မနေ့က၊ ဒီနေ့ နဲ့ မနက်ဖြန်
-------------------------- ----
“မနက်ဖြန်ရဲ့ မျော်လင့်ခြင်းက လှပပေမယ့် မနက်ဖြန်ရဲ့ လမ်းတွေတိုင်းက ဆူးခက်တွေနဲ့…”
လူ့ဘဝသက်တမ်း ဘယ်နှစ်ရက် ရှိသလဲ။ မတူတဲ့လူတွေမှာ မတူတဲ့အဖြေတွေ ရှိကြတယ်။
ကျွန်တော့် အဖြေက လူ့ဘဝတစ်လျှောက်မှာ ရက် (၃) ရက်ပဲ ရှိတယ်။ အဲ့ဒီရက်တွေက မနေ့က၊ ဒီနေ့နဲ့ မနက်ဖြန်ပဲ ဖြစ်တယ်။
ဒီ (၃) ရက်ကို သေချာအသုံးပြုတတ်ရင် ဘဝ တစ်သက်တာလုံး အဆင်ပြေ ကောင်းမွန်နေလိမ့်မယ်။
“မနေ့က” ဆိုတဲ့ ရက်တွေ ရှည်လျားလွန်းလှတယ်။
ရှည်လျားလွန်းလို့ ဘယ်နှစ်ရက် ရှိမှန်းတောင် မရေတွက်နိုင်ခဲ့ဘူး။ မရေတွက်နိုင်တဲ့ “မနေ့က” ပေါင်းများစွာက လူတစ်ရောက်ရဲ့ သမိုင်းကို ဖွဲ့စည်းပေးခဲ့တယ်။ ဒါပေမဲ့ “မနေ့က” ဘယ်နှစ်ရက်ပဲ ရှိခဲ့ရှိခဲ့၊ ဘယ်လောက်ပဲ ဒုက္ခခံခဲ့ရပါစေ၊ ဘယ်လောက်ပဲ ထူးကဲ ခမ်းနားခဲ့ပါစေ၊ ဒါတွေအားလုံးဟာ အတိတ်ကိုယ်စားပြုတာတွေ ဖြစ်သွားခဲ့ပြီး အနာဂါတ်ကို ကိုယ်စားမပြုနိုင်ပါဘူး။
ဥပမာ – မနေ့က ဆင်းရဲတဲ့ လူတစ်ယောက်ဟာ မနက်ဖြန်မှာ သူဌေးဖြစ်ချင် ဖြစ်သွားနိုင်တယ်။
မနေ့က သူဌေးတစ်ယောက်ဟာ မနက်ဖြန်မှာ သူတောင်းစား ဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က အလုပ်သမားတစ်ယောက်ဟာ မနက်ဖြန်မှာ ကုမ္မဏီပိုင်ရှင် ဖြစ်ချင်ဖြစ်သွားနိုင်တယ်။
လောကမှာ အမြဲတမ်း အောင်မြင်မှုဆိုတာ မရှိနိုင်သလို အမြဲတမ်း ရှုံးနိမ့်မှုဆိုတာလည်း မရှိဘူး။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုက သင့်တော်တဲ့ အခြေအနေမှာ လည်ပတ်ပြောင်းလည်းနိုင်တယ်။
ဒါကြောင့် မနေ့က ဖြစ်ခဲ့သမျှ ဆင်းရဲ ဒုက္ခအတွက် တွန့်ဆုတ်မနေသင့်သလို မနေ့က ရခဲ့တဲ့ ခမ်းနားထည်ဝါမှုအတွက် ဂုဏ်ယူဝင့်ကြွားနေဖို့ မလိုဘူး။ မနေ့က ဖြစ်ခဲ့တဲ့ ဆင်းရဲဒုက္ခနဲ့ ထည်ဝါမှုဟာ ဒီကနေ့ရဲ့ လှေကားထစ်လို့ မှတ်ယူပြီး သာယာလှပတဲ့ မနက်ဖြန်ကို အရောက်လှမ်းနိုင်မှာဖြစ်တယ် ။
”ဒီနေ့” ရဲ့ ရက်က တိုတောင်းလွန်းတယ်။
