တခါတုန်းကပေါ့ သရဲအရမ်းကြောက်တတ်တဲ့ လူတယောက်ရှိတယ်ဗျ။
သူက အလုပ် ကိစ္စတခုနဲ့ညဘက် ခရီးထွက်ဖို့ရာအကြောင်းဖန်လာခဲ့
ဖြစ်ချင်တော့ အဲ့ဒီ့ညက လမိုက်ည။ပြီးတော့ သူသွားမည့်ရွာကို သွားဖို့အတွက်က ခြေကျင်ခရီးပဲရတယ်လေ။
လမ်းတ၀က် မှာကလဲ သင်္ချိုင်းတခုကို ဖြတ်သွားရဖို့ရှိပြန်ရော။
ဒီလိုနဲ့ သူဟာ ကြောက်ကြောက်နဲ့ပဲ လျှောက်လာလိုက်တာ သင်္ချိုင်းအနားရောက်လာတာပေါ့။
လမိုက်ညကလဲဖြစ်၊ ခွေးကလဲ အူ၊ နဂို ကလဲကြောက်တတ်တော့ ဒီနေရာကို မြန်မြန် ကျော်ပါစေဆိုပြီးပဲ ခပ်သွက်သွက်ဖြတ်လာခဲ့ရတယ်။
အမှတ်မထင် သင်္ချိုင်းအလယ် တနေရာမှာ (အုတ်ဂူ တစ်ခုနားမှာ ကုန်ကုန်းကုန်းကုန်းနဲ့) လူတစ်ယောက်ကိုသွားတွေ့တယ်။
သူကလဲ စကားပြောဖော်ရပြီဆိုပြီး အဲ့ဒီလူအနားသွားတော့...........
အဲဒီလူဟာ ကုန်းကုန်း ကုန်းကုန်းနဲ့ ထုံးဘူးတစ်ဘူးကိုကိုင်ပြီး အုတ်ဂူကို ထုံးနဲ့သုတ်နေတာကိုတွေ့ပါလေရော။
ဒါနဲ့ စပ်စုချင်လာတာနဲ့ အဲ့ဒီလူ ဘာလုပ်နေလဲဆိုပြီး သွားမေးတယ်လေ။
"ဟေ့လူ ခင်ဗျား ဒီလိုအချိန်ကြီး၊ ဒီနေရာကြီးမှာ ဘာများလုပ်နေတာလဲ" ဆိုတော့.....
အဲ့ဒီ့လူက ပြန်ဖြေ..လိုက်တာက......
" ဘယ့်နှယ်ဗျာ ဘယ်လိုကောင်စားတွေမှန်းကို မသိဘူး။တော်တော် အသုံးမကျတဲ့ ကောင်တွေ။
ကျုပ်နာမည်ကို ရေးတာ စာလုံးပေါင်းသတ်ပုံအမှားကြီးဗျ။
သေတာတောင် ကောင်းကောင်းမသေရဘူး။ကျုပ် အခု အဲ့ဒါကို ပြင်နေရတာဗျ ။".......တဲ့
ဗျာ......ဂိ...ဂိ...ဂစ်....
တိန်....
ရီမောပျော်ရွှင်ပါစေ
Lon Ely.....
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။