Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, March 29, 2013

တော်တော်တော့တိုက်တော့ တိုက်တိုက် ဆိုင်ဆိုင်ပဲ

 
 
မိတ္ထီလာအရေးအခင်းဟာ ၂၀ ရက်နေ့မှာ စဖြစ်ခဲ့ပါတယ်၊
ရွှေဆိုင်တခုမှာ အရောင်းအဝယ် သဘောချင်းမမျှတမှုကြောင့် ရန်ပွဲတခုက စလိုက်တယ် "မီး"၊
တိုင်းပြည်တခုလုံး ကျီးလန့်စာစား သောကစိတ်တွေနဲ့ ဖြတ်သန်းနေရပါပြီ၊
တော်သေးတာပေါ့...... တော်လှန်ရေးနေ့(တပ်မတော်နေ့) မှာ သံချပ်ကာကားကြီးတွေ၊
အမြှောက်တင်ကားကြီးတွေ၊ ရဟတ်ယဉ်ကြီးတွေ၊ တိုက်လေယာဉ်ကြီးတွေ၊
ညီညီညာညာနဲ့စစ်ရေးပြနေတဲ့ စစ်သည်ရဲမက်တွေ၊ ကျက်သရေခန့်ညာလှတဲ့ ခေါင်းဆောင်ကြီးတွေ၊
ယုံကြည်အားကိုးစဖွယ် မိန့်ခွန်း စတာတွေကိုမြင်လိုက်တွေ့လိုက်ရမှ သက်ပြင်းချနိုင်ရမဲ့ ဘဝ
ရောက်ခဲ့ရပါပြီ......လို့တွေးစေချင်နေကြတယ် မဟုတ်လား။

"မီးပွား"ကျတဲ့ မိတ္တီလမြို့ပဋိပက္ခကို ပြန်ပြီး နောက်ကြောင်းပြန် ကြည့်ပါရစေအုံး....
ရွှေဆိုင် တစ်ဆိုင်မှာ အရောင်းအဝယ်အတွက် စကားများ ရန်ဖြစ်ရိုက်နှက်ကြတဲ့ကိစ္စ...
ဘယ်သူလွန်တယ် မှားတယ်ဆိုတာ သေသေချာချာ မသိလို့ မပြောတော့ဘူး၊ တရားဥပဒေအရ
ဖြေရှင်းကြလိမ့်မယ်၊ ကိုယ့် အမျိုးထိတဲ့အခါ ကျုပ်တို့ဗမာတွေ မခံနိုင်ဘူး၊ ဖျက်တယ် ဆိုင်တွေ၊
လူပါဝလို့၊

တကယ်လို့ ရွှေဆိုင်ဟာ ဗမာအမျိုးသားပိုင်၊ တိုင်းရင်းသားပိုင်၊ ဒါမှမဟုတ် တရုတ်အမျိုးသားပိုင်
ဖြစ်ခဲ့ရင် ဘယ်လို အကြောင်းအကျိုးဆက် ဖြစ်လာခဲ့မလဲ၊
ဒီကြားထဲ မြွေပူရာကင်းမှောင့် ဗုဒ္ဓဘာသာရဟန်းတော်တပါး အစ္စလံဘာသာဝင်တွေရဲ့
ရက်ရက်စက်စက် သတ်ဖြတ်ခံရတယ်ဆိုတော့ ဘယ်လိုထိမ်းသိမ်းလို့မှ မရနိုင်တော့ပြီ၊
ဒီနေရာမှာ တရုတ်ရွှေဆိုင်နဲ့ ပဋိပက္ခဖြစ်ခဲ့ပြီး တရုတ်လူမျိုးတွေက ဗမာသံဃာတော်တစ်ပါးကို
ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဆိုရင်ကော.....
တရုတ်လူမျိုးတွေကို ဦးတည်စေချင်တာ မဟုတ်ပါ၊ ကျုပ်တို့ရင်ထဲမှာ ရှိနေတဲ့ အာဂါတအဆိပ်
ဦးတည်ရာနဲ့ ပမာဏကို ပြန်စမ်းစစ်ကြည့်လိုရင်းဖြစ်ပါတယ်။

မီးတခုလောင်ပြီဆိုရင် လေရှိမှ လောင်လို့ရပါတယ်၊
"မီးလောင်ရာ လေပင့်" ဆိုတဲ့စကားအတိုင်း မီးကို ဘယ်လိုလေတွေ ပင့်ဆောင်ပေးပါသလဲ၊
မိတ္တီလာမြို့မှာ ဖြစ်ခဲ့တဲ့အရေး အပေါ် Online Media တချို့တွေဟာ ဘယ်လိုဦးတည်လှုံ့ဆော်မှုတွေရှိခဲ့ပါသလဲ...

