ထူးဆန်းထွေလာ
_ဂျနီဗာ ၊ ဆွစ်ဇာလန်က အရောင်မတူမြစ်ဆုံ__
ဒီပုံမှာ တွေ့ တဲ့ မြစ်နှစ်သွယ် ဆုံတဲ့ နေရာမှာ
မြစ်တစ်ခုနဲ့ တစ်ခု အရောင်မတူတာကိုတွေ့ ရပါမယ်။
တစ်ဖက်က ရေအစိမ်းရောင်ဖြစ်ပြီး၊တစ်ဖက်ကေ တာ့ ရွံ့ ရောင်ဖြစ်နေပါတယ်။
ဘယ်ဘက်ကရေကြည်နေတဲ့  မြစ်နာမည်က Rhone လို့ ခေါ်ပြီး
ညာဘက်ကရွံ့ ရောင်ထနေတဲ့  မြစ်နာမည်က Arve လို့ ခေါ်ပါတယ်။
...
_ဂျနီဗာ ၊ ဆွစ်ဇာလန်က အရောင်မတူမြစ်ဆုံ__
ဒီပုံမှာ တွေ့ တဲ့ မြစ်နှစ်သွယ် ဆုံတဲ့ နေရာမှာ
မြစ်တစ်ခုနဲ့ တစ်ခု အရောင်မတူတာကိုတွေ့ ရပါမယ်။
တစ်ဖက်က ရေအစိမ်းရောင်ဖြစ်ပြီး၊တစ်ဖက်ကေ
ဘယ်ဘက်ကရေကြည်နေတဲ့  မြစ်နာမည်က Rhone လို့ ခေါ်ပြီး
ညာဘက်ကရွံ့ ရောင်ထနေတဲ့  မြစ်နာမည်က Arve လို့ ခေါ်ပါတယ်။
...
Arve မြစ်ဟာ နူန်းတွေ နဲ့ ပြည့်နေပြီး ကီလိုမီတာ ၁၀၀ ခန့် ဝေးတဲ့ 
နေရာမှ စီးဆင်လာတဲ့ အတွက် ရွံ့ ရောင်ဖြစ်နေတာပါ။
Rhone မြစ်ကတော့ Leman ဆိုတဲ့ ရေကန်ကြီးမှ စီးဆင်းလာတာဖြစ်ပြီး
ကန်ရေဖြစ်တဲ့ အတွက် စိမ်းစိုနေပါတယ်။
ဒီမြစ်နှစ်ခု တစ်ခုနဲ့ တစ်ခု ရောနှောခြင်းမရှိရတဲ့ အကြောင်းအရင်းကတော့
အများသတ်မှတ်ချက်အရ နှစ်ခုပဲရှိပါတယ်။
မြစ်နှစ်ခုဆုံတဲ့ နေရာရဲ့ အောက်မှာ ရေအောက်နံရံကြီး ရှိနေတဲ့ အတွက်
ရောနှောခြင်းမဖြစ်တာလို့ ပြောကြတာရယ် ၊
Arve မြစ်ဟာ Rhone ထက် ပိုပြီး အေးတဲ့ အတွက် ရေထုဟာ ချက်ချင်း အနယ်မကျတာရယ် (ဥပမာ အရ အေးတဲ့ ရေဟာ ပူတဲ့ရေထက် ထုထည်များတယ် သိပ်သည်းဆများတယ် ) ဒါကြောင့် မရောနှောတာလို့ 
ဆိုနိုင်ပါတယ်။
ကျနော်ကိုယ်တိုင် Google Earth မှာ ပုံအတိုင်း နာမည်နဲ့ ရှာကြည့်တော့
မြစ်နှစ်မြစ်ဟာ အစပိုင်းမှာသာ မပေါင်းစည်းပဲ နောက်မြစ်တစ်ခုထဲ
ဖြစ်သွားတဲ့ အခါပေါင်းဆည်းသွားတာတွေ့ ရပါတယ်။
မြစ်နှစ်ခု အစစ်အမှန်ဆိုတာတော့ သေချာပါတယ်။
မည်သို့ ပင်ဆိုစေ.. အထူးအဆန်းနဲ့ အမြင်တစ်မျိုးဖြစ်စေပြီး..
လှပတဲ့ ရှုခင်းတစ်ခု ဖြစ်နေတာတော့ အသေအချာပါပဲ။
Post Credit @ Lynn Ta Zaung<>လင်းတန်ဆောင်
ထူးဆန်းထွေလာများ

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။