Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 29, 2013

သမိုင်းရေစီး လှိုင်းကြီးလေ ထန် ဖြစ်ရပ်မှန်

 

By မောင်ရစ်၊ မတ် ၂၉ ၊ ၂၀၁၃
( News of Myanmar )

၈၈ အရေးတော်ပုံ၊ အရေးအခင်းကြီး မဖြစ်ခင်မှာ အကြောင်းတရားတွေ အများကြီးပဲ။ ၈၇ မှာ ငွေစက္ကူတွေကို မတရားကြေညာတယ်။ ၈၈ မတ်လ မှာ ကျောင်းသားတွေကို ဆူပူလို့ဆိုပြီး သေနတ်နဲ့ ပစ်သတ်တယ်။ တပါတီအာဏာရှင်တွေဟာ လက်နက်မဲ့ပြည်သူလူထုရဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို စစ်လက်နက်တွေနဲ့ အဓမ္မ ပစ်ခတ် သတ်ဖြတ် ဖမ်းဆီး နှိမ်နင်းခဲ့...တယ်။

လူထုဟာ တပြည်လုံးအတိုင်းအတာနဲ့ နောက်မဆုတ်ဘဲ ရှေ့တိုးပြီး အာဏာရှင်ကျဆုံးရေး တိုက်ပွဲကို တိုးပြီး တိုက်ခဲ့လို့ တပါတီအာဏာရှင်တွေ ပြုတ်ကျခဲ့တယ်။

ဒါပေမယ့် …

ဒါပေမယ့်နောက်မှာ စစ်အာဏာရှင်တွေဟာ တပါတီအာဏာရှင်မျက်နှာဖုံးကို ခွာချပြီး လူထုတွေကို သပိတ်စခန်းတွေမှာ စီးနင်းသတ်ဖြတ်၊ လမ်းမတွေမှာ ပစ်ခတ်သတ်ဖြတ်ပြီး အစတုံးပစ်ခဲ့တယ်။ အာဏာသိမ်းခဲ့တယ်။

အဲသည်အာဏာမသိမ်းခင်မှာ စစ်တပ်ဟာ စစ်အာဏာရှင်တွေဟာ လမ်းပေါ်ထွက် ဆန္ဒပြပြီး အထွေထွေသပိတ်မှောက်နေတဲ့ ပြည်သူလူထုကို ပြိုကွဲအောင်၊ သပိတ်ပြိုကွဲအောင် နည်းမျိုးစုံနဲ့ စနစ်တကျ လုပ်ကြံ အကွက်ဆင်ခဲ့တယ်။ ဘာတွေလဲ။

လူထုသပိတ်ကြီး ကာလမှာ လူတွေက လမ်းပေါ်ဆန္ဒပြတယ်။ မိမိအိမ်ယာတွေကိုတော့ မိမိတို့ ရပ်ရွာ လမ်းကျောင်း အလိုက် ဒေသန္တရအုပ်ချုပ်ပြီး လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ရတယ်။ မဆလအစိုးရက ထောင်တွေကနေ ရာဇ၀တ်သားတွေကို ထောင်ခါပြီး လွှတ်လိုက်တယ်။ စားရမဲ့ သောက်ရမဲ့ ခရီးလမ်းစာရိတ် မလုံလောက်တဲ့ ထောင်ထဲကထွက်လာသူတွေကို ရပ်ကွက်တွေ စာနာကူညီ ကျွေးမွေးရတယ်။ သူတို့ အိမ်ပြန်နိုင်အောင် ဆောင်ရွက်ပေးရတယ်။ အဲသည် ရာဇ၀တ်သားတွေဟာ သပိတ်ကာလမှာ အနှောက်အယှက်တွေ ပေးလာခဲ့ရင် မခက်ပါလား။ လူထုက စည်းစည်းလုံးလုံးနဲ့ ကာကွယ် ခဲ့ရတာပဲ။