အောက်က Screen Shot ဖမ်းထားတဲ့ နေရာမှာကြည့်နိုင်ပါတယ်

("၉၆၉" လှုံဆော်မှုများ မိတ္ထီလာမြို့အရေး သွေးထိုးလှုံ့ဆော် ထောက်ပို့ပေးသော Media များ)
>>> https://www.facebook.com/lucifer10131015/posts/534647683245824 <<<

(မှတ်ချက်။ ။ နီးစပ်ရာ "လက်တို့ပြီးတော့ ပြောရအုံးမယ်" ဆိုတဲ့ ပါးစပ်သတင်း၊ စာသတင်း၊
ဖုန်းသတင်း၊ email သတင်းများ မမှန်းနိုင်အောင်ရှိပါမည်။)

သတင်း တင်တဲ့ Fan တွေအနေနဲ့က အောက်ပါအတိုင်း အများအပြားပြိုင်တူ လိုလို တင်ခဲ့ကြပါတယ်။
Myanmar Online News
Zin Yaw
Won Thar Nu
Myanmar News Update
MyanmarTodayNews
Future Foundation in Myanmar
ဗဟုသုတ ဟင်းပေါင်းအိုးကြီး
Myawady News
Narinjara
Islam Virus
Terrorist Attack in Myanmar(Burma)
969
၉၆၉
Wira Thu
လူထု မောင်ကာဠု
Myanmar Defense League - MDL
Voices From FB Myanmar
Myanmar Online News
Share Arakan News
Buddhist Defense League
မျိုးချစ်မြန်မာ
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေး လှုပ်ရှားမှု ကော်မတီ (M.N.M.C)
မျိုးချစ်မြန်မာလူငယ်များအဖွဲ့
မျိုးချစ်မြန်မာလူငယ်များအစည်းအရုံး
မြန်မာနိုင်ငံကိုချစ်သောလူငယ်လေးများအဖွဲ.
အမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေး
အာရဗီအစ္စလာမ်မလေးများ၏ ကြေကွဲဖွယ်ရာများ
ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့
မျိုးချစ်ဇာနည်ဗုဒ္ဓသာသနာလက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရေးလူငယ်များအဖွဲ့
စောက်အလ္လာ နှင့် လီးမိုဟာမက်
မွတ်စလင်ကာကွယ်ရေးတပ်ဦး
တစ်နိုင်ငံလုံး အတိုင်းတာဖြင့် ရှိသမျှ ကုလားအားလုံးကို သုတ်သင်နှိမ်နင်းရေး
ဗုဒ္ဓဘာသာအကြောင်း__နည်းပညာ - ဗပာုသုတ_နှင့်_စောက်ကုလားများအကြောင်း

တချို့ သတင်း Fan တွေကတော့ သတင်းတင်လိုဇောနဲ့ သတင်းရင်းမြစ် မှန်ကန်မှုကို ဂရုမစိုက်နိုင်ပဲ တင်လိုက်တာမျိုးပါခဲ့ပါတယ်၊ ဒါက မီးတကယ်မလောင်ဘူး မဆိုလိုပါ၊ ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်၍ဖြစ်စေ လေပင့်မိခဲ့ကြတဲ့ အကြောင်းကိုပြောတာပါ။

