သုခတိုင်းပြည်ကြီးထဲက အစွန်းရောက် စစ်သွေးကြွ မဟာဗမာကြီးတွေ
ဖတ်ဖို့သင့်လွန်းတဲ့ ဆရာ မြသန်းတင့် ရဲ့ စာတစ်ပုဒ်
သုခမြို့တော်ထဲက စိတ်သတ္တိ
ဆရာဘာာသာပြန်တဲ့ 'သုခမြို့တော်' စာအုပ်ဟာ စိတ်သတ္တိ ပွားများစေဖို့အားကောင်းကော
ဟုတ်ပါတယ်။ 'သုခမြို့တော်' ကို ဖတ်ပြီး အားတက်ရတယ်။ ဒီဝတ္ထုကို ဘာသာပြန်ပြီး စာအုပ်အဖြစ်ထွက်လာတော့ တွေ့ရကြားရတဲ့ အဖြစ်အပျက်ကလေးတွေကို ကျွန်တော်ပြောချင်ပါတယ်။ ဒီစာအုပ် ထွက်လာတော့ လူတော်တော်များများက အစကလေးတင်ဖတ်ပြီး 'ဟင် ... စာအုပ်က စိတ်ညစ်စရာကြီး'ဆိုပြီး ဆက်မဖတ်ချင်ကြဘူး။ ဒီလို ဆင်းရဲတာ၊ ငတ်ပြတ်တာ၊ အောက်ကျနောက်ကျ ဖြစ်တာတွေကို ရေးတာ ရိုးနေပါပြီ။ ဖတ်လည်း ဖတ်ဖူးပြီ။ မြင်လည်း မြင်ဖူးပြီ။ ဒီစာအုပ်ကို ဖတ်ရင် စိတ်ညစ်ရမှာပဲလို့ ထင်ခဲ့ကြတယ်။ ကောင်မလေးတစ်ယောက်ကဆိုရင် ကျွန်မတို့ စိတ်ညစ်စရာတို့၊ ဘဝသရုပ်ဖော်တို့ဆိုတာ ဘယ်တော့မှ မဖတ်ခဲ့ဘူး။ ဒါပေမဲ့ ဒီစာအုပ်ဖတ်လိုက်တာ စိတ်ညစ်စရာတွေ စိတ်သက်သာရာ ရသွားတယ်လို့ ပြောပါတယ်။
ကျွန်တော်လည်း ဒီအတိုင်းပါပဲ။ ဆင်းရဲတာ၊ ငတ်ပြတ်တာ၊ အောက်ကျ
နောက်ကျဖြစ်တာ ကျွန်တော်တို့လည်း ဖတ်ခဲ့ဖူးလှပြီ။ ရေးခဲ့ဖူးလှပြီ။ ကြားခဲ့ဖူးလှပြီ။ ဒါပေမဲ့ ဒီအထဲက စိတ်ညစ်စရာမျိုး၊ ဆင်းရဲတာမျိုး၊
အောက်ကျနောက်ကျဖြစ်တာမျိုးက
ဟုတ်ပါတယ်။ အဲဒီအထဲက ဟာစရီပါးဟာ သွေးကိုဖောက်ပြီး ရောင်းရတယ်
ဆိုတာမျိုးလောက်ကတော့ ကျွန်တော်တို့ ကြားဖူးတယ်။ ရေးလည်း ရေးဖူး
တယ်။ ဒပ်ဖရင်ဆေးရုံ (အမျိုးသမီးဆေးရုံ) နားမှာ သွေးဖောက်ရောင်းတဲ့ ဆိုက်ကားသမားတွေ ဟိုတုန်းကရှိခဲ့ဖူးတယ်။ဒီအေ
ကြဖူးတယ်။ ဒါလောက်ပဲ ကြားဖူးမြင်ဖူးတယ်။ဒါပေမဲ့ မသေခင်ကတည်းက အရိုးကိုရောင်းတာမျိုး၊သန္ဓေ
"သုခမြို့တော်" ကို ဖတ်ကြည့်လိုက်တော့ ပထမရလိုက်တဲ့ခံစားချက်က
