Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 25, 2016

ပြောကြရမယ့် လိင် ကိစ္စ

 
ပြောကြရမယ့် လိင် ကိစ္စ

shared by MaMa on 23/08/16 - thevoicemyanmar.com - အဖွဲ့အစည်း

စာတမ်းတချို့ ရေးနေတာနဲ့ စာမရေးဖြစ်တာ ကြာပါပြီ။ ဒီနေ့တော့ လိင်ကိစ္စ ပြောချင်တာနဲ့ စာရေး ဖြစ်ပါတယ်။ နေ့စဉ်ထုတ် သတင်းစာတွေမှာပဲဖြစ်ဖြစ်၊ အပတ်စဉ်ထုတ် ဂျာနယ်တွေမှာပဲဖြစ်ဖြစ်၊ Facebook စတဲ့ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွေပဲဖြစ်ဖြစ်၊ လိင်အကြမ်းဖက်မှု ဖြစ်ရပ်တွေကို နေ့စဉ်လိုလို မြင်တွေ့ ဖတ်ရှုနေရပါ တယ်။ အလွန် အင်မတန်မှပဲ စိတ်မသက်မသာ ဖြစ်ရတာက အရွယ် မရောက်သေးတဲ့ ကလေးငယ်တွေကို လိင်အကြမ်းဖက်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ တချို့ကလေးတွေဆိုရင် လိင်အကြမ်းဖက် ခံရရုံတင်မက မသေမချင်းပါ ရက်ရက်စက်စက် အသတ်ခံနေရပါတယ်။

မြန်မာ့ ယဉ်ကျေးမှု ရိုးရာ အစဉ်အလာက အဖေနဲ့သားကြား၊ အမေနဲ့ သမီးကြားမှာ လိင်ကိစ္စ ပြောဆိုတာကို ကန့်သတ်ထားသလို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အများစုက အဖေနဲ့သား၊ အမေနဲ့သမီး လိင်ကိစ္စ ပြောတာကို ရှက်စရာ ကိစ္စ၊ မပြောသင့်တဲ့ ကိစ္စလို့ ခံယူထားကြတဲ့ သူတွေက များပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အဖေနဲ့သား၊ အမေနဲ့ သမီးကြားမှာ လိင်ကိစ္စနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးကြတဲ့ မိသားစုက မရှိသလောက် နည်းပါးမယ် ထင်ပါတယ်။

တကယ်က အဖေက သားကို၊ အမေက သမီးကို လိင်ကိစ္စနဲ့ ပတ်သက်ပြီး အရွယ်အလိုက် ပြောပြရပါမယ်။ လိင်ကိစ္စ ပြောပြရမယ် ဆိုတာက လိင် ပညာပေး ကိစ္စကို ဆိုလိုတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ အသက် ငါးနှစ်အရွယ်လောက်ကစပြီးတော့ လိင်ပညာပေး ကိစ္စကို ကလေးတွေ နားလည် နိုင်လောက်တဲ့ အသုံးအနှုန်းများနဲ့ ပြောပြ ထားကြရပါမယ်။ ပြောပြနိုင်အောင်လည်း မိဘတွေက လေ့လာ ထားကြဖို့ လိုပါတယ်။

ငါးနှစ်ကနေ ဆယ်နှစ်အတွင်း ကလေးငယ်တွေကို မိန်းကလေးတွေ ဆိုရင်လည်း ဘယ်နေရာတွေကို ယောက်ျားလေးတွေ ကိုင်မယ်ဆိုရင် အကိုင် မခံရဘူး စသဖြင့် နားဝင်အောင် ပြောပြ ထားရပါမယ်။ ဆယ်နှစ်ကနေ ဆယ့်ငါးနှစ်အတွင်းကိုလည်း လိင်ဆက်ဆံမှု ကိစ္စတွေနဲ့ ပတ်သက် ဆက်စပ်ပြီးတော့ သိသင့် သိထိုက်တာတွေကို အမေဖြစ်သူက ပြောပြ ပေးရပါမယ်။&