နောက်တခုက ဒီလိုပဋိပက္ခ "မီး" ကူးဆက်လောင်ကျွမ်းဖို့ ရှိနေတဲ့လောင်စာ၊
လောင်စာမရှိရင် မီးဘယ်လိုလုပ်လောင်မှာလဲဗျာ၊
ဥပမာ ~ လောင်စာတွေ လမ်းတလျောက် ရှောက်ဖြန်းပြီး မီးချစ်ဆံချလိုက်ရင် တောက်လျောက်လောင်ကျွမ်းသွားမှာပဲ၊
ကျုပ်တို့တိုင်းပြည် တနံတလျား ဒီလိုဘယ်နေရာမှ လုံခြုံတယ်မရှိအောင် ဘယ်သူတွေ လောင်စာတွေ လိုက်ချပေးခဲ့ပါသလဲ။

ဘာသာတရားတွေဟာ လူသားတိုင်းရဲ့ စိတ်ပိုင်းရာမှာ အမြင့်မားဆုံးနေရာမှာရှိတာပါ၊ ဘာသာမဲ့
ပါတယ်ဆိုတောင် လူသားဆန်မှု(Humanism) နဲ့နေကြရပါတယ်၊ တရားဥပဒေ အဆုံးအမနဲ့
နေရပါတယ်၊
ဘာသာတရားတွေဟာ ကျုပ်တို့မရွေးချယ်ပဲနဲ့ ဘဝတခုလုံးအတွက်ရလိုက်တဲ့ လက်ဆောင်တခုလဲ ဖြစ်ပါတယ်၊ ကျုပ်ပြန်တွေးကြည့်မိတော့ ဘယ်အချိန်က "ဦးတော်"ဆိုတာ စလုပ်တတ်ခဲ့မှန်းကို မသိနိုင်ပါဘူး၊
ကိုယ့်မိသားစု အသိုင်းအဝန်းကနေ စပြီးလက္ခံယူ၊ နောက်ပိုင်း ကိုယ်ကိုယ်တိုင်လေ့လာ
သင်ယူလာရင်းနဲ့ ဘာသာရေးအသိစိတ်က ပိုပြီးခိုင်မြဲလာခဲ့တော့တာပါ၊ လက္ခံ ယုံကြည်(Perceive) ထားတာပေါ့ဗျာ၊ သက်ဝင်ယုံကြည်မှု(Perception) လို့ဆိုနိုင်ပါတယ်။

စိတ်ပညာရှင် ဆစ်ဂ်မန်ဖွိုက်ဒ် (Sigmund Freud)ရဲ့ Structural Model of Psycho ကျမ်းအရ စိတ်မှာ Id, Ego, Super Ego သုံးပိုင်းရှိတဲ့အနက် ချွန်းအုပ်စိတ်(Super Ego)ဟာ
ဘာသာတရားတွေမှသင်ယူထားတဲ့ အဆုံးအမ အလေ့အကျင့်တွေ စုစည်းထားတဲ့
အစိတ်အပိုင်းတွေပါပဲ၊ အကျယ်သိချင်ရင်တော့ (Sigmund Freud)ရဲ့ Structural Model of Psycho စာအုပ်ကို ရှာဖတ်ပါလေ။
အများစုပြောနေတဲ့ လူမျိုးရေး၊ ဘာသာရေး အထိအခိုက်မခံတာ အမှန်ပါပဲ၊

လူမျိုးရေး ဘာသာရေး ထိခိုက်စော်ကားပြောဆိုခံရရင် ဘယ်လိုလူမျိုးမှ မခံစားနိုင်ပါဘူး၊ဘာသာမဲ့ အယူရှိသူကလွဲရင်ပေါ့ဗျာ။

၂၀၁၂ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလတွေတုန်းက ကျုပ်တို့တိုင်းပြည် ရခိုင်ပြည်နယ်မှာ ပူပူနွေးနွေး ရှိနေသေးတဲ့ လူမျိုးချင်း ပဋိပက္ခတွေ နင့်နင့်သည်းသည်း ဖြစ်ခဲ့ပါတယ်၊
ပြက္ခဒိန်ရက်တွေနောက်ပြန်ဆုတ်ပြီး ထူးခြားတဲ့အဖြစ်အပျက်တွေကြည့်ရင်-

(၁) ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၄ နေရာ ဝင်ရွေးတဲ့ အနက် ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

(၂) ၂၀၁၂ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ရေးပါတီ(USDP) ဝင် ဦးအောင်သောင်းနှင့်အဖွဲ့ဟာ ရခိုင်ပြည်နယ်က ALP ပါတီနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရောက်ရှိခဲ့ပါတယ်။

