(၁)
ကိုယ့်ထီးနဲ့ကိုယ့်နန်းနဲ့
ကိုယ့်ဘာသာနဲ့ကိုယ့်သာသနာနဲ့
ဓလေ့ထုံးတမ်းအစဉ်အလာ
ရောင်းဝယ်ဖောက်ကား
မနေမနား . . အလုပ်လုပ်ကြတဲ့ မြေ
သာသနာပြောင်ဝင်း
ထိန်လင်း ရောင်ဝါ
မြတ်သံဃာနှင့် ဓမ္မရေအေး
တိုက်ကျွေးအခါအခါ
တို့ မြန်မာ . .
(၂)
တို့ပြည်မှာ ဓမ္မသာ ဆေးတစ်လက်
တို့ပြည်မှာ မြတ်ဘုရားသာ ဦးထိပ်ပူဇော်လျှက်
ထမင်းရေချောင်းစီး မောင်းတီးပြီးလှူ
ကျေးတောရွာဓလေ့မှန်
ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဍန်
၇ ရက်သားသမီး ဘေးကင်းကြစေရန်
အပြန်အပြန်အလှန်လှန်တောင်းဆုပြု
ဂရုဏာတရားတွေစုတဲ့ မြန်ပြည်
သာသနာတော်ကြုံခိုက်မလိုက်ချင်လျှင်
အမိုက်နင့်ပြင်ရှိသေးလေလိမ့်လား
(၃)
သွေးတစ်စက်ချင်းစီပေါင်းစု
နှောင်းလူတို့ သိစေဖို့
မြန်မာဆိုတာ . . .
အပူအပင်ကင်းတဲ့ သင်္ကေတ
ရောင့်ရဲတင်းတိမ်တတ်ခြင်းသင်္ကေတ
ခွင့်လွှတ်သည်းခံတတ်ခြင်းသင်္ကေတ
နားလည်စာနာတတ်ခြင်းသင်္ကေတ
ဘယ်သူ့ကိုမှမစော်ကား
ဘယ်သူ့ကိုမှ မလောင်မြိုက်
ကိုယ်တိုင်က အလိုက်အထိုက်နေတတ်တဲ့သူတွေ
တို့ပြည်မှာ တို့လူမျိုးနဲ့
ုတို့ပြည်မှာ တို့ဓလေ့နဲ့
တို့အမျိုးကို တို့ကာကွယ်
တို့တိုင်းပြည်ကို တို့ ဆီးတား
အဖျက်သမားများ မ၀င်ရ
ဒါက . . သာသနာ့နယ်မြေ
(၄)
ကမ္ဘာမကြေ . . မြန်မာပြည်
ဒါတို့ပြည် ဒါတို့မြေ . . တို့ပိုင်တဲ့မြေ
သံပြိုင်ဟစ်ကြွေး တဲ့ သံစဉ်
ကြည်လင်အေးမြ
လှပသော . . သံယံဇာတတွေနဲ့မြေ
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ...
တို့ပြည်..တို့မြေ
အများသူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှ
ဝါဒဖြူစင်တဲ့ပြေ . . တို့ပြည်တို့မြေ
ပြည်ထောင်စုအမွေ
အမြဲတည်တံ့ပါစေ . .မြန်မာပြည်
(၅)
အဖိုးအဖွားတွေပေးခဲ့တဲ့အမွေ
နောင်လာနောက်သားတို့ ထိမ်းသိမ်းကြမလေ
အေးချမ်းမှုနဲ့ သာယာဖွံ့ဖြိုး
သာသနာရောင်ဝါ ထွန်းပြောင်တဲ့မြေ
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ ။
သက်တန့်ချို
30 March 2013
ထိန်လင်း ရောင်ဝါ
မြတ်သံဃာနှင့် ဓမ္မရေအေး
တိုက်ကျွေးအခါအခါ
တို့ မြန်မာ . .
(၂)
တို့ပြည်မှာ ဓမ္မသာ ဆေးတစ်လက်
တို့ပြည်မှာ မြတ်ဘုရားသာ ဦးထိပ်ပူဇော်လျှက်
ထမင်းရေချောင်းစီး မောင်းတီးပြီးလှူ
ကျေးတောရွာဓလေ့မှန်
ဝက်သားတုံးကြီးလက်သီးဆုပ်သဏ္ဍန်
၇ ရက်သားသမီး ဘေးကင်းကြစေရန်
အပြန်အပြန်အလှန်လှန်တောင်းဆုပြု
ဂရုဏာတရားတွေစုတဲ့ မြန်ပြည်
သာသနာတော်ကြုံခိုက်မလိုက်ချင်လှ
အမိုက်နင့်ပြင်ရှိသေးလေလိမ့်လား
(၃)
သွေးတစ်စက်ချင်းစီပေါင်းစု
နှောင်းလူတို့ သိစေဖို့
မြန်မာဆိုတာ . . .
အပူအပင်ကင်းတဲ့ သင်္ကေတ
ရောင့်ရဲတင်းတိမ်တတ်ခြင်းသင်္ကေတ
ခွင့်လွှတ်သည်းခံတတ်ခြင်းသင်္ကေတ
နားလည်စာနာတတ်ခြင်းသင်္ကေတ
ဘယ်သူ့ကိုမှမစော်ကား
ဘယ်သူ့ကိုမှ မလောင်မြိုက်
ကိုယ်တိုင်က အလိုက်အထိုက်နေတတ်တဲ့သူတွေ
တို့ပြည်မှာ တို့လူမျိုးနဲ့
ုတို့ပြည်မှာ တို့ဓလေ့နဲ့
တို့အမျိုးကို တို့ကာကွယ်
တို့တိုင်းပြည်ကို တို့ ဆီးတား
အဖျက်သမားများ မ၀င်ရ
ဒါက . . သာသနာ့နယ်မြေ
(၄)
ကမ္ဘာမကြေ . . မြန်မာပြည်
ဒါတို့ပြည် ဒါတို့မြေ . . တို့ပိုင်တဲ့မြေ
သံပြိုင်ဟစ်ကြွေး တဲ့ သံစဉ်
ကြည်လင်အေးမြ
လှပသော . . သံယံဇာတတွေနဲ့မြေ
တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ...
တို့ပြည်..တို့မြေ
အများသူခပ်သိမ်းငြိမ်းချမ်းစေဖ
ဝါဒဖြူစင်တဲ့ပြေ . . တို့ပြည်တို့မြေ
ပြည်ထောင်စုအမွေ
အမြဲတည်တံ့ပါစေ . .မြန်မာပြည်
(၅)
အဖိုးအဖွားတွေပေးခဲ့တဲ့အမွေ
နောင်လာနောက်သားတို့ ထိမ်းသိမ်းကြမလေ
အေးချမ်းမှုနဲ့ သာယာဖွံ့ဖြိုး
သာသနာရောင်ဝါ ထွန်းပြောင်တဲ့မြေ
ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ ။
သက်တန့်ချို
30 March 2013
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။