နှစ်ဖက်လှ ဆရာကြီး ဦးကျော်လွင်ကို ဟံသာဝတီခရိုင် ကျောက်တန်းမြို့နယ်၊ ပါဒ ညောင်ဝိုင်း နှစ်ရွာကြား ရှိ ကိုယ်ပိုင်ခြံ( ဝေဠုဝန်ဝါးတော) ၌ ၁၂၉၂ ခု တပို့တွဲ လပြည်ကျော် ၁ ရက် ၇-၂-၃၁ တနင်္လာနေ့တွင် အဖဦးထွန်းကျော် အမိဒေါ်စောပွင့် တို့မှ မွေးဖွားသည်။ အသက် ၂၅ နှစ်အရွယ် တွင် သံဃာ့လောက၌ ထိန်တန်းစာမေးပွဲများဖြစ်သည့် သကျသီဟဓမ္မာစ၇ိယ၊ စေတိယင်္ဂဏဓမ္မစရိယ ၊ သာသနဓဇပ၀ရဓမ္မာစရိယ( အစိုးရ ဂုဏ်ထူးဆောင် ဓမ္မာစရိယ) တို့ကို ဆွတ်ခူးနိုင်ခဲ့သည်။
ရဟန်းသိက္ခာ ၈ ၀ါ အရတွင် ရန်ကုန်မြို့၊ စန်းချောင်းမြို့နယ် ဥယာဉ်ကျောင်းတိုက်၊ ဂန္ဒာရုံကျောင်း၌ ကျောင်းထိုင်ရင်းစာချရင်း တရားဟောရင်း သာသနာပြုခဲ့သည်။ အသက် ၃၄ တွင်လူဝတ်လဲ၍ ဗဟန်းမြို့နယ် စက်မှုလက်မှုအထက်တန်းကျောင်း၌ ကျောင်းဆရာ အဖြစ် တာဝန်ထမ်းခဲ့သည်။
သာသနာရေးဦးစီးဋ္ဌါန၌ လက်ထောက်ညွှန်ကြားရေးမှုး အဖြစ်တာဝန်ထမ်းရင်း မဟာဝိဇ္ဖာ ( MA) နှင့် အထက်တန်းရှေ့နေ HGP အောင်မြင်ခဲ့သည်။ ၉.၅.၉၁ ...တွင် သာသနာတော်ထွန်းကား ပြန့်ကွားရေးဦးစီးဋ္ဌါန အသစ်၌ ညွှန်ကြားရေးမှုးချုပ်အဖြစ်တာဝန်ထ
ပထမပြန်နှင့် ဓမ္မာစရိယစာမေးပွဲ စာအောင်ဆု( ၆ ) ဆ တိုးမြှင့်လှုဒါန်းရန်၊ တိပိဋကနှင့် တောင်တန်းသာသနာပြုထောက်ပံ့ငွေ အဂ္ဂမဟာပဏ္ဍိတလှုဒါန်းငွေများ တိုးမြှင့်လှုဒါန်းရန် တင်ပြလျှောက်ထားရာ အောင်မြင်စွာ တိုးမြှင့်လှုဒါန်းနိုင်ခဲ့သည်။
မြေဧက ၁၆၇ ကျယ်သော ကမ္ဘာအေးသာသနာရေး ဋ္ဌါနကြီးတစ်ခုလုံး သာသနာ့မြေဖြစ်အောင် ဆောင်ရွက်ခဲ့သည်။
ကျမ်းစာအုတ်ပေါင်း ၃၇ ကျမ်းရေးသားပြုစုခဲ့သည်။ ယခု “ မြန်မာတွေ ကျားဖြစ်ဖို့လိုပြီ” စာအုတ်သည် ဆရာကြီးဦးကျော်လွင် အသက် ၆၈ နှစ်အရွယ် ပဲနွယ်ကုန်းမြို့ မဟာစည်သာသနာ့ရိပ်သာ ဗုဒ္ဓစာပေဟောပြောပွဲ၌ ဟောပြောထားသော အကြောင်းများကို စုစည်းထားသော စာအုပ်ဖြစ်သည်။
မြန်မာပြည်အနယ်နယ် အရပ်ရပ်တွင် စာပေဟောပြောပွဲများ ဘာသာရေးဆွေးနွေးပွဲများ အပြင် နိုင်ငံတကာဘာသာရေး အခမ်းအနားများသို့ မြန်မာနိုင်ငံကိုယ်စား တက်ရောက်ဆောင်ရွက်ခဲ့သည်။ ဆရာကြီးဦးကျော်လွင်သည် ၁.၈.၂၀၀၂ တွင် ကွာ်လွန်ခဲ့သည်။
“ မြန်မာတွေကျားဖြစ်ဖို့ လိုပြီ” စာအုပ်သည် ဆရာကြီး၏ နောက်ဆုံးလက်ရာ အဖြစ်ကျန်ရှိနေမည်ဖြစ်ပြီး ဤစာအုတ်ကို ဖတ်ရှုရသူတိုင်း ဆရာကြီး၏ မျိုးချစ်စိတ်ဓါတ်၊ သာသနာချစ်စိတ်ဓါတ်ကို အံ့သြလောက်အောင် ချီးကျူးဂုဏ်ယူရမည် ဖြစ်သည်။ ဆရာကြီးသည် သာသနာ့ဝန်ထမ်းများကို အားမလိုအားမရ၍ အမျိုးဘာသာ သာသနာ အန္တရာ ယ်ကျရောက်နေပါလျက် ကြောင့်ကြမဲ့နေသော ဘာသာရေးခေါင်းဆောင်များကို အားမလို အားမရဖြစ်၍ စိတ်လိုက်မာန်ပါ ဆက်ဆံမိသောကြောင့် “မာနကြီးသည်” ဟု ထင်မှတ်ခံရသည်။ တကယ်တော့ ဆရာကြီးသည် မာနကြီးလောက်အောင် ထူးချွန်သူ မာနကြီးလောက်အောင် အလုပ်လုပ်သူ ဖြစ်သည်။
အခုနေများ ဆရာကြီး သက်ရှိထင်ရှားရှိနေသေးရင် သူတီထွင်ခဲ့တဲ့ ၉၆၉ ရဲ့ အောင်မြင်မှုနဲ့ ဆရာတော်များ မျိုးချစ်စိတ်ရှိသူ လူငယ်လူရွယ်များ ကြိုးစားမှုကြောင့် မြန်မာတစ်နိုင်ငံလုံး အမျိုးဘာသာ သာသနာကို ချစ်ခင်စိတ် ပြန်လည်နိုးကြားလာပြီ ဆိုတာ ကြည့်ရင်း ပီတိဖြစ်နေမယ် ထင်ပါတယ်။
ဒီစာအုတ်လေးကို ရရှိထားတာ ၁၀ နှစ်ကျော်ပါပြီ ။ စာအုတ်ပါ အကြောင်းအရာများကို ဖော်ပြသွားပါမယ်။.......တဲ.။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။