(၃) ၂၀၁၂ ခုနှစ်၊ မေလမှာ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။ နိုင်ငံတော် သမ္မတဦးသိန်းစိန်ဟာ ဖိတ်ကြားခံရသော်လဲ ပြည်တွင်း အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြပွဲများ ဖြေရှင်းရန် အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့ပါတယ်။

(၃) ၂၀၁၂ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှာ ရခိုင်ပြည်နယ် ကျောက်နီမှော် ကျေးရွာမှ ရခိုင်အမျိုးသမီးလေး မသီတာထွေးဟာ ဘင်္ဂလီလူငယ် ၃ ဦးရဲ့ မုဒိန်းကျင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်၊ ဇွန်လ ၃ ရက်နေ့တောင်ဂုတ်မြို့မှာ ခရီးသွားများပါဝင်တဲ့ အစ္စလမ်ဘာသာဝင် ၁၀ ဦးကို လူ ၃၀၀ ခန့်ရှိတဲ့ လူအုပ်ကြီးဟာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ခဲ့ပါတယ်။ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ ဇွန်လ ၁၀ ရက်ကနေ ၂၈ ရက်အတွင်းနဲ့ အောက်တိုဘာလအတွင်း လူပေါင်း ၁၀၀၀ ကျော် သေဆုံးပြီး ၁ သိန်းလောက် အိုးအိမ်ရွေ့ပြောင်းခဲ့ရတဲ့ လူမျိုးရေး အထိကရုဏ်းဖြစ်ပေါ်ခဲ့ပါတယ်။

(၄) ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ရေးပါတီ(USDP) ရွေးကောက်ပွဲအောင်နိုင်ရေး ဆုံညီ ညီလာခံကျင်းပခဲ့ပါတယ်၊ ပါတီ ဥက္ကဌအဖြစ် သမ္မတ ဦးသိန်းစိန်ကိုပြန်လည် ရွေးချယ်ခဲ့ပါတယ်။

ပြန်ကြည့်ရင် မသီတာထွေးသေဆုံး ဇွန်လ ၃ ရက်နေ့တောင်ဂုတ်မြို့မှာ ခရီးသွားများပါဝင်တဲ့ ဘင်ဂလီလူမျိုး ၁၀ ဦးကို လူ ၃၀၀ တိုက်ခိုက်ခဲ့တဲ့ လူအုပ်ကြီးရဲ့ အကြမ်းဖက်သတ်ဖြတ်မှုဟာ ခု ကျုပ်တို့ တွေ့နေရတဲ့ စနစ်တကျလေ့ကျင့်ထားသလိုရှိတဲ့ လူအုပ်စုကြီးနဲ့ ဆင်ဆင် တူနေတာတွေ့ရပါတယ်။

ဖြစ်ခဲ့တဲ့ ရခိုင် နှင့် ဘင်္ဂလီအရေးဟာလဲ မတူညီတဲ့ လူသားမျိုးနွယ်စု ပဋိပက္ခအသွင်ရှိခဲ့တာပါ၊ ယနေ့ ကြုံတွေ့လာရတဲ့ ပဋိပက္ခဟာတော့ ဗုဒ္ဓဘာသာ နှင့် အစ္စလမ်ဘာသာ ပဋိပက္ခအသွင် တဖြေးဖြေး အသွင်ပြောင်း အရှိန်မြင့်လာခဲ့ပါပြီ၊
ဘယ်လို လှုံ့ဆော်စည်းရုံးမှုတွေက ဒီလိုဘာသာရေး ပဋိပက္ခအဖြစ် တွန်းအားပေးလာခဲ့ပါသလဲ၊
အစ္စလမ်ဘာသာဝင်တွေဘက်က အပြောင်းအလဲကို မသိနိုင်ပေမဲ့ ကျုပ်တို့ ဗုဒ္ဓဘာသာမှာတော့ တဖြေးဖြေးပြောင်းလဲခဲ့ပါတယ်၊ ဗုဒ္ဓဘာသာကို "၉၆၉" တံဆိပ်ထွင်ပြီး အစ္စလမ်ဘာသာ ရဲ့ "၇၈၆" ကို ရန်ဆိုင်လာတဲ့ သဘောတွေ့လာရလို့ပါပဲ၊ ဗုဒ္ဓဘာသာဝင် အားလုံးကို မဆိုလိုပါ၊

