Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Saturday, August 20, 2016

တရုတ် သမ္မတ နှင့် တွေ့ပြီ၊ မြစ်ဆုံကိစ္စ မျှော်လင့်ချက် သိတ်မရှိတော့ဟု တရုတ် ရှိ ကျွမ်းကျင်သူ များက ဆို

တရုတ် သမ္မတ နှင့် တွေ့ပြီ၊ မြစ်ဆုံကိစ္စ မျှော်လင့်ချက် သိတ်မရှိတော့ဟု တရုတ် ရှိ ကျွမ်းကျင်သူ များက ဆို
=====================================================

မနေ့က တရုတ် သမ္မတ စီရှင်ပင့် ကဘီဂျင်း မြို့ အနောက်ဘက်ရှိ အစိုးရ ဧည့်ဂေဟာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ရာတွင် မြန်မာ နဲ့ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကို လွန်စွာ အရေးထားပါကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စွမ်းအင် နဲ့ ဘဏ္ကာရေး ကဏ္ကတွေမှာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လိုပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နဲ့ နယ်စပ်ဒေသ မှာ ငြိမ်းချမ်း တည်ငြိမ်မှု ရရှိအောင် ပူးတွဲ ကြိုးပမ်းသွားဖို့ လိုလားကြောင်း လည်း ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ တိုးတက်မှုကို ဖေါ်ဆောင်ပြီး မှန်ကန်တဲ့ လမ်းကြောင်းကို ချည်းကပ် ဆုတ်ကိုင်သင့်ပြီး နှစ်နိုင်ငံ ပြည်သူများ အကျိုး ဖြစ်ထွန်းစေမယ့် အရာများကို ဖေါ်ဆောင်သွားမယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ အနေနဲ့ နက်ရှိုင်းပြီး အပြန်အလှန် နားလည်သော ချစ်ကြည်ရင်းနှီးသည့် အဆင့်ကို တိုးတက် ရောက်ရှိလာနေပြီဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ပြောဆိုခဲ့ကြောင်း သိရပါတယ်။

တရုတ် သမ္မတ က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာတော့ မြစ်ဆုံကိစ္စကို တလုံးတပါဒ မှ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး၊

သို့သော် တရုတ် နိုင်ငံတကာ ရေးရာ လေ့လာရေးဌာနမှ အရှေ့တောင်အာရှ ရေးရာ ကျွမ်းကျင်သူ ဆောင်ဂျန်ယင်းက လက်ရှိ အနေအထားကို သုံးသပ်ရလျင် မြစ်ဆုံ စီမံကိန်း ပြန်လည် စတင်ရန် အလားအလာ အလွန်နည်းသွားပြီ ဟု သုံးသပ်မိကြောင်း နဲ့ တရုတ် သမ္မတ က နောင်တွင် အလားတူ အဖြစ်မျိုး ထပ်မဖြစ်ရေး သေချာ စေချင်သည့် ဆန္ဒရှိပုံ ရကြောင်း သုံးသပ်ခဲ့ပါတယ်။

မြစ်ဆုံဆည် ရပ်ဆိုင်း ခဲ့ခြင်းကို မြန်မာပြည်သူများက ၎င်းတို့ရဲ့ ဒီမိုကရေစီ အောင်ပွဲ အထိမ်းအမှတ် လက္ခဏ တရပ် အဖြစ်ပါ ရှု့မြင်နေကြ ပြီး ၎င်း ဆည် ဆောက်လုပ်ရေး ရပ်ဆိုင်းခဲံသည်မှာ နှစ်အတန်ကြာရှိသွားပြီလည်း ဖြစ်တယ်လို့ ဆောင်ဂျန်ယင်းက ဆိုပါတယ်။

မြန်မာ အနေနဲ့ ပေးရန် ကျန်သည်များကို ပေးခြင်း ဒါမှမဟုတ် အခြား နေရာတွေမှာ ဆည်များ ဆောက်လုပ်ခွင့် ပေးခြင်း စသည်တို့ကို ရွေးချယ် နိုင်ခွင့် ရှိတယ်လို့ ဆိုပါတယ်။

ခေါင်းဆောင်တွေ အနေနဲ့ သံခင်းတမန်ခင်း အသုံးအနှုံးတွေ ပြောကြဆိုကြတာ ဖြစ်တော့ သတင်းသမားတွေ လေ့လာသူတွေအနေနဲ့ ဒီ အထဲ က နှိုက်ထုတ် ယူရလေ့ရှိပါတယ်။

