နာဇီ သင်္ကေတနဲ့ မြန်မာပြည်
by Kyi Thar (Notes) on Wednesday, January 9, 2013 at 6:31am
ကျွန်တော်တို့ဆီမှာ နာဇီအထိမ်းအမှတ်နဲ့ ပတ်သက်တဲ့ သင်္ကေတကို
နေရာတော်တော်များမှာ တွေ့ရပါတယ်။ တီရှပ်၊ ဆိုင်ကယ် ဦးထုတ်
စသည်ဖြင့် ပေါ့လေ။ ဖြစ်ချင်တော့ လူကြိုက်များတဲ့ IC အဖွဲ့ရဲ့ သင်္ကေတ
ကလဲ ဂျာမနီမှာ ခေတ်အဆက်ဆက် စစ်တပ်ရဲ့ သင်္ကေတအဖြစ်ရော သူရဲကောင်းကိုတွေကိုပေးတဲ့ အမြင့်ဆုံးဆုတံဆိပ် အဖြစ်နဲ့ရော သုံးခဲ့တဲ့ Iron Cross ပုံပဲ။ ဒီနာဇီတံဆိပ်ပါတဲ့ အ၀တ်အစား၊ ပစ္စည်း အသုံးအဆာင်
တွေကို သုံးတဲ့သူတွေက နာဇီဝါဒအကြောင်း နားလည် လက်ခံလို့လား
ဆိုတော့ ဒီလိုတော့လည်း ဟုတ်မယ်မထင်ဘူး။ ဒီလို ၀တ်ဆင်သုံးစွဲကြတဲ့ လူငယ် ၁၀၀မှာ ၉၀ လောက်က နည်းနည်းပါးပါး ကြားဖူးရုံသာရှိမယ်၊ သမိုင်းတစ်လျှောက်မှာဖြစ်ခဲ့တဲ့ နာဇီဝဒါကြောင့်ဖြစ်ခဲ့ရတဲ့ အိပ်မက်ဆိုးကြီး အကြောင်းကိုလည်း သေချာသိကြမယ် မထင်ဘူး။ အများစုကတော့
ဒီ ဒီဇိုင်း 'မိုက်တယ်' ဆိုတာလောက်ပဲ စဉ်းစားမိကြပုံပေါ်ပါတယ်။
သို့ပေမဲ့ နိုင်ငံတကာကတော့ ဒီလိုမထင်လှဘူးဆိုတာ အသံတွေ ထွက်
လာပါတယ်။ ကယ်လီဖိုးနီယားအခြေစိုက် ထင်ရှားတဲ့ နာဇီဝါဒဆန့်ကျင်ရေး
နဲ့ ဂျူးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဆိုင်မွန်-၀ိုင်ဆင်သော် စင်တာ က ရက်ဘိုင် အဘရာဟမ် ကူးပါ (ရက်ဘိုင်ဆိုတာ ဂျူးဘာသာရေးဆရာ/ဘုန်းကြီး
ဖြစ်ပါတယ်) က မြန်မာပြည်မှာ နာဇီဝါဒရဲ့ သင်္ကေတတွေ ပွားများ
လာတာကို စိုးရိမ်မိတယ်လို့ ဆိုလာပါတယ်။
"ကျွန်တော်တို့ အခုထင်တာကတော့ သေချာမသိတာသက်သက်ပဲ၊ အမုန်းတရားကြောင့် မဟုတ်ဘူးလို့ပါပဲ။ ဒါပေမဲ့ ဂျူးလူမျိုးတွေကို နှိပ်ကွပ်၏
ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ သင်္ကေတ ကမ္ဘာပေါ်က ဘယ်နေရာမှာမှာ ဖက်ရှင်လိုဖြစ်လာတာကို မမြင်ချင်လှပါဘူး"
ကူးပါးက နာဇီသင်္ကေတတွေဟာ ဂျူးလူမျိုးတွေကို ခွဲခြားဆက်ဆံဖိနှိပ်မှု
ပြဿနာတွေ တစ်ခါကမှ မရှိခဲ့ဘူးတဲ့ နိုင်ငံတွေ အပါအ၀င် အာရှဒေသ
တစ်ခုလုံးမှာ လူကြိုက်များလာနေတာကို ၀ိုင်စင်သော် စင်တာအနေနဲ့ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။
အမေရိကန် သမိုင်းပညာရှင် ရိုဇာလီ မက်ထရိုဟာ သူ့ရဲ့ PhD စာတမ်းကို
မြန်မာနိုင်ငံမှာ သမိုင်းသင်ကြားမှု စနစ်အကြောင်းကို ရေးသားခဲ့တာဖြစ်
