Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, August 25, 2016

"တိုင်းလုံးကျော် သမီးတော်များ"

"တိုင်းလုံးကျော် သမီးတော်များ"
တခါက သန်းရွှေသမီးတွေ ငွေဆောင်ကို သွားတယ်။ သောင်ပြင်မှာ အရာရှိတွေက စက်ဘီးတွေ နင်းရတယ်။ သူတို့က နောက်ကနေ စီးတယ်။ ဗိုလ်သင်တန်း ဆင်းပွဲတိုင်းမှာ ဗိုလ်လောင်းတွေ ရွေးလေ့ရှိတယ်။ သူ့ သမီးတွေ အတွက် ဗိုလ်လောင်းလေးတွေကို လိုက်ကြည့်တာလို့ စစ်တပ် အသိုင်းဝိုင်းက ဆိုတယ်။ သူတို့လုပ်တိုင်း မခံတဲ့ စစ်ဗိုလ် တယောက် ပေါ်ဘူးတယ်။ ဒီစစ်ဗိုလ်ကို သူသမီးတယောက်က ကြိုက်တယ်။ စစ်ဗိုလ်က မကြိုက်ဘူး။ ဒါကြောင့် နယ်ကို အပို့ခံရတယ်။ အချုပ်ချ ခံရတယ်။

တခါက ဟင်္သာတက သာသနာ့ဗိမ္မာန် ဖွင့်ပွဲကို သန်းရွှေ၊ ကြိုင်ကြိုင်နဲ့ တိုင်းလုံးကျော်မတွေ သွားကြတယ်။ တိုင်းမှူးက သန်းရွှေနဲ့ ကြိုင်ကြိုင်ကို အနီးကပ် စောင့်ရှောက်နေရတဲ့ အချိန်မှာ တိုင်းမှူးကတော်နဲ့ ဗိုလ်မှူး ကတော်တွေက သန်းရွှေ သမီးတွေကို ပြုစုရဖို့ အမိန့် ကျလာတယ်။ တိုင်းမှူးကတော်က ဗိုလ်ကတော်တွေကို အစည်းအဝေး ခေါ်တယ်။ အစည်းအဝေးဆိုတာက သမီးတော်တွေအတွက် ပြုစုနည်းကို တိုင်းမှူးကတော် ကိုယ်တိုင်က ဦးဆောင်ပြီး သင်တန်း ပေးမယ်လို့ ဆိုတယ်။ အားလုံးသင်တန်း တက်ကြရတယ်။ သင်တန်းကာလ ၃ ရက်ကြာတယ်။ သင်တန်းထဲမှာ ပါတာတွေကတော့
၁- ခေါ်မှသွားရမယ်။
၂- မလှမ်းမကမ်းမှာ ရပ်နေရမယ်။
၃- ဖြတ်သွားရင် ခေါင်းငုံ့ ထားရမယ်။ (လက်မပိုက်ထားရဘူး။ လက်အုပ် ချီစရာမလိုဘူး။)
၎- သောက်ရေတွေ၊ ဘာတွေ ကပ်ရရင် လက်ကို ပြောင်နေအောင် ဆေးကြော ရမယ်။
၅-တစ်ရှူးပေပါနဲ့ အဖုံးကို ကိုင်ပြီးဖွင့်ရမယ်။ တစ်ရှူးပေပါနဲ့ ပုလင်းကို ကိုင်ရမယ်။ တစ်ရှူးပေပါနဲ့ ဖန်ခွက်ကို ကိုင်ရမယ်။
၆- လက်နှစ်ဖက်နဲ့ ပေးရမယ်။
၇- သမီးတော်တွေရဲ့ခန္ဓာကိုယ်ကို ဖက်လှဲတကင်း မလုပ်ရ။
၈- လက်ဆွဲ မနှုတ်ဆက်ရ ။
စတဲ့ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်တွေ ပါတယ်။ တိုင်းမှူး ကတော်က သင်တန်းဆင်း မိန့်ခွန်းမှာ အစွမ်းကုန် ပြုစု စောင့်ရှောက်ကြဖို့နဲ့ ကိုယ့်ယောက်ျား ကိုယ်ပိုင်နံပါတ် အမေးခံရ ရင်တော့ သတိသာထား ကြပေရော့ ကောင်မတို့လို့ မိန့်ကြားခဲ့တယ်။