မိန်းကလေးပဲလား ဆိုတော့ မဟုတ်ပါဘူး။ ယောက်ျားလေးတွေကိုလည်း ပြောပြရမှာပါပဲ။ အခုခေတ်က လိင်တူချင်း လိင်အကြမ်းဖက်တာတွေလည်း မကြာခဏ သတင်းတွေမှာ မြင်တွေ့ ဖတ်ရှုနေရပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့် ခရီးသွား အချို့ကလည်း ကလေးတွေနဲ့ လိင်တူချင်း ဆက်ဆံဖို့အတွက် နိုင်ငံ အသီးသီးကို ခရီးသွား နေကြတာတွေလည်း ရှိပါတယ်။ ဒီခေတ်ကြီးက ကိုယ့်သားလေးကို အဖေ မဟုတ်တဲ့ အခြား အမျိုးသား တစ်ဦးက ပွေ့ချီပြီး နမ်းရင်တောင်မှ စက္ကန့်မလပ် အကဲခတ်နေရမယ့် ခေတ်ကြီးပါ။ ဒါကြောင့် သားယောက်ျားလေးပဲ ဆိုပြီးတော့လည်း လွှတ်မထားဖို့ လိုပါတယ်။ သားယောက်ျားလေးတွေကိုလည်း ဆယ်နှစ်ကျော်ပြီးဆိုတာနဲ့ လိင် ဆက်ဆံမှု ကိစ္စတွေနဲ့ ပတ်သက် ဆက်စပ်ပြီးတော့ သိသင့် သိထိုက်တာတွေကို အဖေဖြစ်သူက ပြောပြပေးရပါမယ်။

ဒီလို ပြောပြထားခြင်းအားဖြင့် ကလေးငယ်တွေ လိင်အကြမ်းဖက် ခံရတဲ့ဘေးကနေ ကင်းဝေး စေနိုင်ပါတယ်။ ဒီကိစ္စက ရှက်စရာကိစ္စ မဟုတ်သလို ရိုင်းစိုင်းတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ လိင်ကိစ္စက သာမန်လူ မဆိုထားနဲ့ ဘုရားရှင်တောင်မှ လိုအပ်ချက်အရ မဖြစ်မနေ မိန့်စရာ ရှိတာကို တစ်တစ်ခွခွ မိန့်တော် မူခဲ့ရပါသေးတယ်။

ဘုရားရှင်လက်ထက်တော် အခါတုန်းက ဆဗ္ဗဂ္ဂီရဟန်းတွေရဲ့ သြဝါဒခံ တပည့်များ ဖြစ်ကြတဲ့ ဆဗ္ဗဂ္ဂိယာဆိုတဲ့ ဘိက္ခုနီမတွေ ရှိကြပါတယ်။ ထို ဘိက္ခုနီမတွေက သူတို့ရဲ့ ချိုင်းမွေး၊ အင်္ဂါဇာတ်မွေးတွေကို နုတ်ကြ ရိတ်ကြ ပါတယ်။ တစ်နေ့တော့ အစီရဝတီ မြစ်ထဲမှာ ကိုယ်လုံးတီး ရေချိုးကြပါတယ်။ သူတို့ချိုးတဲ့ ရေဆိပ်မှာ ပြည့်တန်ဆာမတွေကလည်း ရေချိုး နေကြပါတယ်။ ပြည့်တန်ဆာမတွေက ဘိက္ခုနီမတွေ အမွေး ရိတ်ထားတာ နုတ်ထားတာကို မြင်ကြရတဲ့အခါမှာ “ဘိက္ခုနီတွေကလည်း ကာမဂုဏ် ခံစားကြတဲ့ လူဝတ်ကြောင် မိန်းမတွေလိုပဲ အမွေးအမှင်ကို ရိတ်ကြ နုတ်ကြသတဲ့လား”လို့ ဝိုင်းဝန်း ကဲ့ရဲ့ကြပါတယ်။ ထိုအကြောင်းကြောင့် ဘုရားရှင်က “ဘိက္ခုနီမများ ချိုင်းမွေး၊ အင်္ဂါဇာတ်မွေးများကို ရိတ်ခြင်း နုတ်ခြင်း မပြုရ”လို့ ပညတ်တော် မူခဲ့ရပါတယ်။