ကြောက်စရာ၊အံ့ဩစရာ၊စိတ်ညစ်စ
အောက်တန်းကျကျ၊ ဘယ်လောက်ပဲ ဆင်းရဲဒုက္ခတွေ့တွေ့ နေချင်စရာ
တွေ၊ နေပျော်စရာတွေ၊ စိတ်သက်သာရာ ရစရာတွေ အများကြီးရှိသေး
တာပဲဆိုတဲ့ အသိကို ရလာတယ်။ ဘယ်လောက်ပဲ ဆိုးတဲ့လူတွေရှိရှိ
ကောင်းတဲ့လူတွေ အများကြီးရှိတာပဲ။ လူ့ဘဝကြီးဟာ ဘယ်လောက်ပဲ မည်းမှောင်နေနေ အလင်းရောင်ကတော့ ရှိနေပါကလားဆိုတဲ့ အမြင်ကို ရလာခဲ့တယ်။
ကျွန်တော်တို့မှာ သတ္တိနှစ်မျိုးရှိတယ်။ ကိုယ် သတ္တိနဲ့ စိတ် သတ္တိ။ တစ်နည်းပြောရရင် ဗျတ္တိနဲ့သတ္တိပေါ့။ သတ္တိဆိုတာ လောကဓံကို ရင်ဆိုင်ရဲတာ။ ဆင်းရဲတာကို ရင်ဆိုင်ရဲတယ်။ ချမ်းသာတာကိုလည်း
ကျော်လွှားရဲတယ်။ နိမ့်တာကိုလည်း ခံနိုင်တယ်။ မြင့်တာကိုလည်း ခံနိုင်တယ်။ ဒါကို ပြောတာလို့ ကျွန်တော်ထင်တယ်။ "သုခမြို့တော်" ကို ဖတ်လိုက်တော့ သူတို့လောက် ဆင်းရဲတာ၊ သူတို့လောက် ဒုက္ခရောက်တာ၊ သူတို့လောက် အောက်ကျနောက်ကျဖြစ်တာဟာ ရှိမယ်လို့တောင် မထင်ရတော့ဘူး။ ဒါပေမဲ့ အဲဒီက ဇာတ်ဆောင်တွေဖြစ်တဲ့ ဟာစရီပါး၊ ဗန်ဒူနာ၊ မာသာထရီဇာ စတဲ့ ဇာတ်ဆောင်တွေဟာ သူတို့ဘဝကို ရဲရဲကြီး ရင်ဆိုင်သွားကြတယ်။ ဒါကြောင့်မို့ ဝတ္ထုဇာတ်လမ်းကို ကြည့်လိုက်ရင် စိတ်ညစ်စရာ ကောင်းတယ်လို့ ထင်ရပေမယ့် သူတို့တစ်တွေ ရုန်းကန်
လှုပ်ရှားပုံကိုကြည့်ရင်း အားတက်ရတယ်။ သတ္တိရှိလာရတယ်။ ဒါကြောင့်မို့ ဒီဝတ္တုကို ကျွန်တော်ဘာသာပြန်ခဲ့တာပါ။ တခြား ပြန်ချင်တာ၊
ရေးချင်တာတွေ ရှိပေမယ့် အဲဒီအချိန်မှာ အဲဒီဝတ္ထုလောက် ခံစားချက် မပြင်းထန်ဘူး။ ဒီဝတ္ထုဟာ ကျွန်တော်တို့အဖို့ ဒီအချိန်မှာ လိုအပ်တယ်လို့ ထင်လို့ ပြန်လိုက်တာပါပဲ။
ကာလကတ္တားမှာ သီလရှင်ကြီးထရီဇာဟာ သူ့လုပ်ငန်းအစကို သဘော
မပေါက်သေးတဲ့ လူအုပ်ကြီးက ဝိုင်းပြီး ရန်ပြုတဲ့အခန်း၊ မာသာထရီဇာက လူအုပ်ကြီးရှေ့မှာ ဒူးထောက်ထိုင်၊လက်နှစ်ဖက်ကိ