အောက်က Screen Shot ဖမ်းထားတဲ့ နေရာမှာကြည့်နိုင်ပါတယ်

("၉၆၉" လှုံဆော်မှုသူများ၏ မိတ္ထီလာမြို့အရေး သွေးထိုးလှုံ့ဆော် လောင်စာဆီ စုပေးသော Fan Page များ)
>>> https://www.facebook.com/lucifer10131015/posts/533837696660156<<<
>>> https://www.facebook.com/lucifer10131015/posts/533841586659767<<<
>>> https://www.facebook.com/lucifer10131015/posts/533846596659266<<<
>>>https://www.facebook.com/lucifer10131015/posts/534638503246742<<<

မိတ္ထီလာအရေးမှာ လောင်စာဆီ စုပေးနေသူတွေဟာ အသွင်အမျိုးမျိုးနဲ့ တွေ့ကြရမှာပါ၊
အကြမ်းဖြင်း ခွဲခြားကြည့်ရင်

ရခိုင် နှင့် ဘင်္ဂလီ အရေးမှာ စိတ်မအေးငြိမ်းနိုင်တော့တဲ့ သူတချို့ဟာ ဗုဒ္ဓဘာသာကို မူရင်းအနှစ်သာရ အသွင်ပြောင်းပြီး အစ္စလမ်ဘာသာနဲ့ ရန်ဆိုင်ပေးဖို့ တဖြေးဖြေး အားထုတ်လာခဲ့ပါတယ်။

တချို့ကတော့ ဒီလိုဖြစ်ခဲ့တဲ့ အရေးအခင်းကနေ မျက်ကန်းချစ်စိတ်ကြောင့် နိုင်ငံရေး မျက်နှာစာပိုမို အလေးသာလာတဲ့သဘော သိရှိသွားသူတွေလဲ ခုမိတ္ထီလာအရေးမှာ အင်တိုက်အားတိုက်ပါဝင်လာတာ တွေ့နေရပါတယ်။

တချို့ကတော့ ယခင်အစိုးရလက်ထက်က မတရားရယူပိုင်ဆိုင်ထားခဲ့တဲ့ ဥစ္စာဓနနဲ့ အခွင့်အလမ်းတွေ ခေတ်အပြောင်းအလဲမှာ ရပ်တန့်ဆုံးရှုံးသွားမှာ စိုးရိမ်ကြလို့ ပူးပေါင်းပါဝင်လာကြတာလဲ တွေ့နေရပါတယ်။

တချို့ကတော့ တကယ်လို့အရပ်သားစစ်စစ် အစိုးရသာဖြစ်လာခဲ့ရင် အရပ်ဖက်ဋ္ဌာနဆိုင်ရာဝန်ထမ်း အရာရှိနေရာတွေကို မိုးကျရွှေကိုအဖြစ် ပြောင်းရွှေ့ဖို့ ပိုခက်ခဲသွားမှာ စိုးရိမ်ကြလို့ ပူးပေါင်းပါဝင်လာကြတာလဲ တွေ့နေရပါတယ်။

တချို့ကတော့ စစ်အစိုးရလက်ထက် မိဘများ ခေတ်ပျက်သူဋ္ဌေးအဖြစ် ချမ်းသာလာမှုကြောင့် နိုင်ငံခြားတိုင်းပြည်များတွင် ကျောင်းတက် အလုပ်လုပ်၍ မိမိတို့ဘဝ အဆင်ပြေခဲ့သော ခေတ်ကိုသာ ရှိနေစေလိုသော စိတ်ဖြင့် ပူးပေါင်းလာကြတာမျိုးလဲ တွေ့နေရပါတယ်။

တချို့ကတော့ ပြောသမျှ ဟောသမျှ ကြားသမျှ မိမိဆင်ခြင်ဥာဏ်ကို ထုတ်မသုံးပဲ ယုံကြည်ပြီး ပါဝင်လာတဲ့ သူတွေပါ။