ကိုယ့်ခြေဖဝါးအောက်ကနေ တစ်စက္ကန့်ချင်း နောက်ပြန်ကျုံ့ဝင်နေတယ်။ ဒီိနေ့ဟာ မနေ့က ဆင်းရဲဒုက္ခရဲ့ အဆုံးနဲ့ မနက်ဖြန်ရဲ့ အောင်မြင်မှု စမှတ်ကို ဆင့်ကမ်းဆက်သွယ်ထားတဲ့ နေရာဖြစ်တယ်။ ဆက်သွယ်တာ ကောင်းလေ မနက်ဖြန်က ခမ်းနားထည်ဝါလေဖြစ်တယ်။
ဒါကြောင့် “ဒီနေ့” မှာ “မနေ့က” အဖြစ်အပျက်အတွက် လွမ်ဆွေးတမ်းတ၊ ပူဆွေးမနေသင့်ဘူး။ ပြီးခဲ့တာတွေ ပြီးခဲ့စေပြီး သုည ကနေ အသစ်တစ်ဖန် ပြန်စသင့်တယ်။ “ဒီနေ့” ရဲ့ လုပ်ဆောင်မှုဟာ ကိုယ်ရောစိတ်ပါ နစ်ဝင်နေမှ ကောင်းမွန်တဲ့ အသီးကို ခံစားရမှာဖြစ်တယ်။
ဒီနေ့အလုပ်ကို မနက်ဖြန်ထိ မရွှေ့ဘဲ ဒီနေ့ပြီးအောင် လုပ်သင့်တယ်။ တစ်ကယ်လို့ မနက်ဖြန်ကိုပဲ ရွှေ့နေခဲ့ရင် မနက်ဖြန်တွေက များလွန်းလှတယ်။ မနက်ဖြန်ရဲ့ မနက်ဖြန်တွေက လူ့ဘဝလမ်းဆုံးလည်း ဖြစ်နိုင်တယ်။ နောက်တော့ ဒီနေ့လုပ်သင့်တဲ့ အလုပ်က မနက်ဖြန်မှာ ပျောက်ပျက်သွားတာမျိုးလည်း ရှိနိုင်တယ်။
မနက်ဖြန် ဘယ်လောက် ရှည်လျားသလဲ။ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ခဲ့ပါဘူး။ မနက်ဖြန်က ခမ်းနားထည်ဝါမလား၊ ရှုံးနိမ့်ကျဆုံးမလား။ ဘယ်သူမှလည်း မသိနိုင်ခဲ့ပါဘူး။ မနက်ဖြန်က ကျွန်တော်တို့ကို အခွင့်အရေးတွေပေးသလို မနက်ဖြန်က ကျွန်တော်တို့ကို စိန်ခေါ်မှုတွေပေးတယ်။
မနက်ဖြန်ရဲ့ မျော်လင့်ခြင်းက လှပပေမယ့် မနက်ဖြန်ရဲ့ လမ်းတွေတိုင်းက ဆူးခက်တွေနဲ့ ညီညာမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုက နေရောင်ခြည်လင်းလက်ပြီး ပန်းပွင့်တဲ့ မနက်ဖြန်တိုင်းက ကြိုးစားရုန်းကန်သူတိုင်းကို ရင်ဖွင့်ကြိုဆိုနေမှာပါပဲ။
ဒါကြောင့် “မနေ့က” ရဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံကို အသုံးပြုပြီး “ဒီနေ့” ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ။ “မနက်ဖြန်” တိုင်းရဲ့ စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး လူ့ဘဝကို ကောင်းမွန်ပြည့်စုံတဲ့ အဆုံးသတ် ပုဒ်မနဲ့ အပြီးသတ်နိုင်ပါစေ။
နိုင်းနိုင်းစနေ (သတ္တိရှိတဲ့ မထမ ခြေလှမ်း စာအုပ်မှ)