နောက်တခုက မဆလအစိုးရက သူတို့ လက်နက်ကိုင် အစောင့်အကြပ်တွေကို အစိုးရ အဆောက်အဦ၊ ဂိုဒေါင်တွေကို လုံခြုံရေးပေးထားတာကနေ ဆုတ်ခွာလိုက်တယ်။ အဲသည်မှာ တောကြောင်တွေဟာ အစိုးရဂိုဒေါင်တွေ အစိုးရအဆောက်အဦထဲ ပစ္စည်းတွေကို အကာအကွယ်မဲ့ဖြစ်ချိန်မှာ စိတ်တိုင်းကျ ဖောက်ယု၊ ထုတ်ယူပြီးတော့ ခိုးယူအစဖျောက်ကြတော့တာပဲ။ သပိတ်မှောက်ပြည်သူတွေဟာ အစိုးရအဆောက်အဦတွေ၊ ဂိုဒေါင်တွေကို ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်စောင့်ရှောက်ကြရတယ်။ ကျောင်းသားသမဂ္ဂတွေဟာ ခိုးယူလာတဲ့ အစိုးရပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းပြီး မူလနေရာတွေ ပြန်ပို့ရ၊ သိမ်းဆည်းကြရတယ်။

သပိတ်အရှိန်ရနေတဲ့ကာလမှာ မဆလအစိုးရက သူတို့ လက်နက်ကိုင် တပ်မတော်အတွက် အသုံးစာရိတ် ငွေတွေကို ဘဏ်တွေကနေ ထုတ်ယူသိမ်းဆည်းထားလိုက်တယ်။ ပြည်သူတွေက တပါတီအာဏာရှင်အစိုးရ ပြုတ်ကျပြီး ကြားဖြတ်အစိုးရ ထူထောင်နိုင်ဖို့၊ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့ ရုန်းကန် ဆောင်ရွက်နေချိန်မှာ အာဏာရှင်တွေနဲ့ စစ်ခေါင်းဆောင်တွေဟာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်ကြံမှုတွေ စနစ်တကျ လုပ်နေခဲ့တာပဲ။

ပြီးတော့ … ကောလဟာလတွေ သွေးတိုးလှုံဆော်မှုတွေ ဖြန့်ချိ လုပ်ကိုင်တာတွေ လုပ်လာတယ်။ အဆိပ်ခပ်နေတယ်။ လက်နက်တွေ ဗုံးတွေနဲ့ လုပ်ကြံမှုတွေ လုပ်နေတယ်ဆိုတဲ့ အလန့်တကြားသတင်းတွေ ဖြန့်တယ်။ လှုံဆော်တယ်။ ရပ်ကွက်တွေထဲ တစိမ်းတွေ ၀င်ရောက်လာလို့ ဖမ်းရ ဆီးရ။ စစ်ရ ဆေးရ။ နောက်ဆုံးတော့ လူထုဟာ ထိန်းသိမ်းမရတဲ့ လူအုပ်ကြီးအသွင်နဲ့ တန်ပြန်သပိတ်သမားတွေကို ဖမ်းမိရင် ခေါင်းဖြတ်သတ်တယ်။ မင်းမဲ့စရိုက် လက်တုန့်ပြန်တာတွေ ဖြစ်ခဲ့တယ်။

အဲသည်အချက်တွေနဲ့ လူတွေကြားထဲမှာ သွေးခွဲတာတွေ သံသယတွေ ဖြစ်နေချိန်မှာ စစ်ခေါင်းဆောင်တွေက ၈၈ အရေးတော်ပုံကြီးကို အကြမ်းဖက်သမားတွေ ကွန်မြူနစ်တွေ ပုဆိန်ရိုးတွေ မင်းမဲ့စရိုက်တွေ လှုံဆော်တဲ့ ဥပဒေမဲ့ ဖြစ်ရပ်ကြီးအဖြစ် လုပ်ကြံဖန်တီးပြီး အာဏာသိမ်းတော့တာပဲ။ တပ်မတော်သားတွေဟာ မြို့ရွာ လမ်းတွေပေါ်က လက်နက်မဲ့ အပြစ်မဲ့တဲ့ သပိတ်မှောက်ပြည်သူတွေကို အကြမ်းဖက်သမားတွေ အစွန်းရောက်တွေအဖြစ် သဘောထားပြီး ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းလိုက်တော့တာပဲ။