သာဝတ္ထိပြည်မှာနေတဲ့ ဘိက္ခုနီမ တစ်ပါးက သာသနာ့ဘောင်မှာ မပျော်ပါဘူး။ ဒါကြောင့် သူက ကျောင်းခန်းအတွင်း ဝင်ပြီး နင့်ကြောင့် မပျော်တာပဲ ဆိုတဲ့သဘောနဲ့ သူ့အင်္ဂါဇာတ်ကို သူ့လက်နဲ့ တဖတ်ဖတ် မြည်အောင် ရိုက်ပါတယ်။ တဖတ်ဖတ် မြည်တဲ့အသံကို ကြားကြရတဲ့ အခြား ဘိက္ခုနီမတွေက ကျောင်းဆောင်ထဲ ပြေးဝင်လာကြပြီး “ယောက်ျားတစ်ယောက် ယောက်နဲ့ ဖောက်ပြန် နေတာလား”လို့ စစ်ဆေး မေးမြန်းကြပါတယ်။ ဘိက္ခုနီမကလည်း အမှန်အတိုင်း ဖြေဆိုပါတယ်။ ထိုအကြောင်းကို ဘုရားရှင် ကြားသိရတဲ့အခါမှာ “အင်္ဂါဇာတ်ကို မည်သည် အရာနဲ့မျှ မပုတ်ခတ်ရ”လို့ သိက္ခာပုဒ် ပညတ်တော် မူခဲ့ရတယ်။

ဘိက္ခုနီမ တစ်ပါးက ကာမရာဂစိတ်တွေ ထကြွသောင်းကျန်းပြီးတော့ သာသနာ့ဘောင်မှာ မပျော်ပိုက်ပါဘူး။ ဒါနဲ့ သူက မိဖုရားငယ် တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ ဘိက္ခုနီမ တစ်ပါးဆီကိုသွားပြီးတော့ “ရှင်ဘုရင်ဆိုတော့ မိဖုရားတွေ အများကြီး ရှိတယ်။ ဒီတော့ အရှင်မတို့အလှည့် မရောက်ခင်မှာ ကာမရာဂစိတ်ဖြစ်ရင် ဘယ်လိုနည်းနဲ့ ဖြေဖျောက် ကြတာပါလဲ”လို့ မေးမြန်းပါတယ်။ မိဖုရားငယ် ဖြစ်ခဲ့ဖူးတဲ့ ဘိက္ခုနီမက “ချိပ်တောင့်နဲ့ ဖြေဖျောက် ရတာပေါ့”လို့ ရှင်းရှင်းဘွင်းဘွင်း ဖြေပေးပါတယ်။ ဒီတော့ မေးတဲ့ ဘိက္ခုနီမက နားမလည်တာနဲ့ ချိပ်တောင့် ဆိုတာက ဘယ်လိုဟာမျိုးပါလဲလို့ ထပ်မံ မေးမြန်းပါတယ်။ မိဖုရားငယ်ဖြစ်ခဲ့ဖူးတဲ့ ဘိက္ခုနီမက ချိပ်တောင့်ဆိုတဲ့အရာကို သေသေချာချာ ရှင်းပြပေးပါတယ်။

သဘောပေါက်သွားတဲ့အခါမှာ ကာမရာဂစိတ် ထကြွသောင်းကျန်းနေတဲ့ ဘိက္ခုနီမက ချိပ်တောင့်ကို အသုံးပြုပါတယ်။ အသုံးပြုပြီးတော့ ချိပ်တောင့်ကို ရေမဆေးဘဲ တစ်နေရာမှာ ပစ်ထားလိုက်ပါတယ်။ ချိပ်တောင့်ကို ယင်ကောင်တွေက တရုန်းရုန်း အုံနေတော့ အခြား ဘိက္ခုနီမတွေက မြင်တွေ့ သွားကြပါတယ်။ စစ်ဆေး မေးမြန်းတဲ့အခါမှာ ချိပ်တောင့်သုံးတဲ့ ဘိက္ခုနီမက အမှန်အတိုင်း ဝန်ခံပါတယ်။ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူတဲ့အခါမှာ “ဘိက္ခုနီမများ အင်္ဂါဇာတ်အတွင်းသို့ ချိပ်တောင့်နဲ့ ထိုးသွင်းခြင်း မပြုရ။ ယုတ်စွဆုံးအားဖြင့် ကြာဝတ်ဆံ ကလေးကိုတောင်မျှ ထိုးသွင်းခြင်း မပြုရ”လို့ သိက္ခာပုဒ် ပညတ်တော် မူခဲ့ရပါတယ်။