ReShare by;
www.EntrepreneurSME.com
--------------------------
“မနက်ဖြန်ရဲ့ မျော်လင့်ခြင်းက လှပပေမယ့် မနက်ဖြန်ရဲ့ လမ်းတွေတိုင်းက ဆူးခက်တွေနဲ့…”
လူ့ဘဝသက်တမ်း ဘယ်နှစ်ရက် ရှိသလဲ။ မတူတဲ့လူတွေမှာ မတူတဲ့အဖြေတွေ ရှိကြတယ်။
ကျွန်တော့် အဖြေက လူ့ဘဝတစ်လျှောက်မှာ ရက် (၃) ရက်ပဲ ရှိတယ်။ အဲ့ဒီရက်တွေက မနေ့က၊ ဒီနေ့နဲ့ မနက်ဖြန်ပဲ ဖြစ်တယ်။
ဒီ (၃) ရက်ကို သေချာအသုံးပြုတတ်ရင် ဘဝ တစ်သက်တာလုံး အဆင်ပြေ ကောင်းမွန်နေလိမ့်မယ်။
“မနေ့က” ဆိုတဲ့ ရက်တွေ ရှည်လျားလွန်းလှတယ်။
ရှည်လျားလွန်းလို့ ဘယ်နှစ်ရက် ရှိမှန်းတောင် မရေတွက်နိုင်ခဲ့ဘူး။ မရေတွက်နိုင်တဲ့ “မနေ့က” ပေါင်းများစွာက လူတစ်ရောက်ရဲ့ သမိုင်းကို ဖွဲ့စည်းပေးခဲ့တယ်။ ဒါပေမဲ့ “မနေ့က” ဘယ်နှစ်ရက်ပဲ ရှိခဲ့ရှိခဲ့၊ ဘယ်လောက်ပဲ ဒုက္ခခံခဲ့ရပါစေ၊ ဘယ်လောက်ပဲ ထူးကဲ ခမ်းနားခဲ့ပါစေ၊ ဒါတွေအားလုံးဟာ အတိတ်ကိုယ်စားပြုတာတွေ ဖြစ်သွားခဲ့ပြီး အနာဂါတ်ကို ကိုယ်စားမပြုနိုင်ပါဘူး။
ဥပမာ – မနေ့က ဆင်းရဲတဲ့ လူတစ်ယောက်ဟာ မနက်ဖြန်မှာ သူဌေးဖြစ်ချင် ဖြစ်သွားနိုင်တယ်။
မနေ့က သူဌေးတစ်ယောက်ဟာ မနက်ဖြန်မှာ သူတောင်းစား ဖြစ်ချင်ဖြစ်သွားနိုင်တယ်။
မနေ့က အလုပ်သမားတစ်ယောက်ဟာ မနက်ဖြန်မှာ ကုမ္မဏီပိုင်ရှင် ဖြစ်ချင်ဖြစ်သွားနိုင်တယ်။
လောကမှာ အမြဲတမ်း အောင်မြင်မှုဆိုတာ မရှိနိုင်သလို အမြဲတမ်း ရှုံးနိမ့်မှုဆိုတာလည်း မရှိဘူး။ အောင်မြင်မှုနဲ့ ရှုံးနိမ့်မှုက သင့်တော်တဲ့ အခြေအနေမှာ လည်ပတ်ပြောင်းလည်းနိုင်တယ်။
ဒါကြောင့် မနေ့က ဖြစ်ခဲ့သမျှ ဆင်းရဲ ဒုက္ခအတွက် တွန့်ဆုတ်မနေသင့်သလို မနေ့က ရခဲ့တဲ့ ခမ်းနားထည်ဝါမှုအတွက် ဂုဏ်ယူဝင့်ကြွားနေဖို့ မလိုဘူး။ မနေ့က ဖြစ်ခဲ့တဲ့ ဆင်းရဲဒုက္ခနဲ့ ထည်ဝါမှုဟာ ဒီကနေ့ရဲ့ လှေကားထစ်လို့ မှတ်ယူပြီး သာယာလှပတဲ့ မနက်ဖြန်ကို အရောက်လှမ်းနိုင်မှာဖြစ်တယ်
”ဒီနေ့” ရဲ့ ရက်က တိုတောင်းလွန်းတယ်။