နောက်တော့ကော … တက်လာတဲ့ စစ်အစိုးရဟာ ၈၈ အရေးတော်ပုံကြီးကို အကြမ်းဖက်သမားတွေ ဆူပူလှုံဆော်သူ လူတစု လူအဖွဲ့တွေရဲ့ လုပ်ကြံမှုသာဖြစ်တယ်ဆိုပြီး သိမ်ဖျင်းအောင်လုပ်ပြီးတော့ အခုဆောင်းပါး ခေါင်းစဉ်နဲ့ “သမိုင်းရေစီး လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်” ဆိုပြီး စာအုပ်တွေ ထုတ်ပြီး သမိုင်းမှန်ကို ဖျက်ဆီး နင်းခြေတော့တာပဲ။ သပိတ်မှောက်ဝန်ထမ်းတွေကို ရုံးပြန်တက်ဖို့ ရာဇသံပေး၊ မတက်တဲ့သူတွေကို အလုပ်က ထုတ်၊ တက်လာတဲ့ သူတွေကို မေးခွန်း ၁၀၀ ကျော်ပါတဲ့ ခံဝန်ချက်စစ်တမ်းကို ဖြေဆိုခိုင်းတယ်။ သူတို့မေးခွန်းတွေက တပ်မတော်က အာဏာသိမ်းတာ မှန်တယ်။ အရေးအခင်းကြီးဟာ အကြမ်းဖက်သမားတွေ လူတစုရဲ့ လက်ချက်လို့ အဓမ္မဖြောင့်ချက် ခံဝန်ချက် ထိုးခိုင်းတာပဲ။ မထိုးတဲ့သူတွေကို ဖြုတ်ပစ်တယ်။ တပ်မတော်ဟာ လူထုကို သွေးခွဲပြီး နှိမ်နင်း ဖြိုခွဲခဲ့တာပဲ။

ဒီလိုနဲ့ ၈၈ အရေးတော်ပုံကြီးကို စစ်အာဏာရှင်တွေက သံသယတွေ၊ အကြမ်းဖက်မှုတွေ၊ သွေးထိုး လှုံတော်မှုတွေ၊ ဆူပူ ဖျက်ဆီးမှုတွေနဲ့ ထိုးနက်နှိမ်နင်းပြီး ပြိုကွဲအောင် လုပ်ခဲ့တာကို ပြောချင်တာပါ။ သမိုင်းရဲ့ တရားခံတွေဟာ အဲသည်တုန်းက တဦးမှ မပေါ်ပေါက်ခဲ့ဘူး။ အပြစ်မဲ့တဲ့ ပြည်သူတွေကိုပဲ အကြမ်းဖက်သမားတွေ၊ ကွန်မြုနစ်တွေ၊ သူပုန်တွေဆိုပြီး မတရားစွပ်စွဲ သတ်ဖြတ် ဖမ်းဆီးခဲ့တာပဲ။

ဆိုတော့ အာဏာရှင်တွေဆီမှာ အကြမ်းဖက်သမားတွေ၊ အစွန်းရောက်တွေ၊ ထောက်လှမ်းရေးသမားတွေ ရှိနေတယ်။ သူတို့က သံသယတွေ ကောလဟာလတွေ ဖြန့်တယ်။ သွေးထိုးလှုံဆော်တယ်။ မင်းမဲ့စရိုက် ဖျက်ဆီးတာတွေ လုပ်နေကြဖြစ်တယ်။ သူတို့တွေနဲ့အတူ အာဏာရှင်တွေ လက်သတ်မွေးထားတဲ့ သတင်းပေးတွေ၊ အလိုတော်ရိတွေက ပြည်သူတွေကို သွေးခွဲပြီး စုစည်း ညီညွတ် ယိုင်းပင်းမှုမရှိအောင် ဖိနှိပ်ထားခဲ့ကြတယ်။ ဆန္ဒပြဖို့ ဆန္ဒထုတ်ဖော်ဖို့ ကြိုးစားသူ တော်လှန်ရေးသမားတွေ မိသားစုတွေကို လူမဆန်တဲ့ ပြစ်ဒဏ်တွေနဲ့ နှိမ်နင်း အစဖျောက်ခဲ့ကြတာပါပဲ။

လိုအပ်တဲ့အခါကျရင် အဲသည် “စွမ်းအားရှင်” တွေ “အစွမ်းရောက်အကြမ်းဖက်သမား” တွေ၊ “မင်းမဲ့ဝါဒီ”တွေ ပေါ်ပေါက်လာလေ့ရှိတယ်။

အထင်ရှားဆုံးဥပမာကတော့ ဒေါ်စုကို ၂၀၀၃ မေ ၃၀ မှာ ဒီပဲယင်းလုပ်ကြံမှုကြီးနဲ့ အစဖျောက် အကြမ်းဖက် လုပ်ကြံဖို့ ကြိုးစားခဲ့ကြတာဖြစ်တယ်။ အဲသည်တုန်းက သောင်းသောင်းဖျဖျ ကြိုဆိုနေတဲ့ ပြည်သူတွေကြားထဲကနေ အကြမ်းဖက်သမားတွေ၊ ဆူပူလှုံဆော်သူတွေ “မိုးပေါ်က” ကျလာပြီး လှိုင်းလုံးကြီးတွေလို ဒေါ်စုနဲ့လူထုကို နင်းခြေဖျက်ဆီးခဲ့ကြတယ် မဟုတ်လား။