ရှောင်ရှားနိုင်ဖို့က ဘယ်သမီးက စိတ်ဆတ်တော်မူတယ်။ ဘယ်သမီးက ထတယ်။ ဘယ်သမီးက သောက်စားကြီးတယ်။ ဘာကြိုက်တယ် စတာ တွေကို ကြိုတင် တစ်ကြိုမေးခွန်း ပေးထားတယ်။ သူ့သမီးတွေ ထဲမှာ မပေါက် ဆိုတာက အော်ကြောလန် လို့သိရတယ်။ တိုင်းမှူး ကတော် တိုင်းက လက်လန်ကြတယ်။ တရုတ်ပြည်ဆိုင်ရာ မြန်မာ သံအမတ်ကို ဆေးလိပ်ခွက်နဲ့ ပေါက်ဖူးတာလည်း သူပဲလို့ ဆိုတယ်။ သူက တိုက်တန်းနစ် ရုပ်ရှင်ထဲက ကိတ်ဝင်းစလက် နဲ့တူတယ် လို့ပြောရင် သိပ်သဘောကျတယ် လို့ဆိုတယ်။
တိုင်းမှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးကတော်တို့ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် တွေကိုလည်း အမျိုးသားညီလာခံ ကွန်စီတီကျူးရှင်းလို အစည်းအဝေးမှာ စနစ်တကျ ခွဲထားတယ်လို့ သိရတယ်။
၁- တိုင်းမှူးကတော်တာဝန်မှာ ဒေါ်ကြိုင်ကြိုင် ကားပေါ်မှ ဆင်းလာတာနဲ့ ထီးနဲ့ ပြေးပြီး ကြိုရန်
၂- ဗိုလ်မှူးကတော်များရဲ့တာဝန်မှာ သန်းရွှေသမီးတော်များ ကားပေါ်မှ ဆင်းတာနဲ့ ထီးနဲ့ ပြေးကြိုရန်
၃- ဗိုလ်ကြီးကတော်များမှ တိုင်းလုံးကျော်မများရဲ့ အထုတ်အပိုးများကို ဆွဲပေးရန်နှင့် တန်းစီနေရာယူ ရပ်နေရန်။ လိုတာကို အကုန်လုပ်ပေးရန်။
၎- ဗိုလ်ကတော်များရဲ့ တာဝန်မှာ ထမိန်ခေါက် (အဝတ်အစားများ လျော်ဖွတ်၊ မီးပူတိုက်ရန်) အိုးခွက်၊ ပန်းကန် နှင့် အိပ်ခန်း၊ အိမ်သာ၊ ရေချိုးခန်းများအား အသုံးပြုပြီးတိုင်း ဆေးကြောသန့်ရှင်း ပေးထားရန်နှင့် ခိုင်းသမျှ အောက်ခြေသိမ်း ကိစ္စအဝဝ (အညောင်းအညာပြေ နှိပ်နယ် ပေးခြင်း အပါအဝင်) ကိုချက်ချင်း ဆောင်ရွက် ပေးကြရန်တို့ ဖြစ်ပါတယ်။
ဒီခရီးစဉ်ထဲက တိုင်းလုံးကျော်မတွေ ဗိုလ်ကတော်လေးတွေကို အနိုင်ကျင့် နှိပ်စက်ခဲ့ပုံ တခုကို ပြောချင်ပါတယ်။ တိုင်းလုံးကျော်မထဲက တယောက်က သာသနာ့ဗိမ္မာန် ဖွင့်ပွဲကြည့်ပြီး အပြန်မှာ တည်းခိုတဲ့ ရိပ်သာခန်းကို သဘောအလိုတော် မကျ ဖြစ်တယ်။ တောဆန်တယ်။ ဟိုဟာ မရှိဘူးလား။ ဒီဟာ မရှိဘူးလား ဖြစ်လာတယ်။ ပြဿနာရှာ တော့တယ်။ သူနဲ့ သက်တူရွယ်တူ ဖြစ်တဲ့ ဗိုလ်ကတော်လေးကို မဲတယ်။ ပြီးတော့ သူ့ ခြေထောက်ကို