ချင်းပြည်နယ်တီးတိန်မြို့နယ် ရှိမြွေတောင်ဖားတောင်သတ္ထုတူး ဖော်ရေးစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် လူထုတွေ့ ဆုံပွဲတစ်ရပ်အား မတ်လ (၂၆) ရက်နေ့ နေ့လယ် (၁၁) နာရီတွင် ကလေးမြို့တာဟန်းရပ်ကွက် တောင်ဖီလာနှစ်ခြင်းခန်းမ၌ ကျင်းပခဲ့သည်။ တွေ့ဆုံပွဲအား ချင်းတောင်ဒေသသဘာဝသယံဇာ တစောင့်ကြည့်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး
“အစိုးရနှင့် သတ္ထုတူးဖော်ရေး ကုမ္ပဏီတို့ဟာစီမံကိန်းအတွက် လက်ရှိပွင့်လင်းမြင်သာမှုရှိတဲ့ အနေအထားလုံးဝမရှိသေးဘူး။ ဒါကြောင့် လုံးဝလက်မခံနိုင်ဘူးလို့ ...ဒေသခံတစ်ဦးမှပြောသည်။ မြွေ တောင်ဖားတောင်သတ္ထုစီမံကိန်း နှင့် ပတ်သက်၍ ဒေသခံများဘက် မှ ပွင့်ပွင့်လင်းလင်းအကောင်အထည် ဖော်လုပ်ကြရန် အကြိမ်ကြိမ်တောင်း ဆိုနေသော်လည်း ပွင့်လင်းမြင်သာ မှုမရှိပဲ။ ၂၀၁၄ တွင် စတင် အကောင်အထည်ဖော်မည်ဖြစ် ကြောင်းကိုသာ သိရသည်။
အခမ်းအနားတွင် မြွေတောင် အနီးတစ်ဝိုက်ရှိဒေသခံကျေးရွာ များမှ ပြည်သူများပါတီကိုယ်စား ပြုပုဂ်္ဂိုလ်များက မြွေတောင်ဖား တောင်သတ္ထုစီမံကိန်းနှင့်ပတ်သက် သောသဘောထားအမြင်များအား ရင်ဖွင့်တင်ပြခဲ့ကြသည်။ ၎င်း အခမ်းအနားအား ညနေပိုင်း (၃) နာရီခန့်တွင် အဆုံးသတ်နိုင် ခဲ့ပြီး အခမ်းအနားသို့လူအင်အား (၂၀၀) ကျော်ခန့်တက်ရောက်ခဲ့ သည်။
မင်းရဲစစ်နိုင်
မင်းရဲစစ်နိုင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။