၊ လှူနိုင်တန်းနိုင်အောင် ကြိုးစားအားထုတ်ရပါတယ်။ ဒီလိုပဲလှုပ်ရှားရုန်းကန် ကြရင်းနဲ့ပဲ သေဆုံးကြရပြန်ပါတယ်။ အသက်ရှင်နေစဉ် ကာလမှာ ကျွန်တော်တို့ လိုအပ်တာတွေ ဖြည့်ဆည်းနေသလို၊ လိုချင်တာတွေလဲ အတော်များများ ရှိကြပါတယ်။ လိုအပ်တာတွေ ဖြည့်ဆည်းရင်း နဲ့ လိုချင်တာတွေ ကလဲ မကုန်ဆုံးတော့ပါဘူးခင်ဗျာ။ ဒီနှစ်ခုကြားမှာ ကျွန်တော်တို့ ထိန်းညှိနိုင်ဖို့ လိုပါတယ်။ ကိုယ်လိုချင်နေတဲ့အရာတွေက မတော်လောဘဖြစ်နေသလား။ ကိုယ့်ရဲ့ လိုအပ်ချက်ဖြည့်ဆည်းတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်က သူတစ်ပါးကိုထိခိုက်ပြီး လုပ်ရတာလား။ ပတ်ဝန်းကျင်အတွက် အကျိုးမပြုတဲ့အလုပ်အကိုင်လား။ ကိုယ်တစ်ယောက်သာကောင်းစားပြီး အခြားသူတွေထိခိုက်မယ့် အရာလား။ အစရှိတဲ့ အချက်တွေနဲ့ ပြန်ချိန်ရပါမယ်။ ကိုယ်လုပ်တဲ့အလုပ်က ဘယ်သူကိုမှ မထိခိုက်ဘူး။ မထိခိုက်တဲ့အပြင် ပတ်ဝန်းကျင်ကို အကျိုးတောင်ပြုသေးတယ်ဆိုရင်တော့ အဲဒီအလုပ်ကို လုပ်တဲ့အခါ လောဘထားသင့်ပါတယ်။ အားထည့်ပြီး ကြိုးစား အားထုတ်သင့်ပါတယ်။ ဒီနေရာမှာတော့ ရောင့်ရဲလိုက်မယ်ဆိုရင် အများကို အကျိုးပြုဖို့ နှောင့်နှေးသွားမယ်။ ကိုယ်ကိုယ်တိုင်နှင့် ပတ်ဝန်းကျင်ကို အကျိုးမပြု တော့ဘဲ ဖြစ်နေမှာပါ။
-
ပျင်းရိခြင်း
-
တစ်ချို့ကတော့ ရောင့်ရဲတယ်ဆိုတာကို အကြောင်းပြပြီး ပျင်းရိကြပြန်ပါတယ်။ ရောင့်ရဲမှုရဲ့ နောက်ကွယ်မှာ ပုန်းအောင်းပြီး အလုပ်မလုပ်တော့၊ မကြိုးစားတော့ပါဘူး။ လောကမှာ အသက်ရှင် နေထိုင်တယ်ဆိုတာ ပျင်းရိရင်းနဲ့ပဲ နေသွားလဲ နေလို့တော့ရတာပါပဲ။ ဒါပေမယ့် ပျင်းရိတယ်ဆိုတာ အစပိုင်းမှာတော့ သာမန်ကိစ္စရပ်တစ်ခုပါပဲ။ နောက်ပိုင်းကျရင်တော့ မသွေးတာကြာလို့ တုံးသွားတဲ့ ဓားတစ်လက်လိုပဲ ဘာမှသုံးလို့မရတော့ဘဲ ဓားရဲ့ ဖြစ်တည်မှုပျောက်ကွယ်သွားမှာပါ။ ဓားဆိုတာ တစ်ခုခု ခုတ်စရာလှီးစရာတွေအတွက် အသုံးပြုရတဲ့အရာပါ။ ဓားတုံးဆိုရင်တော့ သူရဲ့ ဂုဏ်သတ္တိတွေ ပျောက်ပြီး စွန့်ပစ်ခံရရင်းနဲ့ တဖြည်းဖြည်း သံချေးတက်ရင်း ဘဝဆုံးသွားပါတယ်။ အဲဒီလိုပဲ လူတွေမှာလဲ ပျင်းရိခြင်းကို အဝင်ခံပြီးတဲ့နောက် လုပ်ကိုင်နိုင်စွမ်းတွေ လျော့ကျသွားမယ်။ နောက်ပိုင်းမှာ ဘယ်လောက်ပဲ ကြိုးစားပါစေ.. ကိုယ့်မှာ နဂိုရှိတဲ့ ဂုဏ်သတ္တိတွေ၊ အရည်အချင်းတွေ လျော့ပါးပျောက်ကွယ်သွားပြီး လူတုံးတစ်ယောက်အဖြစ်သာ ကျန်ခဲ့မှာပါ။ ကိုယ့်မှာရှိတဲ့ လုပ်နိုင်စွမ်း တွေ၊ ကိုယ်လုပ်နိုင်တဲ့ ပတ်ဝန်းကျင်အကျိုးပြုနိုင်မှုတွေကို အလဟဿ အဖြစ်ခံတော့မလား ခင်ဗျာ။
ပျင်းရိခြင်းကို လုပ်ဖြစ်နေပြီဆိုရင်တော့ အောက်က နည်းလမ်းတွေကို အသုံးပြု ကြည့်ပါခင်ဗျာ။
