ချောစုခင်ပြောတဲ့ ဒိုးလုံးအကြောင်း
Q. ကိုဒိုးလုံးသီချင်းတွေထဲက မချောစု အကြိုက်ဆုံးသီချင်းတစ်ပုဒ်။
A. ကိုဒိုးလုံးဆိုတဲ့ သီချင်းထဲမှာ`အိမ်မက်´ ဆိုတဲ့သီချင်းကိုအရမ်းကြိုက်တယ်။အဲ့ဒီသီချင်းထဲမှာ သူပြောချင်တဲ့ပုံစံ ယူဆချင်တာတွေ အများကြီး ယူဆလို့ရတယ်။ နောက်ပြီး အိမ်မက်ထဲမှာမျောလွင့်နေတဲ့ ပုံစံမျိုး၊အဲ့ဒီသီချင်းလေး ကို ခံစားချက်အပြည့်ရတယ်။နားထော င်လိုက်ရင်ပဲဖြစ်ဖြစ် ဘယ်လိုမှန်းကိုမသိဘူး။ တစ်မျိုးလေးပဲ ခံစားရတယ်။
Q. ကိုဒိုးလုံးနဲ့ပတ်သက်ပြီး မချောစုအနေနဲ့ ပြောဖြစ်နေတဲ့စကားက ဘာများဖြစ်မလဲ။
A. အပြောဖြစ်ဆုံး အမြဲပြောဖြစ်နေတာက"သူဟာ သိပ်ကိုတော်တဲ့ အနုပညာရှင်တစ်ယောက်" ဆိုတာပါပဲ။လေးလည်း လေးစားပါတယ်။
Q. သူနဲ့အတွဲခွေ မထွက်ခဲ့တဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။
A. Dute အခွေဆိုတာကလည်း လုပ်ဖြစ်မယ်လို့ သေသေချာချာ plan လည်း မရှိခဲ့ဘူး။ နည်းနည်းပဲဆိုဖြစ်ခဲ့တာပါ။
Q. ကိုဒိုးလုံးက Alternative လောကမှာ ပုံစံတစ်မျိုးနဲ့ ဖောက်ထွက်လာတာနော်။ အဲ့ဒီအပေါ်မှာ မချောစုဘယ်လိုမြင်လဲ။
A. ကြိုက်တယ်။ကြိုက်တယ်ဆိုတာက ဥပမာ- ဖြူဖြူကျော်သိန်းဆိုရင်လည်း
ဖြူဖြူကျော်သိန်းရဲ့ Style၊ ချောစုဆိုရင်လညိး ချောစုရဲ့ Style နဲ့ပေါ့။
ကိုယ်ရဲ့Style တစ်ခုတော့ရှိသင့်တယ်လို့ ယူဆတယ်။ ဒိုးလုံးလည်း သူ့ Style
နဲ့သူ မွေးထုတ်ပြီးဖောက်ထွက်လာလို့  အများရဲ့ အာရုံစိုက်ခြင်းကိုခံရတယ်။သူရဲ့ Music ကတော့ Alternative ပဲလေ။ ဒါပေမဲ့ ဒီmusic ပေါ်မှာ အခြေခံပြီး သူ့ရဲ့ Style တစ်ခုဖြစ်အောင် လုပ်ယူနိုင်ခဲ့တယ်။
Q. ကိုဒိုးလုံး အခုအချိန်မှာ သက်ရှိထင်ရှားရှိနေရင် သူ့ရပ်တည်မှုက ဘယ်နေရာလောက်မှာ ရှိနေမယ်ထင်လဲ။
A. ဒါကိုတော့ ဘုရားသခင်မှပဲ သိနိုင်တော့မယ်။ သူက ဒီအနူပညာလောကကြီးကို ချစ်လည်းချစ်တယ်။ ပြီးတော့ ဒီလောကမှာ ရှင်သန်ရတာ စိတ်လည်းညစ်တယ်။
