တွင်းထဲကဖားတစ်ကောင်လို တွင်းဝကမိုးကောင်းကင်ကိုပဲ ကိုယ်တွေ့နေခဲ့ပြီလား?
ဒီကောင်းကင် နေထွက်တာနဲ့ တစ်လောကလုံး လင်းသွားပြီထင်ပြီး မိုးရွာတာနဲ့ တစ်လောကလုံး မှောင်မိုက်သွားပြီလို့ ကိုယ်ထင်နေသလား?
တကယ်တော့ တွင်းဝပတ်လည်ကိုပဲ ကိုယ့်ရဲ့တစ်လောကလို့ထင်ပြီး တွင်းဝလောက်ပဲကျယ်တဲ့ကောင်းကင်က
ဒါမှမဟုတ် တွင်းဝရဲ့ကောင်းကင်အပြင် ဒီ့ထက်ပိုကြီးတဲ့ ကောင်းကင်ကြီးမရှိတော့ဘူးလို့ ကိုယ်ထင်နေလို့လည်းဖြစ်တယ်။
ဒီလိုအဖြစ်မျိုး ကိုယ်ကြုံရတဲ့အခါ ကိုယ်ဟာ တွင်းထဲကဖားတစ်ကောင်အဖြစ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့တယ်။ စွတ်စိုမှောင်မိုက်တဲ့ တွင်းအောက်ထဲမှာနေပြီး ကိုယ့်ရဲ့နာကျင်မှုကိုပဲ ကိုယ်တွေ့ခဲ့တယ်။ ဒီလိုအချိန်မျိုးမှာ တွင်းပေါ်ကို အားယူခုန်တက်ပြီး နာကျင်မှုထဲကနေ လွတ်အောင်ရုန်းထွက်နိုင်ရတယ်။ နာကျင်မှုထဲကနေ (တွင်းအောက်ကနေ) ရုန်းထွ...က်နိုင်ခဲ့ရင် နေရောင်ခြည်ဖြန့်ကျက်ထားတဲ့ မိုးကောင်းကင်ကြီးက တွင်းဝကမိုးကောင်းကင်ထက် ကြီးမားကျယ်ပြန့်ကြောင်း ကိုယ်ရှာဖွေတွေ့ရှိမိပါလိမ့်မယ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။