ပါတယ်။ သူက မြန်မာပြည်မှာ များသောအားဖြင့် ဟစ်တလာကို အကောင်းမြင်ကြတယ်လို့ ဆိုပါတယ်။ "ကျွန်မ တက္ကဆီသမားတစ်ချို့ကို သမိုင်းအကြောင်းမေးဘူးတယ်၊ သူတို့က ဟစ်တလာက ခေါင်းဆောင်
ကောင်းလို့ ပြောကြတယ်၊ လူတွေ အဲဒီလိုမျိုး တစ်ခါတစ်ရံ ပြောကြတယ်၊" လို့ပြောပါတယ်။ နောက်မြန်မာလို ဖတ်တတ်တဲ့ ရိုဇာလီက မြန်မာသမိုင်း
စာအုပ်တွေထဲက အကြောင်းတွေ အတိုချုပ်ပြောပါတယ် "သူတို့က ပထမကမ္ဘာစစ်အပြီး ဗာဆေးစာချုပ်အကြောင်း ပြောကြတယ်၊ နောက်
အဲဒီတုံးက ဂျာမနီမှာ တော်တော် အခြေအနေဆိုးတယ်၊ ဟစ်တလာက ထက်မြက်၊ စိတ်ဓါတ်ခိုင်မာတဲ့ ခေါင်းဆောင်ဖြစ်တယ်၊ နောက်ဂျာမန်တွေ
က စီးပွားရေးကို ထိန်းချုပ်ထားတဲ့ ဂျူးတွေဟာ သူတို့ဖြစ်နေတဲ့ ပြဿနာ
တွေအတွက် တာဝန်ရှိတယ်လို့ ယူဆကြတယ်ဆိုတာမျိုးတွေ ပါတယ်၊ ထူးဆန်းတာက သူတို့တွေမှားတယ် ဆိုတာမျိုး မပြောပါဘူး၊ ဂျူးတွေကို လူမျိုးတုံး သတ်ဖြတ်မှုအကြောင်း မပါပါဘူး"။ ဒီလိုမျိုးရေးတာတွေက အင်္ဂလိပ်နဲ့ ဂျပန်တွေကို "မြန်မာပြည်ရဲ့ အသက်သွေးကို စုပ်ယူသူတွေ" အဖြစ်နဲ့ ပုံဖေါ်ရေးသားထားတွေ နဲ့တော့ တော်တော်လေး
ဆန့်ကျင်ဘက်လို ဖြစ်နေပါတယ်။
စိုင်မွန်ဝိုင်ဆင်သော် စင်တာအနေနဲ့ အာရှမှာ နာဇီဝါဒသင်္ကေတတွေ လူကြိုက်များ/လူသိများလာတာတွေနဲ့ ပတ်သက်လို့ တန်ပြန်ဖို့အတွက် လူမျိုးတုံးသတ်ဖြတ်မှုကြီးအကြောင်း ပြပွဲ၊ ပြခန်းတွေ အာရှဖက်မှာ လုပ်ဖို့ စီစဉ်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ တစ်ခုလုပ်ပြီး သွားပါပြီ။ ဘန်ကောက်မှာ
ရှေ့လထဲမှာ တစ်ခုဖွင့်ဖို့ရှိပါတယ်။ မြန်မာနိုင်ငံမှာ လာလုပ်ဖို့လဲ စိတ်ဝင်စား
တယ်လို့ ပြော်ပါတယ်။ နောက်မြန်မာနိုင်ငံထဲကို အဲလိုနာဇီသင်္ကေတပါတဲ့ အ၀တ်အစား အသုံးအဆာင်ဝယ်လာတဲ့ လမ်းကြောင်းကိုလဲ စုံးစမ်းဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
အပြည့်အစုံကို အောက်ကလင့်မှာ ဆက်ဖတ်နိုင်ပါတယ်။ ကိုယ်မသိလိုက် မသိဖာသာ (ဒါမှ မဟုတ်လဲ ဘုမသိဘမသိ ဖြစ်ချင်ဖြစ်မယ်)
နေထိုင်လုပ်ကိုင်၊ ၀တ်စားဆင်ယင်တာရဲ့ နောက်ကွယ်မှာ အခြား
ဘာ အဓိပ္ပါယ်ရှိသလဲ ဆင်ခြင်သင့်ကြတယ်ထင်လို့ ရှယ်ပါတယ်။
http://www.atimes.com/atimes/Southeast_Asia/OA10Ae01.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။