Q. သူ့ရဲ့ music ပုံစံကရော အရင်လိုပဲဖြစ်နိုင်မလား။ဒါမှမဟုတ်.......
A. အများကြီးပြောင်းလဲဖို့ရှိတာပေါ့။သူက အသစ်အသစ်တွေကိုပဲ ပရိသတ်ကိုပေးချင်နေတဲ့လူမျိုး။ သူ့သီချင်းတွေက များသောအားဖြင့် လူတွေမထင်မှတ်ထားတဲ့ ပုံစံမျိုးလေးတွေလေ။ သူတွေးခေါ်ပုံတွေက လူတိုင်းနဲ့မှမတူတာ။
Q. မချောစု ကိုဒိုးလုံးရဲ့သီချင်းကို ပထမဦးဆုံးနားထောင်ပြီးတော့ ဘယ်လိုခံစားရလဲ။
A. ဟာ..အရမ်းမိုက်တယ်လို့ ရေရွတ်မိလိုက်တယ်။ချောစုက သီချင်းတစ်ပုဒ် ကြိုက်မိပြီဆိုရင် အခွေတွေ လိုက်ဝယ်ပြီး အကုန်လုံးနားထောင်ကြည့်တယ်။ အဲ့ဒီတုန်းကဆိုရင် ကိုယ်ပဲနားထောင်တာမဟုတ်ဘဲနဲ့  သူငယ်ချင်းတွေပါ လျှောက်ဖွပေးလိုက်တာ။"နားထောင်ကြည့်၊ နားထောင်ကြည့် သူဆိုတာ အရမ်းမိုက်တယ် " ဆိုပြီးတော့လေ။ ဖြန့်ဝေပေးလိုက်တာပေါ့။
Q. IBC မှာ ကိုဒိုးလုံးအမှတ်တရပွဲလုပ်တုန်းက `အဝေးရောက်ဧည့်ခန်း´အဖွဲ့ အလှည့်` ဒိုးလုံး နင်ဟာကလေးတစ်ယောက်မဟုတ်တော့ ဘူး´ သီချင်းဆိုနေချိန်မှာ မီးတွေအားလုံး ပျက်သွားခဲ့တယ်။ အဲ့ဒီအချိန် ကိုဒိုးလုံးစင်ပေါ်မှာ ရှိနေမယ်လို့ယူဆခဲ့လား။
A. အဲ့ဒီလိုမျိုးတော့ စဉ်းစားပြီးဂေါက်ခဲ့သေးတယ်။ သူ့ဝိညာဉ်ထွက်သွားတာ ချောစုရဲ့မျက်စိရှေ့မှာ ဖြစ်သွားတာလေ။ နည်းနည်းတော့ Psycho ဖြစ်တယ်။သူရှိနေမယ်ဆိုတာလည်း ယုံကြည်နေခဲ့တယ်လေ။
The Street Music Magazine
Vol.1 No.12 August 2010
ပုဂ္ဂိုလ်ရေးများ မမန့်စေချင်ပါ။
Q. ကိုဒိုးလုံးသီချင်းတွေထဲက မချောစု အကြိုက်ဆုံးသီချင်းတစ်ပုဒ်။
A. ကိုဒိုးလုံးဆိုတဲ့ သီချင်းထဲမှာ`အိမ်မက်´ ဆိုတဲ့သီချင်းကိုအရမ်းကြိုက
Q. ကိုဒိုးလုံးနဲ့ပတ်သက်ပြီး မချောစုအနေနဲ့ ပြောဖြစ်နေတဲ့စကားက ဘာများဖြစ်မလဲ။
A. အပြောဖြစ်ဆုံး အမြဲပြောဖြစ်နေတာက"သူဟာ သိပ်ကိုတော်တဲ့ အနုပညာရှင်တစ်ယောက်" ဆိုတာပါပဲ။လေးလည်း လေးစားပါတယ်။
Q. သူနဲ့အတွဲခွေ မထွက်ခဲ့တဲ့အပေါ်မှာ ဘယ်လိုခံစားရလဲ။
A. Dute အခွေဆိုတာကလည်း လုပ်ဖြစ်မယ်လို့ သေသေချာချာ plan လည်း မရှိခဲ့ဘူး။ နည်းနည်းပဲဆိုဖြစ်ခဲ့တာပါ။
Q. ကိုဒိုးလုံးက Alternative လောကမှာ ပုံစံတစ်မျိုးနဲ့ ဖောက်ထွက်လာတာနော်။ အဲ့ဒီအပေါ်မှာ မချောစုဘယ်လိုမြင်လဲ။
A. ကြိုက်တယ်။ကြိုက်တယ်ဆိုတာက ဥပမာ- ဖြူဖြူကျော်သိန်းဆိုရင်လည်း
Q. ကိုဒိုးလုံး အခုအချိန်မှာ သက်ရှိထင်ရှားရှိနေရင် သူ့ရပ်တည်မှုက ဘယ်နေရာလောက်မှာ ရှိနေမယ်ထင်လဲ။
A. ဒါကိုတော့ ဘုရားသခင်မှပဲ သိနိုင်တော့မယ်။ သူက ဒီအနူပညာလောကကြီးကို ချစ်လည်းချစ်တယ်။ ပြီးတော့ ဒီလောကမှာ ရှင်သန်ရတာ စိတ်လည်းညစ်တယ်။
Q. သူ့ရဲ့ music ပုံစံကရော အရင်လိုပဲဖြစ်နိုင်မလား။ဒါမ
A. အများကြီးပြောင်းလဲဖို့ရှိတ
Q. မချောစု ကိုဒိုးလုံးရဲ့သီချင်းကို ပထမဦးဆုံးနားထောင်ပြီးတော့
A. ဟာ..အရမ်းမိုက်တယ်လို့ ရေရွတ်မိလိုက်တယ်။ချောစုက သီချင်းတစ်ပုဒ် ကြိုက်မိပြီဆိုရင် အခွေတွေ လိုက်ဝယ်ပြီး အကုန်လုံးနားထောင်ကြည့်တယ်။
Q. IBC မှာ ကိုဒိုးလုံးအမှတ်တရပွဲလုပ်တ
A. အဲ့ဒီလိုမျိုးတော့ စဉ်းစားပြီးဂေါက်ခဲ့သေးတယ်။
The Street Music Magazine
Vol.1 No.12 August 2010
ပုဂ္ဂိုလ်ရေးများ မမန့်စေချင်ပါ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။