နိုင်တော့ဘဲ မျက်ရည်ကို ထိန်းလိုက်ရပါတယ်။ ဆရာ ဒီစာအုပ်ကို ဘာသာပြန်နေတုန်းမှာ ဆက်မရေးနိုင်အောင် ခံစားရတဲ့ အခန်းများ ရှိခဲ့ပါသလား။
ရှိပါတယ်။ မာသာထရီဇာကို လူအုပ်ကြီးက အထင်လွဲပြီး ခဲတွေ၊ ပုလင်းတွေ
နဲ့ပေါက်ကြတယ်။ ဟိန္ဒူတွေက သူတို့အနားမှာ ခရစ်ယာန်သာသနာ လာပြု
တယ်ဆိုပြီး ဝိုင်းရိုက်မယ်လုပ်ကြတယ်။ မာသာထရီဇာက သူ့ကိုသတ်ချင်ရင်
သတ်၊ သူဟာ ဒုက္ခရောက်နေတဲ့လူတွေကိုကယ်ဆ
ရောဂါဖြစ်လို့ အနားကို ဘယ်သူမှ မကပ်ရဲတဲ့ လူနာတစ်ယောက်ကို
ပွေ့ချီပြီး ပြုစုကုသပေးတယ်။ ဒီမှာတင် လူထုတွေက သူ့ကို ကြည်ညို
လေးစားသွားကြတယ်။ ဒီလိုလုပ်ရပ်မျိုး၊ ဒီလို ခန္တီစိတ်မျိုး၊ ဒီလို သတ္တိမျိုး
ဟာ တော်တော့်လူမှာ မရှိနိုင်ဘူး။ ပါရမီရှင်တွေမှာသာ ရှိနိုင်တဲ့ အရာမျိုး
ဖြစ်တယ်။ ဒီအခန်းကိုဖတ်ပြီး ကြက်သီးမွေးညင်းထရတယ်။
အားကျရတယ်။ ချီးကျူးရတယ်။
"သုခမြို့တော်" ကို ဆရာဘာသာပြန်ပြီး စာဖတ်ပရိသတ်ရဲ့ လက်ထဲကို ထည့်လိုက်နိုင်တဲ့အတွက် စာဖတ်ပရိသတ်အတွက် ဒီဝတ္ထုနဲ့ပတ်သက်လို့ ဆရာ ဘယ်လိုရည်မှန်းချက် ထားရှိပါသလဲ။
လူတွေဟာ နည်းနည်းပါးပါး ဒုက္ခရောက်လာရင် ညည်းညူချင်ကြတယ်။ အခက်အခဲ အကြပ်အတည်းတွေကိုတွေ့ရင် စိတ်ဓာတ်ကျကြတယ်။ ဒါပေမဲ့ သူတို့ဟာ စိတ်မပျက်ဘူး။ သူတို့ကိုယ်သူတို့ အသက်ရှင်ရပ်တည်နိုင်အောင် ကြိုးပမ်းရုန်းကန်သွားကြတယ်
ဟာလည်း အများအကျိုးကို တတ်နိုင်သမျှဆောင်ရွက်သင့်တ
အောင်မြင်ရေးမဂ္ဂဇင်း ၊ ၁၉၉၄ ၊ဖေဖော်ဝါရီ
"မြသန်းတင့်၏စာပေါင်းစု" (ပထမကြိမ် - ၂၀၁၀ အောက်တိုဘာ) စာအုပ်တွင် ပါဝင်သော "သုခမြို့တော်ထဲက စိတ်သတ္တိ" ဆိုသည့် အင်တာဗျူးမှ စာပိုဒ်အချို့အား ကူးယူဖော်ပြပါသည်။
via Myan Than TintSee More
— with ဘသောင်း ဟိန်း.
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။