• အိပ်နေရာကနေ ထလိုက်ပါ။
• မျက်နှာသစ်၊ ရေချိုးလိုက်ပါ။
• လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
• ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။
• ကိုယ့်ဘေးမှာ အလုပ်ကြိုးစားသူတွေနဲ့ ဝန်းရံထားပါ။
• ပန်းတိုင်သတ်မှတ်ပြီး ကြိုးစားပါ။
• အားလပ်ချိန်မှာ စာဖတ်ဖို့ ကြိုးစားကြည့်ပါ။
• အချိန်ဇယားဆွဲပြီး အလုပ်လုပ်ကြည့်ပါ။
• အလုပ်မဖြစ်တဲ့အလုပ်တွေကို သတိထားပြီး ရှောင်ရှားပါ။
• စိတ်ကို တက်ကြွစေမယ့်အရာတွေကို ရွေးလုပ်ပါ။
• အရေးအကြီးဆုံးကတော့ ထိုင်မနေဘဲ ခုချက်ချင်း ထလုပ်ဖို့ပါပဲ။
-
ဘယ်လိုလူဖြစ်ချင်သလဲ။
-
ရောင့်ရဲခြင်းကိုကျော်လွှားဖို့ နောက်တစ်နည်းကတော့ ကိုယ်ဘယ်လိုလူ ဖြစ်ချင်သလဲ သတ်မှတ်ရမှာပါ။ ကျွန်တော်တို့တွေအားလုံး တစ်ချိန်မှာတော့ သေဆုံးကြရမှာပါ။ ဒါကို လူတိုင်းလဲသိပါတယ်။ သိတဲ့ကြားကနေ လူတွေဘာလို့အလုပ်လုပ်နေကြသလဲ ဆိုရင် ကျန်ခဲ့မယ့် သူတို့ရဲ့ပုံရိပ်ကို အကောင်းဆုံး ဖြစ်ချင်ကြလို့ပါ။ ကိုယ်သေဆုံး သွားပြီးနောက် ကိုယ်ချန်ထားခဲ့ရမှာ ကိုယ့်ရဲ့ သမိုင်းပါပဲ။
• ငပျင်းတစ်ယောက်အဖြစ် လူမသိသူမသိ သေဆုံးချင်ပါသလား။
• အောင်မြင်ကျော်ကြားသူတစ်ယောက်အဖြစ် သေဆုံးချင်ပါသလား။
• ဘာသာရေးအဆောက်အဦးတွေ၊ အလှူအတန်းတွေ ပြုလုပ်သူတစ်ဦးအဖြစ် သေဆုံးချင်ပါသလား။
ဘယ်လိုလူဖြစ်ချင်သလဲဆိုတာကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပါ။ ရွေးချယ်ပြီးရင်တော့ ရည်မှန်းချက်ထားပြီး ကြိုးစားရမှာပါ။ အဲဒီရည်မှန်းချက်ကိုရောက်အောင် မလျော့သော ဇွဲလုံ့လတွေနဲ့ ကြိုးစားအားထုတ်ရမှာပါ။ အခက်အခဲတွေကြုံလာရင်လဲ နောက်မဆုတ်ပဲ ကြံ့ ကြံ့ ခံရင်ဆိုင်ရမှာပါ။ ဒါမှသာ နောက်ဆုံး ကိုယ်လိုချင်တဲ့ ပုံရိပ်ကို ရရှိနိုင်မှာပါ။ မဟာဇနကမင်းသားသာ ပျင်းရိနေခဲ့မယ်၊ လုံ့လ မစိုက်ထုတ်ခဲ့ဘူးဆိုရင် မေခလာ နတ်သမီးနဲ့လဲ တွေ့မှာမဟုတ်ပါဘူး။ အသက်လဲ ရှင်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ ကံဆိုတာ ကိုယ့်ရဲ့ လုပ်ရပ်ပါပဲ။ ကံကိုပဲ ထိုင်ပြီးပုံချမနေပါနဲ့။ ဘဝမှာ ကိုယ်လုပ်နိုင်တာတွေ အများကြီးပါ။ ရောင့်ရဲမှုရဲ့နောက်ကွယ်မှာ ပုန်းမနေဘဲ ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ဆီကို မမေ့မလျော့ဘဲ ကြိုးစားအားထုတ်ရင်း ရောက်အောင် သွားကြရအောင်လားခင်ဗျာ။
“အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ သင့်ကို တားဆီးနေသော အချက် (၁၀) ချက်” ကို တစ်ချက်ခြင်း ကျော်လွှားလာခဲ့တာ ဒီနေ့နောက်ဆုံးအချက် ဖြစ်တဲ့ ရောင့်ရဲမှုကိုကျော်လွှားခြင်းအထိ ရေးသားခဲ့ပြီးပါပြီ။ ဒီအချက်တွေကို တကယ်ရော ကျော်လွှားနိုင်ခဲ့ရဲ့လားခင်ဗျာ။ ဖတ်ကြည့်ရုံသက်သက်ပဲလား။ တကယ်ကို ကျော်လွှားဖို့ ကြိုးစားခဲ့လား။ ကျော်လွှားနိုင်ခဲ့လားခင်ဗျာ။ ဒီအချက်တွေကို မကျော်လွှားနိုင်သေးရင်တော့ ကျွန်တော့်ရဲ့ နောက်သင်ခန်းစာ တွေမှာ ရေးမယ့် တကယ့်လက်တွေ့ဘဝထဲမှာ အလုပ်စတင်လုပ်ကိုင်ခြင်းတွေကို လိုက်နိုင်မှာမဟုတ်ပါဘူးခင်ဗျာ။ ဒီလိုပဲ စာဖတ်ရုံသက်သက်နဲ့ ဘဝမှာ ဘာမှ ပြောင်းလဲမှာမဟုတ်ပါဘူး။ တကယ်ဖြစ်ချင် တယ်ဆိုရင် တကယ်လုပ်မှရမှာပါ။ ထိုင်ပြီးတွေဝေနေတုန်းဆိုရင်တော့ ဘယ်တော့မှ ပန်းတိုင်ကို ရောက်မှာမဟုတ် ပါဘူး။ လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့ ကိုယ့်မှာ ဒီအချက်တွေထဲက ဘာတွေရှိနေ သလဲ ဆန်းစစ်ပါ။ ကိုယ့်မှာရှိတဲ့အချက်နဲ့ ပတ်သက်တဲ့ ကျော်လွှားနည်းပိုစ့်ကို သေချာဖတ်ပါ။ စိတ်ထဲဝင်အောင် သေချာနှလုံးသွင်းပါ။ လိုက်ပါလုပ်ဆောင်ပါ။ ဒါတွေကိုလုပ်နိုင်ရင်တော့ အောင်မြင်မှုပန်းတိုင်ဆီကို သွားမယ့် လှေကားနောက်တစ်ထစ်ကို ထပ်တက်နိုင်ခဲ့ပါပြီခင်ဗျာ။
-
ယခုပိုစ့်ကို -
*** Website ပေါ်တွင် ဖတ်ရှုလိုပါက -http://wp.me/p7IeH1-7j
*** PDF အဖြစ် သိမ်းဆည်းဖတ်ရှုလိုပါက - No.30 Book http://www.hopedigitaladvertising.com/downloadpdf/
*************************************************************
ယခု ပိုစ့်ကို “Hope” Digital Advertising လုပ်ငန်းမှ မြန်မာနိုင်ငံတွင် ကိုယ်ပိုင်လုပ်ငန်းရှင်များ များစွာ ပေါ်ပေါက်လာရေးအတွက် ရည်ရွယ်တင်ဆက်ပါတယ်။
*************************************************************
> ကိုယ်ပိုင်လုပ်ငန်းရှင်ဖြစ်ဖို့ ရှိရမယ့် အခြေခံစိတ်ဓာတ်များ
> ခွန်အားဖြည့်စာပေများ
> အရင်းအနှီးနည်းနည်းဖြင့် လုပ်ကိုင်လို့ရမယ့်လုပ်ငန်းများ
> စီးပွားရေးဆိုင်ရာ ဗဟုသုတများ
> ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက်လုပ်ဆောင်ရမယ့် လုပ်ဆောင်ပုံအဆင့်ဆင့်
စတဲ့ ပိုစ့်များကို နေ့စဉ် တင်ဆက်ပေးနေပါတယ်။
Hope
-------
Digital Advertising & Business Services
Facebook: www.facebook.com/hopeads/
Instagram: www.instagram.com/hope_digitaladvertising/
Website : www.hopedigitaladvertising.com
-
***ယုံကြည်မျှော်လင့်ချက်ရှိရာသို့သာ တစ်လှမ်းချင်းဦးတည်သွားပါ။
တိုးတက်ပြောင်းလဲမှုတွေက သင့်ကို စောင့်ကြိုနေမှာပါ။ ***

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။