၈၈ တုန်းကလည်း တရားခံမပေါ်ခဲ့ဘူး။ ၂၀၀၃ မှာလည်း တရားခံ မပေါ်ခဲ့ဘူး။ ဒီလိုပဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဆန္ဒထုတ်ဖော်သူ ၈၈တွေ၊ အင်န်အယ်ဒီတွေ၊ သံဃာတွေ ပြည်သူတွေကို လူတွေကြားထဲကနေ ခွေးဆွဲသလို ၀ိုင်းဆွဲပြီး ညာသံပေး အော်ဟစ် ဆွဲလွဲ ဖမ်းဆီးခဲ့တာတွေ၊ ပြီးတော့ ဘုန်းကြီးကျောင်းတွေကို ညဖက်တွေမှာ သူပုန်စခန်းစီးသလို စီးနင်း ဖျက်ဆီးပြီး သံဃာတော်တွေကို နင်းခြေ ဖမ်းင်္ဆးခဲ့တာတွေ။ ဒါတွေဟာ ပြည်သူလူထုကနေ လုပ်ကြံခဲ့တာမဟုတ်ဘူး။ အာဏာရ စစ်အစိုးရကနေ အကွက်ချပြီး လုပ်ကြံဖန်တီးခဲ့ကြတာချည်းပဲ မဟုတ်လား။ အဲသည်တုန်းကလည်း အဲသည် တရားခံတွေ မပေါ်ပေါက်ခဲ့ဘူး။ ခြေရာလည်း ပျောက် ရေလည်း နောက်ဖြစ်ခဲ့ရတာ ချည်းပဲ။

အခု မိတ္ထိလာက ရာဇ၀တ်မှုတခုကနေ အစပြုပြီး မြိုံ့ရွာအနှံ့ အကြမ်းဖက်တွေ၊ မင်းမဲ့စရိုက်တွေ၊ လုပ်ကြံမှုတွေ မြင်တွေ့နေကြရပြီ။

အခုလည်း ဘယ်လိုလဲ။ မိုးကျရွှေကိုယ်တွေ ပေါ်လာပြန်ပြီလို့ ပြောရတော့မယ်။ သည်စာကို ရေးရတာက လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း သမိုင်းမှာ မပြေးသော်လည်း ကန်ရာရှိတယ်ဆိုတဲ့ လက်စွမ်းလက်စ၊ ခြေစ လက်နတွေကို ပြန်ဖော်ထုတ်ပြတာပါ။ တိုင်းရင်းသားအရေး၊ လူမျိုးအရေး၊ ဘာသာရေး အငြင်းပွားမှုတွေ၊ မတည်ငြိမ်မှုတွေတိုင်းမှာ လက်နက်ကိုင်ပြီး ဖြေရှင်းတာ၊ လူအုပ်စုအားကိုးနဲ့ လက်နက်အင်အား အားကိုးနဲ့ သံသယတွေ၊ ဆူပူလှုံဆော်မှုတွေ၊ မသိနားမလည်သူတွေကို မင်းမဲ့စရိုက်ဖြစ်အောင် သွေးထိုးမြှောက်ပင့်ပြီး အကြမ်းဖက်အောင်၊ ဖျက်ဆီးရေးသမားတွေဖြစ်အောင် လုပ်နေတာတွေကို မြန်မာပြည်သူတွေကိုယ်တိုင် ၈၈ တုန်းက သတိနဲ့ အချင်းချင်း လက်တွဲ ချိတ်ဆက်ပြီး ကာကွယ်ရမယ်။ တားဆီးရမယ်လို့ တွေးနေမိပါတယ်။ သူတို့တတွေကို သည်တခါလည်း လက်ပိုက်ကြည့်နေလိုက်ရင် အရင်တုန်းကလိုပဲ တရားခံရှာလို့ ရလိုက်မယ် မထင်ဘူး။ အပြစ်မဲ့တဲ့ လက်နက်မဲ့တဲ့ ပြည်သူအလောင်းတွေဟာ ပေတရာပေါ်မှာ အတုံးအရုံး လဲပြိုကာနေပြီး ကျန်ရစ်လိမ့်မယ်။

____________________________________
Reference and Credit to - မောင်ရစ်
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)See More

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။