ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေတဲ့ ဒီချုပ်ဥက္ကဋ္ဌနဲ့ ခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ စိုက်ထူခွင့်မရဆိုတဲ့ ခေါင်းစဉ်တင်လိုက်တော့ ဂျပန်အစိုးရကခွင့် မပြုသယောင် ထင်ယောင် ထင်မှား ဖြစ်နိုင်ပါတယ်..။ ဖြစ်ကြောင်းရယ် ကုန်စင်ကတော့..
လာမယ့် ဧပြီ...လ ၁၂ရက်နေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၂၈နှစ်ကြာ ဂျပန်နိုင်ငံခရီးစဉ် စတင်တော့မည် ဖြစ်သည်..။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက် ကြုံတောင့် ကြုံခဲသော... အခွင့်အရေးဖြစ်သလို ၁၃ရက်နေ့ စနေနေ့မှာ လူထုခေါင်းဆောင်နှင့် ဂျပန်နိုင်ငံရောက် မြန်မာမိသား တွေ့ဆုံဖို့ ယခုကတည်းကပင် အလုပ်တွေကြိုတင် အနားယူကာ ကြိုဆိုဖို့ ကြိုတင်ပြင်ဆင်ကြပေါ့..။ ဂျပန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့အတွက် စည်းစံနစ်လေးဖြစ်အောင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေမှ ကြိုဆိုရေး ကော်မတီဆိုပြီး ဖွဲ့ကြပြုကြပေါ့..။
ဒီလိုနဲ့ ခေတ္တခဏလောက် ဖြစ်ဖြစ် စည်းလုံးညီညွတ်မှုတွေ ပြဖို့အတွက် ကြိုတင်ပြင်ဆင်ကြ ဘာကြနဲ့ နောက်ဆုံး အဆင့်မှာ ထွက်လာတဲ့ အဖြေတွေထဲက တခုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
အဖွဲ့ ချုပ်အလံတော်အား အခမ်းအနား စင်မြင့်မှာ စိုက်ထူခွင့်ကို မြန်မာပြည်သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြိုဆိုရေး ကော်မတီမှ ခွင့်မပြုပါကြောင်းတဲ့ ခင်ဗျား..။
လမ်းဆုံက ဂျမ်းဘုံ အသံနဲ့ ပြောရရင်တော့ ကြားရနားဝမသက်သာ ဆိုရသလိုပါပဲခင်ဗျာ...။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တဲ့ နိုင်ငံခြား ခရီးစဉ်တွေအတွင်း မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲတွေမှာ အဖွဲ့ချုပ်အလံကို ဝံ့ဝံ့ကြွားကြွား လွှင့်ထူကြိုဆိုခဲ့ကြပေမယ့် ဒီမိုကရေစီနိုင်ငံ ဂျပန်ရောက်မှပဲ စင်ပေါ်မှာ အဖွဲ့ချုပ်အလံလွှင့်ထူခွင့် မပြုတဲ့..။ ဒီချုပ်ဥက္ကဋ္ဌကို ဒီချုပ်အလံနဲ့ စင်မြင့်ပေါ်မှာ စိုက်ထူ ကြိုဆိုတာကို အဖွဲ့ချုပ်ပါတီ တခုတည်းကို ကိုယ်စားပြုရာ ရောက်တယ်လို့ အတွေးခေါင်ခေါင်နဲ့ ဆိုကြမယ်ဆိုရင်.. စင်ပေါ်မှာ အလံမပါ ဗလာနတ္ထိနဲ့ ကြိုဆိုကြတော့မှာလား..။
လူထုခေါင်းဆောင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေအတွင်
ဒီချုပ်အလံကို လွှင့်ထူတာ ဂျပန်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ပြည်တွင်းမှာ ၂၅နှစ်လုံးလုံး သွေးစွန်းခဲ့ရ၊ အသက်တွေ စတေးခဲ့ရ၊ ထောင်ဒဏ်ရာ ဒဏ်ချက်တွေနဲ့ အရောင်မပြောင်းလဲခဲ့၊ စစ်အာဏာရှင်ကိုတောင် Never Give up အလံမလဲခဲ့ပဲ ကြံ့ကြံ့ခံခဲ့ပြီး ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေခဲ့တာကတော့ လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌနဲ့ ပြည်သူသိ ခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ အမှတ်သင်္ကေတပါ။ အဖွဲ့ချုပ် အလံတခုတည်း စင်မြင့်ပေါ်မှာ ထားခြင်းဟာ အဖွဲ့အစည်းတခုတည်းကိုသာ အသိအမှတ်ပြုတယ်ဆိုတဲ့ အတွေးခေါင်ခေါင် အဓိပ္ပါယ် ဖွင့်ဆိုခဲ့မယ် ဆိုရင်တော့ ခေါင်းနဲ့ ပန်းလို ယှဉ်တွဲနေခဲ့တာ လူထုခေါင်းဆောင် ဒီချုပ်ဥက္ကဋ္ဌနဲ့ ဒီခွပ်ဒေါင်းတံဆိပ် အဖွဲ့ချုပ်အလံ အမှတ်သင်္ကေတဟာ ဂျပန်ရောက်မှ မြန်မာတွေနဲ့ တွေ့ဆုံပွဲ စင်မြင့်ပေါ်မှာ အဖျောက်ဖျက် ခံရတော့မှာလား။ တရက်တာလေး တွေ့ဆုံရမှာတောင် နားလည်မှု မပေးနိုင်တော့ဘူးလား..။
တရက်တာ တွေ့ဆုံပွဲမှ အလံကိစ္စလေးတောင် အတွေးခေါင်နေကြပြီး လူထုခေါင်းဆောင်မှ ညီညွတ်ရေး တရားဟောလို့ တရက်တာ ညီညွတ်ရေး ရခဲ့ရင်တောင်မှ ဂိုဏ်းစွဲ၊ အတ္တစွဲ၊ အဖွဲ့အစည်းစွဲ၊ အုပ်စုစွဲတွေ ခဝါမချသရွေ့တော့ မကျေနပ်ဘူး အချစ်ရယ် တစ်ကပြန်စမယ်ဆိုပြီး ဒုံရင်းဒုံရင်း ဖြစ်နေမှာမြင်ယောင်မိပါကြော
ကြားရနားဝ မသက်သာ၍ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းကာ ရေးသားလိုက်ရပါတယ်..။
ဂျပန်ရောက် မြန်မာတချို့ရဲ့ အဖြစ်က ဟိုးယခင် တောရွာတွေမှာ ရွှေဘရုပ်ရှင် ပိတ်ကားထောင်ပြတဲ့ ခေတ်က ရွှေဘကို လူဆိုးတွေ ထိုးကြိတ်ခန်းမှာ ပိတ်ကားကို ခဲနဲ့ပေါက်ပြီး ရွှေဘကို ငါကယ်လိုက်တာဆိုပြီး လူအုပ်ထဲက ထအော်တဲ့ ငါဆိုတဲ့ ပုဂ္ဂိုလ်တွေ အများသားဗျ..။ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ..
ဒီမိုဝေယံ
ဓာတ်ပုံ အမေရိကားခရီးစဉ်အတွင်း မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲ စင်မြင့်မှာ တွေ့ရတဲ့ ဒီချုပ်ဥက္ကဋ္ဌနဲ့ ဒီချုပ်အလံ..See More
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။