ရေဆေး ခိုင်းတယ်။ ဗိုလ်ကတော်လေးက ရေဇလုံ ယူလာပြီး ခြေထောက်ကို ဆေးပေးရတယ်။ ရေစိုနေတဲ့ ခြေထောက်ကို သုတ်ခိုင်းတယ်။ ကံမကောင်းချင်တော့ ခြေထောက်ကို သုတ်စရာ မျက်နှာသုတ်ပုဝါ မရှိဖြစ်တယ်။ စားပွဲပေါ်မှာရှိတဲ့ တစ်ရူးပေပါနဲ့ ခြေထောက်ကို သုတ်ပေးလို့ ဒေါသူပုန် ထတော့တယ်။ သူမက ဒီလိုခိုင်းစေတာတွေကို ပါးစပ်ကနေ ခိုင်းတာမဟုတ်ပဲ Body Language နဲ့ ခိုင်းသွားတာ ဖြစ်တယ်လို့ ဗိုလ်ကတော်လေးက ဆိုပါတယ်။ ဗိုလ်ကတော်လေးရဲ့ ယောက်ျား ကိုယ်ပိုင်နံပတ်ကို မေးသွားပါတယ်။
နောက် ဖြစ်ရပ်တခုကတော့ သန်းရွှေနဲ့ သမီးတသိုက်က ပဲခူးကိုသွားတယ်။ ပဲခူးကို ရောက်တော့ ညအိပ်မယ် ဆိုတယ်။ သမီးတွေက ညဝတ်နဲ့ အတွင်းခံတွေ ပါမလာဘူးလို့ ပြောတယ်။ တပ်မမှူး ကတော်က အလိုက်သိစွာနဲ့ ရန်ကုန်ကို ဗိုလ်တွေလွှတ်ပြီး ညဝတ်နဲ့ အတွင်းခံ ဘောင်းဘီတွေ ကမန်းကတန်း တက်ဝယ် ကြရတယ်လို့ ဆိုပါတယ်။ ပြန်လာတော့ မျက်နှာမရ ခြေထောက်ရကြတယ်။ အကောင်းစားတွေ မ၀ယ်လာလို့ ဒေါပွသတဲ့။
ဒေ၀ါရွှေ ဆိုတဲ့ အရူးမကလည်း တမှောက်ပါ။ သူမ ကြည့်လို့မရတဲ့ စစ်ဗိုလ်ဆိုရင် ၀ရံဒါကနေ ရေနွေးပူနဲ့ လောင်းချသတဲ့။ ထမင်းစားရင်း ရန်ကုန်မြို့ကြီးကို ပတ်ကြည့်ချင်တော်မူသတဲ့။ ဒီတော့ ကားဒရိုင်ဘာလုပ်တဲ့ စစ်သားက သမီးတော်ကို ကားပေါ်တင် ထမင်းပွဲနဲ့ ကားကို ညင်သာစွာ မောင်းပေးခဲ့ရသတဲ့။
သန်းရွှေသမီးတွေရဲ့ နောက်ညစ်လုံး တခုကတော့ အင်းလေးကို သွားလည်ကြတယ်။ ညသန်းခေါင်ကြီး ကျမှ မုန့် ကျွဲသဲ စားချင်တယ်လို့ သမီးတော်တွေက ချဉ်ခြင်း တတ်ကြတယ်။ ဒီတော့ တိုင်းမှူးကတော်တွေ မျက်လုံးပြုး မျက်ဆံပြူး ဖြစ်ရတယ်။ တိုင်းမှူးကတော်တွေ မျက်လုံးပြူးရင် ဗိုလ်တွေက ရှိတာ အကုန်ပြူး ရတော့တာပဲ။ ညတွင်းခြင်း မုန့်ကျွဲသဲ ကျိုကြရသတဲ့။
သမီးတော်တွေရဲ့ နောက်စီးပွားရေးတခုကလည်း ရန်ကုန်မြို့ကိုပတ် အကောင်းဆုံး ရတနာဆိုင်တွေကို ရုပ်ဖျက်ပြီး လှည့်ကြည့်လေ့ ရှိတယ်ဆိုတယ်။ ကြိုက်တဲ့ပစ္စည်းကို မှတ်ထားတယ်။ ပြီးရင် ဗိုလ်ချုပ် ကတော်၊ ဝန်ကြီး ကတော် တွေကို အလှည့်ကျ ဆင့်ခေါ်ပြီး ၀ယ်ခိုင်းတယ်။ ဆက်ကြေး သဘောပေါ့။ ၀န်ကြီးကတော်တွေ ခိုးစားနေကြတာကို