ကပိလဝတ် နေပြည်တော်မှာ ဘုရားရှင် သီတင်း သုံးနေတော်မူစဉ် ဘိက္ခုနီမ ဖြစ်နေပြီဖြစ်တဲ့ မိထွေးတော် ဂေါတမီ ထေရီမကြီးက ဘုရားရှင်ကို လာရောက် ဖူးမြင်ပါတယ်။ မိထွေးတော် ဂေါတမီထေရီမကြီးက ဘုရားရှင်ဆီကို မကောင်းတဲ့ အနံ့အသက်တွေ ရောက်ရှိ သွားမှာစိုးလို့ လေအောက်က နေထိုင်ပြီးတော့ ရှိခိုး ကန်တော့ပါတယ်။ ရှိခိုး ကန်တော့ပြီးတဲ့အခါမှာ “မြတ်စွာဘုရား မာတုဂါမဆိုတာ နဂိုအတိုင်းဆိုရင် အနံ့အသက် မကောင်းပါဘူး ဘုရား”လို့ လျှောက်ထားပါတယ်။ ထိုအခါမှာ ဘုရားရှင်က “ဘိက္ခုနီများ သန့်ရှင်း စင်ကြယ်အောင် ရေဆေးနိုင်တယ်”လို့ ခွင့်ပြု ပေးတော်မူပါတယ်။

ထိုခွင့်ပြုချက်အရ ဘိက္ခုနီမတွေကို သူတို့ အင်္ဂါဇာတ်ကို ရေဆေးကြပါတယ်။ ဘိက္ခုနီမ တစ်ပါးက အင်္ဂါဇာတ်ကို လက်နဲ့နှိုက်ပြီး ရေဆေးရင်း ရေဆေးရင်းနဲ့ သာယာ တပ်မက်စိတ် ဖြစ်ပြီးတော့ လက်ချောင်းတွေကို အတော်နက်နက်အထိ ထိုးသွင်းလိုက်ပါတယ်။ အဲဒါကြောင့် အင်္ဂါဇာတ် အတွင်းမှာ အနာ ဖြစ်သွားပါတယ်။ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော် မူတဲ့အခါမှာ “အင်္ဂါဇာတ်ကို ရေဆေးသော ဘိက္ခုနီမသည် အင်္ဂါဇာတ်အတွင်းသို့ လက်နှစ်ချောင်းသာ နှိုက်ရမည်။ လက်နှစ်ချောင်းကိုလည်း လက် နှစ်ဆစ်ထက် ပိုဝင်အောင် မနှိုက်ရ”လို့ သိက္ခာပုဒ် ပညတ်တော်မူခဲ့ရပါတယ်။

ဥဗ္ဘဇာဏုမဏ္ဍလိကာ သိက္ခာပုဒ်မှာ ဆိုရင်လည်း “အကြင်ဘိက္ခုနီမသည် ကိုယ်လက် နှီးနှောလိုသော ရာဂစိတ်ရှိသည်ဖြစ်၍ ကိုယ်လက် နှီးနှောလိုသော ယောက်ျားက ညှပ်ရိုး နှစ်ဖက်အောက် ဒူးဆစ်နှစ်ဖက် အထက် တံတောင်ဆစ် အထက်မှ လက်မောင်း ဤအတွင်း တစ်နေရာရာဝယ် နေရာ မရွှေ့ဘဲ နာနာဖြစ်ညှစ်၍ ကိုင်ခြင်း၊ ဟိုရွှေ့ သည်ရွှေ့ နေရာရွှေ့၍ နာနာဖျစ်ညှစ်၍ ကိုင်ခြင်း၊ နာနာ မညှစ်ဘဲ ကိုင်ရုံမျှသာ ကိုင်ခြင်း၊ တို့ခြင်း၊ ပွေ့ယူ ဖျစ်ညှစ်ခြင်းဟူသော ဤပြုမှုကို သာယာ နှစ်သက်အံ့၊ ထိုဘိက္ခုနီမသည် ပါရာဇိက အာပတ်သင့်၏”လို့ တိတိကျကျ ပညတ်တော်မူခဲ့ရပါတယ်။ (ဤဝတ္ထုများကို အရှင်ဇနကာ ဘိဝံသ၏ ဘုရားဥပဒေတော်ကြီး ကျမ်းတွင်ရှု)