တရုတ် အစိုးရ ရေဒီယို မှ မကြာမီ က ဖွဲ့စည်းခဲ့သော ကော်မရှင်မှ နေ၍ "အကောင်းဆုံးအဖြေ' ရှာမှာ ဖြစ်ပြီး ဘာ လဲဆိုတာ မိမိ မသိနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ သတင်းထောက်များအား ပြောဆိုခဲ့တာကို ပြန်လည် အဓိပ္ပါယ် ဖွင့်ဆို ခဲ့ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ နဲ့ ပါတ်သက်ပြီး တရုတ် အစိုးရ အနေနဲ့ မိမိတို့ ကို အတတ်နိုင်ဆုံး အကူအညီပေးသွားမယ်ဆိုတာ အခိုင်အမာ ယုံကြည်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မီတီ ဥက္ကဌ Zhang Dejiang၊ နိုင်ငံတော်ကောင်စီဝင် Yang Jiechi တို့နဲ့ ပါ တွေ့ဆုံခဲ့ပါတယ်။

တရုတ် ကွန်မြူနစ်ပါတီ သတင်းစာ အာဘော်ကတော့ တရုတ် မှ မြန်မာ့သယံဇာတ များကို ခေါင်းပုံ ဖြတ်နေတယ်ဆိုတဲ့ ပြောဆိုနေမှုများသည် အနောက်တိုင်း မီဒီယာ များရဲ့ ကြိုးကိုင် ချယ်လှယ်မှုများကြောင့် ဖြစ်လာရသော မြန်မာ ပြည်သူများရဲ့ စိတ်လိုက်မန်ပါ ထင်မြင်ယူဆချက်များသာ ဖြစ်တယ်လို့ ရေးသားထားပြန်ပါတယ်။

တရုတ် ခေါင်းဆောင်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာပြည်ရဲ့ လက်ရှိ စစ်ဗိုလ်ချုပ်တွေထက် တရုတ် ပြည်အပေါ် သဘောထား ပိုပျော့ပြောင်းပုံ ရှိတယ်လို့ သုံးသပ်ခဲ့ကြကြောင်း ဘာတန် လစ်တနာက မှတ်ချက် ချခဲ့ပါတယ်။

၂၀၀၄ ခုနှစ်က မြန်မာတပ်မတော် သုတေသီ တဦးက စာမျက်နှာ ၃၆၄ ရွက်ရှိ လျို့ဝှက်စာတမ်း တစောင် တင်သွင်းခဲ့ရာမှာ တရုတ် အပေါ် သံတမန်ရေးအရရော၊ စီးပွားရေး အရပါ အလွန်အကျွံ မှီခိုနေမှုသည် နိုင်ငံ အတွက် အရေးပေါ် အခြေအနေ ဖြစ်လာပြီး လွတ်လပ်ရေးကို ခြိမ်းခြောက်လာသည့် အနေအထားကို ရောက်လာနေပြီဟု ဖေါ်ပြထားတာကို လည်း ဘာတန် လစ်တနာက ရည်ညွန်းခဲ့ပါတယ်။ အဆိုပါ စာတမ်းကို This Week in Asia မှာ မြင်တွေ့ခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ စာတမ်းက မြန်မာ အနေနဲ့ အနောက်အုပ်စု နဲ့ ဆက်ဆံရေး ပုံမှန် ပြန်လည် တည်ဆောက်ပြီး ပြည်တွင်းမှာ နိုင်ငံရေး လွတ်လပ်ခွင့်များ ပိုမို ပေး၍ အရပ်သား အစိုးရ ပုံစံ ဖြစ်အောင် ဖန်တီးသင့်ကြောင်း အကြံပြုခဲ့ပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းအရတော့ သမ္မတကြီး ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပီကင်း ခရီးစဉ် နောက်ပိုင်းမှာ အိန္ဒိယ ကို ချစ်ကြည်ရေး ခရီးသွားဖို့ရှိနေပြီး အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ သြဂုတ်လ ၂၂ ရက်မှာ နေပြည်တော်ကို ရောက်ဖို့ရှိနေပါတယ်။

HSW

Image Credit: South China Morning Post (HK)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။