သူတို့ သိတယ်လေ။ တနေ့ကြတော့ မြို့ တော်ဝန် ဦးကိုလေးရဲ့ဇနီး ဒေါ်ခင်ခင်ကို ဆင့်ခေါ်တယ်။ ပြီး အက်အမ်အိုင် စင်တာ မှာရှိတဲ့ ပုလဲဆွဲကြိုးကို ၀ယ်ခိုင်းတယ်။ ဒေါ်ခင်ခင်ကလည်း ပုလဲဆွဲကြိုးကို အကြွေးနဲ့ ယူပြီး ၀ယ်ပေးလိုက်ရတယ်။ (ပြီးမှ ဘောက်ချာရှင်းဖို့ ဘယ်သူမဲကျမယ် မသိပါဘူး)။ ဒါက ကျန်တဲ့ သူတွေလည်း ခံနေကြရတာလို့ သိရတယ်။ သူတို့က စိန်နဲ့ ပုလဲကို သိပ်ကြိုက်ကြတယ် ဆိုတယ်။ သူတို့စာနဲ့ လှမ်းခေါ်ရင်တော့ ငွေထုတ်ပိုက် ပြီးတော့သာ သွားလိုက်ပေတော့လို့ ၀န်ကြီးကတော် လောကမှာ လက်တို့ပြီး ပြောကြတယ်။
သန်းရွှေမြေးအကြောင်းကလည်း အားလုံးသိပြီးပါပြီ။ မသိသေးတဲ့အချက်လေး တခုကို ထပ်ဖြည့် လိုက်ပါတယ်။ မဟာ တပ်မတော်သားကြီးတွေ သိစေချင်လို့ပါ။ဒီကောင်လေးကို မျောက်မူးလဲ လို့ နောက်ကွယ်မှာခေါ်ကြတယ်။ ဒီကောင်လေးက သူ့နာရီကို ရေထဲမှာ ဖျောက်ခဲ့တယ်။ ဒီတော့ ညသန်းခေါင်ကျမှ တိုင်းမှူးကို နာရီတလုံး ၀ယ်ပေးရမယ်လို့ဆိုတယ်။ တိုင်းမှူးက ညသန်းခေါင်ကြီး မျောက်လောင်းလေးကို ခေါ်ပြီး မော်လမြိုင်မြို့ထဲက နာရီရောင်းတဲ့အိမ်ကို တံခါးခေါက်ပြီး ရောင်းခိုင်းတယ်။ ကောင်လေးက သူကြိုက်တဲ့နာရီ တစ်ဒါဇင်လောက် ပိုက်ဆံမပေးပဲ 'မ' သွားတော်မူတော့တယ်။ နာရီဖိုးကို တိုင်းမှူးကလည်း မပေးပါဘူး။ နာရီဆိုင်ကသာ ခံလိုက်ရသတဲ့။
တခါက ပြည်မြို့ကို သူတို့ မိသားစု သွားကြတယ်။ ကားတန်းကြီးနဲ့ သွားတယ်။ သွားရင်းနဲ့ ဒုဗိုလ်မှုးကြီး ကတော် တယောက်က အောက်ကျနောက်ကျ ပြုစုမှုတွေ မလုပ်ပဲ ခပ်မှန်မှန် နေမိတဲ့အတွက် သူမကို ပြည်နဲ့ ရန်ကုန် သွားတဲ့ ကားလမ်းမမှာ တယေက်ထဲ ချန်ထားခဲ့ပါတယ်။
အော်.. ဗမာ့ တပ်မတော်သားတွေရဲ့ ဒို့တာဝန် အရေးသုံးပါး ဆိုတာ ဒါပါလား။
"ဒေါ်ကြိုင်ကြိုင်သာ အမိ၊ ဦးသန်းရွှေသာ အဖ" "ဦးသန်းရွှေ၏ မိသားစု ဝင်များသည်သာ တပ်မတော်၏ အရှင်သခင်များ" ဖြစ်ကြလေသတည်း။
မယ်တော်ကြီးဒေါ်ကြိုင်ကြိုင်ရဲ့သား အရာရှိ၊အရာခံ အကြပ် လောင်းလေးတွေ သိဖို့ တင်ပြလိုက်ရပါတယ်ခင်ဗျား။
Maung Tun Wai ဖေ့ဘွတ်ခ် မှကူးယူဖော်ပြပါသည်။#BurmaDemocracy

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။