ပဌမပါရာဇိက သိက္ခာပုဒ်ဖြစ်တဲ့ မေထုနဓမ္မ သိက္ခာပုဒ်မှာ ဆိုရင်လည်းပဲ ဘုရားရှင်က တစ်တစ်ခွခွ ပြောဆို ပညတ်ထားရတာကို လေ့လာ တွေ့ရှိနိုင်ပါတယ်။ ဥပမာ-ရဟန်း တစ်ပါးက သုသာန်မှာ စွန့်ပစ်ထားတဲ့ အသေကောင် မိန်းမအလောင်း တွေ့မြင်တဲ့အခါမှာ လိင်စိတ် ပြင်းထန်စွာ ဖြစ်ပါတယ်။ အသေကောင် မိန်းမရဲ့ အင်္ဂါဇာတ်ကိုလည်း ခွေးက တစ်ဝက်စားပြီးပြီ ဖြစ်ပါတယ်။ သို့သော်လည်း ရဟန်းက သူ့လိင်စိတ်ကို သူ မထိန်းနိုင်တော့ အသေကောင် မိန်းမကို ဆက်ဆံလိုက်ပါတယ်။ နောက်တော့ ပါရာဇိကကျ မကျ သိချင်တာနဲ့ သူကိုယ်တိုင်ပဲ ဘုရားရှင်ဆီ သွားလျှောက်ပါတယ်။ ဘုရားရှင်က အင်္ဂါဇာတ် တစ်ဝက်ကို ခွေးစားထားတဲ့ အသေကောင် မိန်းမနဲ့ ဆက်ဆံရင် ပါရာဇိက မကျဘူး။ သို့သော် ထုလ္လစ္စည်း အာပတ်သင့်တယ် လို့ မိန့်တော်မူပါတယ်။ ပါရာဇိက မကျပေမယ့် အလွန် အပြစ်ကြီးတယ်လို့ ဆုံးဖြတ်ပါတယ်။

ဒီလို ဒီအကြောင်းတွေကြောင့် “ဘုရားလူ့ဘ မုနိန္ဒလျက် မိန်းမ ယောက်ျား လူ့စကားဖြင့် မကြားစကောင်း မဆိုကောင်းကို အကြောင်းဆောင်သွေး ဆိုတုံသေး၏ ဆိုရေးရှိက ဆိုအပ်လှ၏”လို့ အင်းဝခေတ် စာဆိုကျော် အရှင်မဟာရဋ္ဌသာရက ဘူရိဒတ်ပျို့မှာ စပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပြောစရာ ရှိလာရင် ဘုရားရှင်တောင်မှ ပြောသင့် ပြောထိုက်တာကို ပြောဆိုရတာ ဖြစ်လို့ အဖေနဲ့သား၊ အမေနဲ့သမီး လိင်ပညာပေး ကိစ္စတွေကို ပြောပြရမှာကို ရှက်စရာလို့ ထင်မြင် ယူဆမှုကို စွန့်လွှတ်ပြီးတော့ မိမိတို့ ရင်သွေး ရတနာများကို အရွယ်အလိုက် လိင်ပညာပေး စကားများကို ပြောကြား ပေးကြပါလို့ တိုက်တွန်းပါတယ်။ ဒါဆိုရင် ကလေးတွေ အနေနဲ့ သူတို့ဘဝကို သူတို့ အတိုင်းအတာ တစ်ခုအထိ စောင့်ရှောက်ထိန်း သိမ်းနိုင်ကြပါလိမ့်မယ်။ အချိန် မလွန်ခင်မှာ ပြင်ဆင်ကြဖို့ လိုအပ်နေပါပြီ။

မိုးသု (မန္တလေး)
Credit: The Voice

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။