ကိုယ့်ခြေဖဝါးအောက်ကနေ တစ်စက္ကန့်ချင်း နောက်ပြန်ကျုံ့ဝင်နေတယ်။ ဒီိနေ့ဟာ မနေ့က ဆင်းရဲဒုက္ခရဲ့ အဆုံးနဲ့ မနက်ဖြန်ရဲ့ အောင်မြင်မှု စမှတ်ကို ဆင့်ကမ်းဆက်သွယ်ထားတဲ့ နေရာဖြစ်တယ်။ ဆက်သွယ်တာ ကောင်းလေ မနက်ဖြန်က ခမ်းနားထည်ဝါလေဖြစ်တယ်။
ဒါကြောင့် “ဒီနေ့” မှာ “မနေ့က” အဖြစ်အပျက်အတွက် လွမ်ဆွေးတမ်းတ၊ ပူဆွေးမနေသင့်ဘူး။ ပြီးခဲ့တာတွေ ပြီးခဲ့စေပြီး သုည ကနေ အသစ်တစ်ဖန် ပြန်စသင့်တယ်။ “ဒီနေ့” ရဲ့ လုပ်ဆောင်မှုဟာ ကိုယ်ရောစိတ်ပါ နစ်ဝင်နေမှ ကောင်းမွန်တဲ့ အသီးကို ခံစားရမှာဖြစ်တယ်။
ဒီနေ့အလုပ်ကို မနက်ဖြန်ထိ မရွှေ့ဘဲ ဒီနေ့ပြီးအောင် လုပ်သင့်တယ်။ တစ်ကယ်လို့ မနက်ဖြန်ကိုပဲ ရွှေ့နေခဲ့ရင် မနက်ဖြန်တွေက များလွန်းလှတယ်။ မနက်ဖြန်ရဲ့ မနက်ဖြန်တွေက လူ့ဘဝလမ်းဆုံးလည်း ဖြစ်နိုင်တယ်။ နောက်တော့ ဒီနေ့လုပ်သင့်တဲ့ အလုပ်က မနက်ဖြန်မှာ ပျောက်ပျက်သွားတာမျိုးလည်း ရှိနိုင်တယ်။
မနက်ဖြန် ဘယ်လောက် ရှည်လျားသလဲ။ ဘယ်သူမှ ရေရေရာရာ မပြောနိုင်ခဲ့ပါဘူး။ မနက်ဖြန်က ခမ်းနားထည်ဝါမလား၊ ရှုံးနိမ့်ကျဆုံးမလား။ ဘယ်သူမှလည်း မသိနိုင်ခဲ့ပါဘူး။ မနက်ဖြန်က ကျွန်တော်တို့ကို အခွင့်အရေးတွေပေးသလို မနက်ဖြန်က ကျွန်တော်တို့ကို စိန်ခေါ်မှုတွေပေးတယ်။
မနက်ဖြန်ရဲ့ မျော်လင့်ခြင်းက လှပပေမယ့် မနက်ဖြန်ရဲ့ လမ်းတွေတိုင်းက ဆူးခက်တွေနဲ့ ညီညာမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတစ်ခုက နေရောင်ခြည်လင်းလက်ပြီး ပန်းပွင့်တဲ့ မနက်ဖြန်တိုင်းက ကြိုးစားရုန်းကန်သူတိုင်းကိ
ဒါကြောင့် “မနေ့က” ရဲ့ သင်ခန်းစာနဲ့ အတွေ့အကြုံကို အသုံးပြုပြီး “ဒီနေ့” ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ပါစေ။ “မနက်ဖြန်” တိုင်းရဲ့ စိန်ခေါ်မှုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီး လူ့ဘဝကို ကောင်းမွန်ပြည့်စုံတဲ့ အဆုံးသတ် ပုဒ်မနဲ့ အပြီးသတ်နိုင်ပါစေ။
နိုင်းနိုင်းစနေ (သတ္တိရှိတဲ့ မထမ ခြေလှမ်း စာအုပ်မှ)
ReShare by;
www.EntrepreneurSME.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။