အမျိုးချစ်ဖို့ ဘာသာချစ်ဖို့ဟောရင် သည်းချေကြိုက်တရားမို့ လဘ်လာဘလဲပွင့် အရှိန်အဝါလဲပိုကြီးမားလာမယ် အထင်နဲ့ ဘာသာရေးနိုင်ငံ ထူထောင်ဖို့စိတ်ကူးယဉ် အားထုတ်လာသူတွေလဲ ရှိလာပါတယ်။

အဲဒီလို အသွင်အမျိုးမျိုးနဲ့ ရန်ဘက်ဘာသာရှာပြီး လောင်စာဆီ နေရာအနှံ မြို့ရွာအနှံ စုဆောင်းထားရှိပေးပြီး အင်အားတောင့်တင်းပြီဆိုတာနဲ့ ပစ်မှတ်ထားတဲ့ အစ္စလမ်ဘာသာကို တိုက်ခိုက်ရှင်းလင်းဖို့ ကြံစီကြတော့တာပါပဲ၊
တကယ်တန်းရှင်းလင်းပြီးပြီ ဆိုကြပါစို့ဗျာ၊ ခင်ဗျားတို့ရပ်အုံးမယ်မဟုတ်ဘူး၊ တရုတ်လူမျိုးတွေ စီးပွားရေး လက်ဝါးကြီးအုပ်တယ်ဆိုပြီး တရုတ်ဘက်လှည့်ချင်အုံးမယ်၊
ဒါနဲ့တင်လား၊ မဟုတ်သေးဘူး တိုင်းရင်းသားတွေ မနာခံဘူးဆိုပြီး တိုင်းရင်းသားတွေဖက်လှည့်ချင်အုံးမယ်၊

ဒါဟာ အစွန်းရောက်တဲ့ အမျိုးသားရေးဝါဒ၊ ဒါဟာ တနည်းပြောရရင် မဟာမြန်မာ လူမျိုးကြီးဝါဒကို ထူထောင်လာချင်နေတဲ့ အစပျိုးမှုပဲ၊
တံဆိပ်တခုခု တပ်ပြီး ရန်ဘက်ရှာ အမျိုးသားရေးတရား ဟောလာပြီဆိုရင်.......
ဒါဟာ ဖက်စစ်စနစ်၊ နာဇီစနစ်ကို ဦးတည်လာပြီပဲ၊
ဒုတိယကမ္ဘာစစ်ကြိုကာလက ဂျာမဏီ၊ အီတလီ၊ ဂျပန် ဒီသုံးနိုင်ငံစလုံး ဒီလိုပဲဖြစ်ခဲ့တယ်၊

စိတ်ကူးမယဉ်နဲ့လို့ပြောချင်တယ်၊ ၂၁ ရာစု ကမ္ဘာမှာ ဒါမျိုးဖြစ်လာဖို့အရမ်း ခဲရင်းသွားပါပြီ၊
ဆူပူဖျက်စီးမှုကို စည်းရုံးပြုလုပ်နေသူတွေဟာ ဖြစ်လာဖို့ ဇွတ်ကျိုးစားမယ်ဆိုရင် ဇတ်သိမ်းအတွက် မမျှော်မှန်းနိုင်လောက်အောင် ပေးဆပ်ကြရလိမ့်မယ်၊
သူတို့ရဲ့ သား သမီး ဆွေမျိုးအားလုံးဟာလဲ ဘယ်နိုင်ငံ ဘယ်ရေ မြေပေါ်မှာမှ အရိပ်မဲကြောင့် မျက်နှာပြ အမိ အဘ အမျိုးနွယ်ကို ထုတ်ဖေါ်ပြောလို့ရဲတော့မှာ မဟုတ်မှာ အသေအခြာပဲ၊
အဲဒီတော့ မဟုတ်မှန်တဲ့ အကြံအစဉ်တွေကို ရပ်တန်းက ရပ်ပါလို့တိုက်တွန်းချင်တယ်။

အမှန်တရားဆိုတာ မပေါ်ပေါက်တယ်မရှိဘူး၊ မပေါ်သေးတာပဲရှိတာပါ၊
ဒါပါပဲ။

Lucifer
29/03/2013

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။